“ကြွေလွင့်​သွားသော ဂီတကြယ်​တစ်​ပွင့်​ (သို့မဟုတ်​)ဂီတမှူးဘဏ်​စိုး”

မော်လမြိုင်၊ ၂ ဇူလိုင် ၂၀၁၉   ၁၉၅၂ ခုနှစ်​ အောက်​တိုဘာလ ၃၀ ရက်​ ကြာသပတေးနေ့မှာ မိခင်​ ဒေါ်ကျင်​သန့်​ ဖခင်​ ဦးရင်​ရှောင်​မှ အမှတ်​ ၂၈ ရွှေတောင်​လမ်း ရွှေတောင်​ရပ်​ မော်​လမြိုင်​တွင်​ တစ်ဦးတည်းသော သားအဖြစ်​မွေးဖွားလာခဲ့သည်​။ မော်​လမြိုင်​မြို့ ရွှေတောင်​ရပ်​ကွက်​ရှိ စိန်​ပက်​ထရစ်​ အမျိုးသားစာသင်​ကျောင်းတွင်​ တက်​ရောက်​ပညာသင်​ကြားခဲ့ပြီး ငယ်​စဉ်​ကတည်းက ကျောင်းရှိ ဘင်​ခရာအဖွဲ့တွင်​ trunpet မှုတ်​ခဲ့သူလည်းဖြစ်​သည်။၁၀နှစ်​သားအရွယ်​တွင်​ ဖခင်​ဆုံးပါးသွား၍ ကျောင်းနားခဲ့ရကာ မိခင်​ဖြစ်​သူနှင့်​ ဘဝကို အားငယ်​စွာ ဖြတ်​သန်းလာရင်း အသက်​ ၁၅ နှစ်​ခန့်​တွင်​ ဂီတနှင့်​ပတ်​သက်​ပြီး ခံစားသက်​ဝင်​လာကာ အနီးနားပတ်​ဝန်းကျင်​မှ အပျော်​တမ်းဂီတာတီးသူအချို့ထံ ကွမ်း ဆေးလိပ်​ဝယ်​ပေးရသူအဖြစ်​နှင့်​ တစေ့တစောင်းလေ့လာရင်း ဂီတာတီးခတ်​ခြင်းအပေါ်စတင်​ရူးသွပ်​လာခဲ့တော့သည်​။   ထို့နောက်​ မော်​လမြိုင်​မြို့ တောင်​ဝိုင်းရပ်​ မေတ္တာလမ်းတွင်​နေထိုင်​သော ယခုနာမည်​ကြီးတယောဦးတင်​ရီ၏ … Continue reading “ကြွေလွင့်​သွားသော ဂီတကြယ်​တစ်​ပွင့်​ (သို့မဟုတ်​)ဂီတမှူးဘဏ်​စိုး”

