“လူ”

မော်လမြိုင်၊ ၂၁ ဇွန် ၂၀၁၇ (ကဗျာ)   တစ်စုံတစ်ခုပြုလုပ်လိုက်တိုင်း သင်ခန်းစာတစ်မျက်နှာရရှိခဲ့ ဖတ်မှတ်သင်ယူစရာတွေ မကုန်ဆုံးနိုင်သော ခရီးလမ်းမပေါ် လောကဓံ နဲ့ပိတဲ့ ဘဝနဲ့ ကိုယ့်အသက်ရှူသံမှန်စေဖို့ အိပ်မက်များကိုဖေါ့လာခဲ့ရ ။ ။   ဂိုးဂိုး(မောရမြိုင်) Mawlamyine Daily

“ဟင်္သာနေတဲ့ မြို့”

မော်လမြိုင်၊ ၂၀ ဇွန် ၂၀၁၇ (ကဗျာ)   သံလွင်ရော ဂျိုင်းရော အထ္တရံရော တလက်လက်အသံတွေထွက်ပြီး နိုးလာ ကိုတံငါတို့က သီချင်းလေးတအေးအေးနဲ့ ဖြည်းဖြည်းလေး သူတို့ရင်ဘတ်ပေါ်မှာ ဝမ်းရေးအတွက် ကဗျာတွေရေးခဲ့တယ် မနက်ခင်းဆည်းဆာ က သာသာယာယာ တောင်ပြာပြာ တောစိမ်းစိမ်း တောစိမ်းတောင်စိမ်းတွေဖြန့်ခင်းထားပုံက အိပ်ယာထစ ဆံပင်ဖြီးသင်နေတဲ့ ကညာပျိုလို နေခြည်လာနေတဲ့ရပ်ဝန်းအောက်မှာ လွှတ်လှ အသားကျနေပြီးသား ဘာသာစကားနဲ့ လက်ကိုင်ထားတဲ့ဗုဒ္ဓဘာသာတရားကို ခါးဝတ်ပုဆိုးလို မြဲနေအောင်ဝတ်ဆင်ထားလေတဲ့မြို့ မပီမသ စကားလေးနဲ့ တိုင်းရင်းသားအသံဝဲနေတဲ့ မြို့ ဘယ်လို ကြည့်ကြည့် သမိုင်းတွေအတိကျရှိနေခဲ့ ဘယ်လိုမေးမေး ရှေးရှေးတုန်းကထက်ပိုခဲ့ စေတီပုထိုး သာသနာ့အဆောက်အအုံများနဲ့ ခေတ်ကို ခေတ်အလိုက် ခေတ်ဆန်နေတဲ့ မြို့ ရိုးရိုးလေး မြို့ဆန်နေတဲ့မြို့ ။   ဂိုးဂိုး(မောရမြိုင်) Mawlamyine Daily

“သံမဏိလိုပန်း”(အမေစုမွေးနေ့အားဂုဏ်ပြုပါသည်)

မော်လမြိုင်၊ ၁၉ ဇွန် ၂၀၁၇ (ကဗျာ)   တစ်သက်မှာ တစ်ခါသာပွင့်ခဲ့တဲ့ ပန်း တစ်သက်လုံး အမြဲမွှေးနေမယ့်ပန်း နူးညံ့မှုရဲ့အောက်မှာ ရဲရဲဝင့်ဝင့် တင့်တဲ့ပန်း သူ့အဆင်းက လမင်းတစ်ရာထက် သာတယ် သူ့အရည်အချင်းက သမိုင်းကောင်းများထက်မှာ ပါတယ် သူ့နာမည်က တစ်သက်လုံးသမိုင်းမှာမသေဆုံးတဲ့နာမည်နဲ့စတယ် အောင်ဆန်း စုကြည် သမိုင်းကောင်းသက်သက်ကို သူ့အဖေလိုသွေးနဲ့ သူ့အဖေလိုရေးမယ့်သူ သူ့အကြောင်းတွေးကြည့်ရုံလေးနဲ့ နိုင်ငံ့အတွက်အားရှိတယ် 'ဒီ' ပန်း 'ဒီ'လမ်းပေါ် 'ဒီ'အတိုင်းလေး မွှေးပါစေ လန်းပါစေ ဘေးဘယာတွေဝေးပါစေ။   ဂိုးဂိုး(မောရမြိုင်) Mawlamyine Daily

“စိတ်နဲ့ထွင်းတဲ့ကျောက်စကားများ”

မော်လမြိုင်၊ ၁၉ ဇွန် ၂၀၁၇ (ကဗျာ)   နံရံများပေါ် ပြိုကျလာသော မှန်အပျော်များ အတွေ့တွေကနေ ထိခိုက်ရှနာရင်း သွေးပွက်ပွက်ထအောင် နက်တဲ့ည ခင်ဗျား စီးကရက်သောက်ပါသလား မိတ်ဆွေ ကမ္ဘာကြီးကျန်းမာဖို့အရေး ဝံပုလွေတွေချောင်းဆိုးနေကြ ကျုပ်စိတ်ရဲ့အလျားအနံပါတဲ့ ခွက်ထဲ ကိုယ့်အရသာ ကိုယ်ပြန်ခါးခါးနေတုန်းပဲ ဇာတာအရ ငါကျွံကျနေတဲ့ တွင်းက နက်တယ် နာရီတွေအရည်ပျော်တာမြန်တယ် စပါတာကပ်ရဲ့ချွေးစက်နဲ့ ငါတို့တွေ ဘာအပင်မျိုးများ စိုက်ထားခဲ့ဖူးလဲ ဆုတ်ဖြဲပစ်လိုက်ရတဲ့ ဂဏာန်းတွေဟာ ဇီဝဖြစ်စဉ်ပြောင်းလဲမှုသက်သက် ဗုဒ္ဓပြောခဲ့တဲ့ဝင်သက်ထွက်သက်မှာ သတိတွေကိုသိကြလား ရှိကြလား အစိုင်အခဲရုပ်ဝါဒတွေချည်းပဲ စိတ်နဲ့လက်ဝါးရိုက်ပြီး လွှတ်ကြည့် စိမ်းလန်းမှုတွေဟာ အရောင်တစ်ခုဆီ ဝေးလွန်းပါသေးတယ် ငါတို့တက်ထိုင်မိတာက အပျော်စီးလား မြို့ပတ်လား ဘာလား ညာလား ဖြစ်တည်မှု သရုပ်မှန်ထဲမှာ ကမ္ဘာဦး တိုက်ပွဲများကိစ္စ သူတို့ ငါတို့ ကျုပ်တို့ …

“အဖေ”

မော်လမြိုင်၊ ၁၈ ဇွန် ၂၀၁၇ (ကဗျာ)   စကားလုံးတွေအများအကြီးနဲ့ဖွဲ့နွဲ့မထားဘူး အနန္တဂိုဏ်းဝင် အနာဂါတ်ရဲ့ ဖန်ဆင်းရှင် မြင့်မိုရ်ထက်က သခင် ။ ။   ဆောင်းပိုင်ရှင် (မော်လမြိုင်) Mawlamyine Daily