လေယာဉ်လက်မှတ်တန်ဖိုးတွေကို ဘယ်လိုသတ်မှတ်ကြလဲ

မော်လမြိုင်၊ ၂၀ အောက်တိုဘာ၂၀၁၉ လေယာဉ်နဲ့ ခရီးသွားတော့မယ်ဆိုရင် ဈေးသက်သာတဲ့ လေယာဉ်လက်မှတ်ဝယ်ဖို့အရေး အွန်လိုင်းပေါ်မှာ ရေကုန်ရေခန်း လိုက်ရှာရတာလဲ အမောပါပဲ။ ဒီတော့ လေယာဉ်လက်မှတ် ဈေးနှုန်းတွေဟာ ဘယ်အရာတွေပေါ်မှာ မူတည်ပြီး ကွဲပြားနေတာလဲဆိုတာကို တချက်လောက် လေ့လာကြည့်ရအောင်။ ကိုယ်သွားမယ့် ခရီးဟာ ဝေးလေ လက်မှတ်ဈေးနှုန်းက မြင့်လေလို့ ကျွန်တော်တို့ တတွေ နားလည်ထားခဲ့ကြပါတယ်။ တကယ်တော့ အခုခေတ်မှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေဟာ ကျွန်တော်တို့ ထင်သလို ကုန်ကျစရိတ်နဲ့ ခရီးအကွာအဝေးပေါ် မူတည်နေတာ မဟုတ်ဘဲ ဥာဏ်ရည်တု လို့ သိကြတဲ့ AI တွေရဲ့ ခြေရာခံမှုတွေပေါ်မှာ မူတည်နေတာပါ။ လွန်ခဲ့တဲ့ နှစ်တရာကျော်ကာလက ပထမဆုံး ခရီးသည်တင် လေကြောင်းတွေရဲ့ လေယာဉ်လက်မှတ်ဈေးနှုန်းတွေဟာ အသွားများတဲ့ ခရီးစဉ်ပေါ်မှာမူတည်တာမဟုတ်ဘဲ ခရီးစဉ်ရဲ့ အကွာအဝေးပေါ်မှာ မူတည်ခဲ့တာပါ။ ၁၉၈၀ … Continue reading လေယာဉ်လက်မှတ်တန်ဖိုးတွေကို ဘယ်လိုသတ်မှတ်ကြလဲ

အင်းလေးမှာ ထွက်တဲ့နေ

၁၆ မေ ၂၀၁၉   မနက်ဝေလီဝေလင်းအချိန်။ ပတ်ဝန်းကျင်ကတော့ ငြိမ်သက်တိတ်ဆိတ်လို့။ ကိုယ့်ရှေ့မှာတော့ ကန်ရေပြင်ကျယ်။ ကြာပန်း၊ ကြာရွက်တွေက ရေပြင်ပေါ်မှာ နေရာယူထားလို့ပေါ့။   ကန်ရေပြင်ကိုကြည့်ငေးရင်း လေကို တအားရှိုက်သွင်းလိုက်၊ ပြန်ထုတ်လိုက် ထပ်ခါထပ်ခါ လုပ်နေမိ။   အချိန်ကား မနက် ၅ နာရီထိုးဖို့ ၅ မိနစ်အလို။ Inle Princess Resort ကလှေဆိပ်မှာပါ။   ဒီနေရာမှာ၊ ဒီမနက်လာစုကြဖို့၊ မနေ့ညကတည်းကကြိုတင်ချိန်းဆိုထားကြတာပါ။   ဟော.. ခဏနေတော့ …. တစ်ယောက်ပြီး တစ်ယောက် စုရပ်ကိုရောက်လာကြတာ ကြိုတင်စာရင်းပေးထားတာထက် တစ်ယောက်တောင်ပိုနေလို့။ အားလုံးပေါင်း ၁၀ ယောက်။   စက်လှေမောင်းပို့မယ့် ဝန်ထမ်း ၂ ယောက်ကလည်း လှေတွေကိုထုတ်၊ ထိုင်ခုံတွေ နေရာချပြီးလို့နေပြီ။ … Continue reading အင်းလေးမှာ ထွက်တဲ့နေ