မော်လမြိုင် သိန်းတန်

မော်လမြိုင်၊ ၅ ဇန်နဝါရီလ ၂၀၁၆   xxxxအတွေးများနှစ်ဦးသားရဲ့ စိတ်ဝယ် xxxxx ဝိုးတဝါး အသဲစကားပဲဖြစ်မယ်xxxx အကြင်နာတွေရယ်xxxx အစဉ်ပိုပါမယ်xxxxx မခွဲခွာအမြဲသာမောရဝယ်xxxxx xxxxxx ကျိုက်သံလန်မှာ သက်သေပြုမယ် xxxxx ဘယ်လိုဘဝမျိုးရောက်စေကွယ် xxxxxမေ့မရပြီသံလွင်အလှရယ်xxxxx xxxxxကမ်းကျိုက်ခမီ သောင်ယံဦးဝယ် xxxxxxခရုကောက်လို့လည်မှာလည်း အလှဆင်ခြယ်xxxxကိုယ်လွမ်းသမျှရယ် xxxx ဒီတခါလာရင် မပြန်ဘူးကွယ် xxxxx ရွှေမြိုင်မှာပင် နေတော့မယ်xxxx စင်မြင့်အထက်မှာ ဆံပင်ဂုတ်ဝဲ၊နေကာမျက်မှန်တပ်ပြီး အင်္ကျီ၊ဘောင်းဘီ၊ဖိနပ် အဖြူရောင်ဆင်တူဝတ်ထားတဲ့ အမျိုးသားတဦးက  သံစဉ်တေးသွားတွေနဲ့အတူ သီဆိုဖျော်ဖြေနေတာပါ။ ဇန်နဝါရီ(၄)ရက်နေ့ ညပိုင်း၊မော်လမြိုင်မြို့ ကမ်းနားလမ်း၊မြို့မတံတားရှေ့ ရင်ပြင်မှာကျင်းပခဲ့တဲ့ မော်လမြိုင်မြို့ နှစ်(၅၀)ခရီး ၊ခေတ်(၃)ခေတ် ဂီတည တေးဂီတဖျော်ဖြေပွဲမှာ “ရွှေမြိုင်မှာပင်နေတော့မယ်” ဆိုတဲ့ တေးသီချင်းကို သီဆိုနေတာဖြစ်ပါတယ်။ ကိုယ်အမှုအရာတွေလှုပ်ရှားရင်း တည်ကြည်တဲ့ အသံအဖြတ်အတောက် ပိုင်နိုင်ကျွမ်းကျင်စွာနဲ့ တစ်ခေတ်တစ်ခါကကျော်ကြားခဲ့တဲ့ … Continue reading မော်လမြိုင် သိန်းတန်

လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါက်တာလှဘေ

မော်လမြိုင်၊ ၅ ဇွန် ၂၀၁၆ ဒေါက်တာလှဘေကို ၁၉၁၃ ခုနှစ် ဇန်န၀ါရီလ ၈ ရက်နေ့တွင် မော်လမြိုင်ခရိုင်၊ ခရဲရွာမှာ ဗမာဆေးဆရာကြီး အဖ ဦးမောင်ငွေ၊ အမိ ဒေါ်ခင်ခင်တို့က မွေးဖွားခဲပါတယ်။ အမည်ရင်း ဦးလှဘေ ဖြစ်ပါတယ်။ ငယ်စဉ်က ခရဲရွာ မူလတန်းကျောင်းမှာ ပညာသင်ကြားခဲ့ပါတယ်။ ၁၉၃၁ ခုနှစ်မှာ မော်လမြိုင် အစိုးရအထက်တန်းကျောင်းကနေ ၁၀ တန်းကို ၅ ဘာသာ ဂုဏ်ထူးနဲ့ ထူးချွန်စွာအောင်မြင်ပြီး ပညာသင်ဆု ရရှိခဲ့ပါတယ်။ ၁၉၃၆ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် က ၀ိဇ္ဇာဂုဏ်ထူးတန်းကို မြန်မာစာ ပထမ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပြီး ၁၉၃၈ ခုနှစ်မှာ မဟာဝိဇ္ဇာ (မြန်မာစာဘွဲ့) ကို ရရှိခဲ့ပါတယ်။ ၁၉၃၉ ခုနှစ်မှာတော့ လန်ဒန်တက္ကသလိုလ် … Continue reading လန်ဒန်တက္ကသိုလ် မြန်မာစာပါမောက္ခ ဒေါက်တာလှဘေ

