ရင်ဖွင့်ဖို့ လိုအပ်နေသူတွေအတွက် မီးပြတိုက်

မော်လမြိုင်၊ ၂၄ ဇူလိုင် ၂၀၂၀ လူသားတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ခံစားမှုတွေရှိနေတာဟာ သဘာဝပါ။ တွေကြုံနေရတဲ့ အခက်အခဲတွေက သိပ်ပြီးကွဲပြားမှုမရှိပေမယ့် လူတစ်ယောက်ချင်းစီရဲ့ လက်ခံနိုင်တဲ့ ခံနိုင်ရည်စွမ်းအား အတိမ် အနက်ပေါ် မူတည်ပြီး စိတ်ခံစားမှုတွေ ကွဲပြားနိုင်ပါတယ်။ စာဖတ်သူမှာ စိတ်ဖိစီးမှုတွေရှိနေပြီး ရင်ဖွင့်စရာလူလိုအပ်နေတယ်ဆိုရင် မီးပြတိုက်ဆိုတဲ့  Mobile Application နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ App ကို ဖုန်းထဲမှာ Install လုပ်ထားပြီးပြီဆိုရင် App ကတဆင့် လေကျင့်ပေးထားတဲ့ နားထောင်သူတွေဟာ သင့်ကို ဝေဖေန်ခြင်း မရှိဘဲ သင်ရင်ဖွင့်သမျှကို အခမဲ့ နားထောင်ပေးဖို့ အဆင်သင့်ရှိနေကြပါတယ်။ စေတနာ့ဝန်ထမ်းနားထောင်သူတွေက ရင်ဖွင့်တာတွေကို ဝေဖန်ခြင်း မရှိဘဲနားထောင်မှာဖြစ်ပေမယ့် တစုံတရာ ပြုလုပ်ဖို့ကိုတော့ အကြံပေးမှာ မဟုတ်ပါဘူး။ စေတနာ့ဝန်ထမ်း နားထောင်သူများ နှင့် … Continue reading ရင်ဖွင့်ဖို့ လိုအပ်နေသူတွေအတွက် မီးပြတိုက်

နိုင်ငံခြားမသွားဘဲ နိုင်ငံတကာကျောင်းက သင်ခန်းစာတွေကို အွန်လိုင်းကနေ အခမဲ့ သင်ကြမယ်

မော်လမြိုင်၊ ၃ ဖေဖော်ဝါရီ ၂၀၁၇ မြန်မာနိုင်ငံမှာကလည်း မိဘတော်တော်များများက သူတို့ သားသမီးတွေကို နိုင်ငံခြားမှာ ကျောင်းသွားမထားနိုင်ရင်ပဲဖြစ်ဖြစ် မြန်မာနိုင်ငံထဲက International School တွေမှာ မထားနိုင်ရင်ပဲဖြစ်ဖြစ် ခေတ်မမှီတော့ဘူး၊ စာမတတ်တော့ဘူးလို့ ထင်နေကြတဲ့ခေတ်ပါ။ ဒီတော့ သူတို့သားသမီးတွေကို International School မပို့နိုင်လို့ စိတ်ညစ်နေတဲ့ မိဘတွေအတွက် နိုင်ငံတကာက သင်ခန်းစာတွေကို အင်တာနက်ရှိတာနဲ့ အကုန်လုံး အခမဲ့သင်ယူနိုင်မယ့် ဝဘ်ဆိုဒ်လေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီ လိပ်စာကတော့ https://www.khanacademy.org ပါ။ ဒီဝဘ်ဆိုဒ်ထဲမှာ အပြည်ပြည်ဆိုင်ရာ သင်ရိုးညွှန်းတမ်း အပြည့်အစုံကို မူကြိုက နေ အထက်တန်းထိ ထည့်သွင်းပေးထားပါတယ်။ ဒီသင်ခန်းစာတွေအားလုံးကို လုံးဝအခမဲ့ လေ့လာသင်ယူနိုင်တော့ အခမဲ့ ပညာဘဏ်တိုက်ကြီး တစ်ခုဆိုလဲ မမှားပါဘူး။ ၀ဘ်ဆိုက်ကို ၀င်ရောက်တဲ့အခါမှာ ကိုယ့်ရဲ့ Facebook … Continue reading နိုင်ငံခြားမသွားဘဲ နိုင်ငံတကာကျောင်းက သင်ခန်းစာတွေကို အွန်လိုင်းကနေ အခမဲ့ သင်ကြမယ်

