ဇူလိုင် ၂၈ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၈ ဇူလိုင် ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်‌ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားနည်းနေပါသည်။ ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန်(၀၆း၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေခဲ့သော အပူပိုင်းမုန်တိုင်း “မီရီနယ်” (Mirinae) သည် ဗီယက်နမ်နိုင်ငံမြောက်ပိုင်း ကမ်းခြေကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့်‌ မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)နှင့် ချင်းပြည်နယ် တို့တွင် နေရာကျဲကျဲနှင့်‌ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ …

တူရကီအစိုးရက သတင်းထောက်တွေကို ဖမ်းမိန့်ထုတ်

အစ္စတန်ဘူ၊ ၂၈ ဇူလိုင် ၂၀၁၆ တူရကီနိုင်ငံမှာ ဇူလိုင်လ အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ စစ်တပ်အာဏာသိမ်းဖို့ ကြိုစားခဲ့တဲ့ဖြစ်စဉ်မှာ ကြိုးကိုင်သူလို့ အစိုးရက ပြောဆိုနေတဲ့ အမေရိကန်အခြေစိုက် မူဆလင်ဘာသာရေးဆရာနဲ့ ဆက်သွယ်မှုရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့သတင်းထောက် ၄၇ယောက်ကို ထပ်ဖမ်းဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တနင်္လာနေ့ကလဲ သတင်းထောက် ၄၂ ယောက်ကို ဖမ်းဖို့ တူရကီအစိုးရက ဖမ်းမိန့်ထုတ်ခဲ့ပြီး အဲဒီထဲက ၁၆ ဦးကို ဖမ်းဆီးထားပြီးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ တူရကီရဲ့ အကြီးဆုံး သတင်းစာ Zaman ရဲ့ စာတည်းအဖွဲ့ဝင်ဟောင်း ၄၇ ယောက်ကို ဖမ်းမိန့်ထုတ်ထားပါတယ်။ မတ်လတုန်းက တူရကီတရားရုံးတစ်ခုက Zaman သတင်းစာကို အစိုးရက ထိန်းချုပ်ဖို့ အမိန့်ချမှတ်လိုက်ပြီိးတဲ့နောက် သတင်းစာတိုက်ကို ရဲတွေက ၀င်ရောက်ရှာဖွေခဲ့ပြီး အမေရိကန်မှာ အခြေစိုက်တဲ့ မူဆလင် ဘာသာရေး …

Sleeping မအိပ်ဘဲနေ အသက်-မရှည် (၁)

မော်လမြိုင်၊ ၂၈ ဇူလိုင် ၂၀၁၆ အသက်က ၂ဝ ပါ။ ကျားပါဆရာ။ ညဘက်ဆို အိပ်မပျော်တာ လေးနှစ်လောက်ရှိပါပြီဆရာ မနက်ဆို ခြောက်နာရီလောက်မှ အိပ်ပျော်ပြီး ညနေ ငါးနာရီလောက်မှ နိုးတတ်ပါတယ်။ လူကအမြဲလိုလို မလန်းဆန်းပါဘူး တစ်ခါတစ်ခါ ခေါင်းအရမ်းကိုက်ပါတယ် ဂိမ်းဆော့ပါတယ်ဆရာ။ ၁၆ နှစ်အရွယ်လောက်တုန်းကတော့ အရက်ဘီယာ အလွန်အကျွံနီးပါး သောက်ဖူးပါတယ်။ wy ဆိုတဲ့ဆေးလည်း သုံးနှစ်လောက်ဆက်တိုက် သုံးဖူးပါတယ်ဆရာ။ အခုနောက်ပိုင်း လူကအိပ်ချင်ရဲ့သားနဲ့ အိပ်မရပဲ စိတ်က ကစဥ့်ကလျား ဖြစ်နေတတ်ပါတယ်။ တခါတစလေ ဒေါသတွေ ထွက်နေတတ်တယ်။ တခါတလေလည်း ပျော်တယ်။ အိပ်ပျော်အောင်ဆိုပြီး ဘာမီတွန်တွေ သုံးလေးလုံးလောက်သောက်လည်း မရပါဘူးဆရာ။ ဘာမီတွန်ကို ထင်သလို သောက်နေတာက မသင့်ဘူးလို့ထင်မိတာရယ်။ နှစ်ရှည်လများ ဖြစ်နေတာရယ်ကြောင့် အကြံဉာဏ်လေး ပေးပါဦးဆရာ။ ဆေးရုံဆေးခန်းများပြစရာ …