မော်လမြိုင်သား ဂီတပညာရှင် ဓီရာမိုရ်

မော်လမြိုင်၊ ၁၉ မေ ၂၀၁၆ ဓီရာ ဆိုတာ ပါဠိစကားလုံးဖြစ်ပြီး ဥာဏ်ပညာရှိတယ်လို့ အဓိပ္ပါယ်ရပါတယ်။ မိုရ်ဆိုတာကတော့ မြင့်မိုရ်တောင်ကို အစွဲပြုပြီးမှည့်ခေါ်ထားတာကြောင့် ဓီရာမိုရ်ကို အဓိပ္ပါယ်ကောက်မယ်ဆို ကြီးကျယ်မြင့်မြတ်ပြီး ဥာဏ်ပညာကြီး တဲ့သူလို့ ခေါ်လို့ရပါတယ်။ဒီအမည်နာမကို ပိုင်ဆိုင်ထားသူ ကတော့ မော်လမြိုင်သား ဂီတပညာရှင် ဓီရာမိုရ် ပါဘဲ။ ဂီတပညာရှင် ဓီရာမိုရ် ကို ၁၉၇၄ ခုနှစ် ဇွန်လ ၄ ရက်နေ့ မော်လမြိုင်မြို့မှာ မွေးဖွားပါတယ်။နာမည်ရင်းက မောင်မောင်ဇော်ထက်ဖြစ်ပြီး ဓီရာမိုရ်ဆိုတဲ့ နာမည်ကို အကိုအကြီးဆုံးနဲ့ ဖခင်တို့က ပေးခဲ့တာပါ။ ဓီရာမိုရ်လို့ ခေါ်တဲ့ မောင်မောင်ဇော်ထက်ဟာ သူချစ်တဲ့ဂီတနဲ့ပဲ အသက်မွေးဖို့ ငယ်ငယ်က တည်းက ဆုံးဖြတ်ခဲ့သူပါ။   ၁၉၉၃ ခုနှစ်မှာ ရန်ကုန် အမျိုးသား ယဉ်ကျေးမှု နှင့် … Continue reading မော်လမြိုင်သား ဂီတပညာရှင် ဓီရာမိုရ်

မော်လမြိုင်သား သိပံ္ပမောင်ဝ

မော်လမြိုင်၊ ၁၂ မေ ၂၀၁၆ သိပံ္ပမောင်ဝဟာ ခေတ်စမ်းစာပေကို ရှေ့တန်းကနေ မားမားမတ်မတ် ပြုစုပျိုးထောင် ပေးခဲ့သူများထဲကတစ်ဦးဖြစ်ပါတယ်။ သိပ္ဗံမောင်ဝရဲ့ အမည်ရင်းကတော့ ဦးစိန်တင် ဖြစ်ပါတယ်။ မော်လမြိုင်မြို့ ၊မုပွန်နတ်ကျွန်းရပ်မှာ အဖ ဦးအုန်းရွှေ နဲ့ အမိ ဒေါ်သစ်တို့က ၁၈၉၉ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ မွေးဖွားခဲ့သူပါ။ ငယ်စဉ်ကတည်းက မိခင်ဆုံးပါးသွားတာကြောင့် အဖွားနဲ့ ကြီးဒေါ်တို့ လက်ပေါ်မှာ ကြီးပြင်းခဲ့ ရပါတယ်။ မြန်မာစာပေပိဋကတ်ကျမ်းဂန်တွေမှာ ကျွမ်းကျင်တဲ့ အဘိုးဖြစ်သူ ဦးလူက လေး ပြောကြားဆုံးမတဲ့ ၀တ္ထု၊ ပုံပြင်၊ ရာဇ၀င် တွေကို ကောင်းစွာနာ ယူကျက် မှတ်ခဲ့ရ တာကြောင့် မြန်မာဘက်ဆိုင်ရာ အဖြာဖြာသော ပညာရပ်တွေမှာ ငယ်စဉ်ကတည်းက အခြေအမြစ် ကောင်းစွာ ရရှိခဲ့သူဖြစ်ပါတယ်။ … Continue reading မော်လမြိုင်သား သိပံ္ပမောင်ဝ

