ဆေးခြောက်က Covid 19 ကိုကာကွယ်ကုသနိုင်တယ်ဆိုတဲ့ သတင်းက ဖတ်ရှူသူကို နားလည်မှုလွဲမှားစေတဲ့ သတင်းအမှားပဲဖြစ်ပါတယ်

မော်လမြိုင်၊ ၂၆ မေ ၂၀၂၀ ဆေးခြောက် က Covid 19 ရောဂါကို ကာကွယ် ကုသနိုင်တယ်ဆိုတဲ့ သတင်း တွေ ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။ မြန်မာလိုရေးထားတဲ့ သတင်းတွေလည်း တွေ့ရသလို အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြ ထားကြတဲ့ သတင်းတွေလည်း တွေ့နေရပါတယ်။ သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက် ဆေးခြောက်ဟာ ကိုရိုနာဗိုင်းရပ်စ် Covid 19 ကို ကာကွယ် ကုသနိုင်တယ်ဆိုပြီး သိပ္ပံပညာရှင်တွေက လေ့လာ တွေ့ရှိခဲ့ကြတယ်လို့ ဆိုထားပါတယ်။ အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားပြီး အဲဒီသတင်းကို  တဝက်တပျက် မြန်မာပြန်ထားတဲ့ သတင်းလဲ ပျံနှံ့နေပါတယ်။ ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် New York Post သတင်းဌာနက တင်ထားတဲ့ သိပ္ပံပညာရှင်တွေက ဆေးခြောက်ဟာ ကိုရိုနာဗိုင်းရပ်စ် ပျောက်ကင်းနိုင်တယ်ဆိုတဲ့ သတင်းဟာ သတင်းအမှားဖြစ်တဲ့အကြောင်း Poynter … Continue reading ဆေးခြောက်က Covid 19 ကိုကာကွယ်ကုသနိုင်တယ်ဆိုတဲ့ သတင်းက ဖတ်ရှူသူကို နားလည်မှုလွဲမှားစေတဲ့ သတင်းအမှားပဲဖြစ်ပါတယ်

ဖေ့ဘွတ်ခ်ပေါ်မှာ စာရေးရင် ၁၀၀၀ ကျပ်၊ ပုံတင်ရင် ၂၀၀၀ ကျပ် ကုန်ကျမယ် ဆိုတဲ့သတင်းအမှား

မော်လမြိုင်၊ ၂၆ မေ ၂၀၂၀ ဖေ့ဘွတ်ခ်ပေါ်မှာ စာရေးရင် ၁၀၀၀ ကျပ်၊ ဓာတ်ပုံတင်ရင် ၂၀၀၀ ကျပ် ကျသင့်မယ်ဆိုပြီး သတင်းအမှားတစ်ခု ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။ သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက် ဒီသတင်းအမှားကို nayarthit.com ဆိုတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝက်ဘ်ဆိုဒ်တစ်ခုကနေတင်ထား တာပါ။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့  အချက်အလက်စစ်ဆေးသူတွေရဲ့ လေ့လာဆန်းစစ်ချက်တွေအရ  ဒီသတင်း အမှားကို ယုံကြည်ပြီး Share ပြုလုပ်သူ ၈၀၀ ကျော်အထိရှိတာတွေ့ရပါတယ်။ ဒါကြောင့်အချက်အလက်စစ်ဆေးကြည့်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် ဒီသတင်းကို ဖေ့ဘွတ်ခ်ရဲ့ တရားဝင် သတင်းထုတ်ပြန်တဲ့ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ facebook news room မှာ လည်း ဖော်ပြထားတာမရှိပါဘူး။ Facebook ကုမ္ပဏီဟာ သူတို့ ထုတ်ပြန်ကြေညာလိုတဲ့ သတင်းမှန်သမျှကို ဒီ ဝက်ဘ်ဆိုဒ်ကနေတဆင့် ကြေညာလေ့ရှိပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး … Continue reading ဖေ့ဘွတ်ခ်ပေါ်မှာ စာရေးရင် ၁၀၀၀ ကျပ်၊ ပုံတင်ရင် ၂၀၀၀ ကျပ် ကုန်ကျမယ် ဆိုတဲ့သတင်းအမှား

