ဂျပန်နိုင်ငံ မသန်စွမ်းဂေဟာ အတွင်း ဓားခုတ်မှု ၁၉ ဦးသေဆုံး

ဆာဂါမီဟားရား၊ ၂၆ ဇူလိုင် ၂၀၁၆ ဂျပန်နိုင်ငံ တိုကျိုမြို့အနောက်ဘက် ကာနာဂါဝါခရိုင်အုပ်ချုပ်မှု အောက်မှာရှိတဲ့ ဆာဂါမီဟားရားမြို့ က မသန်စွမ်းစောင့်ရှောက်ရေးဂေဟာထဲကို လူတစ်ယောက်က ဓားနဲ့ ၀င်ရောက် တိုက်ခိုက်ခဲ့တာကြောင့် အနည်းဆုံး လူ၁၉ ဦးသေဆုံးပြီး ဒဏ်ရာရရှိသွားတဲ့၂၆ ယောက် ထဲက အယောက် ၂၀ က ဒဏ်ရာ အပြင်းထန်ရရှိသွားတယ်လို့ ဂျပန်ရဲတပ်ဖွဲ့က ပြောပါတယ်။ ဓားနဲ့ ၀င်ရောက်တိုက်ခိုက်သူ အသက် ၂၆ နှစ်အရွယ် Satoshi Uematsu ဆိုတဲ့ အမျိုးသားဟာ အဲဒီဂေဟာမှာ အလုပ်လုပ်ခဲ့ဖူးသူဖြစ်ပြီး တိုက်ခိုက်မှု ကျူးလွန်ပြီးနောက် ဇူလိုင်လ ၂၆ ရက်နေ့ မနက် ၃ နာရီကျော်မှာ ရဲစခန်းမှာ ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့တာဖြစ်ပါတယ်။ သူ ဘာကြောင့် ဒီလို ဓားနဲ့တိုက်ခိုက် သတ်ဖြတ်ခဲ့ရလဲ …

3D-4D ultrasound သရီး-ဒီ အာလ်ထွာဆောင်း

မော်လမြိုင်၊ ၂၆ ဇူလိုင် ၂၀၁၆ ဆရာရှင့် သမီးအသက်က ၂၈ နှစ်ပြည့်ပြီးပါပြီ။ ရန်ကုန်မှာပဲနေပါတယ်။ သားဦးကိုယ်ဝန်လွယ်ထားရပါတယ်ဆရာ။ ကိုယ်ဝန်ပတ်က ၂၃ ပတ်ပါ။ ကိုယ်ဝန်ရှိကြောင်းသိသိချင်း မတ်လ ၁၄ ရက်နေ့မှာပဲ OGရဲ့ညွှန်ကြားမှူနဲ့ Ultersound ပထမဆုံးတကြိမ်ရိုက်ပါတယ်။ အဲ့နောက်မှာတော့ ကိုယ်ဝန် ၁၉ ပတ်မှာပဲ အကြောင်းအမျိုးမျိုးကြောင့် ၂ ကြိမ် ရိုက်ရပါတယ်။ လက်ရှိ ၂၃ ပတ်မှာ 4D ဆိုတာ တကြိမ်ရိုက်ပြီးပါပြီ။ ကလေးအချင်းကွယ်နေတာရယ် ကလေးအနေအထား မမှန်တာရယ် ကလေးကသေးသေးတာရယ်ကြောင့်ပါ ကလေးမျက်နှာလဲ သေချာမမြင်ရသေးပါဘူး။ ခြေလက်အင်္ဂါတော့ အစုံအလင်ပါပါတယ်ဆရာ။ Sex ကလဲ Ultrasound ရိုက်ချိန်မှာလဲ မသဲကွဲပါဘူး။ ဆရာဝန်များကတော့ ယောကျားလေး ဖြစ်ဖို့ ရာခိုင်နူန်းများတယ်လို့ပဲ မှတ်ချက်ပေးပါတယ်ဆရာ။ 4D ရိုက်စဉ်မှာတော့ ကျားမ …

