မော်လမြိုင်က သစ်သားလမ်းကလေး (သို့) သာဒွေးလမ်းကြား

မော်လမြိုင်၊၁၈ ဇွန် ၂၀၁၇ လမ်းကြိုလမ်းကြား၊လမ်းမကြီးလို့ဆိုလိုက်ပြီဆိုတာနဲ့ မြေသားလမ်းလား၊ကတ္တရာလမ်းလား၊ကွန်ကရစ်လမ်းလားလို့တွေးထင်ကြမှာပါ။မော်လမြိုင်မြို့ အုန်းတောရပ်မှာတော့ တစ်အိမ်နဲ့တစ်အိမ်၊တစ်နေရာနဲ့တစ်နေရာ ကူးလူး သွားလို့ဖို့ သစ်သားတံတားဆောက်လုပ်လို့ လမ်းအဖြစ်အ သုံးပြုနေကြ ပါတယ်။ အိမ်ထောင်ခြေ (၃၀)ဝန်းကျင်ကအဆိုပါသစ်သားတံတားလမ်းကလေးကို ကိုယ်ထူကိုယ်ထ ပြုပြင်ဆောက်လုပ်လို့ အသုံးပြုနေကြတဲ့ လမ်းကြား ကလေးပေါ့။ မော်လမြိုင်မှာတော့ သာဒွေးလမ်းကြားလို့ခေါ်ပါတယ်။ Mawlamyine Daily

မွန်ရိုးရာဝတ်စုံနှင့် လက်ဆောင်ပစ္စည်းဈေးရောင်းပွဲ ကျင်းပမည်

မော်လမြိုင်၊ ၄ ဇွန် ၂၀၁၇ “နွန်” မွန်ရိုးရာဝတ်စုံ နှင့်လက်ဆောင်ပစ္စည်းအရောင်းဆိုင်ကပြုလုပ်တဲ့ မိုးရာသီအထူးဈေးရောင်းပွဲတော်ကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာ မော်လမြိုင်မြို့ ရာမညဟိုတယ်မှာ မနက် ၁၀နာရီကနေ ညနေ ၄နာရီအထိ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒီဈေးရောင်းပွဲမှာ “နွန်” က ထုတ်လုပ်တဲ့ မွန်ရိုးရာဝတ်စုံတွေကို အဆင့်မြင့် ပိုးစစ်အထည်တွေ၊ ခေတ်မီစက်ယက်ကန်းထည်တွေ၊ စံနှုန်းပြည့်မှီတဲ့ ရိုးရာယက်ကန်းထည်တွေ၊ မှန်ကန်တဲ့ ရိုးရာလက်ယက်ကန်း ပုံစံကို အခြေခံထားတဲ့ ကွန်ပျူတာ ပန်းထိုးအထည်တွေအပြင် ချစ်စရာကောင်းတဲ့ မွန်ရိုးရာ လက်ဆောင်ပစ္စည်းတွေကို အထူးလျော့ဈေးတွေနဲ့ ရောင်းချပေးမှာဖြစ်ပြီး လက်ဆောင်တွေ ကံစမ်းမဲတွေလဲ ပါဝင်မှာဖြစ်ပါတယ်။ Mawlamyine Daily

ငါးရံ့မရမ်းပြားချက် (မွန်ရိုးရာဟင်း)