Facebookပေါ် မှာ အိပ်ရာခေါင်းအုံးများရောင်းချနေတဲ့ Online Shopping အကောင့်ပိုင်ရှင်တွေကိုစီမံချက်နဲ့ဖမ်းဆီးတယ်ဆိုတာ သတင်းအမှားဖြစ်ပါတယ်

မော်လမြိုင်၊ ၂၄ မေ ၂၀၂၀ သတင်းအမှားတွေဟာ လူမှုမီဒီယာပေါ်မှာ ပုံစံအမျိုးမျိုးနဲ့ရှိနေတတ်ပါတယ်။ အဲ့ဒီထဲကမှ လူမှုအသိုင်းအဝိုင်းနဲ့ ငြိမ်းချမ်းရေးကိုထိခိုက်ပျက်ပြားစေနိုင်တဲ့သတင်းအမှားတွေရှိသလို ဟာသ/သရော်တဲ့အနေနဲ့ ဖန်တီးတဲ့ သတင်းအမှားတွေလည်းရှိတတ်ပါတယ်။ ဒီတစ်ခါ ဟုတ်တယ် Vs မဟုတ်ဘူး က သတိပြုမိတဲ့ သတင်းအမှားတစ် ခုကိုပြောပြပေးချင်ပါတယ်။ အဲ့ဒီသတင်းအမှားကတော့ Facebookပေါ် မှာ အိပ်ရာခေါင်းအုံးများရောင်းချနေတဲ့ Online Shopping အကောင့်ပိုင်ရှင်တွေကိုစီမံချက်နဲ့ဖမ်းဆီးတယ်ဆိုတာ သတင်းအမှားဖြစ်ပါတယ်။ သတင်းအမှားပျံ့နှံ့မှုဆန်းစစ်ချက် သတင်းအမှားကိုတော့ ထားဝယ်မြို့မှ ဆယ်လီသတင်းများ  ဆိုတဲ့ စာမျက်နှာက မေလ ၂၂ ရက် ည ၈နာရီ ၅၀ မိနစ်က  တင်ထားတာဖြစ်ပြီးတော့ ပြန်လည်မျှဝေမှုက ၂၀၀ ကျော်ရှိခဲ့ပါတယ်။ ပြန်လည် မျှဝေသူတွေထဲက တော်တော်များများက တကယ်ထင်မှတ်ပြီးတော့ မျှဝေထားကြတာဖြစ်ပါတယ်။ ဒါကြောင့် ဒီသတင်းကို အချက်အလက်စစ်ဆေးဖို့ဆုံးဖြတ်ခဲ့ပြီးတော့ သတင်းအမှားမှန်းသိအောင်ပြန်လည်ပြောပြရခြင်းဖြစ်ပါတယ်။ … Continue reading Facebookပေါ် မှာ အိပ်ရာခေါင်းအုံးများရောင်းချနေတဲ့ Online Shopping အကောင့်ပိုင်ရှင်တွေကိုစီမံချက်နဲ့ဖမ်းဆီးတယ်ဆိုတာ သတင်းအမှားဖြစ်ပါတယ်

တပ်မတော် အကြမ်းဖက်သောင်းကျန်းသူ ဆိုပြီး MRTV က ကြေညာတယ်ဆိုတဲ့ဗီဒီယို ဟာ ပြုပြင်ဖန်တီးထားတဲ့သတင်းအမှားဗီဒီယိုဖြစ်ပါတယ်