ကြောင်ကလေးတွေနေတဲ့ရွာ (သို့) ပြည်တော်ပြန် ဗမာကြောင်

မော်လမြိုင်၊ ၁၄ မေ ၂၀၁၉ မှိုင်းပျပျတောင်တန်း….. ရေပြင်ကျယ် ပတ်လည်ဝိုင်းရံထားလို့……   အပြောကျယ်တဲ့ ရေပြင်ကျယ်….. ရေပေါ်မှာ ဗေဒါပင်၊ ဒိုက်ပင်တွေက လှုပ်လီ၊ လှုပ်လဲ့….. မော်တော်ခုတ်မောင်းသွားတဲ့ အရှိန်ကြောင့် ဂယက်ထသွားတဲ့ ရေလှိုင်းတွေ။   နာရီကိုကြည့်လိုက်တော့ မနက် ၁၀ နာရီဝန်းကျင်။ ညောင်ရွှေ လှေဆိပ်ကနေ အင်းလေးကန်ထဲ မော်တော်လှေစီးလာတာ ၁ နာရီနီးပါးရှိနေပါပြီ။   မော်တော်က သီးနှံစိုက်ခင်း ကျွန်းမျှောတွေအနားက ဖြတ်သွားလိုက်။ တခါ၊တခါ ခြေတံရှည် ရေပေါ်အိမ်တွေနားကဖြတ်သွားလိုက်။ ငါးဖမ်းလှေတွေအနားက ဖြတ်သွားလိုက်နဲ့။   ဟော.. ဟို…အဝေးတစ်နေရာ ရေထဲမှာတော့ သစ်လုံးတွေအတန်းလိုက် ခြံစည်းရိုးသဏ္ဍာန်ကာရံထားတဲ့ ဝင်ပေါက်သဏ္ဍာန်။ အနားရောက်တော့ အစိမ်းရောင်ဆိုင်းဘုတ်တစ်ခု။ အဲအပေါ်မှာ ရေးထားတာကတော့….   “အင်းပေါခုံ ကျေးရွာမှ လှိုက်လှဲစွာကြိုဆိုပါ၏” … Continue reading ကြောင်ကလေးတွေနေတဲ့ရွာ (သို့) ပြည်တော်ပြန် ဗမာကြောင်

ကိုယ်ပိုင်ဝါးကျောင်း (သို့) အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်း

“ကျနော့်တို့ ကလေးတွေကို စာသင်ပေးချင်လို့ပါ” ချည်သားရှပ်အကျီနဲ့ ပုဆိုးဝတ်ထားတဲ့ ဦးအောင်ကျော်စွာ မတ်တတ်ရပ်လျက် ပြောလိုက်တာပါ။သူ့ရဲ့ အရှေ့က လူလတ်ပိုင်းအရွယ် အမျိုးသမီး၊ အမျိုးသားတွေကို ပြောနေတာပါ။ သစ်သားကုလားထိုင်ပုပုသေးသေးလေးတွေပေါ်မှာ ထိုင်နေရင်းနားထောင်နေကြတာပါ။တစ်ယောက်စ၊ နှစ်ယောက်စကတော့ ဘေးအနားမှာ မတ်တပ်ရပ်လျက် ဦးအောင်ကျော်စွာ ရှင်းပြသမျှ စိတ်ဝင်တစား အာရုံစိုက်နားထောင်နေလျက်ပေါ့။ လေဝင်လေထွက်ကောင်းပြီး၊ သဘာဝ အလင်းရောင်ကြောင့် ရှင်းရှင်းလင်းလင်းမြင်နေရတဲ့ ကျယ်ဝန်းတဲ့ ခန်းမဆောင်ထဲမှာသူတို့တွေ စုဝေးပြောဆိုနေကြတာပါ။ ခန်းမဆောင်ထဲမှာ သူတို့အားလုံးပေါင်း ၆၀ နီးပါးရှိနေကြတာပေါ့။ သူတို့တွေ စုဝေးပြောဆိုနေကြတဲ့ ခန်းမဆောင်ဟာ သာမာန်မြင်တွေ့နေကျ လေးထောင့်သဏ္ဍာန် ခန်းမဆောင်တွေလို မဟုတ်သလို၊ အဆောက်အဦးဟာလည်း လေးထောင့်သဏ္ဍာန်မဟုတ်ပါဘူး။ ကွေးညွှတ်နေတဲ့ အနားတွေ၊ မို့မောက်နေတဲ့ အမိုးတွေနဲ့ ရှည်မျောမျော သဏ္ဍာန်ရှိတဲ့ အဆောက်အဦးတစ်ခုရဲ့ ခန်းမဆောင်ထဲမှာပါ။ အဆောက်အဦးရဲ့ အောက်ခံအခင်းနဲ့ နံရံတွေကို ဘိလပ်မြေကွန်ကရစ်နဲ့ဆောက်လုပ်ထားသလို၊ အမိုးနဲ့ … Continue reading ကိုယ်ပိုင်ဝါးကျောင်း (သို့) အင်းလေးဒေသအမွေအနှစ် ကိုယ်ပိုင်ကျောင်း

