ပန်းပျိုးသူ

မော်လမြိုင်၊ ၅ ဒီဇင်ဘာလ ၂၀၁၆ (ကဗျာ) စည်းစိမ်မဲ့ချင်မဲ့မယ် လောကဓံကိုရင်ဆိုင်ဖို့ ပညာ့အားမာန်ဂုဏ်ဒြပ်အပြည့် တစ်ဆင့်ခြင်းတက်ရတဲ့ ဘဝဇာတ်ခုံလှေကားထစ် သူမကိုယ်မှစီးဆင်းတဲ့မေတ္တာ ပန်းဖူးငုံတွေကိုလမ်းပြ ကမ်းလက်တစ်စုံနဲ့နွေးထွေးသူ သူမ--- ပန်းပျိုးသူ --- အချောင် ဘာမှမရတဲ့မြန်မာပြည်မှာ ရေသာခိုအချောင်စိတ်ကိုရွံမုန်းသူ ကိုယ်ကြိုးစားမှကိုယ်ရမယ် ငါဟာ လူဆိုးထိန်း လူဆိုးထိန်း အမည်နာမတွေတပ် ဖြတ်သန်းဖို့ခက်တဲ့မနက်ဖြန်တိုင်း ပန်းဖူးငုံတွေကို စိတ်ဓါတ်ခွန်အားရိုက်သွင်းပေးသူ ပန်းတွေဝေတဲ့နေ့ စို့နစ်မျက်ဝန်း ပျော်ရွှင်မျက်ရည်ဝဲကျေနပ်တတ်သူ သူမ---- ပန်းပျိုးသူ--- တိုးလာတဲ့သက္ကရာဇ် ဇရာရဲ့အထုအထောင်းကြား လက်ဆယ်ဖြာမိုး ရှစ်ခိုးလိုက်ပါတယ် ဆရာ။ ရာမည မင်းငြိမ်းချမ်း Mawlamyine Daily

Breast Benign Lumps ကင်ဆာမဟုတ်တဲ့ ရင်သားအကျိတ်များ

မော်လမြိုင်၊ ၅ ဒီဇင်ဘာ ၂၀၁၆ ဆရာမင်္ဂလာပါ။ သမီးအသက် ၂၅ နှစ်ကျော်ကျော်ပါ၊ အိမ်ထောင်မရှိပါ။ သမီး ဘယ်ဖက်ရင်သားမှာအကျိတ်ရှိပါတယ်။ နဲနဲကြီးပါတယ် အကျိတ်အသေးလေးတွေလဲ ဘယ်ဖက်မှာ နှစ်လုံး ညာဖက်မှာနှစ်လုံးရှိပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်ကတည်းက ရှိတာပါ။ မနာပါဘူး။ ပြီးခဲ့တဲ့လေးနှစ်လောက်ကလည်း ဆရာဝန်နှင့်ပြဖူးပါတယ်။ ရိုးရိုးအဆီကျိတ်လို့ပဲ ပြောပါတယ်။ မခွဲဖို့ပြောပါတယ်။ ခွဲရင်လည်းပြန်ရှိတတ်လို့ပြောပါတယ်။ Evening oil Eposoft သုံးလသောက်ပေးပါတယ်။ သောက်ခဲ့ပေမဲ့ အကျိတ်ကဒီအတိုင်းပါပဲ။ ဒါမဲ့ခုတလောမှ ဘယ်ဖက်ရင်သားစဆက်ဆက်ကိုက်ပြီးနာလာပါတယ်။ အရမ်းကြီးတော့မနာပါဘူး။ တနေ့ကို တကြိမ်မှ သုံးကြိမ်လောက်။ နာရင်လဲ ၁၅ မိနစ်လောက်နာပါတယ်။ နာတာ တလလောက်ရှိတော့မယ်ဆရာ။ အရမ်းစိတ်ပူနေလို့ပါ။ ကင်ဆာများဖြစ်သွားမလားစိုးရိမ်နေပါတယ် ဆရာ။ ဘယ်လို လုပ်ရမလဲပြောပြပေးပါဦးဆရာ။ မေးတာတွေများတယ်။ နောက်ဆုံးလာတာထည့်တာပါ။ ကျွန်တော်တာဝန်ထမ်းခဲ့တဲ့ ဆေးရုံတွေက ခွဲစိတ်မှတ်တမ်း စာအုပ်ထဲမှာ အတိုကောက် …