မော်လမြိုင်၊ ၂၂ မေ ၂၀၂၀ MRTV (မြန်မာ့ရုပ်မြင်သံကြား)က  ထုတ်လွှင့်တဲ့ သတင်းတစ်ပုဒ်မှာ တပ်မတော်ကို အကြမ်းဖက်သောင်းကျန်းသူဆိုပြီး သုံးနှုန်းထားတဲ့သတင်းဗီဒီယိုမှာပါဝင်တဲ့ သတင်းအကြောင်းအရာ တွေကို စစ်ဆေးကြည့်ရာမှာ သတင်းအမှားဖြစ်နေတာကိုတွေ့ရပါတယ်။ ဒီသတင်းဗီဒီယိုအမှားဟာ ၂၅ စက္ကန့်ကြာပြီး  ၊ တပ်မတော်အကြမ်းဖက်သောင်းကျန်းသူတွေဟာ စစ်တွေ၊ ရန်ကုန် ကားလမ်းမ ပေါ်ကမင်းပြား- ရာမောင် တံတားအနီးမှာရှိတဲ့ ပွိုင့် ၁၁၄ တောင်ကုန်းပေါ်မှာ နေရာယူပြီး လမ်းပန်းဆက်သွယ်မှုပြတ်တောက်အောင်နှောင့်ယှက် တိုက်ခိုက်တယ်လို့ သတင်းကြေညာသူက ဆိုထားပါတယ်။ ဘာလို့သတင်းအမှားလို့ပြောရလဲဆိုရင် – ဒီသတင်းမှာပါဝင်တဲ့ စစ်တွေ- ရန်ကုန်ကားလမ်းမ ၊ မင်းပြား- ရာမောင်တံတားအနီး ၊ ပွိုင့် ၁၁၄ တောင်ကုန်း ဆိုတဲ့ စကားလုံးတွေကို Google မှာ Keywords Search နဲ့ရှာကြည့်ပါတယ်။ အဲဒီလို ရှာ … Continue reading တပ်မတော် အကြမ်းဖက်သောင်းကျန်းသူ ဆိုပြီး MRTV က ကြေညာတယ်ဆိုတဲ့ဗီဒီယို ဟာ ပြုပြင်ဖန်တီးထားတဲ့သတင်းအမှားဗီဒီယိုဖြစ်ပါတယ်

ညီမျှမှုမရှိတဲ့ တပ်မတော်မကြာခင်ပြိုကွဲမှာပဲ ဟု ဒေါက်တာမင်းဇော်ဦးမပြောခဲ့ပါ

မော်လမြိုင်၊၂၂ မေ ၂၀၂၀ ဟုတ်တယ် vs မဟုတ်ဘူးက အချက်အလက်စစ်ဆေးသူတွေက ဖေ့ဘွတ်ခ်ပေါ်မှာ ပျံ့နှံ့နေတဲ့သတင်းအမှား တစ်ပုဒ်ကို သတိပြုမိခဲ့ပါ တယ်။ အဲဒါကတော့ ညီမျှမှုမရှိတဲ့ တပ်မတော်ဟာ မကြာခင်ပြိုကွဲမှာပဲလို့  ငြိမ်းချမ်းရေး နဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ(MIPS) ရဲ့ အလုပ်အမှုဆောင် ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး က ပြောကြားခဲ့တယ်ဆိုတဲ့ သတင်းအမှားပဲဖြစ်ပါတယ်။ ဒီသတင်းအမှားကို A-U-O New Media ဆိုတဲ့ သတင်းမီဒီယာ အယောင်ဆောင် ဖေ့ဘွတ်ခ်ပေ့ခ်ျကနေ တင်ထားတာဖြစ်ပြီး သတင်းအမှားထဲမှာ တပ်မတော်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဒေါက်တာမင်းဇော်ဦးက ဝေဖန်ထားပါတယ်။ Claim Request – ညီမျှမှုမရှိတဲ့ တပ်မတော် မကြာခင်ပြိုကွဲမှာပဲလို့ ဒေါက်တာမင်းဇော်ဦးက တကယ်ပြောတာလား? Answer –  ၁၀၀ရာခိုင်နှုန်းသတင်းအမှားပဲဖြစ်ပါတယ်။ ဘာလို့သတင်းအမှားလို့ပြောရလဲဆိုရင် (၁) သတင်းအမှားမှာပါဝင်တဲ့ … Continue reading ညီမျှမှုမရှိတဲ့ တပ်မတော်မကြာခင်ပြိုကွဲမှာပဲ ဟု ဒေါက်တာမင်းဇော်ဦးမပြောခဲ့ပါ

