မော်လမြိုင်ရဲ့ဆောင်းအေးအေးမှာလမ်းလျှောက်ရအောင်

မော်လမြိုင်၊၂၅ ဇန်နဝါရီ ၂၀၁၆ အရင်နေ့တွေနဲ့ မတူဘဲဒီတနေ့မှာတော့ မော်လမြိုင်မြို့ ကအေးပိုလာပါတယ်။ဒီလိုအခြေနေတွေကတော့ ကိုယ်လက်လှုပ်ရှား လမ်းလျှောက်လို့ကောင်းတဲ့အချိန်ပါဘဲ။မော်လမြိုင်မြို့သူ၊မြို့သားတွေအတွက်လမ်းလျှောက်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အကောင်းဆုံးလို့ပြောနိုင်တဲ့ကမ်းနားလမ်းလည်းရှိနေတော့ အဆင်ပြေတာပေါ့။ကဲလမ်း လျှောက်ရင် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတာ Mawlamyine Daily ကဖော်ပြလိုက်ပါတယ်။ လမ်းလျှောက်ခြင်း အကျိုးကျေးဇူးများ (၁) ကိုယ်အလေးချိန် ကျစေတယ် ၆၀ကီလို ဂရမ်ရှိတဲ့ လူတစ်ယောက်ဟာ နာရီဝက်ခန့် အမြန် လမ်းလျှောက် ပေးလျှင် ကယ်လိုရီ ၁၅၀ လောင်ကျွမ်း သွားနိုင်တယ်။ (၂)အူမကြီးကင်ဆာ တားဆီးနိုင်တယ် ဗြိတိသျှ ကင်ဆာဂျာနယ်၏ လေ့လာမှု အသစ်တစ်ခုအရ လေ့ကျင့်ခန်းပုံမှန်လုပ်သူများသည် Polyp ဟုခေါ်သော အူအတွင်း အသားပိုဖြစ် နိုင်ခြင်းကို ၃ ပုံ ၁ပုံ လျော့နည်းစေတယ်။ (Polypက ကြာရင် ကင်ဆာဖြစ်နိုင်သည်) (၃) နှလုံးရောဂါဖြစ်နိုင်ခြေလျော့စေတယ် နှလုံးရောဂါကြောင့် …

ရွေးကောက်ပွဲကာလက ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေကို ပြန်လည်သုံးသပ်

  မော်လမြိုင်၊ ၂၅ ဇန်နဝါရီ ၂၀၁၆ မွန်ပြည်နယ်အတွင်း ရွေးကောက်ပွဲကာလတုန်းက ကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေနဲ့ပက်သက်ပြီး ပြည်နယ်၊ခရိုင်၊မြို့နယ် ကော်မရှင် တာဝန်ရှိသူတွေနဲ့ နိုင်ငံတကာရွေးကောက်ပွဲဆိုင်ရာ အဖွဲ့ အစည်းတွေပူးပေါင်းပြီး မော်လမြိုင်မြို့က ရာမည ဟိုတယ်မှာ ဇန်နဝါရီ ၂၅ ရက်နေ့က ပြန်လည် သုံးသပ်နေကြတာပါ။ မဲစာရင်းပြုစုတာတွေ၊မဲပေးတာတွေအပါဝင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်နဲ့ပက်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲ၊စိန်ခေါ်မှု တွေကို ဆွေးနွေးခဲ့ကြတာပါ။ မြန်မာနိုင်ငံအနှံက ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာလည်း အခုလို ရွေးကောက်ပွဲနဲ့ပ က် သက်ပြီးပြန်လည်သုံးသပ်တဲ့ ဆွေးနွေးပွဲတွေ ကိုပြုလုပ်ခဲ့ပြီး လာမယ့် ဖေဖော်ဝါရီ လ တတိယအပတ်ကျ ရင်တော့ တနိုင်ငံလုံးအတိုင်းအတာအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ် တဲ့ဆွေးနွေးပွဲကို ရန်ကုန်မြို့မှာဆက်လက် ပြုလုပ်သွားမှာဖြစ်ပါတယ်။ Mawlamyine Daily