နှစ်သိမ့်ဆွေးနွေးပေးရေးလုပ်ကိုင်နိုင်သူ မော်လမြိုင်မှာခန့်အပ်ဖို့ ဝန်ထမ်းခေါ်ယူ

မော်လမြိုင်၊ ၂၇ ဇူလိုင် ၂၀၁၆ Myanmar Positive Group (မြန်မာနိုင်ငံ HIV နှင့်နေထိုင်သူများအသင်း) မော်လမြိုင် ရုံးခွဲမှာ တာဝန်ထမ်းဆောင်ပြီး နှစ်သိမ့်ဆွေးနွေးပေးရေး လုပ်ကိုင်နိုင်သူ (၂)ဦးခန့်အပ်ဖော် ဝန်ထမ်းခေါ်ယူနေပါတယ်။ ဇူလိုင် ၂၇ ရက်နေ့ကစပြီး သြဂုတ်လ ၉ ရက်နေ့နောက်ဆုံးထားပြီး အမှတ်(F-5) ၊မင်းကြီးလမ်း၊သုဝဏ္ဏအိမ်ယာ၊မြေနီးကုန်းရပ်ကွက်၊မော်လမြိုင်မြို့ က Myanmar Positive Group (မော်လမြိုင်ရုံးခွဲ)နှင့်အမှတ်(၅၀၁)၊၅ လွှာ၊ဘုရင့်နောင် တာဝါ (2A)၊လှည်းတန်းလမ်း၊ကမာရွတ်ရဲစခန်းရှေ့ ၊ကမာရွတ်မြို့နယ်၊ရန်ကုန်ရုံး ကို ဆက်သွယ်လျှောက်ထားနိုင်ပါတယ်။ အီးမေးလ် mpg.myanmarpositivegroup@gmail.com, sansan.thiri@gmail.com တို့ကိုလည်းဆက်သွယ်လျှောက်ထားနိုင်ပါတယ်။ လျှောက်ထားလိုသူအနေနဲ့ ဘွဲ့ရသူဖြစ်ရမှာဖြစ်သလို၊ HIV နဲ့သက်ဆိုင်တဲ့လုပ် ငန်းစီမံကိန်း အနည်းဆုံး နှစ်နှစ်လုပ်ကိုင်ဖူးရမှာဖြစ်ပြီး၊ကွန်ပျူတာ၊စာရင်းဇယား လုပ်ကိုင်နိုင်သူလည်း ဖြစ်ရမှာပါ။ Mawlamyine Daily (Mawlamyine Job Bank)

