Morning Mawlamyine

မော်လမြိုင်၊ ၈ ဖေဖော်ဝါရီ ၂၀၁၆ ဒီတနေ့ မော်လမြိုင်မြို့ မှာ စတင်ကျင်းပမယ့်ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမရက်အစည်းဝေး မစတင်မှီမြင်ကွင်းများ။

ကျောက်တန်းမီး စပါးကျည်နဲ့ လူနေအိမ်လောင်ကျွမ်း

သတင်းဓာတ်ပုံ - ThuYa Lwin မော်လမြိုင်၊၇ ဖေဖော်ဝါရီ ၂၀၁၆ မော်လမြိုင်၊ကျောက်တန်းရပ်ကွက်၊ကျောက်တန်းလမ်းမှာ ဒီနေ့(ဖေဖော်ဝါရီ ၇ ရက်နေ့)ညနေ ၈ နာရီ ခန့်က မီးလောင်ကျွမ်းခဲ့လို့ စပါးကျည်နဲ့ နေအိမ် တလုံးအနည်းငယ် မီးလောင်ကျွမ်းခဲ့ရ ပါတယ်။ အိမ်ပိုင်ရှင် ဦးတင်စိုး အိမ်ရဲ့စပါးကျည်ကနေတဆင့် စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အဆိုပါမီး ဟာ ဝါယာကြိုးအပူလွန်ကဲရာမှတဆင့် လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ မော်လမြိုင်မီး သတ်တပ်ဖွဲ့က ပြောပါတယ်။ ကျောက်တန်းရပ်ကွက်ဟာ ပြီးခဲ့တဲ့ ၁ ပတ်ခန့်က မီးလောင်ကျွမ်းခဲ့လို့ နေအိမ် ၅ လုံးမီးလောင် ဆုံးရှုံးခဲ့ရပါသေးတယ်။ Mawlamyine Daily

ပထမအကြိမ် မီနီမာရသွန်ပြိုင်ပွဲ မော်လမြိုင်မှာကျင်းပ

Photo - အုတ်လှငယ် (မွန်ဌာနီ) မော်လမြိုင် ၊၇ ဇန်န၀ါရီ ၂၀၁၆ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာကျရောက်မယ့် (၆၉) နှစ်မြာက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို မော်လမြိုင်မှာ ဇန်နဝါရီ ၇ ရက်နေ့ မနက် ၅ နာရီက ကျင်းပခဲ့တာပါ။ ရန်ကုန်၊ ပဲခူး၊ လားရှိုး၊ မော်လမြိုင် တက္ကသိုလ်၊ ပညာရေး ကောလိပ်၊ အားကာသိပ္ပံ (မော်လမြိုင်)၊ မွန်ပြည်နယ် ( ၁၀ ) မြို့နယ်မှ အားကစား သမားများနှင့် အခြေခံပညာကျောင်း ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၈၅၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြတာပါ။ ဒီပြိုင်ပွဲမှာ အလွတ်တန်းနဲ့ လူသစ်တန်းဆိုပြီး နှစ်မျိုးသတ်မှတ်ထားပါတယ်။ အလွတ်တန်းမှာ အမျိုးသား ၁၀၀ ဦး၊ …

