အမှားပြင်ဆင်ချက်(၁)

မော်လမြိုင်၊ ၂၂ ဇူလိုင် ၂၀၁၆ (ကဗျာ) "ထမင်းနပ်မှန်ဖို့ လေလှိုင်းမှာပေါ်ပင်လုပ်လို့မရဘူး တိကျမှုမရှိတဲ့လှုပ်ရှားမှုဥဒဟိုကြား အမှန်က ငါဖျားသွားတာပါ ရှင်းမပြတတ်တော့ဘူး နိစ္စဓူဝ ထမင်းစားရေသောက်အလုပ်တွေ ဖုတ်လေငပိမျှသဘောမထားတတ်လို့ အိပ်မက်တွေဟာယောင်ခြောက်ဆယ် သဘောတူညီမှုတွေဖလှယ်ရင်း ဆုံမှတ်လွဲသွားတာထင်တယ် ပေးပါ မှတ်ချက်အသစ် နာမည်တပ်လိုက်ပါ ခေတ်သစ်အချစ်ပုံပြင်တစ်ပုဒ်လိုပေါ့ နောက်ဆုံးတော့ မျက်မှန်မေ့ကျန်ခဲ့လို့ ပုံရိပ်တွေယောင်ဝါးနေတာပဲ" ရာမညမင်းငြိမ်းချမ်း Mawlamyine Daily

HP ရဲ့ Elite X3 Windows ဖုန်းက Laptop တွေ နေရာကို အစားထိုးတော့မှာလား

မော်လမြိုင်၊ ၂၂ ဇူလိုင် ၂၀၁၆ သြဂုတ်လ ၂၉ ရက်နေ့မှာ HP ရဲ့ Elite X3 Windows ဖုန်းဟာ Laptop ရဲ့ လုပ်ဆောင်မှုတွေလိုပါ လုပ်ပေးနိုင်တော့မယ့် အမြင့်စား ဖုန်းတစ်လုံးအဖြစ် ထွက်ရှိလာတော့မှာ ဖြစ်ပါတယ်။ HP က ၂ နှစ်အတွင်း ပထမဆုံးထုတ်လုပ်လိုက်တဲ့ ဒီဖုန်းဟာ ဖုန်းဆိုပေမယ့် သူ့ရဲ့လုပ်ဆောင်ချက်တွေကတော့ Laptop နဲ့ Desktop တွေမှာလုပ်ဆောင်နိုင်တဲ့ အရာတွေကို ဒီဖုန်းလေးမှာ ထည့်သွင်းပေးထားတာလဲဖြစ်ပါတယ်။ Window OS သုံးတဲ့ ဖုန်းတွေအရောင်းကျဆင်းပေမယ့် HP ကတော့ Elite X3 Windows ဖုန်းကို ဒေါ်လာ ၆၉၉ နဲ့ရောင်းချသွားမှာဖြစ်ပါတယ်။ ဒီဖုန်းရဲ့ မော်နီတာကို Desk Dock နဲ့ တွဲလိုက်မယ်ဆိုရင် …

Birth Control Methods တားနည်းတားဆေး ဘယ်ဟာရွေးမလဲ

မော်လမြိုင်၊ ၂၂ ဇူလိုင် ၂၀၁၆   ဆရာရှင့်။ ကျွန်မက အသက် ၃၁နှစ်ပါ။ မတ်လ ၂၀၁၇မှာ အိမ်ထောင်ပြုမှာမို့ Birth Control Methods ကိုယ်ဝန် တားနည်း-တားဆေးနဲ့ပတ်သတ်တာမေးချင်လို့ပါဆရာ။ ဆရာ့ရဲ့ Blog မှာရေးထားတဲ့နည်းတွေထဲက သိချင်တာလေးတွေ ရှိလို့ပါ။   ၂။ Birth Control Shot ထိုးဆေး Depo Provera (ဒီပို) ထိုးဆေး ကိုယ်ဝန်တား ၃ လခံထိုးဆေး Depo Provera ကို ဆေးစာနဲ့ အတိအကျပြောရရင် Depot medroxyprogesterone acetate (DMPA) လို့ ခေါ်တယ်။ (ပရိုဂျက်စ်တင်) ဟော်မုန်းတမျိုးတည်းပါတယ်၊ 150mg ကို ၃ လ တခါ။ အသားဆေးထိုးရတယ်။   …

ဇူလိုင် ၂၂ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၂ ဇူလိုင် ၂၀၁၆ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့်‌ ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့်‌ မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့်‌ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း နှင့်‌ ကချင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့်‌ ရှမ်းပြည်နယ်(မြောက်ပိုင်း) တို့တွင် မိုးဆက်လက် ပိုနေမည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ် ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် …

မေမေ့တိုင်မယ်

(သရော်စာ) မော်လမြိုင်၊ ၂၁ ဇူလိုင် ၂၀၁၆ ဇော်ဂျီနှင့် ဦးနီတို့ မတည့်တာ အတော်ကြာပြီဟု ပြောကြသည်။ ထိုအကြောင်းကို ဆရာများက သတင်းလိုက်ခိုင်းသော အခါ စိုပြေ တိုင်ပတ်တော့သည်။ တိုင်ပတ်သဖြင့် မူး၏။ ဇော်ဂျီနှင့် ဦးနီဘာကြောင့် မတည့်မှန်း နားမလည်။ ဒီလိုနှင့် ဟိုမေးဒီမေး လျှောက်မေးရသည်။ ထိုသို့ လျှောက်မေးနေတုန်း သတင်းတစ်ပုဒ်ဝင်လာသည်။ ဦးနီက ဇော်ဂျီတွေကို ဖမ်းပေးဖို့ မေမေ့ကို တိုင်းလိုက်သတဲ့........... ။ ဇော်ဂျီတွေနဲ့ ဇော်ဂျီ့မိတ်ဆွေတွေ လန့်ဖျပ်ကုန်သည်။ မြန်မာပြည်မှာ ဇော်ဂျီတွေက တော်တော်များများ၏။ ၀ိဇ္ဖာတွေပေါတဲ့ တိုင်းပြည်မို့ ဇော်ဂျီတွေ ပေါတာ သိပ်တော့ မဆန်း။ လမ်းပေါ်ကို ထွက်လိုက်တာနှင့် ဇော်ဂျီတွေကို တွေ့ရမည်။ ကားပေါ် တက်လိုက်တာနှင့် ဇော်ဂျီတွေကို တွေ့ရမည်။ ဘယ်သွားသွားဇော်ဂျီရှိသည်။ …