မော်လမြိုင်မြို့မှာ သင်တန်း၊အစည်းဝေးနှင့်ဆွေးနွေးပွဲတွေကို အခမဲ့ (သို့)နှုန်းထားသက်သာစွာဖြင့် ပြုလုပ်နိုင်

Photo from Mon State CSO's Network မော်လမြိုင် ၊ ၃၁ ဇန်နဝါရီ ၂၀၁၆ မော်လမြိုင်မြို့၊ အောက်ကျင်းရပ်၊ရှမ်းစု၊မြို့ရှောင်လမ်း၊အိမ်အမှတ် ၄၃ မှာဖွင့်လှစ်ထားတဲ့ မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့စည်းများ ကွန်ရက် ရုံးတွင် သင်တန်း၊ဆွေးနွေးပွဲ၊အစည်းဝေးတွေကို အခမဲ့(သို့) နှုန်ထားသက်သာစွာဖြင့်လာရောက်ပြုလုပ်နိုင်တယ်လို့ Mon State CSO's Network ရဲ့အွန်လိုင်းစာ မျက်နှာမှာဖော်ပြထားပါတယ်။ အစည်းဝေးပြုလုပ်ဖို့ Projector နှင့် အသံပိုင်းဆိုင်ရာစနစ်တပ်ဆင်ထားတဲ့ရုံးခန်းကို အသုံးပြုခွင့်ရမှာပါ။ မွန်ပြည်နယ် အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက် ကို ပြည်နယ်အတွင်းကလူမှုအဖွဲ့အစည်းတွေနဲ့ဖွဲ့စည်းထားတဲ့ ကွန်ရက်အဖွဲ့အစည်းဖြစ်ပါတယ်။ အဆိုပါကွန်ရက်ရုံးကို ဇန်နဝါရီ ၃၀ ရက်နေ့က စတင်ဖွင့်လှစ်တာဖြစ်ပြီး ပြည်သူတွေအနေနဲ့သတင်းအချက်အလက်တွေရယူနိုင်ဖို့အတွက် စာအုပ်စာတမ်းတွေနဲ့ အင်တာနက်တွေကိုတပ်ဆင်ပေးဖို့ရှိပါတယ်။ Mawlamyine Daily

ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးတွက် မော်လမြိုင် အထက ကျောင်းတွေမှာ ပြိုင်ပွဲကျင်းပ

မော်လမြိုင်၊ ၃၀ ဇန်နဝါရီ ၂၀၁၆ မော်လမြိုင်မြို့က အ.ထ.က ၃၊၆၊၇၊၉ ကျောင်းတွေမှာ ကျောင်းစာကြည့်တိုက်များဖွံ့ရေးနှင့် စာဖတ်ရှိန်မြှင့် တင်ရေးတွက်အခြေခံပညာကျောင်းသား၊ ကျောင်းသူများ အတွက် စာစီစာကုံးပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများကို ဇန်နဝရရီ ၃၀ ရက်နေ့က ကျင်းပခဲ့တာပါ။ ပြိုင်ပွဲတွင် မော်လမြိုင်မြို့ပေါ်ရှိ အခြေခံပညာ ကျောင်းပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် စာစီစာကုံးပြိုင်ပွဲတွင် ၃၆ ဦး၊ ကဗျာရွတ်ပြိုင်ပွဲ ၂၁ ဦး၊ ပုံပြောပြိုင်ပွဲ ၁၄ ဦးနှင့် ကျပန်း စကားပြော ပြိုင်ပွဲတွင် ၁၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအသီး သီးမှ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဇန်န၀ါရီ ၃၁ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်သည်။ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် …

“ လဟာပြင် ပြောင်းဖူးဖုတ်”

Mawlamyine Daily အွန်လိုင်းသတင်းစာမျက်နှာမှ အပတ်စဉ် တင်ဆက်မယ့် “မော်လမြိုင်အစား” အစီစဉ် Episode.1 (No.2) “ လဟာပြင် ပြောင်းဖူးဖုတ်” =================== မော်လမြိုင်၊ ၃၀ ဇန်နဝါရီ ၂၀၁၆ “တဖူး ၂၀၀၊၂၅၀၊၃၀၀ တန်ဆိုပြီး ရှိပါတယ်” “အလုံးအကြီးသေးပေါ်မှုတည်ပြီးတော့ ဈေးကွာ သွားတာပေါ့” မီးရဲနေတဲ့ မီးသွေးတွေကို သတ္တုဗန်းထဲထည့်ပြီး အပေါ်မှာ သံဇကာတင်လျှက်၊ သံဇကာ ပေါ်မှာတော့ ပြောင်းဖူးတွေကို လက်တဖက်က ယပ်ခပ်လို့၊ကျန်တဖက်ကတော့ မီးအပူပေး ထားတဲ့ ပြောင်းဖူးတွေကိုအကျက်ညီအောင် လှည့်ပေးရင် သက်လတ်ပိုင်းအရွယ် အမျိုးသမီး ကလှမ်းပြောလိုက်တာပါ။ မီးဘန်းက မီးအပူရှိန်ကိုကာကွယ်ဖို့ ဒူးနှစ်ဘက်အပေါ် လုံချည်လေးကို အကာကွယ်လုပ်ပြီး ပြောင်းဖူးတွေကိုမီးဖုတ်နေတဲ့ သူမမျက်နှာမှာတော့ သနပ်ခါး ပါးကွက်ကြား ခပ်ပါးပါးလေး လိမ်းထားလို့ ပြောင်းဖူးတွေ အကျက်မလွန်အောင်လည်း ဂရုစိုက်နေရတာပေါ့။ …