မော်လမြိုင်ကသတိထားရမယ့် ဇီကာဗိုင်းရပ်

မော်လမြိုင်၊၇ ဖေဖော်ဝါရီ ၂၀၁၆ မော်လမြိုင်မြို့ခံတွေသွားသွားလာလာနေထိုင်အလုပ်လုပ်ကိုင်နေတဲ့ ထိုင်းနိုင်ငံမှာဇီကာဗိုင်းရပ် ကူစက်ခံနေရ ပြီဖြစ်တဲ့အတွက် မော်လမြိုင်သူ၊သားတွေအတွက် ဇီကာဗိုင်းရပ် အကြောင်းကိုသိရှိသတိထားဖို့ နိုင်ငံတကာသတင်းတွေထဲ မှ Mawlamyine Daily က ကိုးကားဖော်ပြလိုက်ပါသည်။ ၂၀၁၆ အတွင်း ဇီကာဗိုင်းရပ်ကူးစက်ခံရသူပေါင်း ၄သန်းအထိရှိနိုင် ဇီကာဗိုင်းရပ်ဟာ ဒီနှစ်အတွင်း လူပေါင်း ၄ သန်းလောက်ကို ကူးစက်သွားနိုင်တယ်လို့ ဆေးပညာရှင်တွေက ခန့်မှန်းထားပါတယ်။ အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်နေတဲ့နိုင်ငံဟာ မြန်မာနိုင်ငံရဲ့အိမ်နိးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံအပါအ၀င် စုစုပေါင်း (၂၂) နိုင်ငံရှိနေပါပြီ။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း တကမ္ဘာလုံးအတွက် အရေးအပေါ်အခြေအနေ ကြေညာထားပါတယ်။ ဇီကားဗိုင်းရပ်ကူးစက်ခံထားရတဲ့ ဒေသတွေကို ခရီးမသွားကြဖို့၊ အဲဒီမှာနေသူတွေ ကိုယ်ဝန်မဆောင်ကြဖို့နဲ့ ခြင်နှိမ်နင်းရေးလုပ်ကြဖို့ စတာတွေကိုအကြံပြုထားပါတယ်။ ဇီကာဗိုင်းရပ်ဆိုတာဘာပါလဲ? ဇီကာဗိုင်းရပ်ကို ၁၉၄၀ ခုနှစ်တွေမှာ ယူဂန်တာ နိုင်ငံမှာ …

မှတ်ပုံတင်တခု မူလပိုင်ရှင်ထံပြန်ပေးလို

မော်လမြိုင်မြို့မှာ လူ၊အရာဝတ္ထု ပစ္စည်း ပျောက်လို့ရှာဖွေနေသူတွေ၊ကောက်ရတွေ့ရှိလို့ မူလပိုင်ရှင်ထံ တာဝန်သိပြည်သူတဦးအနေနဲ့ ပြန်ပေးချင်သူတွေအတွက် "ပျောက်ပျောက်ရှာရှာ မော်လမြိုင်" အစီစဉ်ကိုထားရှိပေးသွားမှာပါ။မော်လမြိုင်နေပြည်သူတွေအနေနဲ့ အခုအစီစဉ်မှာဖော်ပြနိုင်ရန်အတွက် Mawlamyine Daily facebook message box (or)mawlamyinedaily@gmail ထံသို့ပေးပို့အကြောင်းကြား နိုင်ပါသည်။ မှတ်ပုံတင်တခု မူလပိုင်ရှင်ထံပြန်ပေးလို ====================== မော်လမြိုင်၊၇ ဖေဖော်ဝါရီ ၂၀၁၆ ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ကျနော်ရဲ့ ပန်းပွဲရုံရှေ့ကတ္တရာလမ်းပေါ်မှာ ..... မောင်မြတ်ကျော်လွင်ဖြိုး ၁၀/မလမ(နိုင်)၂၃၆ ၈၀၂ ကျောင်းသား အမှတ် ၇၊မြို့မတံတားလမ်း၊စစ်ကဲကုန်းရပ်၊မော်လမြိုင်မြို့ လို့ ရေးသားပါရှိတဲ့မှတ်ပုံတင်တခုကောက်ရထား ပါတယ်လို့ ရေးသားထားပါတယ်။ ကာယကံ ပိုင်ရှင်အနေနဲ့ မော်လမြိုင်မြို့နေ.. ကိုဇော်မြတ်လင်း ဖုန်း ၀၉ ၄၄၉၀ ၁၈၅၄၄/၀၉ ၉၇၁၆ ၇၉၈၆၀ ထံဖုန်းဆက်ပြီး ပြန်လည်ရယူနိုင်ဖို့ Mawlamyine …