ဒီဇင်ဘာလ (၅)ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၅ ဒီဇင်ဘာလ ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၀၆း၃၀)နာရီ အချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၁၂)နာရီအတွင်း ပိုမိုအားကောင်း လာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ ကပ္ပလီပင်လယ်ပြင်နှင့်‌ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါသည်။ ယ‌နေ့ညနေထိခန့်မှန်းချက်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့်‌ မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးထစ်ချုန်းရွာပြီး၊ ကျန်တိုင်းဒေသကြီးနှင့်‌ ပြည်နယ်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်မည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်- တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ အရှေ့ ဘက်မှ …

ခေတ် တစ်ခေတ် ရဲ့ ကြယ်

မော်လမြိုင်၊ ၄ ဒီဇင်ဘာလ ၂၀၁၆ (ကဗျာ) ကလေးငယ်တစ်ယောက် ဂုံနီအိတ်တစ်လုံး ပလုံ(ကော်ဗူး)တွေပြည့်လုနီးပြီ မရေရာတဲ့ မျှော်လင့်ချက် တစ်ပွေ့တစ်ပိုက်နဲ့ ကျစ်ကျစ်ဆုပ်ထားတဲ့လက်အစုံဟာ အားမာန်အပြည့် သူဟာ အတန်းကျောင်းမှာ အခြေမလှလည်း ဘဝကျောင်းမှာ စံပြဖြစ်နေသူ ပြီးတော့ သူဟာ ခေတ်တစ်ခေတ်ရဲ့ အထာကို ပြနေတဲ့ ကြယ်တစ်ပွင့် ။ ။ မင်းအောင်မြင့်(ရာမည) Mawlamyine Daily

Imperforate hymen အပျိုမြှေးပိတ်နေခြင်း

မော်လမြိုင်၊ ၄ ဒီဇင်ဘာလ ၂၀၁၆ မေး- ဆရာ တူမလေးအသက် ၃ နစ်ပါ။ သူ့ရဲ့မိန်းမကိုယ်အပေါက်က ပိတ်ပိတ်နေလို့ nurse နင့်ပြပြီး ဖေါက်ပေးတာ နစ်ခါရှိပြီ။ ဖေါက်ပြီးပြန်ပြန်ပိတ်တယ်တဲ့။ ဆရာမကနောက်တခါဆို သူမဖေါက်ပေးတော့ဘူးပြောတယ်တဲ့။ အဲ့ဒါမဖေါက်ပဲ နေရလား။ အသက်ကြီးလာမှ ဖောက်ရမှာလား။ ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောုပြပေးစေချင်ပါတယ်။ ဖြေ- အမျိုးသမီး မွေးလမ်းကြောင်းမှာဖြစ်တဲ့ မွေးရာပါပြဿနာတွေကတော့ အပျိုမြှေး လုံးဝပိတ်နေတာနဲ့ မွေးလမ်းကြောင်းမှာ အကန့်ပါနေတာတွေဖြစ် တယ်။ Vaginal septum မွေးလမ်းကြောင်းမှာ မွေးရာပါ အကန့်ရှိနေတာကို ခပ်ရှားရှား ဆေးကျောင်းဘဝမှာ တွေ့ဘူးတယ်။ သားဖွားမီးဝပ်ပညာပါမောက္ခတွေက ဆေးကျောင်းသားများကို သင်ကြားဘို့ ရှားတာမှန်သမျှ စုထားကြရတယ်။ အာစရိရကျေးဇူး၊ ဂီလာနကျေးဇူး အထူးမမေ့ပါ။ အပျိုမြှေးလုံးဝပိတ်နေတာကို သည်အတိုင်းတော့ ထားလို့မရပါ။ ဆရာဝန်နဲ့သာလုပ်ပါ။ အပျိုမဖြစ်ခင်လုပ်ရင်ရပါတယ်။ အနေတော်ဖေါက်ရမယ်။ …