မော်လမြိုင်၊ ၂၃ ဧပြီ ၂၀၁၇ တိုင်းရင်းသားတွေရဲ့ ပြည်နယ်တွေကိုရောက်လို့ ရိုးရာဟင်းတွေ မြည်းချင်တဲ့ အာသီသရှိကြမယ်လို့ထင်ပါတယ်။ဒါမှမဟုတ် တိုင်းရင်းသားရိုးရာဟင်းတွေကို ကိုယ်တိုင်စားဖိုမှူးလုပ်ပြီး ချက်ဖို့ ဆန္ဒရှိသူတွေအတွက် Mawlamyine Daily ရဲ့ “မော်လမြိုင်အစား” ကဏ္ဍမှ ငါးရံ့မရမ်းပြားချက် မွန်ရိုးရာဟင်းကို လမ်းညွှန်မိတ်ဆက်ပေးပါရစေ။ မွန်ပြည်နယ် မော်လမြိုင်မြို့ကိုရောက်လို့ မွန်ရိုးရာဟင်းကို မြည်းမယ့်ပုဂ္ဂိုလ်တွေ ကတော့ မော်လမြိုင်တက္ကသိုလ် အနီးက တာဝတိံ Food Court ကိုညွှန်းပါရစေ။တောင်ဝိုင်းလမ်းမ၊ ကုန်းထိပ်အနီးရောက်ရင် တာဝတိံ လို့မေးလိုက်ရင်ရပါပြီ။တောင်ဝိုင်းလမ်းပေါ်မှာဆိုတော့ ရှာလို့လွယ်ပါတယ်။ ငါးရံ့မရမ်းပြား မွန်ရိုးရာဟင်းတစ်ခွက်ရဖို့ ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်ကို တာဝတိံမှ စားဖိုမှူးက Mawlamyine Daily ကိုချက်ပြုတ်လို့ရှင်းပြခဲ့ပါတယ်။ ပြင်ဆင်ပြုလုပ် =========== ငါးရံ့မရမ်းပြားဟင်းကို ကိုယ်တိုင်ချက်လုပ်မယ်ဆိုရင်တော့ ဦးစွာပထမ ငါးရံ့ကိုကြေးခွံခွာလို့ ဗိုက်ခွဲပြီးအတွင်းကလီစာတွေထုတ်ယူရမှာပါ။ရလာတဲ့ ငါးရံ့ကို … Continue reading ငါးရံ့မရမ်းပြားချက် (မွန်ရိုးရာဟင်း)

သင်္ကြန်အတက်နေ့ မော်လမြိုင်မှာ လမ်းလျှောက်သင်္ကြန်ကျင်းပမယ်

မော်လမြိုင်၊ ၁၅ ဧပြီ ၂၀၁၇ ရေခွက်၊ရေသေနတ်၊ရေပြွတ်တွေကိုယ်စီဆောင်လို့ မော်လမြိုင်မြို့တွင်းလမ်း လျှောက်သင်္ကြန်ကို မော်လမြိုင်မြို့မှာ စတင်ကျင်းပဖို့ မြို့ခံလူငယ်၊လူရွယ်တွေက စီစဉ်နေကြတာပါ။ ဧပြီ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ ညနေ ၃ နာရီမှာ မော်လမြိုင်မြို့ သံလွင်ဥယျာဉ်မှ အထက်လမ်းမကြီးအတိုင်း ကမ်းနားလမ်းဗဟိုမဏ္ဍပ်ဆီ လမ်းလျှောက်လို့ သင်္ကြန်ဆင်နွဲကြမှာပါ။ အခုကျင်းပဖို့စီစဉ်နေတဲ့ မော်လမြိုင်လမ်းလျှောက်သင်္ကြန်လိုဘဲ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သင်္ကြန်ကာလတုန်းကလည်း ရန်ကုန်မြို့က လူငယ်တချို့က လူမှုကွန်ရက်စာ မျက်နှာတွေမှတဆင့် စတင်စုစည်းပြီး Yangon Splash Walk 2016 ဆိုပြီး ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေထဲ လှည့်လည်လို့ မြန်မာနို်င်ငံရဲ့ ပထမဆုံးလမ်းလျှောက်သင်္ကြန်ကို ကျင်းပခဲ့တာပါ။အဆိုပါ လမ်းလျှောက်သင်္ကြန်ကို လူကြီး၊လူငယ်၊လူလတ်ပိုင်း ၊ကလေးတွေအပါဝင် လူပေါင်း ၂၀၀၀ ကျော်ပါဝင်ဆင်နွဲခဲ့လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ … Continue reading သင်္ကြန်အတက်နေ့ မော်လမြိုင်မှာ လမ်းလျှောက်သင်္ကြန်ကျင်းပမယ်