တန်ချိန် ၃၀ ကျော် ကားကြီးတွေတောင် ဆွဲလှဲပစ်တဲ့ အမ်ဖန်မုန်တိုင်းဆိုတဲ့ ဗီဒီယိုဖိုင်က ၂၀၁၈ခုနှစ်က ဗီဒီယိုဖိုင်ကိုပြန်အသုံးပြုပြီးလှည့်ဖျားထားတဲ့ သတင်းအမှားဖြစ်ပါတယ်

မော်လမြိုင်၊၂၂ မေ ၂၀၂၀ ဟုတ်တယ်Vsမဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေဟာ (မေ ၂၁ ရက်) မှာ ဖေ့ဘွတ်ခ်ပေါ်မှာပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုကို သတိပြုမိခဲ့ပြန်ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်တွေက တူညီတဲ့ Caption တွေဖြစ်တဲ့  တန်ချိန် ၃၀ ကျော် ကားကြီးတွေတောင် ဆွဲလှဲပစ်တဲ့ အမ်ဖန်မုန်တိုင်း ဆိုတဲ့စာသားနဲ့အတူ အကောင့်အများအပြားက တင်ထားကြတာ ဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်ထဲမှာပါဝင်တာတွေကတော့ ရေအပြည့်ဖြစ်နေတဲ့ လယ်ကွင်းတွေနဲ့ အဝေးပြေးလမ်းမပေါ် မှာ တုံးလုံးလဲနေတဲ့ကုန်ကားတွေကို ရိုက်ကူးထားတဲ့ မြင်ကွင်းဖြစ်ပါတယ်။ အဲ့ဒီဗီဒီယိုဖိုင်က ပျံ့နှံ့မှုများနေတဲ့အတွက် အချက်အလက်စစ်ဆေးကြည့်ဖို့ဆုံးဖြတ်ခဲ့ပြီး စစ်ဆေးခဲ့ရာမှာတော့ သတင်းအမှားဖြစ်ပြီး ယခင် ၂၀၁၈ ခုနှစ် က အိန္ဒိယနိုင်ငံအရှေ့ပိုင်းကိုဝင်ရောက်တိုက်ခတ်ခဲ့တဲ့ Cyclone Titli နဲ့ စပ်ဆက်တဲ့ ဗီဒီယိုဖိုင်ဖြစ်ကြောင်းကို စိစစ်တွေ့ရှိရတဲ့အတွက် အားလုံးသိအောင်ပြောပြရခြင်းဖြစ်ပါတယ်။ သတင်းအမှားဖြစ်ကြောင်းကို ဘယ်လိုစစ်ဆေးသက်သေပြနိုင်သလဲဆိုရင် ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်ထဲက … Continue reading တန်ချိန် ၃၀ ကျော် ကားကြီးတွေတောင် ဆွဲလှဲပစ်တဲ့ အမ်ဖန်မုန်တိုင်းဆိုတဲ့ ဗီဒီယိုဖိုင်က ၂၀၁၈ခုနှစ်က ဗီဒီယိုဖိုင်ကိုပြန်အသုံးပြုပြီးလှည့်ဖျားထားတဲ့ သတင်းအမှားဖြစ်ပါတယ်

Cyclone Amphan တိုက်ခတ်နေတယ်ဆိုတဲ့ Facebook Live Video တွေဟာ ယခင်က ဗီဒီယိုတွေကိုအသုံးပြုထားတဲ့ Live ဗီဒီယိုအတုတွေဖြစ်ပါတယ်

