Mawlamyine Daily ပေးစာကဏ္ဍ လုပ်ငန်းခွင်မှ ဆူညံမှုလွန်ကဲခြင်းများ ဖြေရှင်းပေးစေလို

မော်လမြိုင်၊ ၁၂ ဧပြီ ၂၀၁၈   မော်လမြိုင် ပန်းပဲတန်းဝန်းကျင်၊ Ocean ဝန်းကျင် နဲ့ ဆေးရုံကြီးဝန်းကျင်မှာ ည ၁၁နာရီ ၄၆မိနစ်အထိ လုပ်ငန်းခွင်ဆူညံမှု (ဘူဒိုဇာ သို့မဟုတ် ကားကြီးစက်သံ)များ ဆက်လက်ရှိနေပါသည်။ ၄င်းအနီး တောင်ပေါ်တောင်စောင်းတွင် တရားစခန်း၊ ကမ္မဌာန်းကျောင်းများ၊ ဘုန်းကြီးကျောင်းများရှိပါသည်။ ရဟန်းရှင်လူများသည် အခါကြီးရက်ကြီးအတွင်း တရားအားထုတ်ရန်အတွက် ညဘက်တွင် အနားယူနေကြရပါသည်။ ညဘက်တွင် တရားအားထုတ်သည့် ရဟန်း ရှင်လူများလည်း ရှိနိုင်ပါသည်။ သို့ဖြစ်ပါ၍ တရားအားထုတ်မှုကို အနှောက်အယှက်ဖြစ်စေမည့် လုပ်ငန်းခွင် ဆူညံမှုလွန်ကဲခြင်းများကို သက်ဆိုင်ရာဌာနအဖွဲ့များမှ မေတ္တာရှေ့ထား ကုသိုလ်ယူပြီး အသိပေးဖြေရှင်းပေးဖို့ မေတ္တာရပ်ခံစာကို Min Nyi N Hg အမည်နဲ့ Facebook အကောင့်ပိုင်ရှင်က Mawlamyine Daily ပေးစာကဏ္ဍကို ပေးပို့ထားပါတယ်။

မွန်ဝန်ကြီးချုပ်နဲ့ ပြည်နယ် ကျန်းမာရေးဝန်ကြီး မြင်တွေ့စေလို

မော်လမြိုင်၊ ၂၆ ဧပြီ ၂၀၁၇   မော်လမြိုင်မြို့ ပြည်သူ့ ဆေးရုံကြီး အဆောင် (၃) မြေညီထပ် အခန်း (၂) မှာ မြင့်တွေရတဲ့ ဆေးရုံ အနေအထား ဟာ ​ဆေးရုံမှာ လာရောက် ဆေးကုသမှုခံယူနေတဲ့ ပြည်သူတွေ အတွက် အရမ်း အန္တရာယ်များလို့ပါဆိုပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ် ကျန်းမာရေးဝန်ကြီး မြင်တွေ့အောင် ပြောပြပေးပါဆိုပြီး Minwinthike Tun ဆိုသူ အကောင့်ပိုင်ရှင်မှ ဓါတ်ပုံနှင့်တကွ ပေးပို့လာသည်ကို Mawlamyine Daily ပြည်သူ့ပေး စာကဏ္ဍမှ ထပ်ဆင့်ဖော်ပြလိုက်ပါသည်။   Mawlamyine Daily Photo – Minwinthike Tun

မော်လမြိုင် အ.ထ.က (၂)ကျောင်းရှေ့ ယာဉ်အန္တရာယ်ကင်းစေလို

မော်လမြိုင်၊ ၁၉ စက်တင်ဘာ ၂၀၁၆ "သက်ဆိုင်ရာတာဝန်ရှိသူများ သိစေရန် နှင့်လုပ်စေရန်" မော်လမြိုင်မြို့ လှိုင်ရပ်ကွက် အထက ၂ ကျောင်းသည်မြို့ ထဲရှိကျောင်းများနှင့်မ တူကျောင်းတက်ကျောင်းဆင်းတစ်ချိန်ပိုပါသည်။ နေ့လည်ထမင်းစားချိန် ကျောင်းပတ် ဝန်းကျင်ရှိကျောင်းသူ၊ကျောင်းသားများအိမ်ပြန်ထမင်း စားကြပါသည်။ ယာဉ်အသွားအလာရှုတ်ထွေးပါသည်။ယာဉ်ထိန်းရဲကိုတစ်ခါတစ်လေ မမြင်ရပါ။ နေ့ လည်ထမင်းစားချိန်ဆို ယာဉ်ထိန်းရဲလုံးဝမလာပါ။မကြာခဏဆိုသလို ယာဉ်တိုက်မှုဖြစ်နေပါသည်။သို့ ဖြစ်ပါ၍ ကျောင်းအရှေ့ နှင့်အနီးတဝိုက်တွင် ယာဉ်စည်းကမ်းလိုက်နာစေမည့် လူကူးမျဉ်းကျား၊သတိပေးဆိုင်း ဘုတ်များ ပြုလုပ်ပေးလိုအပ်နေပါသည်။ယာဉ်ထိန်းရဲများလည်းအချိန်နှင့်တစ်ပြေးညီ တာဝန်ချပေးထားပေးသင့်ပါကြောင်း" Thu Riz Za ဆိုသူ အကောင့်ပိုင်ရှင်မှ ဓါတ်ပုံနှင့်တကွ ရေးသားဖော်ပြထားသည်ကို Mawlamyine Daily ပြည်သူ့ပေး စာကဏ္ဍမှ ထပ်ဆင့်ဖော်ပြလိုက်ပါသည်။ Mawlamyine Daily photo - Thu Riz Za

ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ပညာပေးစေချင်

မော်လမြိုင်၊ ၁ စက်တင်ဘာ ၂၀၁၆ (ပြည်သူ့ပေးစာ) "ဆိုင်ကယ်တွေမောင်းတာ တော်တော်ဆိုးလာပါတယ်။ယာဉ်စည်းကမ်း လမ်းစည်းကမ်းသိအောင် ပညာပေးများများများလုပ်ပေးစေချင်ပါတယ်။ ညာဘက်ကနေ ဘယ်ကိုကွေ့ရင် အချက်ပြမီးပြ၍ လမ်းအလယ်ယူပြီး ကွေ့သင့်ကြောင်း ဒီလိုမျိုးသာဓကတွေ ပေးသင့်ပါတယ်။ဆိုင်ကယ်သမားတွေ လည်း ယာဉ်စည်းကမ်းသိပေမဲ့ စည်းကမ်းမဲ့မောင်းနေသည့်အတွက် ဥပဒေကို တင်းကြပ်စွာ ချမှတ်စေချင်ပါတယ်"လို့ မော်လမြိုင်မြို့နေ ပြည်သူမှ ပေးပို့လာ သည်ကို "Mawlamyine Daily ပြည်သူ့ပေးစာ" ကဏ္ဍမှဖော်ပြလိုက်ပါတယ်။ Mawlamyine Daily

မီးပွိုင့်အချက်ပြ သက်ဆိုင်ရာမှ ပြုပြင်စေလို

မော်လမြိုင်၊ ၂၁ သြဂုတ် ၂၀၁၆ (ပြည်သူ့ပေးစာ) "မော်လမြိုင်မြို့ ၊ဒိုင်းဝန်ကွင်း ဂတ်တဲထိပ်မီးပွိုင့်တွင် မီးစိမ်းရာမှအဝါမပြဘဲ နီသွားခြင်း။ မီးနီရာမှ အဝါပြပြီးစိမ်းသွားခြင်းဖြစ်ပေါ်နေပြီး မီးစိမ်းရာမှရုတ်တ ရက်နီသွားခြင်းသည် အရှိန်ဖြင့်မောင်းနှင်လာသောသူများအတွက် ယာဉ်တိုက် မှုများနှင့် ယာဉ်မတော်တဆမှုများဖြစ်ပေါ်လာနိုင်သဖြင့် သိရှိနိုင်ရန်အလို့ငှာ တင်ပြပါသည် " လို့ Hein Zaw ဆိုသူအကောင့်ပိုင်ရှင်မှ ရေးသားထားသည်ကို Mawlamyine Daily ပြည်သူ့ပေးစာကဏ္ဍမှ ထပ်ဆင့်ဖော်ပြလိုက်ပါတယ်။ Mawlamyine Dialy

မော်လမြိုင်က ဈေးကြိုအဝိုင်းကိုလည်း ပြုပြင်ပေးစေလို

မော်လမြိုင်၊ ၁၂ သြဂုတ် ၂၀၁၆ "မော်လမြိုင်မြို့ရဲ့ သင်္ကေတစ်ခုဖြစ်သောဈေးကြိုအဝိုင်းသည် စောင်းပြီးပြိုကြမည့် အနေထာမျိုးတွင်ရှိနေပါသည်။မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိလူကြီးမင်း များမြို့ကျက်သရေဆောင် ဈေးကြို အဝိုင်ကြီးကိုပြုပြင် ပေးပါရန်မော်လမြိုင်မြို့ သူ၊ မြို့သားများကိုယ်စား တောင်းဆိုအပ်ပါသည်"လို့ Myint Soe ဆိုသူ Account ပိုင်ရှင်မှ ရေးသားဖော်ပြထားသည်ကို Mawlamyine Daily ပြည်သူ့ ပေးစာကဏ္ဍမှ ဖော်ပြလိုက်ပါတယ်။ Mawlamyine Daily (ပြည်သူ့ပေးစာ ကဏ္ဍ)