ကျွန်တော်တို့  လောကထဲမှာ ဒီလိုပဲရှိတယ်

မော်လမြိုင်၊ ၂၆ ဇူလိုင် ၂၀၁၆ (ကဗျာ) ဟိုလူလဲ ငါ ဟိုတစ်ယောက်လဲ ငါ ခင်ဗျားလဲ ငါ ကျွန်တော်လဲ ငါ ငါ မှန်လား ငါ မှားလား ဘယ်သူမှန်လဲ ဘယ်သူမှားလဲ ဟိုလူ မှားတယ် ဟိုလူ မှန်တယ် ဘာတွေလဲ လားမမေးနဲ့ ငါပဲ မှန်တယ် သူပဲမှားတယ် အဲလို အတ္တတွေ ရှိကြတယ် ။ သတ္တိလား ရှိသလားမမေးနဲ့ စိန်ခေါ်ရင်း တိမ်ပေါ်ပဲတက်ရတက်ရ မြှောက်ပင့်ရင်လား ငရဲမင်း ထိုင်ခုံဝင်လုမယ့် သူတွေရှိတယ် ။ မာနလား ရှိသလားမမေးနဲ့ စိတ်ထဲချဉ်ရင်း မျက်နှာကျောတင်းတင်းနဲ့ သူမခေါ်ရင်းလား လက်သီးစာကျွေးဖို့  စောင့်နေတဲ့ သူတွေရှိတယ် ။ သည်းခံခြင်းတရားလား ရှိသလားမမေးနဲ့ ရေးနေရရင်း ထမင်းမေ့ …

ဇူလိုင် ၂၆ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၂၆ ဇူလိုင် ၂၀၁၆ ကပ္ပလီပင်လယ်ပြင်နှင့်‌ ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားနည်းနေပါသည်။ ယနေ့ညနေထိခန့်မှန်းချက်တွေကတော့ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည် နယ်၊ ချင်းပြည်နယ်နှင့်‌ ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်။ နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်။ မိုးတစ်ကြိမ်၊ နှစ်ကြိမ်ထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။ နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မုတ်သုံလေဆက်လက်အားနည်းနေမည်။ Mawlamyine …

ဝန်ကြီးဌာနများ သတင်းထုတ်ပြန်ရာတွင် ယူနီကုတ်မဖြစ်မနေသုံးစွဲရတော့မည်

မော်လမြိုင်၊ ၂၅ ဇူလိုင် ၂၀၁၆ အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ e Go-vernment လုပ်ငန်းစဉ်မှာ မြန်မာစံစနစ်ကို အသုံးပြုမှသာ မြန်ဆန်ထိရောက်မှုရှိမည်မှာဖြစ်တာကြောင့် အစိုးရဝန်ကြီးဌာနတွေအနေနဲ့ အွန်လိုင်း နဲ့ ဝက်ဘ်ဆိုက်တွေကတဆင့် ပြည်သူတွေဆီကို သတင်းထုတ်ပြန်တဲ့အခါ ယူနီကုတ်ကိုသာ သုံးစွဲကြရတော့မှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဦးဆောင်တဲ့ ကွန်ပျူတာ ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင်တွေက ဇူလိုင် ၂၄ ရက်နေ့ ရန်ကုန်မြို့ တက္ကသိုလ် စိန်ရတုခန်းမ မှာ ယူနီကုတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျယ်ပြန့်စွာ အသုံးပြုရေး၊ အခက်အခဲတွေရှိပါက ကူညီပေးရေး နဲ့ အစိုးရဝန်ကြီးဌာနတွေက ဦးဆောင်အသုံးပြုရေးတဲ့ အချက်သုံးချက်ကို ဆုံးဖြတ်ချမှတ်ခဲ့တာဖြစ်တယ်လို့ National Language Processing (NLP) သုတေသန ဌာန ရဲ့ လုပ်ငန်းကော်မတီဥက္ကဋ္ဌ …