မော်လမြိုင် သင်္ကြန်အကျနေ့မြင်ကွင်း

မော်လမြိုင်၊ ၁၄ ဧပြီ ၂၀၁၇

မော်လမြိုင် သင်္ကြန်အကျနေ့ မြင်ကွင်းများ

မော်လမြိုင်၊ ၁၄ ဧပြီ၂၀၁၇

သံလွင်တံတားထိပ်မှဖိတ်လို့ခေါ်နေမည်

မော်လမြိုင်၊ ၂၂ မေ ၂၀၁၆ (ဆောင်းပါး) 'မြစ်သုံးတန်ကာရံစီးရာမညမွန်ဌာနီ' ရာမညဒေသဟုပြောလိုက်လျှင်မြန်မာနိုင်ငံရဲ့တတိယမြို့တော်အဖြစ်တစ်ချိန်ကသတ်မှတ်ချက်တွေကိုအားလုံးကမြင်ကြမည်ထင်ပါသည်။စစ်တောင်း၊သံလွင်၊အတ္တရံမြစ်တွေဝိုင်းရံကာဆီးထားသလိုတန်ခိုးကြီးဘုရားများစွာကိုလည်းတန်းညှိမြင်နိုင်မည်ဖြစ်ပါသည်။သံလွင်သည်မော်ရွှေမြိုင်ရဲ့ညနေဆည်း ဆာပန်းချီ ကားချပ်ပင်ဖြစ်သည်။အိပ်မက်တံတားသည်မော်ရွှေမြိုင်ရဲ့လက်ဖြစ်သည်။ မြို့နယ်(၁၀)ခုဖြစ်ဖွဲ့စည်းထားသောရာမညဒေသဟုဆိုလိုက်လျှင်ကျိုက်ထိုမြို့မှအောက်ပိုင်းရေးထိအကျုံးဝင်သည်။ ဆံတော်ရှင်ကျိုက်ထီးရိုးသည်ရာမညဂုဏ်ဆောင်တန်ခိုးကြီးဘုရားဖြစ်သကဲ့သို့ ဘီးလင်းမြို့မှကျောက်တံခါးနှင့်ကျောက်ပိဘုရားဇုတ်သုတ်ရွာ၌တူးဖော် လျှက်ရှိသောသုဝဏ္ဏဘုံမိမြို့ဟောင်းသည်လည်းဘီးလင်းမြို့ရဲ့အထင်ကရနေရာဖြစ်သည်။ဘီးလင်းမြို့နယ်ကင်းရွာ၌လည်းမြန်မာရာဇာဝင်တွင်တန်ခိုး ထွားခဲ့သောဦးအောင်ဇေယျခေါ်အလောင်းဘုရားရဲ့အုတ်ဂူကလည်းအခရာပါ။ သထုံမြို့သို့ရောက်ခဲ့လျှင်ရှေးမွန်မင်းတို့၏အငွေ့အသက်များခံစားရသလိုပင်။သထုံရွှေစာရံဘုရားရဲ့ဝင်းထောင့်တစ်နေရာထဲတွင်စိုက်ထူထားသောကျောက်စာတိုင်များသည်တန်ဖိုးဖြတ်မရသောသမိုင်းပင်ဖြစ်သည်။သုဝဏ္ဏဘုံမိဟုဆို လိုက် လျှင်မနုဟာမင်းနှင့်ရဟန်းမြတ်အရဟံရဲ့အကြောင်းတွဲလျှက်ရှိနေမှာပါ။ရှင်အရဟံထွန်းညှိပေးခဲ့သောသာသနာအရောင်သည်မြန်မာပြည်တစ်ခုလုံးလွှမ်းခြုံခဲ့တာယနေ့အထိတိုင်ပင်။ပစ္စုပ္ပန်အခြေအနေတွင်မင်းဂွတ်ဒူးရင်းလှိုင်လှိုင် ထွက်ရာနေရာစိုက်ပျိုးသောနေရာဟုလည်းဆိုနိုင်သည်။ရွှေစာရံဘုရားကိုဖူး ရင်း သထုံမြို့ရဲ့(၁၅)ရက်ကြာခင်းကျင်းရောင်းချဆယ့်နှစ်ရာသီပွဲတစ်ခုဖြစ်သည့် တပေါင်းပွဲကိုပါဆင်နွှဲနိုင်ပါသည်။ ပေါင်မြို့ဟာအဝင်ထန်းတန်းအလှဖြစ်အလည်လာသူများရဲ့စိတ်ဝိဥာည်ကိုဖမ်းစားထားပါသည်။မိုးရာသီမှသာလျှင်စီးဆင်းတတ်သည့်ဇင်းကျိုက်ရေတံခွန် သည်ပေါင်မြို့ရဲ့ပြယုဂ်တစ်ခုဖြစ်သလိုမိုးရာသီအပန်းဖြေခရီးထွက်သူများရဲ့စိတ်ကိုဆွဲဆောင်ထားသည့်နေရာလေးဟုလည်းဆိုနိုင်သည်။ဇင်းကျိုက်တောင် ဘုရား သည်သမိုင်းဝင်ဘုရားတစ်ဆူပင်ဖြစ်ပါသည်။ မုတ္တမရဲ့တစ်ဖက်ကမ်းလှလွန်းတဲ့မော်ရွှေမြိုင်ဟင်္သာတွေနေတဲ့မြို့စသည့်ဖြစ်မော်လမြိုင်သည်မြန်မာနိုင်ငံရဲ့တတိယမြို့တော်အဖြစ်ရှိခဲ့ဖူးသည်။သံလွင်သည် မော်ရွှေမြိုင်ရဲ့အလှတရားစစ်စစ်ပင်ဖြစ်သည်။နာဂဝံသတောင်တန်းထိပ်ပေါ်မှ သံလွင်ရဲ့မြစ်ပြင်ကျယ်ကိုငေးမောပြီးအပန်းဖြေနိုင်သည်။ကျိုက်သန်လန်းဦးဇိန ၊ဦးခန္တီတောင်ပေါ် တန်းအလှတရားတို့သည်တုပလို့မမှီနိုင်သောသဘာဝ ပန်းချီ ကားချပ်ပင်ဖြစ်သည်။ကမ်းနားလမ်းအလှကိုတဝကြီးခံစားပြီးသံလွင်လေ နုလေအေးကိုရှူရှိုက်ရင်းငွေစင်ရော်များကိုအစာကျွေးနိုင်ပါသည်။မော်လမြိုင် သားဟုဆိုလိုက်လျှင်ကျောက်စာဝန်ဟောင်းမစ္စတာတောစိန်ခိုပထမဦးဆုံးသမ္မတဦးချစ်လှိုင်ကတိုးရွာမှမွန်သူဌေးကြီးဦးနာအောက်စာပေပညာရှင်သိပ္ပံမောင်ဝနှင့်ဂီတပညာရှင်ထူးအိမ်သင်ရဲ့ဂီတအစပျိုးရာနေရာလည်းဖြစ်ခဲ့ဖူးသည်။မော်ရွှေမြိုင်ကျက်သရေဆောင်တောင်ဝိုင်းဘုရားကိုလည်းဝင်ရောက်ဖူးမြော်နိုင်ပါသည်။ မော်လမြိုင်မြို့ရဲ့အရှေ့တောင်ဘက်တွင်ထန်းတန်းအလှဖြစ်ကမ္ဘာကျော်သောကျိုက်မရောမြို့တွင်လည်းလာရောက်လည်ပတ်နိုင်ပါတယ်။မြန်မာနိုင်ငံရဲ့တစ် ဦးတည်းသောဘုရင်မမွန်ဘုရင်မကြီးရှင်စောပုရဲ့ကောင်းမှုဘုရားနှင့်ကျောက်စာတိုင်ကိုလည်းလေ့လာနိုင်ပါသည်။ မော်ရွှေမြိုင်ရဲ့တစ်ဖက်ကမ်းဘီးလူးကျွန်းရဲ့အလှကိုလည်းခံစားနိုင်ပါသည်။ကမ္ဘာကျော်ဆေးတံနှင့်ကျောက်သင်ပုန်းထွက်ရာကျောက်သင်ပုန်းတောင်သည်ဘီးလူးကျွန်း(ချောင်းဆုံ)ရဲ့ဂုဏ်ပင်ဖြစ်သည်။ဘီးလူးကျွန်းရဲ့ရာသီပွဲနှင့်မွန်လူ မျိုးတို့၏ဓလေ့ရိုးရာအငွေ့အသက်များကိုလည်းတွေ့မြင်နိုင်ပါသည်။ မြို့ရွှေဒုံလို့ခေါ်သည်မုဒုံမြို့သည်လည်းလည်ပတ်စရာကောင်းသောနေရာတစ်ခုဖြစ်သည်။မြို့ဂုဏ်ဆောင်ကန်တော်ကြီးစေတီကိုဖူးမြော်ပြီး