မော်လမြိုင်မြို့ မြိုင်ရတနာဈေးတွင် ဈေးဆိုင်ခန်းများပေကျော်ရောင်းနေဆဲ

မော်လမြိုင်၊ ၂ သြဂုတ် ၂၀၁၆ "မြိုင်ရတနာဈေးတွင် ဆိုင်ခင်းရောင်းချဖို့ ဆိုင်ခန်းရဲ့အပြင်ကို ၄ပေ သတ်မှတ်စည်းတားပေး ထားပါတယ်ခင်ဗျာ။တစ်ချို့ဆိုင်တွေကိုတော့ စည်ပင်ဝန်ထမ်းတွေက မျက်နှာသာပေးပြီး ၅ပေနဲ့ ၆ပေ ကြားကိုစည်းတားပေးထား ပါတယ် ခင်ဗျာ။သူတို့ကို သွားပြောပေမယ့်လည်း သူတို့က ကွန်ပြူတာမဟုတ်ဖူးလို့ ပြောပါတယ်ဗျာ။မျက်နှာကြီးရာ ဟင်းဖတ်ပါဆိုသလိုပေါ့ခင်ဗျာ" ဆိုပြီး မြိုင်ရတနာဈေးအတွင်း ဖွင့်လှစ်ရောင်းချနေတဲ့ ပြည်သူတစ်ဦးမှ Mawlamyine Daily ပြည်သူ့ပေးစာကဏ္ဍကို ပေးပို့လာပါသဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများ သိရှိနိုင်ရန်ဖော်ပြလိုက်ပါတယ်။ Mawlamyine Daily

လောင်းကစားဝိုင်းတွေအရေးယူပေးဖို့ မွန်ရဲမှူးထံပေးစာ

မော်လမြိုင်၊ ၁၇ ဇူလိုင် ၂၀၁၆ "သို့  ပြည်နယ်ရဲတပ်ဖွဲ့ မှူး မွန်ပြည်နယ် အကြောင်းအရာ။ ။ မော်လမြိုင်မြို့၊ဈေးကြိုဆန်းတန်းရပ်ရှိ တရားမဝင် လုပ်ကိုင်နေသောလောင်း ကစားဒိုင်များအားဖမ်းဆီးပေးပါရန်။ မော်လမြိုင်မြို့ ဈေးကြိုဆန်တန်းရပ်ကွက်တွင်တရားမဝင် လုပ်ကိုင်နေသော ချဲထီဒိုင်များ၊ ဘော်လုံးပွဲဒိုင်များ၊ ဖဲဝိုင်းများသည်နယ်ထိန်းအား လစဉ်ငွေပေး ၍ပြောင်ပြောင်တင်းတင်းလုပ်ကိုင်နေကြပါသည် ။တချို့လူငယ်များမှာမိဘ ပစ္စည်းများပေါင်နှံ၍မိဘများစိတ်မချမ်းသာဖြစ်နေရပါသည်။ပြည်နယ်ရဲတပ်ဖွဲ့ မှူးအနေဖြင့်ထိထိရောက်ရောက်ဖမ်းဆီးအရေးယူပေးပါရန်တင်ပြအပ်ပါသည်။ ဦးအောင်ကိုကို ၁၀/မလမ(နိုင်)၀၆၄၁၁၁ အမှတ်(၁၁၃)ဈေးကြိုဆန်တန်းရပ် ကျိုက္ခမီလမ်း မော်လမြိုင်မြို့  Ph 09 5122952 09 775122952" ဆိုပြီး ဦးအောင်ကိုကို ဆိုသူမှသူ့ရဲ့ လူမှုစာမျက်နှာမှာ ရေးသား ဖော်ပြထားသည်ကို Mawlamyine Daily ပြည်သူ့ပေးစာကဏ္ဍ မှ ထပ် ဆင့်ဖော်ပြလိုက်ပါတယ်။ Mawlamyine Daily (ပြည်သူ့ပေးစာကဏ္ဍမှာ ဖော်ပြနိုင်ရန်အတွက် mawlamyinedaily@gmail.com(သို့) Mawlamyine … Continue reading လောင်းကစားဝိုင်းတွေအရေးယူပေးဖို့ မွန်ရဲမှူးထံပေးစာ