လူတွေပြုလုပ်ခဲ့တဲ့ ဖိလစ်ပိုင်က မဟော်ဂနီ တောအုပ်ကြီး

မော်လမြိုင်၊ ၂၇ ဧပြီ ၂၀၁၉ ဖိလစ်ပိုင်နိုင်ငံ ဘိုဟိုခရိုင် ဘီလာမြို့မှာ လွန်ခဲ့ ၂၀ရာစုလယ်လောက်ကတည်းက လူတွေစိုက်ပျိုးခဲ့တဲ့ မဟော်ဂနီတောအုပ်ကြီးဟာ ဘိုဟိုကို သွားရောက်လည်ပတ်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ နေရာတခုပါ။ ဒေသတွင်း စိမ်းလန်းစိုပြေရေးအတွက် ဒီမဟော်ဂနီတောအုပ်ကြီးကို ဘိုဟိုခရိုင်က ကင်းထောက်အဖွဲ့က စတင်စိုက်ပျိုးခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကျောင်းသားအဖွဲ့အစည်း တော်တော်များများလဲ ပူးပေါင်းပါဝင်ကာ သစ်ပင်တွေကို အတူတကွ စိုက်ခဲ့ကြတာပါ။ ဒီတောအုပ်ကြီးဟာ နှစ်ကီလိုမီတာ ရှည်လျားပြီး ဘီလာမြို့နဲ့ လိုဘော့မြို့နယ်နိမိတ် ထိစပ်နဲ့ နေရာမှာ စိုက်ပျိုးထားခဲ့တာဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ဘိုဟို မှာ နာမည်ကြီးတဲ့ ချောကလက်တောင်ကုန်းတွေနဲ့ ကမ္ဘာ့အသေးဆုံးမျောက်ကလေးတွေ ရှိတဲ့နေရာတွေကို သွားရင် ဒီ မဟော်ဂနီ တောအုပ်ကြီးကို ဖြတ်သန်းပြီးသွားကြရတာပါ။ ဒီတောအုပ်နေရာကို ရောက်တိုင်းလဲ ကမ္ဘာလှည့်ခရီးသွားတွေသာမက ဒေသခံခရီးသွား အများစုကပါ လူတွေစိုက်ပျိုးခဲ့တဲ့ … Continue reading လူတွေပြုလုပ်ခဲ့တဲ့ ဖိလစ်ပိုင်က မဟော်ဂနီ တောအုပ်ကြီး

ရန်ကုန် နှင့် မော်လမြိုင် လေယာဉ်ခရီးစဉ်များ ထပ်မံတိုးဆွဲ

မော်လမြိုင်၊ ၂၉ ဇူလိုင် ၂၀၁၈ ရေကြီးရေလျံမှုကြောင့် ကုန်းလမ်းခရီးနှင့် မီးရထားလမ်းခရီးစဉ်တွေ ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားတဲ့ ရန်ကုန် နှင့် မော်လမြိုင် ခရီးစဉ်တွေအတွက် မန်းရတနာပုံလေကြောင်းလိုင်းမှ အထူးလေယာဉ်အဖြစ် ၃၀.၇. ၂၀၁၈ နှင့် ၃၁.၇.၂၀၁၈ တို့အတွက် တစ်ရက်လေယာဉ် ၄ စီးဖြင့်ပြေးဆွဲပေးနေပါတယ်။ ရန်ကုန်မှ မော်လမြိုင်အတွက် လက်မှတ်ခ ၃၀၀၀၀ ကျပ်ဖြစ်ပြီး မော်လမြိုင် မှ ရန်ကုန် အတွက် လက်မှတ်ခ ၄၈၀၀၀ကျပ်သတ်မှတ်ထားပါတယ်။ မော်လမြိုင် မှ ဝယ်ယူလိုသူတွေအနေနဲ့ ရုံးချိန်အတွင်း လေဆိပ်တွင်သွားရောက် စုံစမ်းဝယ်ယူနိုင်ပါတယ်။ မော်လမြိုင်မှ ဝယ်ယူလိုသူများအနေနှင့် ရုံးသို့ ကိုယ်တိုင်မလာနိုင်ပါက အောက်ပါ Link မှတဆင့်ဝယ်ယူနိုင်ပါတယ်။ လက်မှတ်ဝယ်ယူရန် Link - https://goo.gl/fzxB85 လေယာဉ်ချိန်တွေကတော့ - ရန်ကုန်-မော်လမြိုင် ===> … Continue reading ရန်ကုန် နှင့် မော်လမြိုင် လေယာဉ်ခရီးစဉ်များ ထပ်မံတိုးဆွဲ