ခက်ခဲတဲ့ ကွန်ပျုတာဂိမ်းတွေက စိတ်ဖောက်ပြန်ခြင်းကို လျော့နည်းစေနိုင်

တိုရန်တို၊ ၂၇ ဇူလိုင် ၂၀၁၆ ခက်ခဲပြီး ဦးနှောက်သုံးဆော့ရတဲ့ ကွန်ပျုတာ ဂိမ်းတွေက အယ်လ်ဇိုင်းမားအပါအ၀င် စိတ်ဖောက်ပြန်တာတွေကို လျော့နည်းနှောင့်နှေးစေပြီး ဖြစ်ပွားနိုင်ခြေ ထက်ဝက်လောက် လျော့နည်းစေတယ်လို့ ဇူလိုင်လ ၂၄ ရက်နေ့က ပြုလုပ်တဲ့ အယ်လ်ဇိုင်းမားရောဂါအဖွဲ့အစည်းရဲ့ နိုင်ငံတကာညီလာခံမှာ သူတို့အဖွဲ့ရဲ့ ၁၀နှစ်ကြာ သုတေသနကို ကိုးကားပြီး တွေ့ရှိခဲ့ကြောင်းပြောပါတယ်။ အယ်လ်ဇိုင်းမားရောဂါအဖွဲ့အစည်းရဲ့ နိုင်ငံတကာညီလာခံက ပြောကြားချက်တွေအရ အယ်လ်ဇိုင်းမားလို ရောဂါတွေကို ထိရောက်အောင်ကာကွယ်နိုင်တဲ့ နည်းလမ်း ၃မျိုးထဲမှာ ခက်ခဲပြီး ဦးနှောက်သုံးဆော့ရတဲ့ ကွန်ပျုတာ ဂိမ်းတွေ ကစားတဲ့နည်းလဲ ပါဝင်လာတာပါ။ အရင်ပြုလုပ်ခဲ့ဖူးတဲ့ သုတေသနတွေအရတော့ ဗီဒီယိုဂိမ်းကစားတာဟာ ဦးနှောက်အပေါ်ဘယ်လိုအကျိုးသက်ရောက်မှုမှ မရှိဘူးလို့ ဆိုခဲ့ပေမယ့် ဒီတစ်ခေါက်သုတေသနကတော့ ဒီအဆိုပြုချက်ကို ငြင်းဆန်လိုက်တာလည်း ဖြစ်ပါတယ်။ တခြား သုတေသနပညာရှင်တွေကလဲ ဒီအဆိုကို ထောက်ခံခဲ့ကြပါတယ်။ ဒီသုတေသနအတွက် အသက်အရွယ်ပေါင်းစုံပါပြီး …

နေရောင်ခြည်စွမ်းအင်သုံး လေယာဉ်ရဲ့ ကမ္ဘာတစ်ပတ်ခရီးစဉ် အောင်မြင်စွာပြီးဆုံး

အဘူဒါရီ၊ ၂၇ ဇူလိုင် ၂၀၁၆ နေရောင်ခြည်စွမ်းအင်သုံး Solar Impulse 2 လေယာဉ်ရဲ့ ကမ္ဘာတစ်ပတ်ခရီးစဉ်ဟာ တစ်နှစ်ကျော်ကြာပြီးတဲ့နောက် ဇူလိုင်လ ၂၅ ရက်နေ့ ည က အောင်မြင်စွာပြီးဆုံးခဲ့ပါပြီ။ ဒါကြောင့် Solar Impulse 2 ဟာ နေရောင်ခြည်စွမ်းအားတစ်ခုတည်းကို သုံးပြီး ကီလိုမီတာပေါင်း ၄၀,၀၀၀ ပျံသန်းခဲ့ပြီး ကမ္ဘာတစ်ပတ်ပတ်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံး လေယာဉ်အဖြစ် စံချိန်တင်ခဲ့ပါပြီ။ နေရောင်ခြည်စွမ်းအင်သုံး Solar Impulse 2 ရဲ့ ကမ္ဘာတစ်ပတ်ခရီးစဉ်ရဲ့ နောက်ဆုံးခရီးကိုတော့ ဇူလိုင်လ ၂၃ ရက်နေ့က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကနေ စတင်မောင်းနှင်ခဲ့တာဖြစ်ပြီး နှစ်ရက်အကြာမှာ ခရီးစဉ်ကို အောင်မြင်စွာ အဆုံးသတ်ခဲ့တာဖြစ်ပါတယ်။ ဒီခရီးစဉ်ကို အဓိကလေယာဉ်မှုးဖြစ်တဲ့ Bertrand Piccard က နှစ်ရက်နဲ့ ၃၇ …