တာဝန်ကျေပြီလား

မော်လမြိုင်၊ ၁၅ ဇူလိုင် ၂၀၁၆ (ပြည်သူ့ပေးစာ) "အမှတ်တမဲ့နဲ့ မွန်ပြည်နယ်ရဲ့သတင်းမီဒီယာ Page တခုမှာဖတ်လိုက်မိတဲ့ သတင်းတပုဒ် အန္တရာယ်ရှိ၍မစားသုံးသင့်သော လက်ဖက်အကြောင်း ဆိုင်နာ မည်များနှင့်တကွအသိပေးဖော်ပြချက်ပါသတင်းမှတ်မှတ်ရရနှင့်မှတ်လိုက်မိ သည်က မော်လမြိုင်ဈေးကြီးကလက်ဖက်ဆိုင်အချို့၏ နာမည်များ ဒီနေ့အမှတ်မထင်ဈေးကြီးသို့ရောက်သောအခါ လက်ဖက်ဆိုင်အချို့သို့ မျက်စိကစားမိလေ၏။ ထူးဆန်းသည်က လက်ဖက်ဆိုင်များမှာ အရင်အတိုင်းထူးခြားမှုမရှိ ရောင်းဝယ်နေဆဲ၊စည်ကားနေဆဲ မသိစိတ်နှင့်အသိစိတ်ပေါင်းလျက် ဈေးထဲသို့ဝင်ကာ ထောက်လှမ်းမိ၏။ ထိုဆိုင်များက သက်ဆိုင်ရာဌာနများက စစ်ဆေးခြင်း သတိပေးခြင်း ဒဏ်ရိုက်ခြင်း တစုံတရာပြုလုပ်ခြင်းမျိုးရှိပါသလား မေးမိသောမေးခွန်းအပေါ် အထူးအဆန်းသဖွယ် မမြင်မိဘူး မသိဘူး မဟုတ်ပါဘူး အချို့ကဟဲ့ ပေါက်တတ်ကရတွေ ဟူသောအဖြေမျိုးသာ ရခဲ့၏။ စိတ်ထဲတွင်ဘဝင်မကျမိချေ။ လက်ဖက်ဟူသည်မှာ လူကြိုက်များသော အစားအစာ တမျိုးပင်ဖြစ်ပေသည်။ လူကြိုက်များသည်ဆိုသည်မှာ လူအများ အသက်အရွယ်မရွေး ကျား၊မ မရွေးလူတန်းစားမရွေး လူမျိုးမရွေးပါဝင်ပါသည်။ လူကြိုက်များသော အစားအစာ … Continue reading တာဝန်ကျေပြီလား

မော်လမြိုင် ဈေးကြိုပွဲရုံတန်းဝင်းအတွင်း လမ်းပြုပြင်ပေးလို

မော်လမြိုင်၊၁၃ ဇူလိုင် ၂၀၁၆ "သို့ မွန်ပြည်နယ် ဝန်ကြီးချူပ် ဦးမင်းမင်းဦးနှင့်မော်လမြိုင်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များခင်ဗျား။ မော်လမြိုင် ဈေးကြိုပွဲရုံတန်းဝင်းအတွင်းရှိလမ်းများအားလုံးနီးပါး ယိုယွင်းပျက် ဆီးနေတာကြာလှပါပြီ။ယနေ့အချိန်ထိ မည်သူတစ်ဦးတယောက်မှပြု ပြင်ခြင်းမ ရှိပါဘူး။ဆိုင်ကယ်၊ ကားများလည်းတကယ့်ကိုသွားရခက်ခဲနေကြပါတယ်။ ပြည်သူတွေရွေးကောက်တင်မြှောက်ထားတဲ့ဝန်ကြီးချူပ်နှင့်တကွ လမ်းပိုင်း ဆိုင်ရာလူကြီးများ သက်ဆိုင်ရာပြည်သူ့ကိုယ်စားလှယ်များ သွားရောက် ကြည့်ရှုပြီး လမ်းများကိုပြန်လည်ကောင်းမွန်စွာပြုပြင်ပေးနိုင်လိမ့်မယ် လို့ယုံကြည်မိပါတယ်။ ပွဲရုံတန်းလုပ်ငန်းပိုင်ရှင်များအားလုံးရဲ့ကိုယ်စားမော်လမြိုင်သားတယောက်အနေနဲ့လေးစားစွာဖြင့်တင်ပြအပ်ပါတယ်ခင်ဗျာ" ဆိုပြီး စိုးညီအောင် ဆိုသူမှ ရေးသား ဖော်ပြထားသည်ကို Mawlamyine Daily ပြည်သူ့ပေးစာကဏ္ဍမှ ထပ်ဆင့် ဖော်ပြလိုက်ပါတယ်။ Mawlamyine Daily (ပြည်သူ့ပေးစာကဏ္ဍမှာ ဖော်ပြနိုင်ရန်အတွက် mawlamyinedaily@gmail.com(သို့) Mawlamyine Daily Facebook Page ရဲ့ Message Box မှတဆင့် တိုက်ရိုက်ပေးပို့နိုင်ပါသည်)