မြန်မာ့ပထမဆုံးကိုယ်ကာယအလှဖော်ထုတ်သူ မော်လမြိုင်သား ဒေါက်တာ ဝေါလ်တာချစ်ထွန်း

မော်လမြိုင်၊ ၄ မေ ၂၀၁၆ မြန်မာ့ပထမဆုံး ကိုယ်ကာယအလှဖော်ထုတ်သူ နဲ့ အလေးမသူ ဒေါက်တာ ဝေါလ်တာချစ်ထွန်း ကို ၁၈၉၈ခုနှစ် မော်လမြိုင်မြို့မှာဆရာဝန်ကြီးဦးချစ်ထွန်းနဲ့ ဒေါ်သိန်းငွေတို့ က မွေးဖွားခဲ့ပါတယ်။ မွန်တိုင်းရင်းသား ဝေါလ်တာချစ်ထွန်းဟာ ရန်ကုန်မြို့၊ စိန်ပေါကျောင်းနဲ့ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားရင်း လူထုအခွင့်အရေးအတွက် အစိုးရကို ဆန္ဒပြတဲ့ ကျောင်းသားလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့ပါတယ်။ ဝေါလ်တာချစ်ထွန်းဟာ ရန်ကုန် တက္ကသိုလ်က ဘီအက်စ်စီ အောင်ပြီးတဲ့အခါ အိန္ဒိယနိုင်ငံ ကာလကတ္တား ဆေးတက္ကသိုလ်မှာ အစိုးရအထောက်အပံ့နဲ့ ဆရာဝန်ပညာကို သွားရောက် သင်ကြားခဲ့ပါတယ်။ ကာလကတ္တားဆေး တက္ကသိုလ်က ဆေးပညာဘွဲ့ရပြီးတဲ့နောက် ရန်ကုန်စိတ်ကျန်းမာရေးဆေး ရုံကြီး (တံတားလေး)မှာ အုပ်ချုပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ အကူအညီမဲ့သူတွေအတွက် ဆေးရုံဖွင့်ပြီးစောင့်ရှောက်ဖို့ စိတ်ကူးရှိခဲ့ပေမယ့် သူမသေခင် သူ့စိတ်ကူးကို … Continue reading မြန်မာ့ပထမဆုံးကိုယ်ကာယအလှဖော်ထုတ်သူ မော်လမြိုင်သား ဒေါက်တာ ဝေါလ်တာချစ်ထွန်း

မြန်မာ့နိုင်ငံရေးသမိုင်းမှာထင်ရှားခဲ့သူ မော်လမြိုင်သား GCBA ဦးချစ်လှိုင်

မော်လမြိုင်၊ ၂၈ ဧပြီ ၂၀၁၆ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ထင်ရှားတဲ့ ခေါင်းဆောင်ကြီး တစ်ဦးဖြစ်ခဲ့တဲ့ ဦးချစ်လှိုင်ဟာ မော်လမြိုင်မြို့ သစ်ကုန်သည်သူဌေး ဦးသာညှင်း ဒေါ်ရင်တို့ရဲ့ ဒုတိယသားဖြစ်ပြီး ခရစ်နှစ် ၁၈၇၉ ခုနှစ် ၊ မြန်မာ သက္ကရာဇ် ၁၂၄၁ခုနှစ် နယုန်လပြည့်ကျော် ၆ ရက် တနင်္လာနေ့မှာ ဖွားမြင်ခဲ့ပါတယ်။ ဦးချစ်လှိုင်ဟာ အသက် ၂၀ အရွယ်မှာ အင်္ဂလန်ကို သွားပြီး ၀တ်လုံပညာကို သင်ကြားအောင်မြင်လာခဲ့ပါတယ်။ မြန်မာပြည်ကို ပြန်ရောက်တဲ့အခါကစပြီး ၀ိုင်၊အမ်၊ဘီ၊အေ ဗုဒ္ဓကလျာဏယုဝအသင်းကို ငွေအားလူအားနဲ့ ကူညီခဲ့ပါတယ်။ ခရစ်သက္ကရာဇ် ၁၉၁၇ ခုနှစ်ကစပြီး မော်လမြိုင်မြို့ ၀ိုင်၊အမ်၊ဘီ၊အေ ရဲ့ ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၁၉ ခုနှစ်မှာတော့ ပုသိမ်မြို့မှာ ကျင်းပတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ၀ိုင်၊အမ်၊ဘီ၊အေ နှင့် … Continue reading မြန်မာ့နိုင်ငံရေးသမိုင်းမှာထင်ရှားခဲ့သူ မော်လမြိုင်သား GCBA ဦးချစ်လှိုင်