Morning Mawlamyine

မော်လမြိုင်၊ ၂၅ ဇန်နဝါရီ ၂၀၁၆ မော်လမြိုင် မနက်ခင်းမြင်ကွင်းများ။

အစိုးရကျောင်းတွေမှာ သင်ကြားမယ့် မွန်ဘာသာသင်ရိုးညွန်းတမ်းသစ် သင်ကြားနည်းစနစ် သင်တန်း ဘာကြောင့် ပြုလုပ်

မော်လမြိုင်၊ ၂၅ ဇန်နဝါရီ ၂၀၁၆ မော်လမြိုင်မြို့ က အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်း ၊ပင်မဆောင် ပထမ အထပ်ကိုတက်လိုက်ပြီဆိုတာနဲ့ မွန်ဘာသာစကားကို ညီညီညာညာနဲ့သံပြိုင်ရွတ်ဆိုနေကြတဲ့ အသံကိုကြားရလိုက်မှာပါ။ အဲဒီအသံတွေကတော့ မွန်စာပေသင်ရိုးညွန်းတမ်းသစ်ကို လာမယ့် ပညာသင်နှစ်မှဲာ့ သင်ကြားပေးဖို့ ဆရာ၊ဆရာမတွေကို သင်ကြားနည်းစနစ် သင်တန်းပေးနေတာပါ။ “အစိုးရကျောင်းတွေမှာ မွန်ဘာသာတွေကို တကျောင်း၊တနေရာ သင်ရိုးညွန်းတမ်းတခု လိုသင်ယူနေကြတယ်။ဒါကြောင့် သင်ရိုးညွန်းတမ်းသစ်တခုရေးဆွဲပြီး အားလုံးတပြေးညီ ဖြစ်အောင် သင်ရိုးညွန်းတမ်းသစ်တခုရေးဆွဲပြီး လာမယ့် ပညာသင်နှစ်မှာသင်ကြားနိုင်ဖို့ အတွက် သင်ကြားရေးနည်းစနစ် သင်တန်းပေးနေတာပါ” လို့ သင်တန်းကြီးကြပ်ရေးတာဝန်ခံ မိငွေလင်းက ပြောပါတယ်။ အခုသင်တန်းကို ဇန်နဝါရီ ၂၃ ရက်နေ့ကနေ့ ၃၁ ရက်နေ့အထိ သင်တန်းကို နှစ် ကြိမ်ခွဲပေး သွားမှာပါ။မွန်၊ကရင်နဲ့ တနင်္သာရီတိုင်းဒေသတွေက မွန်ဘာသာသင်ကြားနေတဲ့ အစိုးရ …

မော်လမြိုင်၊ ၂၄ ဇန်နဝါရီ ၂၀၁၆ မော်လမြိုင် မနက် မြင်ကွင်းများ။

မော်လမြိုင်၊ ၂၄ ဇန်နဝါရီ ၂၀၁၆ ဟန်းဖုန်းက လူကို ဘယ်လို ကျန်းမာရေး ထိခိုက်တယ်ဆိုတာ စာဖတ်သူ တော်တော်များများ သိရှိပြီး ဖြစ်မယ်လို့ ယူဆပါတယ်။ အဓိက ထိခိုက်စေတာက ဦးနှောက် ဖြစ်ပြီး ဖုန်းက ထုတ်လွတ်တဲ့ ရေဒီယို လိုင်း ကြောင်း ဖြစ်ပါတယ်။ ယင်း radiation ကြောင့်ပဲ ဖုန်းကို သထိထား သုံးဖို့ မှာကြခြင်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ ဆေးပညာရှင်နဲ့ Scientist များက အတူတူလေ့လာပြီး Spe cific Absorption Rate (SAR) သတ်မှတ်ပါတယ်။ ဥပမာ- တစ်ယူနစ်ကို ရေဒီယိုလိုင်း ဘယ်လောက်ထိ ထုတ်လွတ်ပြီး လူဦးနှောက်ထဲကို ဘယ်လောက် ဆုတ်ယူ (adsorb) လုပ်စေ တာမျိုးကို …