Mawlamyine Daily မှာဆုံကြမယ်

မော်လမြိုင်၊ ၂၆ မေ ၂၀၁၆ "အကူအညီတခုလောက်တောင်းချင်လို့ပါ..မော်လမြိုင်မှာ တိရစ္ဆာန်ဆေးခန်း ဘယ်နားတွေမှာရှိလဲ။သိရင်ပြောပြပေးပါလား။သိမ်ကုန်းလမ်းထောင့်က ဆေးခန်းက ညနေမှဖွင့်လို့တခြားဆေးခန်းတွေသိရင်ပြောပြပေးပါလားရှင်" ဆိုပြီး Hnin Nuwai ဆိုသူကမေးမြန်းလာပါသဖြင့် ရွှေမြိုင်သူ၊ရွှေမြိုင်သား လမ်းညွှန်ပေးနိုင်ရန် Mawlamyine Daily မှဖော်ပြလိုက်ပါတယ်။ ("Mawlamyine Daily မှာဆုံကြမယ်" အစီစဉ်သည် မော်လမြိုင်မြို့အတွင်း သိလိုသည်များ ဆက်သွယ်မေးမြန်းစုံစမ်း နိုင်ရန်အတွက်ရည်ရွယ်ထားသည့် အစီစဉ်ဖြစ်ပါတယ်။) Mawlamyine Daily

မော်လမြိုင် အကြောင်းသိဖို့ Mawlamyine Daily App

မော်လမြိုင် ၊ ၂၄ ဧပြီ ၂၀၁၆ Android သုံးတဲ့ သူတွေအတွက် Mawlamyine Daily Public Media သတင်းဌာန ရဲ့ Application လေးပါ။ မော်လမြိုင်နဲ့ ပတ်သက်တဲ့သတင်းတွေ အဖြစ်အပျက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့ ပေးထားတဲ့ Link လေးကနေ Download လုပ်ပြီး ဖုန်းထဲမှာ Install လုပ်ထားလိုက်ကြပါဦးနော်။ သိပ်မကြာခင်မှာလဲ iOS သုံးတဲ့ သူတွေအတွက် Application ကို တင်ပေးပါ့မယ်။ https://www.sendspace.com/file/7joa1a

Mawlamyine Daily မှာဆုံကြမယ်

မော်လမြိုင်၊ ၂ ဧပြီ ၂၀၁၆ "JAPAN Restaurant မှာစာဖိုမှူးလုပ်ချင်လို့ပါ မော်လမြိုင်မှာခေါ်တဲ့နေရာလေးရှိရင်ပြောပြာပါလား အလုပ်လိုချင်လို့ပါ။မလေးရှားနိုင်ငံ japan restaurant မှာလုပ်ဖူးပါတယ်"လို့ Achit Yuu ဆိုသူက Mawlamyine Daily ထံဆက်သွယ်မေးမြန်း လာပါသဖြင့် လိုအပ်သူနဲ့ရှာဖွေသူတွေအလွယ်တကူ ဆုံနိုင်ဖို့အတွက် comment box မှာအပြန်အလှန်ရေးသားခြင်းဆက်သွယ်နိုင်ရန် Mawlamyine Daily မှာဆုံကြမယ်အစီစဉ်မှ ဖော်ပြလိုက်ပါသည်။ Mawlamyine Daily

Mawlamyine Daily မှာဆုံကြမယ်

မော်လမြိုင်၊ ၃၁ မတ် ၂၀၁၆ သတင်းအချက်အလက် အကြောင်းအရာအထွေထွေ သိလို မေးမြန်းသူတွေနဲ့ မိမိသိထားတဲ့ အချက်အလက် အကြောင်းအရာတွေမျှဝေပေးလိုသူတွေအတွက် "Mawlamyine Daily မှာဆုံကြမယ်" အစီစဉ်တခုကို စတင်လိုက်ပါပြီ။ "မော်လမြိုင်မှာ ဂျပန်စာ ဂျပန်စကားပြောသင်တန်း ဘယ်နားမှာရှိလဲ ဖွင့်လဲသိချင်လို့ပါ plz" ဆိုပြီး facebook account ပိုင်ရှင် nway nway nway ဆိုသူက Mawlamyine Daily ထံဆက်သွယ်မေး မြန်းလာပါသဖြင့် မျှဝေပေးလိုသူတွေအနေဖြင့် comment box ကနေတဆင့်ပြန်လည်ဖြေကြား ပေးကြပါလို့ "Mawlamyine Daily မှာဆုံကြမယ်" အစီစဉ်မှ ဖိတ်ခေါ်လိုက်ပါသည်။ Mawlamyine Daily