အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း မော်လမြိုင်က ဆေးရုံတွေမှာ အာဟာရ အလှူ ရှိ

Photo - သာသနာနွယ် ဖေ့ဘုတ် မော်လမြိုင်၊ ၁ ဖေဖော်ဝါရီ ၂၀၁၆ လာမယ့် အပတ် ကစပြီး စနေ၊တနင်္ဂနွေ နေ့တွေမှာ မော်လမြိုင်မြို့က ဆေးရုံကြီးနဲ့ ကလေးဆေးရုံတွေမှာ နာမကျန်းသူတွေအတွက်ရည်ရွယ်ပြီး ဆန်ပြုတ်၊ကြက်ဥ၊မုန့်တွေနဲ့ သစ်သီးတွေကို ဆရာတော် သာသနာနွယ်ဦးစီးပြီးလှူဒါန်းသွားဖို့ရှိပါတယ်။ "ရန်ကုန်၊မန္တလေးနဲ့နေပြည်တော်တွေမှာတော့လှူနေကြတဲ့သူတွေ ရှိပေမယ့် ဒီမှာတော့မရှိသေးဘူး။ဒါကြောင့် မိမိငွေ ၅ သိန်းထည့်ဝင်ပြီး အပတ်စဉ် စနေ၊တနင်္ဂနွေတိုင်း လှူဒါန်းပေးပါတော့မယ်"လို့ ဆရာတော် သာသနာနွယ်က မီဒီယာတွေနဲ့တွေ့ဆုံစဉ်မှာမိန်ကြား ခဲ့ပါတယ်။ Mawlamyine Daily

မော်လမြိုင်သူ၊မော်လမြိုင်သားတွေ လေမဖြတ်ရအောင် ဘယ်လိုနေကြမလဲ

မော်လမြိုင်၊၁ ဖေဖော်ဝါရီ ၂၀၁၆ လေမဖြတ်ချင်ရင် အကောင်းမြင်စိတ်မွေးပါတဲ့ ။ မစ်ချီဂန် တက္ကသိုလ်ရဲ့ လေ့လာမှုတွေ အရ အကောင်းမြင်သူတွေဟာ လေဖြတ်နိုင်တဲ့ အန္တရာယ် လျော့ကျမှု ရှိတယ်လို့ ပြောပါတယ်။ အကောင်းမြင်ခြင်းက လေဖြတ်ခြင်းကို ကာကွယ်နိုင်စွမ်းမှာ အကောင်းမြင်တတ်သူတွေဟာ ကျန်းမာရေး နှင့် ညီညွတ်သော ဘဝ နေထိုင် စားသောက်မှု ပုံစံကို ရွေးချယ်လေ့ ရှိသောကြောင့် ဖြစ်တယ်လို့ လေ့လာသူတွေက ကောက်ချက် ချခဲ့ကြတာပါ။ လေ့ကျင့်ခန်း လုပ်ခြင်း၊ အာဟာရ ပြည့်ဝသော အစားအသောက်များ စားသောက်ခြင်း စသည့် ကောင်းမွန်သော နေထိုင်မှု ပုံစံ အတိုင်း နေထိုင်သောကြောင့် လေဖြတ်ခြင်းကို ကာကွယ်နိုင်တာဖြစ်ပါတယ်။ '' ဘဝမှာ အကောင်းဆုံး အရာတွေကိုပဲ မျှော်လင့်တဲ့ သူတွေက ကျန်းမာရေး ကောင်းမွန်စေမယ့် …

Morning Mawlamyine

မော်လမြိုင်၊ ၁ ဖေဖော်ဝါရီ ၂၀၁၆ မော်လမြိုင်မြို့ ၊ဈေးကြို အဝိုင်းထိပ်က ဆိုယ်ကယ် ကယ်ရီဂိတ်မနက်မြင်ကွင်း ဓါတ်ပုံများ။

မော်လမြိုင်က မီးနင်းပွဲတော်

မော်လမြိုင်၊ ၃၁ ဇန်နဝါရီ ၂၀၁၆ မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်မှာ ဇန်နဝါရီ ၃၁ ရက်နေ့ကကျင်းပခဲ့တဲ့ ဆရီ မာရီယမ္မာန် မယ်တော်ဘုရားကျောင်း မီးနင်းပွဲတော် မြင်ကွင်းဓါတ်ပုံများ။

မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက် မီးလောင်

သတင်းဓာတ်ပုံ - နေမင်း မော်လမြိုင်။ ၃၁ ဇန်နဝါရီ ၂၀၁၆ မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက် နှင်းဆီလမ်းတွင် ဇန်နဝါရီ ၃၁ ရက်နေ့ မွန်လွဲ ၁ နာရီခန့်က လျှပ်စစ်ဝါယာကြိုးရှော့ဖြစ်ရာက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ နေအိမ်၅လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးလောင်ဆုံးရှုံးမှုတန်ဖိုး သုံးသိန်းတစ်သောင်းငါးထောင်ကျပ် ရှိတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါသည်။ Mawlamyine Daily