Mawlamyine Daily ပေးစာကဏ္ဍ

မော်လမြိုင်မြို့မှာ အများပြည်သူနဲ့ သက်ဆိုင်တဲ့ သတင်းအဖြစ် အပျက် တွေကိုအပတ်စဉ် ဖော်ပြမယ့် Mawlamyine Daily ပေးစာကဏ္ဍပါ။ မော်လမြိုင်-ချောင်းဆုံ ကူးတို့ဇက်သဘောင်္ စိတ်ကြိုက်ငွေတောင်း ================================== မော်လမြိုင်၊ ၃၀ ဇန်နဝါရီ ၂၀၁၆ မော်လမြိုင် - ချောင်းဆုံ(ဘီလူးကျွန်း)သွား ကားတင်ဇက်သဘောင်္လုပ်ငန်းကို ပုဂ္ဂလိကထံ လေလံစနစ်နဲ့လုပ်ကိုင်ခွင့်ပေးထားတယ်လို့သိရပါတယ်။အဆိုပါ လုပ်ပိုင်ခွင့်ရထားတဲ့ ကားတင် ဇက်သဘောင်္လုပ်ကိုင်သူတွေဟာ ဟိုဘက်ကမ်းဒီဘက်ကမ်းကူးတဲ့ ကားတွေကို ဈေးနှုန်းသတ် မှတ်ခြင်းမရှိဘဲ အဆမတန် စိတ်ကြိုက်တောင်းနေတာတွေရှိနေတဲ့အတွက် ဒေသခံခရီးသွား ပြည်သူတွေနစ်နာမှုတွေရှိနေတာကို သက်ဆိုင်ရာတာဝန်ရှိ သူတွေဖြေရှင်း ပေးကြဖို့ မောင်ဦး အမည်နဲ့ Facebook အကောင့်ပိုင်ရှင်က Mawlamyine Daily ပေးစာကဏ္ဍ ကိုပေး ပို့ထားပါတယ်။

Morning Mawlamyine

မော်လမြိုင်၊ ၃၀ ဇန်နဝါရီ ၂၀၁၆ မော်လမြိုင်မြို့ မြင်ကွင်းများ။

အသက် ၃၀ ကျော် မော်လမြိုင်မြို့သားတွေ ကျန်းမာအောင် ဘယ်လိုနေကြမလဲ

မော်လမြိုင်၊၂၉ ဇန်နဝါရီ ၂၀၁၆ အသက် ၃၀ အရွယ် ကျော်လာချိန်မှာ အမျိုးသားတွေ အနေနဲ့ ကျန်းမာရေးကို အရင်ထက်ပိုပြီး ဂရုစိုက်ဖို့ လိုအပ်လာပါပြီ။ အခုအချိန်မှာ လူမှုရေးတာဝန်တွေ ပိုမိုများပြားလာသလို အလုပ်ထဲမှာလည်း ကြီးမားတဲ့ တာဝန်တွေကို ယူထားရတာကြောင့် အရင်ထက်ပိုပြီး ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်ပါတယ်။ ဒီအချိန်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာနေမှ သာ အရာရာကို အောင်မြင်ပျော်ရွှင်မှု အပြည့်နဲ့ ကျော်လွှားနိုင်မှာပါ။ အိပ်စက်ချိန် အမျိုးသား အများစုအဖို့ ညဘက်မှာ ကောင်းကောင်း အိပ်စက်နိုင်ဖို့က မလွယ်ပါဘူး။ အခုအချိန်မှာ လူနေမှု အဆင့်အတန်းမီမီ နေထိုင်နိုင်ဖို့ဆိုရင် အရင်ကထက်ပိုပြီး အလုပ်များလာတာကြောင့် ညဘက်တွေမှာလည်း အလုပ်တွေလုပ်ကိုင်လာကြရပါတယ်။ ဒီလိုဖြစ်လို့ ညတိုင်း ခုနစ်နာရီထက်လျှော့ပြီး အိပ်မယ်ဆိုရင် သင့်ဘဝသက်တမ်းကို လျော့ စေနိုင်ပါတယ်။ ဒါကြောင့် …