Website မိတ်ဆက်

မော်လမြိုင်၊ ၂ သြဂုတ် ၂၀၁၆ ဒီတစ်ပတ် Website မိတ်ဆက်ကဏ္ဍမှာတော့ လွှတ်တော်နဲ့ ဆိုင်တဲ့ Website လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ရွေးကောက်ပွဲတုန်းက သင်မဲပေးခဲ့တဲ့ မဲဆန္ဒနယ်နဲ့ လွှတ်တော်ကိုယ်စားလှယ်ကို မှတ်မိပါသလား? မမှတ်မိရင်လဲ စိတ်ပူစရာ မလိုပါဘူး။ အခုပဲ http://openhluttaw.info မှာ ရှာကြည့်လို့ ရပါပြီ။ သင့်ကို ကိုယ်စားပြုတဲ့ လွှတ်တော်အမတ်ဟာ ပြည်သူတွေရဲ့ အသံကိုအမြဲနားထောင်နေမှ ပြည်သူ့အကျိုးအတွက် ဘာတွေအကောင်းဆုံးလုပ်ပေးလို့ရမလဲ ဆိုတာ သေချာသိနိုင်မှာပေါ့။ “ပွင့်လင်းလွှတ်တော် - OpenHluttaw” ဝက်ဘ်ဆိုက်ကနေတဆင့် သင်နေထိုင်တဲ့ မြို့နယ်အတွက် လိုအပ်တဲ့အကူအညီတွေပေးနိုင်ဖို့၊ ကြုံတွေ့နေရတဲ့အခက်အခဲတွေကို လွှတ်တော်ကိုယ်စားလှယ်တွေဆီ တိုက်ရိုက်ပြောလို့ရစေမှာပါ။ ရွေးကောက်ပွဲတုန်းက သင်မဲပေးခဲ့တဲ့ မဲဆန္ဒနယ်နဲ့ သင့်မြိုနယ်ကို ကိုယ်စားပြုတဲ့ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်က ကိုယ်စားလှယ်ကို အခုပဲ http://openhluttaw.infoContinue reading Website မိတ်ဆက်

Website မိတ်ဆက်

မော်လမြိုင်၊ ၂၃ ဇူလိုင် ၂၀၁၆ ကဲ ဒီတစ်ပတ် Website မိတ်ဆက်အစီအစဉ်အတွက် အချိန်ကျရောက်လာပြန်ပါပြီ။ ဒီတစ်ပတ်မှာတော့ မြန်မာနိုင်ငံက ကားဝယ်ယူမယ့် သူတွေ အတွက်ပဲဖြစ်ဖြစ် လက်ရှိကားပိုင်ရှင်တွေပဲဖြစ်ဖြစ် မိမိရဲ့ ကား ဒါမှမဟုတ် မိမိဝယ်ယူမယ့် ကားဟာ ရဲမှုရှိမရှိကို Website ကနေတဆင့် ကိုယ်တိုင်စစ်ဆေးလို့ရတဲ့ Website တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ http://winlwinmoe.com/toy ပါ။ ဒီ Website မှာ မိမိကား ရဲမှုရှိမရှိကို ၀င်ရောက်စစ်ဆေးနိုင်ပါတယ်။ Search ဆိုတဲ့နေရာမှာ မိမိသိလိုတဲ့ ကားနံပါတ်ကို ရိုက်ထည့်ပေးလိုက်တာနဲ့ ရဲမှု ရှိတယ်ဆိုရင် ဘာပြစ်မှု ရှိတယ်ဆိုတာကို တခါတည်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ မရှိဘူးဆိုရင်တော့ “ရှာမတွေ့ပါ၊ စည်းကမ်းလိုက်နာ ဘေးကင်းကွာ” ဆိုတဲ့ စာကြောင်းလေးကို မြင်တွေ့ရမှာပါ။ ကဲ ရွှေမြိုင်သူ … Continue reading Website မိတ်ဆက်

