ဒေါင်ဒင်အင်း ငါးဖမ်းပွဲတော်

မော်လမြိုင်၊ ၇ ဖေဖော်ဝါရီ ၂၀၁၈ မွန်ပြည်နယ် ၊ကျိုက်မရောမြို့နယ်၊ငပုအင်းကျေးရွာက ဒေါင်ဒင်အင်း အတွင်းက ငါးတွေကို ၊ အင်းအနီးကျေးရွာက ဒေသခံတွေစုပေါင်းပြီး ဖေဖော်ဝါရီ ၅ ရက်နေ့က ငါးဖမ်းပွဲတော် ကျင်းပခဲ့ပါတယ်။ အရင်ကာလတွေကတည်းက အခုလို စုပေါင်းငါးဖမ်းလာတာဖြစ်ပြီး၊ အင်းရေ အနည်းများအပေါ်မူတည်ပြီး စုပေါင်းငါးဖမ်းမယ့်ရက်သတ်မှတ်ကာ ငါးဖမ်းပွဲတော်အစဉ်အဆက်ကျင်းပနေတာပါ။ Mawlamyine Daily Photo-Htoo Htoo

ဘားအံမြို့က “တက်တူးတွေနဲ့ အကင်”

ဘားအံ ၊ ၂၈ ဇန်နဝါရီ ၂၀၁၈ “ဘာ … အသားကင်မှာ တက်တူးတွေနဲ့” ..... အဲလိုတော့ မထင်လိုက်ပါနဲ့။ တက်တူးရေးဆွဲဖန်တီးသူတွေဟာ အနုပညာဆန်တဲ့စိတ်နဲ့ အာရုံစိုက်အ လုပ်လုပ်တတ်တဲ့ စရိုက်အတိုင်း အစားသောက်ချက်ပြုတ်၊ကြော်လှော်ပြီဆို ရင်လည်း ကောင်းမွန်တဲ့အရသာ၊ သန့်သန့်ရှင်းရှင်းသုံး ဆောင်နိုင်ဖို့ အာရုံစိုက် အလုပ်လုပ်တတ်လို့ ဒီဆိုင်ကို “တက်တူးတွေနဲ့ အကင်” လို့ တင်စားခေါ်ဝေါ်လိုက်တာပါ။ ဟုတ်ပါတယ်.. ဒါကတော့ ဘားအံမြို့က Street Food အကင်ဆိုင်ကို ရည်ညွှန်းထား တာပါ။ အမှန်တော့လည်း ဒီဆိုင်မှာ ကိုယ်တိုင်လုပ်၊ကိုယ်တိုင်ကင်နေသူတွေဟာ Professinal တက်တူးရေးဆွဲဖန်တီးသူ လူငယ်တွေပါဘဲ။ သူတို့တွေရဲ့ အဓိကအလုပ်ဖြစ်တဲ့ တနေ့တာ တက်တူးရေးဆွဲတဲ့ အလုပ်ပြီးချိန် ညနေ ရောက်မှဘဲ အကင်ဆိုင်ဖွင့်တာပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ခဲ့စဉ်က လေ့လာ …

ချောတိုင်

မော်လမြိုင် ၊ ၄ ဇန်နဝါရီ ၂၀၁၈ မော်လမြိုင်မြို့က နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချောတိုင်တက်ပြိုင်ပွဲမြင်ကွင်း။

အိမ်မက်ကမ္ဘာမီးလုံးပွဲတော် မော်လမြိုင်မှာကျင်းပမယ်

မော်လမြိုင်၊ ၂၂ ဒီဇင်ဘာ ၂၀၁၇ LED မီးလုံးပေါင်းသန်း ၁၀၀ ကျော်အသုံးပြုပြီး အလှဆင်ထားတဲ့ အိမ်မက် ကမ္ဘာ မီးပွဲတော်ကို မော်လမြိုင်မြို့ သံလွင်ဥယျာဉ်မှာကျင်းပသွားမှာပါ။ ဒီဇင်ဘာ ၂၃ ရက်ညနေ ၅ နာရီမှစပြီး ဖွင့်လှစ်ကျင်းပသွားမယ့် အဆိုပါ မီးအလှဆင်ပွဲတော်ကို ဝင်ကြေး လူကြီး ၂၀၀၀ ကျပ်၊ကလေး ၁၀၀၀ ကျပ် ၊ ၅ နှစ်အောက်ကလေး တွေနဲ့ ရဟန်းသံဃာတော်တွေကို အခမဲ့ ဝင်ခွင့်ပြုသွားမှာပါ။ ဟာကြူလီဂရုဖ် ကစီစဉ်တဲ့အဆိုပါ မီးပွဲတော်ကို မော်လမြိုင်မြို့အပါဝင် ရန်ကုန်၊ နေပြည်တော် နဲ့ မန္တလေးမြို့တွေမှာလည်းကျင်းပမှာပါ။ Mawlamyine Daily  

မော်လမြိုင်က သစ်သားလမ်းကလေး (သို့) သာဒွေးလမ်းကြား

မော်လမြိုင်၊၁၈ ဇွန် ၂၀၁၇ လမ်းကြိုလမ်းကြား၊လမ်းမကြီးလို့ဆိုလိုက်ပြီဆိုတာနဲ့ မြေသားလမ်းလား၊ကတ္တရာလမ်းလား၊ကွန်ကရစ်လမ်းလားလို့တွေးထင်ကြမှာပါ။မော်လမြိုင်မြို့ အုန်းတောရပ်မှာတော့ တစ်အိမ်နဲ့တစ်အိမ်၊တစ်နေရာနဲ့တစ်နေရာ ကူးလူး သွားလို့ဖို့ သစ်သားတံတားဆောက်လုပ်လို့ လမ်းအဖြစ်အ သုံးပြုနေကြ ပါတယ်။ အိမ်ထောင်ခြေ (၃၀)ဝန်းကျင်ကအဆိုပါသစ်သားတံတားလမ်းကလေးကို ကိုယ်ထူကိုယ်ထ ပြုပြင်ဆောက်လုပ်လို့ အသုံးပြုနေကြတဲ့ လမ်းကြား ကလေးပေါ့။ မော်လမြိုင်မှာတော့ သာဒွေးလမ်းကြားလို့ခေါ်ပါတယ်။ Mawlamyine Daily

ဟောင်ကောင်မြို့ရဲ့ ခေါင်းတလားအိပ်ခန်းတွေအကြောင်း ဓာတ်ပုံမှတ်တမ်း

မော်လမြိုင်၊ ၈ ဇွန် ၂၀၁၇ ဟောင်ကောင်မြို့က ခေါင်းတလားအရွယ်သာသာပဲ ရှိတဲ့ လူနေတိုက်ခန်းတွေထဲက မွန်းကြပ်လှတဲ့ ဘ၀တွေအကြောင်းကို ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံဆရာ Benny Lam ရဲ့ ဓာတ်ပုံမှတ်တမ်းဖြစ်ပါတယ်။ “အခုထိတော့ အသက်ရှင်နေသေးတာပဲလေ” လို့ ဟောင်ကောင်မြို့ရဲ့ မွန်းကြပ်လှတဲ့ တိုက်ခန်းကျဉ်းလေးထဲမှာ နေထိုင်သူတစ်ဦးက ဆိုပါတယ်။ လှောင်အိမ်သာသာပဲ ရှိတဲ့ အခန်းလေးတွေမှာ ဟောင်ကောင်မြို့ရဲ့ အဆင်းရဲဆုံး လူတန်းစားတွေ နေထိုင်ကြပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်လောက် ၀ါယာပိုက်ကွန်လိုအရာတွေနဲ့ တည်ဆောက်ထားတဲ့ လှောင်အိမ်သာသာအခန်းလေးတွေနေရာမှာ အခုနောက်ပိုင်းတော့ ပျဉ်ပြားနဲ့ လုပ်ထားတဲ့ အိပ်ခန်းလေးတွေ အစားထိုးလာနေပါပြီ။ ဒီလိုသေးငယ်ပြီး ၁၅ စတုရန်းပေ ပတ်လည်သာ ရှိတဲ့ အခန်းလေးတွေကို ခေါင်းတလား အိပ်ခန်းလေး တွေလို့ ခေါ်ကြပါတယ်။ တကယ်တော့ ဒီအိပ်ခန်းလေးတွေဟာ စတုရန်းပေ …

မုတ္တမ တန်ဆောင်မုန်းလပြည့်ည

မော်လမြိုင်၊ ၁၄ နိုဝင်ဘာ ၂၀၁၆ မော်လမြိုင်မြို့ တဖက်ကမ်း မုတ္တမမြို့ ၊မြစေတီနန်းဦးစာသင်တိုက် တန်ဆောင်မုန်းလပြည့်ည မြင်ကွင်းဓါတ်ပုံများ။