မော်လမြိုင်မြို့နယ် မွန်စာပေ နှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဋ္ဌ ကွယ်လွန်

Photo from မင်းအောင်ထူး ဖေ့ဘွတ် မော်လမြိုင်၊ ၇ ဖေဖော်ဝါရီ ၂၀၁၆ မော်လမြိုင်မြို့ ၊မြိုင်သာယာရပ်ကွက်၊အိမ်အမှတ် (၂၇၀) မှာနေထိုင်တဲ့ မော်လမြိုင်မြို့နယ် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ နိုင်သိုက်ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့၊ညနေ ၄ နာရီ ၁၀ မိနစ်အချိန်မှာကွယ်လွန်သွားတာပါ။ ကွယ်လွန်သူ နိုင်သိုက်ဟာ မုဒုံမြို့နယ်၊ထုံမိကျေးရွာဇာတိဖြစ်ပြီး ဖခင် နိုင်ထွန်းအေး၊မိခင် မိပွဲ တို့မှ ၁၉၃၂ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ကွန်လွန်ချိန်မှာတော့သူဟာ အသက် ၈၄ နှစ်အရွယ်ရှိနေပါပြီ။ ငယ်ရွယ်စဉ်ချိန်က နိုင်သိုက်ဟာ မော်လမြိုင်မြို့ အ.ထ.က ၅ မှာအခြေခံပညာအထက်တန်းစာ မေးပွဲအောင်မြင်ခဲ့ပြီး B.A (Political Science)နဲ့ ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကုန်သွယ်ရေး(၁)တွင်လက်ထောက်မန်နေဂျာရာထူးဖြင့် တာဝန်ထမ်းဆောင်ရင်း အငြိမ်းစားယူခဲ့ပြီးနောက်မှာတော့ …

မော်လမြိုင်မှာ လေပြင်းတိုက်ခတ်နိုင်

Photo from ဒေါက်တာထွန်းလွင် ဖေ့ဘွတ် မော်လမြိုင်၊ ၇ ဖေဖော်ဝါရီ ၂၀၁၆ ဖေဖော်ဝါရီ ၇ ရက်နေ့မှ စ၍ မော်လမြိုင်မြို့အပါဝင် မြန်မာ့ကမ်းရိုးတန်းနှင့် တောင်ပိုင်းဒေသ များကိုအရှေ့လေပြင်းများ စတင်တိုက်ခတ်နေပြီလို့ မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သူ့ရဲ့ ဖေ့ဘွတ်စာမျက်မှာ ဖော်ပြထားပါတယ်။ တရုတ်ပြည်မကြီးပေါ်မှာဖြစ်ပေါ်နေတဲ့ လေဖိအားများရပ်ဝန်ကြီးရဲ့တိုးဝင်လာမှုကြောင့် အင်ဒိုချိုင်းနားကျွန်းဆွယ်တခုလုံးအပေါ်မှာ အရှေ့လေပြင်းများ တိုက်ခတ်လာတာပါ လို့ သူ့က ရေးသားဖော်ပြထားပါတယ်။ မွန်ပြည်နယ် ကမ်းရိုးတန်းတလျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်မှာတော့ အရှေ့လေပြင်းများ 20-30 mph ခန့်တိုက်ခတ်နိုင်ပြီး၊မော်လမြိုင်အပါဝင် မွန်ပြည်နယ်အတွင်းက ကုန်းတွင်းပိုင်းဒေသတွေမှာတော့ လေတိုက်နှုန်း 10-15 knots(12-17 mph)မှ တခါတရံ 20 knots(23 mph) ခန့်တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ Mawlamyine Daily

