မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်၊ အဋ္ဌမနေ့အစည်းအဝေး

မော်လမြိုင်၊ ၂၁ ဇွန် ၂၀၁၇ ဒုတိယကြိမ်မွန်ပြည်နယ် လွှတ်တော်သက်တမ်းရဲ့ ပုံမှန်အစည်းဝေးကျင်း ပလာတာ (၆)ကြိမ် မြောက်ရှိနေပါပြီ။(၆)ကြိမ်မြောက်အစည်းဝေး(သို့)အဋ္ဌမ ပုံမှန်အစည်းရဲ့ နောက်ဆုံးရက် အဋ္ဌမနေ့(သို့) ၈ ရက်မြောက်နေ့အစည်း အဝေးကို ဇွန်လ ၂၁ ရက်နေ့က မော်လမြိုင်မြို့ ၊ပြည်နယ်လွှတ်တော် အဆောက်အဦးအစည်းဝေးခန်းမမှာကျင်းပခဲ့တာပါ။ (၈)ရက်မြောက်နေ့အစည်းဝေးဟာ (၆)ကြိမ်မြောက်ပုံမှန်အစည်းအဝေးရဲ့ နောက်ဆုံးရက် အစည်းအဝေးလည်းဖြစ်ပါတယ်။ဒီနေ့အစည်းအဝေးကို ဗမာ၊ကရင်၊ပအိုဝ်းတိုင်းရင်းသားရေး ရာဝန်ကြီး လွှတ်တော်ကိုယ်စား လှယ်(၃)ဦးက ခွင့်တိုင်ကြားခဲ့လို့ ကိုယ်စားလှယ် (၂၈)ဦး တက်ရောက်ေ ဆွးနွေးခဲ့တာပါ။ အစည်းဝေးမှာ ပေါင်မြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်ထူးမှ “၂၀၁၆-၁၇ ပညာသင်နှစ်၊အခြေခံပညာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် တစ်နိုင်ငံလုံးအောက်ချက်ပထမရရှိမှုကို ပြည်နယ်လွှတ်တော်မှ ဝမ်းသာကြောင်းအဆို”တင်သွင်းလာတဲ့အတွက် ကျိုက်မရောက်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၊ ရေးမြို့နယ် မဲဆန္ဒနယ်မှ ဒေါက်တာမင်းစိုးလင်း၊ပြည်နယ် … Continue reading မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်၊ အဋ္ဌမနေ့အစည်းအဝေး

မွန်ပြည်နယ်စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်

မော်လမြိုင်၊ ၁၆ ဇွန်လ ၂၀၁၇ မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ စည်ပင်နှင့်ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ဦးမင်းကျော်လွင်သည် ဇွန်လ (၁၂)ရက်နေ့ကကျင်းပခဲ့တဲ့ ပြည်နယ် လွှတ်တော်အစည်းဝေးမှာ ကတိသစ္စာပြုလို့ ဝန်ကြီးတာဝန်စတင် ထမ်းဆောင်ခဲ့သူပါ။ မွန်ပြည်နယ်အစိုးရအဖွဲ့မှာ ဝန်ကြီးအဖြစ်ခန့် အပ်ခံရသူ ဦးမင်းကျော်လွင် သည် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးမဟုတ်ဘဲ ကျွမ်းကျင်ပညာရှင် အနေနဲ့ ရွေးချယ်ခန့်အပ် ခံထားရတဲ့ ဝန်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။ (၂၀၂၁) ခုနှစ် မတ်လ (၃၁)ရက်နေ့အထိဝန်ကြီးသက်တမ်းတာဝန် ထမ်းဆောင်ရမယ့် ဦးမင်းကျော်လွင်သည် မွန်တိုင်းရင်းသားတစ်ယောက်ပါ။သူသည် (၁၉၆၀)ခုနှစ် မတ်လ (၂၀) ရက်နေ့က မွန်ပြည်နယ်၊ဘီလူးကျွန်း၊ချောင်းဆုံမြို့နယ်၊ရွာလွတ်ရွာမှာ မွေးဖွားခဲ့သူပါ။ ငယ်စဉ်ခါကတော့ အစိုးရအခြေခံပညာရေးကို မွေးဖွားရာဇာတိမှာဘဲ မူလတန်းကနေ အထက်တန်းအထိပညာသင်ကြားခဲ့ပါတယ်။မော်လမြိုင်မြို့ က မွန်ပြည်နယ်ဒေသကောလိပ်မှာ ပထမနှစ်နဲ့ ဒုတိယနှစ်၊ ရန်ကုန်စက်မှု တက္ကသိုလ်မှာတော့ တတိယနှစ်ကနေ ဆဋ္ဌမနှစ်အထိ မြို့ပြအင်ဂျင်နီ ယာဘာသာရပ်ကိုသင်ယူခဲ့ပြီး (၁၉၈၄)ခုနှစ်အရောက်မှာတော့ B.E(Civil)နဲ့ … Continue reading မွန်ပြည်နယ်စည်ပင်သာယာရေးနှင့်ဆောက်လုပ်ရေးဝန်ကြီး ဦးမင်းကျော်လွင်

မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်၊ပဉ္စမနေ့အစည်းအဝေး

မော်လမြိုင်၊ ၁၄ ဇွန်လ ၂၀၁၇ မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန် ပဉ္စမနေ့အစည်းအဝေးကို မော်လမြိုင်မြို့က ပြည်နယ်လွှတ်တော်အစည်းအဝေးခန်းမမှာ ဇွန်လ ၁၄ ရက်နေ့ကကျင်းပခဲ့တာပါ။ ပြည်နယ်လွှတ်တော် ဒုတိယသက်တမ်း တစ်နှစ်ကျော်အကြာမှာတော့ ပုံမှန်အစည်းအဝေးအကြိမ်ပေါင်းကျင်းပလာခဲ့တာ (၆)ကြိမ်မြောက်ရှိနေပါပြီ။ (၆)ကြိမ်မြောက်အစည်းအဝေးမှာကိုဘဲ ကျင်းပလာတဲ့ရက်(၅)ရက်မြောက် အစည်း အဝေးရှိနေပြီဖြစ်ပါတယ်။ ဒီနေ့ (၅)ရက်မြောက်အစည်းအဝေးမှာတော့ ပြည်နယ်ကိုယ်စားပြု ပြည်နယ် လွှတ်တော် ကို်ယ်ာစားလှယ် (၃၁)ယောက်ရှိတဲ့အနက် ပြည်နယ် ဝန်ကြီးချုပ်၊ ဘဏ္ဍာရေးနှင့်စီမံကိန်း ဝန်ကြီးနဲ့ သထုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)က လွှတ်တော်ကိုယ်စားလှယ်တို့က ခွင့်တိုင်ကြား ထားတဲ့အတွက် လွှတ်တော်အစည်းအဝေးကိုတက်ေ ရာက်နိုင်ခြင်းမ ရှိခဲ့ပါဘူး။ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းေ ကြညာပြီးနောက်မှာတော့ ကြယ်ပွင့်ပြမေးခွန်းအနေနဲ့ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်မှ ဒေါက်တာခင်နိုင်ဦးက တောင်စွန်းပြည်သူ့ပန်းခြံ ပြည်သူ့လက်ဝယ်ပြန်လည်ရရှိရေးအတွက် သက်ဆိုင်ရာဝန်ကြီးကို လွှတ်တော်ဥက္ကဋ္ဌမှတဆင့်မေးမြန်းရာမှာတော့ ဝန်ကြီး ဦးမင်းထင်အောင်ဟန်မှ အဆိုပါပန်းခြံမြေနေရာမှာ မြန်မာ့မိရထား … Continue reading မွန်ပြည်နယ်လွှတ်တော် ဆဋ္ဌမပုံမှန်၊ပဉ္စမနေ့အစည်းအဝေး

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်

မော်လမြိုင်၊ ၁၁ ဇူလိုင် ၂၀၁၆ မွန်ပြည်နယ်လွှတ်တော်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးချစ်တင်ကို အဘ ဦးအုန်းသာ၊အမိ ဒေါ်နှင်း တို့မှ ၁၉၅၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့က ရေးမြို့နယ် ၊ချောင်းတောင်ကျေးရွာမှာ မွေးဖွားခဲ့တာပါ။ သူသည် ရန်ကုန်မြို့က အ.ထ.က (၁) တာမွေမှာ ဒသမတန်းအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် မှာဘဲ သမိုင်းပညာကို ဒုတိယနှစ်အထိပညာ သင်ကြား ခဲ့သူပါ။ ဦးချစ်တင်သည် ၁၉၈၈ ခုနှစ်ကတည်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်တစ်ဦးဖြစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲမှာလည်း အဆိုပါ ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲ ဝင်ခဲ့သူပါ။ မွန်ပြည်နယ်၊ရေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်အဖြစ် ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူပါ။မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၃၁ ယောက်အနက် တစ်ဦးအပါဝင်ဖြစ်သူ … Continue reading မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်

မော်လမြိုင်၊ ၁၀ ဇူလိုင် ၂၀၁၆ ဒုတိယသက်တမ်း မွန်ပြည်နယ်လွှတ်တော်မှ ကိုယ်စားလှယ်ဖြစ်သူ ဒေါ်ခင်မျိုးမြင့်ကို အဘ ဦးအောင်စိန်၊အမိ ဒေါ်စန်းငွေတို့မှ မွန်ပြည်နယ်၊ ကျိုက်မရောမြို့တွင် ၁၉၅၅ ခုနှစ် သြဂုတ် ၃ ရက်နေ့က မွေးဖွားခဲ့တာပါ။ ငယ်စဉ်ကလေးဘဝကတည်းက ကျိုက်မရောမြို့ အ.မ.က (၁)၊အ.ထ.က (ကျိုက်မရော) တို့မှာ ပညာသင်ကြားခဲ့ပြီး မော်လမြိုင်မြို့က ဆရာအတတ် သင်ကျောင်း TTC နဲ့ ရန်ကုန်တက္ကသိုလ် စာပေးစာယူသင်တန်းကနေပြီး LLB ဘွဲ့ရရှိခဲ့သူပါ။ သူမဟာ ကျိုက်မရောမြို့နယ်က နိတုံ မူလတန်းကျောင်း၊ကျိုက်မရောမြို့က အမှတ်(၂) မူလတန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေမှာ ဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူပါ။ ၁၉၈၈ ခုနှစ်အရောက်မှာတော့ ၈၈ ဒီမိုကရေစီလှုပ်ရှားမှုမှာပါဝင် လှုပ်ရှားခဲ့သည့် အတွက် ၁၉၈၉ ခုနှစ်အရောက်မှာတော့ ဆရာမအဖြစ်မှ ရပ်စဲခံခဲ့ရသူပါ။သူမဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ … Continue reading မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဌေး

မော်လမြိုင်၊ ၂ ဇူလိုင် ၂၀၁၆ ဦးထွန်းဌေး ကို အဘ ဦးစိန်ဝင်း၊အမိ ဒေါ်သန်းစိန် တို့မှ ၁၉၆၉ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့က မွန်ပြည်နယ်၊သံဖြူဇရပ်မြို့မှာ မွေးဖွားခဲ့တာပါ။ သံဖြူဇရပ်မြို့ က အစိုးရအခြေခံပညာသင်ကျောင်းတွေဖြစ်တဲ့ အထက်တန်း ကျောင်းအမှတ် (၁) မှာပညာသင်ကြားခဲ့သူပါ။၁၉၈၇ ခုနှစ်မှာ ဆယ်တန်း အောင်မြင်ခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် ရန်ကုန်တက္ကသိုလ်မှာ နိုင်ငံတကာ ဆက်ဆံရေးပညာကို သင်ကြားခဲ့ပါတယ်။ဒုတိယနှစ် အရောက်မှာတော့ မူလသင်ကြားနေတဲ့ ဘာသာရပ်ကို ရပ်နားခဲ့ပြီး မော်လမြိုင် တက္ကသိုလ် အဝေးသင်ဌာနခွဲမှာ ပထဝီ အဓိကဘာသာရပ်ကို ပြောင်းလဲသင်ကြားလို့ B.A(Geography) နဲ့ဘွဲ့ရခဲ့သူပါ။ ဦးထွန်းဌေး သည်အထက်တန်းပြဆရာ ( ဆွဲခန့်) အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသလို၊ အခြေခံ ပညာထက်တန်းအဆင့် ပြင်ပကျူရှင် … Continue reading မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဌေး

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ခိုင်

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၆ စောအဲသို (ခေါ်) ဦးအောင်မြင့်ခိုင် သည် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကရင်တိုင်းရင်းသား ရေးရာ ဝန်ကြီးတစ်ဦးဖြစ်သလို မွန်ပြည်နယ်လွှတ်တော်မှာလည်း ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ပါ။ အဘ ဦးညွှန့်မြိုင်၊ အမိ ဒေါ်စိန်ကြည် တို့မှ ၁၉၇၉ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်နေ့က မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကဒါကျေးရွာမှာ မွေးဖွားခဲ့သူပါ။မူလတန်း(သရက်ကုန်း)၊ကဒါ အလယ်တန်းကျောင်းနဲ့ မော်လမြိုင်က အမှတ် (၁၀)အထက်တန်းကျောင်းတွေမှာ ပညာသင် ယူခဲ့ပြီး စိုက်ပျိုးရေးသိပ္ဗံ(သထုံ)မှာ စိုက်ပျိုးရေးဒီပလိုမာ ရရှိထားသူပါ။ ဦးအောင်မြင့်ခိုင်သည် မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း(ရုံးချုပ်)၊မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း(မုဒုံ)၊မုဒုံ အဇင်းဥယျာဉ်ခြံ တို့မှာ ဒု- လ/ထ ကြီးမှုး အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့သူပါ။သူဟာ ကဒါ ကျေးရွာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရဲ့ ရပ်ကျေး ဥက္ကဋ္ဌ … Continue reading မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်ခိုင်

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်

မော်လမြိုင်၊ ၂၄ ဇွန် ၂၀၁၆ မွန်ပြည်နယ် ၊ မုဒုံမြို့နယ် ၊မှိန်ဂနိမ်းကျေးရွာ ဇာတိဖွား ဒေါ်မြသိင်္ဂီမော် ကိုအဘ ဦးမြသောင်း၊ အမိ ဒေါ်ကျင်တီတို့မှာ ၁၉၈၄ ခုနှစ် မတ်လ ၅ ရက်နေ့ကမွေးဖွား ခဲ့တာပါ။ မှိန်ဂနိမ်းကျေးရွာ မူလတန်းကျောင်းမှာ စတင်ပညာသင်ကြားခဲ့ပြီးနောက် အထက်တန်းကျောင်းကို မုဒုံမြို့နယ် ကွေးဝမ်းကျေးရွာမှာ ဆက်လက်ပညာ သင်ကြားခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက်မှာတော့ မော်လမြိုင်တက္ကသိုလ်မှာ B.A (Philosophy) ဘာသာရပ်နဲ့ ဘွဲ့ ရရှိခဲ့သူပါ။ သူမရဲ့မိဘတွေနဲ့အတူ ဥယျာဉ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေရင်း ဒေါ်မြသိင်္ဂီမော် သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်တစ်ယောက်ဖြစ်လာခဲ့သူပါ။၂၀၁၅ ခုနှစ်အထွေထွေရွေး ကောက်ပွဲမှာ မုဒုံမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နေရာအ တွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။သူမသည် … Continue reading မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသိင်္ဂီမော်

မွန်ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ် ဒေါ်စံဝင့်ခိုင်

မော်လမြိုင်၊ ၂၃ ဇွန် ၂၀၁၆ ပအိုဝ်းတိုင်းရင်းသူ ဒေါ်စံဝင့်ခိုင် ကိုမွန်ပြည်နယ်၊သထုံမြို့ မှာ အဘ ဦးသောင်းရွှေ၊ အမိ ဒေါ်သန်းကြည် တို့မှ ၁၉၄၇ ခုနှစ် သြဂုတ် ၂၀ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။ ငယ်စဉ်က အခြေခံပညာကို သထုံမြို့ အမှတ်(၁)အထက်တန်းကျောင်းနဲ့ မော်လမြိုင်မြို့ က ပုဂ္ဂလိက ကျောင်းတွေမှာ သင်ကြားခဲ့ပြီး၊မန္တလေး ဝိဇ္ဇာ၊သိပ္ဗံ တက္ကသိုလ်၊မန္တလေး စက်မှု စိုက်ပျိုးရေးနှင့် ကူးသန်းရောင်းဝယ်ရေးပညာ သင်ကျောင်းမှာ သင်ကြားခဲ့ပြီး B.Sc(Bot),D.A,H.G.P ရရှိခဲ့သူပါ။ ၁၉၇၄ - ၁၉၈၃ ခုနှစ်တွေတုန်းက မန္တလေး သမဝါယမအသင်းစု၊စာနယ်ဇင်း လုပ်ငန်းမှာ စာရင်ကိုင်းအဖြစ်လုပ်ကို်င်ခဲ့သလို၊၁၉၈၃-၁၉၈၈ ခုနှစ်ကာလတွေ မှာတော့ ပဲခူးတိုင်း၊ထန်းတပင်မြို့နယ်က ဇရပ်ကြီးမြို့မှာ အထက်တန်းပြအနေနဲ့ လုပ်ကိုင်ခဲ့သူပါ။ထို့အပြင် အင်္ဂလိပ်စာပြဆရာမအဖြစ် ပညာဒါနကျောင်းတွေ မှာပါဝင်လုပ်ဆောင်ခဲ့သူပါ။၁၉၈၉ ခုနှစ်တွေတုန်းက … Continue reading မွန်ပြည်နယ်လွှတ်တော်ကို်ယ်စားလှယ် ဒေါ်စံဝင့်ခိုင်

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏကျော်

မော်လမြိုင်၊ ၂၂ ဇွန် ၂၀၁၆ အဘ ဦးကျော်အေး၊အမိ ဒေါ်မြင့်မြင့်စိန်တို့မှာ ၁၉၇၄ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့က မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်က သိမ်ဇရပ်မှာ ဦးဝဏ္ဏကျော် ကိုမွေး ဖွားခဲ့တာပါ။ ဦးဝဏ္ဏကျော်သည် ငယ်စဉ်က သိမ်ဇရပ်က မူလတန်း(နဝရတ်) ၊ပဲခူးမြို့ က အမှတ်(၃) အထက်တန်းကျောင်းနဲ့ သိမ်ဇရပ် အထက်တန်းကျောင်းတွေမှာ အခြေခံပညာသင်ယူ တတ်မြောက်ခဲ့တာပါ။ရန်ကုန်က လှိုင်နယ်မြေနဲ့ ဒဂုံတက္ကသိုလ်မှာတက်ရောက်ခဲ့ပြီး B.Sc (Phys) နဲ့ဘွဲ့ ရခဲ့သူတစ်ယောက်ပါ။ အလုပ်အကိုင်အနေနဲ့ ဆေးဆိုင်ဖွင့်ထားတဲ့ ဦးဝဏ္ဏကျော် သည် အနှိုင်းမဲ့ မေတ္တာ ပညာဒါန သင်တန်းနဲ့ ကျန်းမာရေးကွန်ရက် လူမှုရေးအဖွဲ့တွေမှာ ပါဝင်လုပ်ဆောင်ခဲ့သူပါ။ သူသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ သထုံခရိုင်အလုပ်အမှုဆောင် အဖွဲ့ ရဲ့ အတွင်းရေးမှူးတစ်ယောက်လည်းဖြစ်ပါတယ်။၂၀၁၅ အထွေထွေရွေး ကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ … Continue reading မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝဏ္ဏကျော်