Routine Cleaning and Disinfection of Households ကိုရိုနာဗိုင်းရပ်စ်အတွက် အိမ်တွင်းသန့်ရှင်းရေး

မော်လမြိုင်၊ ၃၀ မတ် ၂၀၂၀ နေအိမ် ရုံး အလုပ်နေရာတွေကိုပါ ဆိုလိုတယ်။ မျက်နှာပြင်တွေကို ဘယ်လိုသန့်ရှင်းပေးမလဲ။ စားပွဲ ကုလားထိုင် ထိုင်ခုံ တခါးလက်ကိုင်နေရာ မီးခလုတ် ရေအိမ်သာ ပိုက်ခေါင်း လက်ဆေးခွက် စတာတွေ။၁။ သန့ှ်ရှင်းရေးလုပ်တဲ့သူ လက်အိတ်သုံးရမယ်။ နှာခေါင်းစည်းလိုမယ်။ ၂။ သန့ှ်ရှင်းရေးလုပ်နေချိန်မှာ လေဝင်လေထွက် ကောင်းရမယ်။ ၃။ သန့ှ်ရှင်းရေးလုပ်ရတဲ့ အကြိမ်ရေ နည်းအောင် မလိုအပ်တာတွေ အသုံးမပြုပါနဲ့။ ၄။ နေမကောင်းနေသူနဲ့ တတ်နိုင်သမျှ အနီးကပ် မနေပါနဲ့။ သီးခြားထားပေးပါ။ လူနာအတွက် သီးသန့် တစ်ရှူး လက်ဆေးရည် ဆပ်ပြာ စတာတွေ ထားပေးပါ။ ၅။ အိမ်ရှိလူကုန် စည်းကမ်းလိုက်နာပါ။ ရုံး အလုပ်နေရာရှိ လူကုန် စည်းကမ်းလိုက်နာပါ။Surfaces မျက်နှာပြင် • လက်အိတ်သုံးပါ။ … Continue reading Routine Cleaning and Disinfection of Households ကိုရိုနာဗိုင်းရပ်စ်အတွက် အိမ်တွင်းသန့်ရှင်းရေး

မတ္လ ၂၉ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၉ မတ္ ၂၀၂၀ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် အများအားဖြင့် သာယာနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေ ပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။ မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် … Continue reading မတ္လ ၂၉ရက်နေ့ မိုးလေဝသခန့်မှန်းချက်

Coronavirus and Health Workers ကိုရိုနာ နှင့် ကျန်းမာရေးဝန်ဆောင်မှုပေးသူများ

မော်လမြိုင်၊ ၂၉ မတ် ၂၀၂၀ ကိုရိုနာဗိုင်းရပ်စ်ကို တရုပ်ဆရာဝန် ဒေါက်တာလီက စသိခဲ့ပြီး သူ့အသက်ပါ စဆေးခဲ့ရပါတယ်။ ကနေ့ ယူကေနိုင်ငံမှာ ဆူဒန်လူမျိုးဆရာဝန်တယောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံပြီး သေဆုံးသွားတယ်။ လွန်ခဲ့တဲ့ ၃ ရက်က အီတလီသူနာပြုဆရာမတယောက် သူများတွေကို မကူးစက်စေအောင်ဆိုပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်။ မနေ့ကပဲ ရန်ကုန်မှာ အိမ်ငှားနဲ့နေကြတဲ့ ဆရာဝန် သူနာပြုတွေကို အိမ်ရှင်တွေက နှင်ချဆိုတဲ့သတင်း ဖတ်ရတယ်။ ကနေ့တော့ မန္တလေးက တူမယောက်လည်း ငှားနေတဲ့အိမ်က နှစ်ချခံရသတဲ့။ သူက ဓါတ်မှန် အာလ်ထွာဆောင်း ကျွမ်းကျင်သူ။ ဆောရီးပဲ ငါ့တူမရေထက် ပိုမတတ်နိုင်ပါ။ ဆရာဝန် သူနာပြု ကျန်းမာရေးကျွမ်းကျင်သူတွေကို အိမ်ပေါ်ကနှင်ချခြင်းဟာ မြန်မာပြည်က နောက်ဆုံးပေါ် ကိုရိုနာ ကာကွယ်နည်းလား မသိပါ။ ရှေ့တန်းပြန်များလို သပြေပန်းကမ်းသူ ပန်းကုံးစွပ်သူ … Continue reading Coronavirus and Health Workers ကိုရိုနာ နှင့် ကျန်းမာရေးဝန်ဆောင်မှုပေးသူများ