ကန်တော်ကြီး အလှတရားကိုလည်းနိုင်ပါသည်။မြို့၏ခပ်လှမ်းလှမ်းတွင်းရှိအေးချမ်းတိတ် ဆိတ်သောဂျုံးဂျုံကျတောရကျောင်းသည်လည်းဗုဒ္ဓဘာသာဝင်များအတွက်နှစ်လိုဖွယ်နေရာတစ်ခုပါ။မုဒုံမြို့ရဲ့အဓိကဇာတ်ဆောင်တစ်ခုဖြစ်သည့်မုဒုံစောင် ကိုလည်းအလည်လာသူများအားပေးဖို့မမေ့ပါနဲ့နော်။မုဒုံစောင်သည်မြန်မာ့ ယက်ကန်းစင်ရဲ့အနှစ်သာရအမွေတစ်ခုဖြစ်ကြောင်းမုဒုံစောင်ကသက်သေပင်။မုဒုံမြို့နယ်မြိုင်ကုန်းရွာဝင်းစိန်တောရတွင်တည်ရှိသောကမ္ဘာ့အကြီးဆုံလျောင်းတော်မူဘုရားသည်လည်းမြို့၏မျက်နှာဖုံးပင်ဖြစ်သည်။ကမာဝက်မြို့ရှိ ကျိုက်ကမော့ဘုရားနှင့်ဓါတ်တော်ပေါင်းစုံကိုလည်းဖူးမျှော်နိုင်ပါသည်။ စကားတဝဲဝဲနဲ့စိတ်ထားဖြူတဲ့သံဖြူဇရပ်သူဟုအလည်လာသူများကပြောဆိုတတ်ကြပါသည်။မွန်တိုင်းရင်းသားများအများစုနေထိုင်သည့်အလျှောက် တိုင်းရင်းသားရိုးရာသံဝဲနေခြင်းကလည်းတစ်မျိုးလေးချစ်စရာကောင်းနေသလိုပင်။စက်စဲကမ်းခြေမှာပင်လယ်ရနံ့ကိုရှူရှိုက်ပြီးပင်လယ်စာကြိုက်နှစ်သက် များအတွက်နေရာကောင်းတစ်ခုပါ။ပင်လယ်ရေကစားခြင်းဖြစ် ပင်ပန်းထား သမျှစိတ်အမောကိုပြေစေပါသည်။မွန်ပြည်နယ်၏တစ်ခုတည်းသောရေ လယ်ဘုရားတစ်ဆူဖြစ်သည့်သမိုင်းဝင်ဆံတော်ရှင်ကျိုက္ခမီရေလယ်ဘုးကိုလည်းဖူးမျှော်နိုင်ပါတယ်။ဆံတော်ရှင်ရဲ့အရိပ်ကြောင့်အလည်လာသူမိတ်ဆွေ များစိတ်ဘဝင်ချမ်းမြေ့စေပါသည်။ ရေးမြို့သို့ရောက်လျှင်ထွက်ကုန်ငါးပိငါးခြောက်များဝယ်ယူဖို့မမေ့ပါနဲ့လိုအလည်လာသူမိတ်ဆွေများအားမှာချင်ပါသည်။ရေမြို့ရဲ့ကျုံးနှင့်ဆံတော်ရှင် ကျိုက်ကေလာ သဘုရားကိုရင်လေးကျောင်းနဲ့လေးမျက်နှာ … Continue reading သံလွင်တံတားထိပ်မှဖိတ်လို့ခေါ်နေမည်

Welcome To Mawlamyine

မော်လမြိုင်၊ ၁၉ မေ ၂၀၁၆ မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်၊ဗဟိုလမ်းက မောရဝတီ ပန်းခြံ မြင်ကွင်း ။ Mawlamyine Daily ဓါတ်ပုံ - ပိုင်သူငြိမ်း

မော်လမြိုင်မြင်ကွင်း

မော်လမြိုင်၊ ၁၇ မေ ၂၀၁၆ မော်လမြိုင်မြို့ ကမ်းနားလမ်းနှင့် မြို့မ တံတားလမ်းထောင့်မြင်ကွင်း။