Welcome To Mawlamyine

မော်လမြိုင်၊ ၁၉ မေ ၂၀၁၆ မော်လမြိုင်မြို့ စစ်ကဲကုန်းရပ်၊ဗဟိုလမ်းက မောရဝတီ ပန်းခြံ မြင်ကွင်း ။ Mawlamyine Daily ဓါတ်ပုံ - ပိုင်သူငြိမ်း

မြစ်သံလွင်ကို မှီခိုကြသူများ

မော်လမြိုင်၊ ၁၈ မေ ၂၀၁၆ တိဘက်ကုန်းမြေမြင့်မှ မြစ်ဖျားခံစီးဆင်းလာတဲ့ မြစ်သံလွင်ဟာ မြန်မာနို်င်ငံရဲ့ တိုင်းရင်းသား ဒေသတွေကိုဖြတ်သန်းစီးဆင်းပြီး နောက်ဆုံးမှာတော့ မော်လမြိုင်မြို့အနီးမှာ အဆုံးသတ်လို့ မုတ္တမ ပင်လယ်ကွေ့ထဲစီး ဝင်သွား ပါတယ်။ မွန်ပြည်နယ်ရဲ့ မြို့တော် မော်လမြိုင်မြို့ နဲ့ တဘက်တချက်က ချောင်းဆုံမြို့ အပါဝင် ရွာပေါင်း ၇၀ ကျော်ရှိတဲ့ ဘီလူးကျွန်းတို့အကြား ကန့်လန့်ဖြတ်စီး ဆင်းနေတဲ့ သံလွင်မြစ်ကြောင်းထဲမှာတော့ သဲစုပ်လှေ၊သဘောင်္တွေနဲ့ ကူးတို့လှေ လုပ်ငန်းတွေလုပ်ကိုင်နေသူတွေရဲ့ မြင်ကွင်းပုံရိပ်တွေကို Mawlamyine Daily ရဲ့ ဓါတ်ပုံသတင်းထောက် ပိုင်သူငြိမ်း ရဲ့ “မြစ်သံလွင်ကို မှီခိုကြသူများ” သတင်းဓါတ်ပုံတွေကို ဖော်ပြလိုက်ပါတယ်။ Mawlamyine Daily ဓါတ်ပုံ - ပိုင်သူငြိမ်း