တစ်လအတွင်းအမြန်ပိန်အောင် ဘယ်လိုလုပ်မလဲ

မော်လမြိုင်၊၇ ဖေဖော်ဝါရီ ၂၀၁၆ အခုခေတ်လူတွေ အရင်ကထက် ၀ တဲ့နှုန်းများလာပါတယ်။ ဒါဟာ ဘာကြောင့်ပါလဲ၊ အဓိကကတော့ လူတစ်ဦးချင်စီရဲ့ အစားအသောက် အာဟာရပုံစံနဲ့ အပြုအမှု အလေ့အကျင့် နေထိုင်မှုပုံစံတွေ ကွာခြားသွားလို့ပါ။ ဒီလို ၀ လာပြီဆိုရင် ကျန်းမာရေးအတွက် ကောင်းတဲ့အကွက် တစ်ခုမှ မရှိပါဘူး။ အများပြည်သူအတွက် ထားပေးတဲ့ ထိုင်စရာနေရာတွေ အဝေးပြေးကားတွေပေါ်မှာ ဆိုရင်လဲ ဘယ်သူကမှ ၀ တဲ့သူနဲ့ အတူတွဲမထိုင်ချင်တဲ့ အပြုအမှုမျိုးတွေလို နေ့စဉ်ဘ၀မှာ ကြုံတွေ့ရမှာဖြစ်သလို မိန်းကလေးတွေ အတွက်ဆိုရင်လဲ သူတို့ခင်ပွန်းတွေ ချစ်သူတွေက ၀ လာတာကို ငြိုငြင်လာကြမှာပါ။ ဒီတော့ လူကြားသူကြားမှာ မိမိကိုယ်ကို ယုံကြည်မှုရှိဖို့ရယ် ကျန်းမာနေဖို့ရယ် ၀နေသောသူတွေ တစ်လအတွင်း ပိန်အောင်ဘယ်လိုလုပ်ကြမလဲ ဆိုတာ ပြောပြချင်ပါတယ်။ ဒါကတော့ သိပ်မခက်ပါဘူး။ …

မော်လမြိုင် တခွင် ဈေးဝယ်ကြမယ်

မော်လမြိုင် ၊၆ ဖေဖော်ဝါရီ ၂၀၁၆ မော်လမြိုင်မြို့၊မြေနီကုန်းကားဝင်းအနီးက ပေ ၅၀× ၁၂၀ မြေကွက်ကို ပိုင်ရှင်ကိုယ်တိုင်ရောင်းမည်။ဆက်သွယ်လိုပါကဖုန်းနံပါတ် ၀၉ ၂၅၅၇၈၈၆၄၉ ထံဆက်သွယ်နိုင်ပါသည်လို့ စာပေးပို့လာသဖြင့် Mawlamyine Daily ရဲ့ မော်လမြိုင်တခွင် ဈေးဝယ်ကြမယ် အစီစဉ်မှဖော်ပြလိုက်ပါသည်။

“ဒိုင်းဝန်းကွင်း ဘိန်းမုန့်”

မော်လမြိုင်၊ ၆ ဖေဖော်ဝါရီ ၂၀၁၆ “ယနေ့ ဘိန်းမုန့်(၁)ခု (၃၀၀)” A4 အဖြူရောင် စာရွက်အပေါ်မှာ အစိမ်းရောင်ဖျော့ဖျော့ စာသားနဲ့ရေးထားတဲ့ စာသား ကို ပလပ်စတစ်လောင်းပြီး အိမ်အပြင်ဘက် နံရံမှာကပ်ထားတဲ့ ဈေးနှုန်းကြေငြာ စာရွက်က စာသားတွေပါ။ ဈေးနှုန်းကပ်လွှာရဲ့ ညာဘက် အပေါ်နားလေးမှာတော့အရွယ်ခပ်ငယ်ငယ် ဘုရားစင်လေးတ ခုပေါ်မှာ ဗုဒ္ဓဆင်းတု တော်တဆူကို ပန်းအိုးထိုးပြီးလည်းပူဇော်ထားတာပေါ့။ ဘုရားစင်အောက်၊အိမ်အပြင်နံရံနဲ့တဆက်တည်းမှာတော့ အရှည် ၇ ပေခန့်၊အလျား ၄ ပေ ခန့်၊ အမြင့် ၃ ပေနီးပါးရှိတဲ့ ကွပ်ပျစ်တခုပေါ်မှာတော့မီးသွေးဖို၊အရောင်းခုံဗန်း၊သတ္တုအိုးကြီး၊ အိုးလေး တွေ၊ ကြက်ဥ တွေစီထည့်ထားတဲ့ ကြက်ဥကဒ် တွေ၊နောက်ပြီး ခြစ်ပြီးသားအုန်း သီးတွေ ထည့် ထားတဲ့ ဇလုံ၊မြေပဲနဲ့ နှမ်းတွေကို သမအောင် ရောပြီးထည့်ထားတဲ့ ဇလုံတွေရဲ့ ကြားမှာတော့ …