Chicken flavored broth and health risks ကြက်သားမှုန့် နဲ့ ကျန်းမာရေး

မော်လမြိုင်၊ ၂၂ ဖေဖော်ဝါရီ ၂၀၁၇ အချိုတုအမျိုးမျိုးအကြောင်းပြောရင် MSG (monosodium glutamate) ကိုထည့်ပြောရတယ်။ အဲတာက ဟင်းချိုမှုံ့ထဲမှာ ပါတဲ့ဓါတ်ဖြစ်ပါတယ်။ ကြက်သားမှုန့်က နာမည်အမျိုးမျိုးနဲ့လာတယ်။ Chicken flavored broth powder, Chicken Broth စတာတွေရှိတယ်။ အရောင်းကုမ္ပဏီတွေကတော့ စီးပွါးရေးသဘောအရ အကောင်းချည်းရေးထားပါတယ်။ ကျန်းမာရေးဘက်ကနေ အပြစ်ရှာကြည့်ပါမယ်။ ကြက်သားမှုန့်မှာ No MSG, 100% Natural လို့ဆိုထားပါတယ်။ ထောက်ပြတာတခုကတော့ Chicken Broth: No MSG Labels Are False ကြက်သားမှုန့် - ဟင်ချိုမှုန့်မပါဆိုတာ မှားပါတယ်တဲ့။ ကြက်သားမှုန့်က ပိုကောင်းတယ်။ ဟင်းချိုမှုန့်မပါ ဆိုတဲ့သဘောက ဟင်းချိုမှုန့်မကောင်းတာကို စီးပွါးရေးသမား အချင်ချင်း (ဘူဘူချင်း) ကျောတဲ့သဘောဖြစ်နေတယ်။ ဟင်းချိုမှုန့်ထဲမှာပါတဲ့ MSG …

ဖေဖော်ဝါရီ ၂၂ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၂ ဖေဖော်ဝါရီ ၂၀၁၇ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလား ပင်လယ်အော်တို့တွင် တိမ်အနည်းငယ်ဖြစ်ထွန်းနေပါသည်။ မနက်ဖြန်မွန်းတည့်ချိန်ထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နှင့် ချင်းပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ရှမ်းပြည်နယ် (အရှေ့ပိုင်းနှင့် တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့်‌ ကချင်ပြည်နယ်တို့တွင် မိုးထစ်ချုန်းရွာနိုင်ပါသည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိနထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်ထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်မွန်းတည့်ချိန်ထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့် …

ထိုင်းနိုင်ငံမှာ ကန်ချုံ ဆေးခြောက်ကို စီးပွားဖြစ် စိုက်ပျိုးခွင့်ပြု

မော်လမြိုင်၊ ၂၁ ဖေဖော်ဝါရီ ၂၀၁၇ ထိုင်းနိုင်ငံမှာ ဆေးခြောက်ပင် တချို့ကို စီးပွားဖြစ် စိုက်ပျိုးခွင့်ပြုလိုက်ပါတယ်။ စိုက်ပျိုးခွင့်ပြုလိုက်တဲ့ ဆေးခြောက်ပင်တွေဟာ ထိုင်းနိုင်ငံက Cannabis ဆေးခြောက် အမျိုးအစားတွေဖြစ်တဲ့ ကန်ချာနဲ့ ကန်ချုံ ၂မျိုးထဲက THC မူးယစ်စေတဲ့ ဓာတုပစ္စည်း ၁ ရာခိုင်နှုန်းအောက်သာ ပါဝင်တဲ့ ကန်ချုံအမျိုးအစားဖြစ်ပြီး သူ့ချည်းသက်သက်ဆိုရင် မူးယစ်ဆေးဝါးမဖြစ်တဲ့အတွက် ဥပဒေကို ပြင်ဆင်လိုက်တာဖြစ်ပါတယ်။ ဒီဆေးခြောက်ပင်အမျိုးအစားကို စက္ကူနဲ့ ချည်မျှင် ထုတ်လုပ်ဖို့ စိုက်ပျိုးလိုသူတွေအနေနဲ့ ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေးဌာနမှာ မှတ်ပုံတင်ပြီး ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေးဌာနရဲ့ ထိန်းချုပ်မှုအောက်မှာ စိုက်ပျိုးခွင့်ပြူသွားမှာဖြစ်တယ်လို့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေး အမှတ် ၆တိုင်းရဲ့ ညွှန်ကြားရေးမှူး နိုင်ဝတ္ထနာ ကေဖွန်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သတ်ပြီးလဲ ပြီးခဲ့တဲ့ အပတ်က မဲဆောက်မြို့မှာ ကျင်းပခဲ့တဲ့ BLO လို့ခေါ်တဲ့ မဲဆောက်-မြဝတ်ီ …

ဖေဖော်ဝါရီ ၂၁ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၁ ဖေဖော်ဝါရီ ၂၀၁၇ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီ ပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ ကချင်ပြည်နယ်တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ရှမ်းပြည်နယ်(အရှေ့ပိုင်းနှင့် တောင်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့်‌ ကချင်ပြည်နယ်တို့တွင် မိုးဆက်လက်ရွာမည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ အများအားဖြင့် သာယာမည်။ Mawlamyine Daily Ref;မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန