မော်လမြိုင် ဈေးကြိုပွဲရုံတန်းဝင်းအတွင်း လမ်းပြုပြင်ပေးလို

မော်လမြိုင်၊၁၃ ဇူလိုင် ၂၀၁၆ "သို့ မွန်ပြည်နယ် ဝန်ကြီးချူပ် ဦးမင်းမင်းဦးနှင့်မော်လမြိုင်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ မော်လမြိုင် ဈေးကြိုပွဲရုံတန်းဝင်းအတွင်းရှိလမ်းများအားလုံးနီးပါး ယိုယွင်းပျက် ဆီးနေတာကြာလှပါပြီ။ယနေ့အချိန်ထိ မည်သူတစ်ဦးတယောက်မှပြု ပြင်ခြင်းမ ရှိပါဘူး။ဆိုင်ကယ်၊ ကားများလည်းတကယ့်ကိုသွားရခက်ခဲနေကြပါတယ်။ ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ဝန်ကြီးချူပ်နှင့်တကွ လမ်းပိုင်း ဆိုင်ရာလူကြီးများ သက်ဆိုင်ရာပြည်သူ့ကိုယ်စားလှယ်များ သွားရောက် ကြည့်ရှုပြီး လမ်းများကိုပြန်လည်ကောင်းမွန်စွာပြုပြင်ပေးနိုင်လိမ့်မယ် လို့ယုံကြည်မိပါတယ်။ ပွဲရုံတန်းလုပ်ငန်းပိုင်ရှင်များအားလုံးရဲ့ကိုယ်စားမော်လမြိုင်သားတယောက်အနေနဲ့လေးစားစွာဖြင့်တင်ပြအပ်ပါတယ်ခင်ဗျာ" ဆိုပြီး စိုးညီအောင် ဆိုသူမှ ရေးသား ဖော်ပြထားသည်ကို Mawlamyine Daily ပြည်သူ့ပေးစာကဏ္ဍမှ ထပ်ဆင့် ဖော်ပြလိုက်ပါတယ်။ Mawlamyine Daily (ပြည်သူ့ပေးစာကဏ္ဍမှာ ဖော်ပြနိုင်ရန်အတွက် mawlamyinedaily@gmail.com(သို့) Mawlamyine Daily Facebook Page ရဲ့ Message Box မှတဆင့် တိုက်ရိုက်ပေးပို့နိုင်ပါသည်)

Mawlamyine Daily ပြည်သူ့ပေးစာ

မော်လမြိုင်၊ ၁၀ ဇူလိုင် ၂၀၁၆ "မော်လမြိုင်မြို့ ၊သာယာအေးရပ်၊နယ်မြေ(၆)၊ မေတ္တာလမ်း ၊အမှတ်(၅၂၀) နေအိမ်ခြံဝင်း၌ ဝက်များမွေးမြူနေသည်မှာနှစ်ကာ လကြာမြင့်နေပြီဖြစ်ပါတယ်။ ၎င်းဝက်ခြံအတွင်းမှ ထွက်ရှိလာသောဝက်ချေးနံ့နှင့်လွန်စွာဆိုးရွားလှသော အနံ့ဆိုးများမှာ လူနေရပ် ကွက်ပတ်ဝန်းကျင်ကို ကျန်မာရေးအရလွန်စွာ ထိခိုက်စေပါသည်တယ်။ ပတ်ဝန်းကျင်မှ အနံ့ဆိုးများကြောင့် ရပ်ကွက်အတွင်းကျန်းမာရေးထိခိုက် ကြောင်းပြောဆိုအသိသော်လည်းပြုပြင်ခြင်းမရှိဘဲစည်းကမ်းမဲ့စွာ စီးပွားဖြစ်မွေးမြူနေဆဲပါ။ သို့ဖြစ်ပါ၍ သက်ဆိုင်ရာလူကြီးမင်းများမှ ရပ်ကွက်နေလုပ်သားပြည်သူ များရဲ့ ကျန်းမာရေးကိုရှေးရှု၍ သက်ဆိုင်ရာလူကြီးမင်းများမှ လိုအပ် သလို အရေးယူဆောင်ရွက်ပေးပါရန်ကျန်းမာရေးရှုထောင့်မှ အကြံပြုတင်ပြ အပ်ပါတယ်"လို့ Myint Myant ဆိုသူ အကောင့်ပိုင်ရှင်မှပေးပို့လာပါသဖြင့် Mawlamyine Daily ပြည်သူ့ပေးစာကဏ္ဍမှဖော်ပြလိုက်ပါတယ်။ Mawlamyine Daily (ပြည်သူ့ပေးစာကဏ္ဍမှာ ဖော်ပြနိုင်ရန်အတွက် mawlamyinedaily@gmail.com(သို့) Mawlamyine Daily Facebook Page ရဲ့ Message Box … Continue reading Mawlamyine Daily ပြည်သူ့ပေးစာ

သံလွင်ဈေးအနံ့ဆိုး ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေသိစေချင်

မော်လမြိုင်၊ ၂၆ ဇွန် ၂၀၁၆ "မော်လမြိုင်မြို့နယ်စည်ပင်သာရေးအဖွဲ့ပိုင်သံလွင်ဈေးငါးဒိုင်မှာထွက်သော အနံ့ဆိုးများသည် အမှိုက်ပုံမှထွက်သောအနံ့ဆိုးထက်အဆတစ် ရာပိုနံနေ ပါသည်အစိုးရအဆက်ဆက်မဖြေရှင်းဘဲထားခဲ့ခြင်းကြောင့်ယခုအချိန်ထိမြို့လယ်ခေါင်တွင်နံနေရခြင်းဖြစ်ပါသည်။မော်လမြိုင်မြို့၏မြို့အင်္ဂါရပ်နှင့် လည်းမ ညီတော့ဘဲပတ်ဝန်းကျင်ပြည်သူများအားကျန်းမာရေးဆိုးရွာစွာထိခိုက်လျက်ရှိနေပါသည်မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူသိစေရန်တင်ပြခြင်းဖြစ်ပါသည်"ဆိုပြီး Ko Thu ဆိုသူ Facebook Account ပိုင်ရှင်မှ ရေးသားဖော်ပြ ထားသည်ကို Mawlamyine Daily ပြည်သူ့ပေးစာကဏ္ဍမှ ထပ်ဆင့်ဖော်ပြ လိုက်ပါတယ်။ Mawlamyine Daily (ပြည်သူ့ပေးစာကဏ္ဍမှာ ဖော်ပြနိုင်ရန်အတွက် mawlamyinedaily@gmail.com(သို့) Mawlamyine Daily Facebook Page ရဲ့ Message Box မှတဆင့် တိုက်ရိုက်ပေးပို့နိုင်ပါသည်)

နိုင်ငံတော်သမ္မတ | နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ပညာရေး ဝန်ကြီးသို့ အိတ်ဖွင့်ပေးစာ

မော်လမြိုင်၊ ၂၄ ဇွန် ၂၀၁၆ "ဆရာအတတ်ပညာကဏ္ဍတွင် ပညာရေးကောလိပ်များ အား ပညာရေး တက္ကသိုလ်အဖြစ် ပြောင်းလည်းဖွဲ့စည်းပေးရန်နှင့် သင်တန်းများကို (၄) နှစ်ထားရှိပြီး ဆရာအတတ်ပညာ(ဘွဲ့) [သို့ ] သိပံ္ပ /ဝိဇ္ဇာ (ဘွဲ့ ) တစ်ခုခုအား ချီးမြှင့် ပေးအပ်နိုင်ရေး"လို့ အစချီပြီး Aung Win Naing ဆိုသူမှ Mawlamyine Daily ပြည်သူ့ပေးစာ ကဏ္ဍကိုပေးပို့လာပါတယ်။ ဆက်လက်ရေးသားထားတာတွေက...... "ပညာရေး တိုးတက်ဖို့ အဓိကကျတဲ့ ဆရာ / ဆရာမ လောင်းများဟာ ပညာရေး ကောလိပ်မှ ၂နှစ်သင်တန်းပြီးဆုံးပြီးသော်လည်း ဘွဲ့တစ်ခုရရှိရန် အတွက် အဝေးသင်ပညာရေးကိုဆက်လက် သင်ကြားနေရသဖြင့် အချိန်လူ ၊ ငွေ နှင့်လုပ်ငန်းခွင်အတွင်း လုပ်အားနစ်နာမှု့ များ ရှိနေပါသဖြင့် ပညာရေးကောလိပ်များအား … Continue reading နိုင်ငံတော်သမ္မတ | နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်ပညာရေး ဝန်ကြီးသို့ အိတ်ဖွင့်ပေးစာ

မော်လမြိုင်စည်ပင်တာဝန်ရှိသူကိုသိစေချင်တဲ့ ပြည်သူ့ပေးစာ

မော်လမြိုင်၊ ၂၃ ဇွန် ၂၀၁၆ "မော်လမြိုင်စည်ပင်ဝန်ကြီးသိစေအပ်ပါသည်။ ၆.အ.ထ.က ကျောင်းအနောက် လမ်းတွင်အမှိုက်ပုံမှအနံ့ဆိုးများထွက်ရှိနေပါသည်။ကျောင်းနှင့်အလွန်နီးကပ် နေပါ၍ ကျန်းမာရေးအတွက်ခလေးများကိုစိုးရိမ်နေရပါသည်။မြို့အတွက်လည်း အရုပ်ဆိုးလှပါသည်ကောင်းမွန်သောနည်းလမ်းများလုပ်ဆောင်ပေးစေချင်ပါ သည်"ဆိုပြီး Yin Nu ဆိုတဲ့ Facbook Account ပိုင်ရှင်မှ ဓါတ်ပုံနှင့် တကွ ဖော်ပြထားသည်ကို "Mawlamyine Daily ပြည်သူ့ပေးစာ"ကဏ္ဍမှ ထပ်ဆင့် ဖော်ပြလိုက်ပါတယ်။ Mawlamyine Daily (ပြည်သူ့ပေးစာကဏ္ဍမှာ ဖော်ပြနိုင်ရန်အတွက် mawlamyinedaily@gmail.com(သို့) Mawlamyine Daily Facebook Page ရဲ့ Message Box မှတဆင့် တိုက်ရိုက်ပေးပို့နိုင်ပါသည်)

မျှမျှတတ ဖြစ်စေချင်

မော်လမြိုင်၊ ၂၀ ဇွန် ၂၀၁၆ “မော်လမြိုင်မြို့ ကမ်းနားလမ်းရေပေါ်ဈေးမှာ အခွန်မဆောင်ဘဲ အရက်ဘီ ယာရောင်း နေတဲ့အတွက် အခွန်ဆောင်ပြီးရောင်းနေတဲ့ ဆိုင်တွေ အရမ်းနစ်နာပါတယ်။ တာဝန်ရှိသူတွေကိုတိုင်လဲ ခဏပါဘဲ။လာစစ်မယ်ဆိုရင်လည်း ကြိုတင် အကြောင်းကြားထားတဲ့အတွက် အရက်ဘီယာတွေကို သိမ်းလိုက်ကြပါတယ်။ဒီစာကိုရေးတာ သူတပါးကို မနာလိုလို့မဟုတ်ပါ။သူတို့က အစားအသောက် သီးသန့်ရောင်းရမဲ့ ဆိုင်တွေပါ။အရင် အစိုးရ လက်ထက်ကတော့ ပိုက်ဆံပေးပြီးရောင်းကြတယ်။အခုအစိုးရလက်ထက်မှာတော့ အဲလို မဖြစ်စေချင်ပါ။အားလုံးကို မျှမျှတတဖြစ်စေချင်ပါတယ်” ဆိုပြီး ပြည်သူတစ်ဦးမှ ရေးသားပေးပို့လာပါသဖြင့် Mawlamyine Daily ပြည်သူ့ပေးစာ ကဏ္ဍမှဖော်ပြလိုက်ပါတယ်။ Mawlamyine Daily (ပြည်သူ့ပေးစာကဏ္ဍမှာ ဖော်ပြနိုင်ရန်အတွက် mawlamyinedaily@gmail.com(သို့) Mawlamyine Daily Facebook Page ရဲ့ Message Box မှတဆင့် တိုက်ရိုက်ပေးပို့နိုင်ပါသည်)

Mawlamyine Daily ပြည်သူ့ပေးစာ

မော်လမြိုင် ၊ ၁၈ ဇွန် ၂၀၁၆ "အမှိုက်ပစ်ဖို့အရင်အမှိုက်ပုံနေရာမှာ အမှိုက်ပစ်ရင်ဒဏ်ကြေးဆောင်ခိုင်းတယ်။အမှိုက်ကားကလဲလမ်းမတန်းကပဲသွားတယ်ဆိုတော့ လမ်းကြားမှာနေတဲ့သူတွေကအချိန်မှန်မလာတဲ့ အမှိုက်ကားကိုနေပူထဲအမှိုက်ထုပ်နဲ့ထိုင်စောင့်ဖို့ကအဆင်မပြေဘူး။အဲ့ဒါကြောင့်စည်ပင်အနေနဲ့ဘယ်လိုလုပ်ပေးမလဲဆို တာပြောပြပေးပါ" လို့ မော်လမြိုင်မြို့ နေပြည်သူတစ်ဦးမှ စွန့်ပစ်အမှိုက်နဲ့ ပက်သက်ပြီး သူ့ရင်ဆိုင်နေရတဲ့ အခြေအနေကို ပေးပို့လာ ပါသဖြင့် Mawlamyine Daily ပြည်သူ့ပေးစာ ကဏ္ဍမှဖော်ပြလိုက်ပါတယ်။ Mawlamyine Daily (ပြည်သူ့ပေးစာကဏ္ဍမှာ ဖော်ပြနိုင်ရန်အတွက် mawlamyinedaily@gmail.com(သို့) Mawlamyine Daily Facebook Page ရဲ့ Message Box မှတဆင့် တိုက်ရိုက်ပေးပို့နိုင်ပါသည်)

Mawlamyine Daily ပြည်သူ့ပေးစာ

မော်လမြိုင်၊ ၁၆ ဇွန် ၂၀၁၆ "ပညာရေးကောလိပ်ဘေး တံတားအောက်က ဘုရားလေးမှာ မူးယစ်ဆေး ဝါးတွေသုံးနေတဲ့ လူငယ်လေးတွေကိုအမြန်ဆုံး ရှင်းလင်းဆောင်ရွက်ပေး နိုင်ပါရန်"ဆိုပြီး မော်လမြိုင်မြို့ မှာမူးယစ် ဆေးသုံးစွဲနေတာနဲ့ပက်သက်ပြီး Zaw Thu Ya ဆိုသူကရေးသားပေးပို့ လာပါသဖြင့် Mawlamyine Daily ပြည်သူ့ပေးစာ ကဏ္ဍမှဖော်ပြလိုက်ပါတယ်။ Mawlamyine Daily (ပြည်သူ့ပေးစာကဏ္ဍမှာ ဖော်ပြနိုင်ရန်အတွက် mawlamyinedaily@gmail.com(သို့) Mawlamyine Daily Facebook Page ရဲ့ Message Box မှတဆင့် တိုက်ရိုက်ပေးပို့နိုင်ပါသည်)

Mawlamyine Daily ပြည်သူ့ပေးစာ

မော်လမြိုင်၊ ၁၅ ဇွန် ၂၀၁၆ " မော်လမြိုင်မြို့ အပိုင်ဖြစ်ပြီး မြို့ အစွန်ကျသည့် ညောင်ပင်ဆိပ်ရပ်ကွက်တွင် လျှပ်စစ်မီး တရားဝင်သုံးစွဲသူများရှိသလို၊တရားမဝင်သွယ်တန်းထား သူများလည်းရှိနေပါသည်။ထို့ပြင်မီတာခများကိုကောက်ခံရာတွင် မီတာရှိသူ၊မီတာမရှိသူနှစ်မျိုးစ လုံးကိုတစ်အိမ်တစ်သောင်းကျော်ကောက် ခံနေပြီး မီတာဖြတ်ပိုင်းများဖြင့်ကောက်ခံနေခြင်းမျိုးလည်းမရှိပါ။ လျှပ်စစ်မီး လာနေချိန်နေ့လည်၁၂ခန့်အချိန်တွင်ပုံမှန်မီးလိုင်းလာရောက် ဖြတ်တောက်သူတစ်ဦးရှိပါသည်။ထိုသူကမီးအဖွင့်အပိတ်တာဝန်ယူထားတယ် လို့လဲဆိုပါတယ်။ဒီလူကိုဘာလို့နေ့တိုင်းမီးလာပိတ်နေသလဲဟုမေးရာ တွင်ဓါတ်အားချွေတာ တာဟုအကြောင်းပြလျှက်ရှိပါတယ်။အထက်ပါဖြစ် စဉ်များကိုတိကျစွာဖြေရှင်းပေးနိုင်ရန်သက်ဆိုင်ရာဌာနမှတာဝန်ရှိလူကြီးမင်းများကြည့်ရှုစစ်ဆေးသင့်ကြောင်းတင်ပြလိုပါသည်" လို့ အတာလွင် ဆိုသူမှ ပေးပို့လာပါသဖြင့် "Mawlamyine Daily ပြည်သူ့ပေးစာ"ကဏ္ဍမှ ဖော်ပြလိုက်ပါသည်။ Mawlamyine Daily (ပြည်သူ့ပေးစာကဏ္ဍမှာ ဖော်ပြနိုင်ရန်အတွက် mawlamyinedaily@gmail.com(သို့) Mawlamyine Daily Facebook Page ရဲ့ Message Box မှတဆင့် တိုက်ရိုက်ပေးပို့နိုင်ပါသည်)

Mawlamyine Daily ပြည်သူ့ပေးစာ

မော်လမြိုင်၊ ၈ ဇွန် ၂၀၁၆ "မော်လမြိုင်မြို့ ၊ဘဲကုန်းရပ် ဓမ္မစာရီဘုန်းကြီးကျောင်းဘေးရေမြောင်း ရှိအမှိုက်ပုံကြီးပါမွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်ပြည်နယ်စည်ပင်ဝန်ကြီးတွေမြင်သိရှိစေရန်တင်ပြအပ်ပါသည်" လို့ Facebook Account ပိုင်ရှင် Moe Min ဆိုသူ မှပေးပို့လာပါသဖြင့် Mawlamyine Daily ပြည်သူ့ပေးစာကဏ္ဍမှ ဖြော်ပလိုက်ပါတယ်။ Mawlamyine Daily (ပြည်သူ့ပေးစာကဏ္ဍမှာ ဖော်ပြနိုင်ရန်အတွက် mawlamyinedaily@gmail.com(သို့) Mawlamyine Daily Facebook Page ရဲ့ Message Box မှတဆင့် တိုက်ရိုက်ပေးပို့နိုင်ပါသည်)