မော်လမြိုင် အကြောင်းသိဖို့ Mawlamyine Daily App

မော်လမြိုင် ၊ ၂၄ ဧပြီ ၂၀၁၆ Android သုံးတဲ့ သူတွေအတွက် Mawlamyine Daily Public Media သတင်းဌာန ရဲ့ Application လေးပါ။ မော်လမြိုင်နဲ့ ပတ်သက်တဲ့သတင်းတွေ အဖြစ်အပျက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့ ပေးထားတဲ့ Link လေးကနေ Download လုပ်ပြီး ဖုန်းထဲမှာ Install လုပ်ထားလိုက်ကြပါဦးနော်။ သိပ်မကြာခင်မှာလဲ iOS သုံးတဲ့ သူတွေအတွက် Application ကို တင်ပေးပါ့မယ်။ https://www.sendspace.com/file/7joa1a

မော်လမြိုင် အကြောင်းသိဖို့ Mawlamyine Daily App

မော်လမြိုင် ၊ ၂၄ ဧပြီ ၂၀၁၆ Android သုံးတဲ့ သူတွေအတွက် Mawlamyine Daily Public Media သတင်းဌာန ရဲ့ Application လေးပါ။ မော်လမြိုင်နဲ့ ပတ်သက်တဲ့သတင်းတွေ အဖြစ်အပျက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့ ပေးထားတဲ့ Link လေးကနေ Download လုပ်ပြီး ဖုန်းထဲမှာ Install လုပ်ထားလိုက်ကြပါဦးနော်။ သိပ်မကြာခင်မှာလဲ iOS သုံးတဲ့ သူတွေအတွက် Application ကို တင်ပေးပါ့မယ်။ https://www.sendspace.com/file/7joa1a

မြန်မာနိုင်ငံရဲ့ ခေတ္တဘုရင်ခံဖြစ်ခဲ့သူ မော်လမြိုင်သား ဆာဂျေအေ မောင်ကြီး

မော်လမြိုင်၊ ၁၈ ဧပြီ ၂၀၁၆ ကိုလိုနီခေတ် အင်္ဂလိပ်လက်ထက် (၁၉၃၀-၁၉၃၁ ခုနှစ်အတွင်း)မြန်မာ တိုင်းရင်းသားတွေထဲက မြန်မာပြည်ရဲ့ ပထမဆုံးဘုရင်ခံ ဆာဂျေအေ မောင်ကြီး ဟာ မော်လမြိုင်သားတစ်ယောက်ဖြစ်ပါတယ်။ ဆာဂျေအေမောင်ကြီးကို မွန်တိုင်းရင်းသား အနွယ်တွေဖြစ်ကြတဲ့ ဦးခင်နှင့် ဒေါ်ရင်တို့မှ ၁၈၇၁ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မော်လမြိုင်မြို့မှာ မွေးဖွားခဲ့ပါတယ်။ ငယ်နာမည်မှာ မောင်ကြီး ဖြစ်သော်လည်း ကျောင်းနေ စဉ်ကာလ အင်္ဂလိပ်ကျောင်း (စိန်ပေါကျောင်း) ဖြစ်သောကြောင့် ဂျေအေမောင်ကြီးဖြစ်ခဲ့ရတာပါ။ ဂျေအေမောင်ကြီး ဆိုတဲ့စကားမှာ ဂျိုးဇက် အော်ဂပ်စတပ် မောင်ကြီးဖြစ်သည်။ သူ့ရဲ့ဖခင် ဦးခင်ဟာ ရန်ကုန်မြို့ ဗူးလော့ဘုရားသား ကုမ္ပဏီမှာ အလုပ်လုပ်ရာ အင်္ဂလိပ်ကုန်သည်လောကမှာ ထင်ရှားပြီး သြဇာရှိတဲ့ သူတစ်ဦးလဲ ဖြစ်ပါတယ်။ ၁၈၈၄ ခုနှစ် - … Continue reading မြန်မာနိုင်ငံရဲ့ ခေတ္တဘုရင်ခံဖြစ်ခဲ့သူ မော်လမြိုင်သား ဆာဂျေအေ မောင်ကြီး