ဆိုင်ကယ်စီးပြီး ကမ္ဘာပတ်တဲ့ အသက်၄၂နှစ်အရွယ် ယူကေနိုင်ငံက အမျိုးသမီး

မော်လမြိုင်၊ ၂၂ မတ် ၂၀၁၈ ယူကေနိုင်ငံ မြောက်ပိုင်း ဝေးလ် မြို့မှာနေထိုင်တဲ့ အသက် ၄၂နှစ်အရွယ်  Steph Jeavons ဆိုသူဟာ လွန်ခဲ့တဲ့ ၄နှစ်က ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။ အဲဒါကတော့ သူပိုင်ဆိုင်သမျှအားလုံးကို ရောင်းချပြီး သူချစ်တဲ့ ဆိုင်ကယ်ကိုစီးကာ၂၀၁၄ခုနှစ်ကစပြီး ကမ္ဘာပတ်ခဲ့တာပါ။ သူဟာ အခုလို ဆိုင်ကယ်နဲ့ ကမ္ဘာပတ်နိုင်ဖို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀လောက်ကတည်းက အိပ်မက်မက်ခဲ့တာလဲဖြစ်ပါတယ်။ သူဟာ ကမ္ဘာပေါ်က တိုက်ကြီး ၇တိုက်ကို ဆိုင်ကယ်စီးပြီး ပတ်ခဲ့တဲ့ ပထမဆုံး ဗြိတိန်လူမျိုး ဖြစ်လာပါတယ်။ လက်ရှိအချိန်ထိ သူရောက်ခဲ့တာဟာ နိုင်ငံပေါင်း ၅၀ကျော်ပြီဖြစ်ပြီး မိုင်ပေါင်း ၈သောင်းကျော်ကို ခရီးနှင်ခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ ခရီးစဉ်ကို မစတင်က သူဟာ မိခင်တဦးသာဖြစ်ပြီး … Continue reading ဆိုင်ကယ်စီးပြီး ကမ္ဘာပတ်တဲ့ အသက်၄၂နှစ်အရွယ် ယူကေနိုင်ငံက အမျိုးသမီး

ဘားအံမြို့က “တက်တူးတွေနဲ့ အကင်”

ဘားအံ ၊ ၂၈ ဇန်နဝါရီ ၂၀၁၈ “ဘာ … အသားကင်မှာ တက်တူးတွေနဲ့” ..... အဲလိုတော့ မထင်လိုက်ပါနဲ့။ တက်တူးရေးဆွဲဖန်တီးသူတွေဟာ အနုပညာဆန်တဲ့စိတ်နဲ့ အာရုံစိုက်အ လုပ်လုပ်တတ်တဲ့ စရိုက်အတိုင်း အစားသောက်ချက်ပြုတ်၊ကြော်လှော်ပြီဆို ရင်လည်း ကောင်းမွန်တဲ့အရသာ၊ သန့်သန့်ရှင်းရှင်းသုံး ဆောင်နိုင်ဖို့ အာရုံစိုက် အလုပ်လုပ်တတ်လို့ ဒီဆိုင်ကို “တက်တူးတွေနဲ့ အကင်” လို့ တင်စားခေါ်ဝေါ်လိုက်တာပါ။ ဟုတ်ပါတယ်.. ဒါကတော့ ဘားအံမြို့က Street Food အကင်ဆိုင်ကို ရည်ညွှန်းထား တာပါ။ အမှန်တော့လည်း ဒီဆိုင်မှာ ကိုယ်တိုင်လုပ်၊ကိုယ်တိုင်ကင်နေသူတွေဟာ Professinal တက်တူးရေးဆွဲဖန်တီးသူ လူငယ်တွေပါဘဲ။ သူတို့တွေရဲ့ အဓိကအလုပ်ဖြစ်တဲ့ တနေ့တာ တက်တူးရေးဆွဲတဲ့ အလုပ်ပြီးချိန် ညနေ ရောက်မှဘဲ အကင်ဆိုင်ဖွင့်တာပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ခဲ့စဉ်က လေ့လာ … Continue reading ဘားအံမြို့က “တက်တူးတွေနဲ့ အကင်”