Website မိတ်ဆက်

မော်လမြိုင်၊ ၁၉ မေ ၂၀၁၆ ကဲ ဒီတစ်ပတ် Website မိတ်ဆက်အစီအစဉ်အတွက် အချိန်ကျရောက်လာပြန်ပါပြီ။ ဒီတစ်ပတ်မှာတော့ ပြီးခဲ့တဲ့အပတ်က ကတိပေးထားတဲ့ခဲ့အတိုင်း မြန်မာနိုင်ငံက မိုဘိုင်းဖုန်းသုံးစွဲသူတိုင်း သိကိုသိထားသင့်တဲ့ Website တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ http://www.myanmarmobileapp.com ပါ။ Myanmar Mobile App Website မှာ မိုဘိုင်းဖုန်းနဲ့ ပတ်သက်တဲ့ နည်းပညာသတင်းအချက်အလက်တွေကို မြန်မာဘာသာနဲ့ ဖော်ပြထားပါတယ်။ ဒီ Website မှာ မိုဘိုင်းဖုန်းနဲ့ ပတ်သက်တဲ့ နောက်ဆုံးရသတင်းတွေ ၊ မိုဘိုင်းဖုန်း Review တွေ၊ မိုဘိုင်းဖုန်း အသုံးပြုပုံတွေ၊ အသစ်ထွက်တဲ့ မိုဘိုင်းဖုန်း ဆော့ဝဲလ်တွေ၊ မိုဘိုင်းဖုန်း Hardware ပြင်နည်း၊ Software ရေးနည်းတွေ နဲ့ တခြား နည်းပညာ ဗဟုသုတ တွေကိုပါလေ့လာဖတ်ရှုနိုင်မှာဖြစ်ပါတယ်။ … Continue reading Website မိတ်ဆက်

Website မိတ်ဆက်

မော်လမြိုင်၊ ၁၁ မေ ၂၀၁၆ ကဲ ဒီတစ်ပတ် Website မိတ်ဆက်အစီအစဉ်အတွက် အချိန်ကျရောက်လာပြန်ပါပြီ။ ဒီတစ်ပတ်မှာတော့ ပြီးခဲ့တဲ့အပတ်က ကတိပေးထားတဲ့ခဲ့အတိုင်း အလုပ်ရှာနေတဲ့ ရွှေမြိုင်သူ၊ ရွှေမြိုင်သားတွေအတွက် လခကောင်းတဲ့အလုပ်တွေကို အမြဲတမ်းတင်ပေးနေတဲ့ Website နဲ့မိတ်ဆက်ပေးချင်ပါတယ်။ http://themimu.info/mm ပါ။ Myanmar Information Management Unit လို့ခေါ်တဲ့ MIMU Website ကတော့ UN အဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်း (INGO) တွေမှာ အလုပ်လုပ်ချင်တဲ့ သူတွေအတွက်တော့ တကယ်ကောင်းတဲ့ Website တစ်ခုလို့ပြောရမှာပါ။ ဒီ Website ဤစာမျက်နှာမှာ မြန်မာနိုင်ငံက လူသားချင်းစာနာ ထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းတွေမှာ လစ်လပ်နေတဲ့ အလုပ်အကိုင် ရာထူးတွေအတွက် အလုပ်ခေါ်စာတွေကို တွေ့ရမှာပါ။ မြန်မာနိုင်ငံသားတွေအတွက် … Continue reading Website မိတ်ဆက်

Website မိတ်ဆက်

မော်လမြိုင်၊ ၂၈ ဧပြီ ၂၀၁၆ အင်တာနက်သုံးစွဲသူတော်တော်များများမှာ ဖေ့ဘုတ်ကို အင်တာနက် လို့ထင်နေကြတဲ့သူတွေ မနည်းလှပါဘူး။ တကယ်တော့ အင်တာနက်ဆိုတာ သုံးတတ်ရင် တကယ့်ကို ပညာရတနာသိုက်ကြီးပါ။ ရှာတတ်မယ်ဆိုရင်လဲ အကျိုးရှိမယ့်အရာတွေ အများကြီးရှိတဲ့ နေရာတစ်ခုပါ။ ဒီတော့ အင်တာနက်ပေါ်တက်ပြီး ဖေ့ဘုတ်တစ်ခုတည်းနဲ့ပဲ အချိန်တွေကုန်မနေဘဲ ကိုယ့်အတွက် ကျန်းမာရေး၊စီးပွားရေး၊ ပညာရေးစတဲ့ ကောင်းကျိုးတွေကို ရစေချင်တဲ့ စေတနာ သန့်သန့်နဲ့ Website တွေကို မိတ်ဆက်ပေးမယ့် Website မိတ်ဆက်ကဏ္ဍ လေးကို Mawlamyine Daily Public Media Page လေးမှာ ထည့်သွင်းပါရစေ။ ကျန်းမာရေး ဟာ သက်ရှိသတ္တ၀ါတွေအတွက် အရေးအကြီးဆုံးပါလို့ ပြောမယ်ဆိုရင် ရွှေမြိုင်သူ ရွှေမြိုင်သားတွေ မငြင်းလောက်ဘူးထင်ပါတယ်။ ဒီတော့ ဒီတစ်ပတ် Website မိတ်ဆက်ကဏ္ဍမှာ ရွှေမြိုင်သူ၊ရွှေမြိုင်သားတွေရဲ့ … Continue reading Website မိတ်ဆက်