မြန်မာနိုင်ငံပတ်စ်ပို့စာအုပ်နဲ့ နိုင်ငံပေါင်း ၄၂ နိုင်ငံကို ကြိုတင်ဗီဇာမယူဘဲ ခရီးသွားရအောင်

မော်လမြိုင်၊ ၁၇ ဇန်နဝါရီ ၂၀၁၈ အခုခေတ်မှာတော့ ခရီးသွားရတာကို နှစ်သက်ကြတဲ့သူတွေဟာ ပြည်တွင်းသာမက ပြည်ပနိုင်ငံတွေကိုလည်း သွားလာလည်ပတ်မှုတွေ တဖြည်းဖြည်းများလာပါပြီ။ ခရီးသွားရင်း ဗဟုသုတတွေ၊ အမြင်ကျယ်မှုတွေကို ရရှိလိုကြတဲ့ ခရီးသွားချစ်သူတွေ အတွက် မြန်မာနိုင်ငံပတ်စ်ပို့နဲ့ ကြိုတင်ဗီဇာမယူဘဲ ခရီးသွားလို့ရတဲ့ နိုင်ငံတွေကို ဖော်ပြပေးချင်ပါတယ်။ Henley Passports Index 2018 အရ အရှေ့တောင်အာရှ နိုင်ငံများရဲ့ ပတ်စ်ပို့စာအုပ်တွေကို အသုံးပြုပြီး ဗီဇာကြိုတင်ရယူဖို့ မလိုပဲ နိုင်ငံ ဘယ်လောက် များများ ခရီးသွားနိုင်လဲ ဆိုတဲ့ စံချိန်နဲ့ တိုင်းတာတဲ့အခါမှာတော့ မြန်မာနိုင်ငံရဲ့ ပတ်စ်ပို့စာအုပ် ဟာ အနိမ့်ဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် တကမ္ဘာလုံး အတိုင်းအတာအနေနဲ့  အဆင့် ၉၂ ရှိတဲ့ မြန်မာပတ်စ်ပို့ဟာ နိုင်ငံပေါင်း ၄၂ နိုင်ငံကိုတော့ … Continue reading မြန်မာနိုင်ငံပတ်စ်ပို့စာအုပ်နဲ့ နိုင်ငံပေါင်း ၄၂ နိုင်ငံကို ကြိုတင်ဗီဇာမယူဘဲ ခရီးသွားရအောင်

ကမ္ဘာ့အအေးဆုံးမြို့မှာ ရေကူးခဲ့ကြတဲ့ တရုတ်ခရီးသွားများ

မော်လမြိုင်၊ ၁၆ ဇန်နဝါရီ ၂၀၁၈   ဇန်နဝါရီလ ၁၅ရက်နေ့က ရုရှနိုင်ငံ ရေခဲပိုင်းဒေသက Yakutsk မြို့မှာ အပူချိန် -60°C ထိရောက်ရှိလာပြီး ကမ္ဘာပေါ်မှာ အအေးဆုံးမြို့အဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလောက်အေးနေတဲ့ ရာသီဥတုကို မမှုဘဲ Yakutsk က ငါးဈေးဟာ ပုံမှန်အတိုင်း ဖွင့်သလို အလည်အပတ်ရောက်ရှိနေတဲ့ တရုတ်ခရီးသွားတွေဟာ ဒီအအေးဒဏ်ကို သက်သေခံဖို့ ရေဆင်းကူးခဲ့ကြပါတယ်။   ပြီးခဲ့တဲ့နေ့တွေတုန်းကတော့ Siberia မြို့က အပူချိန် -59°C နဲ့ အအေးဆုံးစံချိန်တင်ထားခဲ့တာပါ။ Yakutsk မှာ ရှိတဲ့ လျှပ်စစ်အပူချိန်တိုင်းကိရိယာကတော့ -62°C ထိ အေးကြောင်းပြသပြီးတဲ့နောက် အေးလွန်းတာကြောင့် ပျက်စီးသွားခဲ့ပါတယ်။   Yakutsk က တချို့ဒေသခံတွေကတော့ သူတို့ဒေသမှာ အပူချိန်ဟာ -67°C … Continue reading ကမ္ဘာ့အအေးဆုံးမြို့မှာ ရေကူးခဲ့ကြတဲ့ တရုတ်ခရီးသွားများ