မော်လမြိုင်၊၂၂ မေ ၂၀၂၀ မေလ ၂၀ ရက် ညပိုင်းမှာ facebook ပေါ်မှာ Cyclone Amphan ဟာ အိန္ဒိယကို ဝင်ရောက်တိုက်ခတ်နေတယ်ဆိုပြီး တော့ Live Video တစ်ခုက ပျံ့နှံ့နေတာကို ဟုတ်တယ် Vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေက သတိပြုမိ ခဲ့ပါတယ်။ အဲ့ဒီ Live Video ကို Pooja Khatri ဆိုတဲ့ ပေ့ခ်ျကတင်ထားတာ ဖြစ်ပြီးတော့ Like and Reaction ၆၂၀၀၀ ကျော်နဲ့ Share ပြုလုပ်သူပေါင်း ၈၁၀၀၀ ကျော်ရှိနေပါတယ်။ မြန်မာနိုင်ငံက Facebook အသုံးပြုသူတော်တော်များများကလည်း Share ပြုလုပ်ထားကြတဲ့အတွက် အချက်အလက်စစ်ဆေး ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အချက်အလက်စစ်ဆေးလိုက်တဲ့အခါမှာတော့ အဲ့ဒီ Live Video … Continue reading Cyclone Amphan တိုက်ခတ်နေတယ်ဆိုတဲ့ Facebook Live Video တွေဟာ ယခင်က ဗီဒီယိုတွေကိုအသုံးပြုထားတဲ့ Live ဗီဒီယိုအတုတွေဖြစ်ပါတယ်

ကိုရိုနာဗိုင်းရပ်စ် ပျောက်ဆေးကို မြန်မာနိုင်ငံက ဖော်ထုတ်လိုက်နိုင်ပြီဆိုတဲ့ သတင်းအမှား

မော်လမြိုင်၊၂၀  မေ ၂၀၂၀ ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေးကို မြန်မာပြည်မှာ ဖော်ထုတ်နိုင်ပြီဆိုတဲ့ သတင်းအမှားကို naethitmyanmar ဆိုတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝက်ဘ်ဆိုဒ်တစ်ခုကနေဖော်ပြထားတာဖြစ်ပါတယ်။ သတင်းအမှားမှာ ဒီဆေးဟာ တိုင်းရင်းဆေးတစ်မျိုးဖြစ်ပြီး သောက်ဆေး၊ထိုးဆေး အနေနဲ့အသုံးပြုလို့ရတယ်ဆိုပြီး ရေးသားထားပါတယ်။ သတင်းအမှားတင်ထားတဲ့ ဝဘ်ဆိုက်ဒ်ရဲ့ လင့်ခ် ကို ဖေ့ဘွတ်ခ်ပေါ်မှာ ပြန်ပြီးဝေမျှသူပေါင်းက ၁၃၀၀ကျော်ရှိနေတဲ့ အတွက် အချက်အလက်စစ်ဆေးပြီး သတင်းအမှားဖြစ်ကြောင်းပြောပြရခြင်းဖြစ်ပါတယ်။ Claim Request | ကိုရိုနာဗိုင်းရပ်စ်ပျောက်ဆေးကို မြန်မာနိုင်ငံမှာ ဖော်ထုတ်နိုင်ပြီဆိုတာ ဟုတ်သလား? Fact Check|  အခြေအမြစ်မရှိတဲ့ သတင်းအမှားပဲဖြစ်ပါတယ်။ သတင်းအမှားဖြစ်ကြောင်းကို ဘယ်လိုသက်သေပြနိုင်လဲဆိုရင် (၁) ဒီသတင်းမှားမှာ သတင်းတစ်ပုဒ်ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တဲ့ ဒီသတင်းကို ဘယ်က သိရတာလဲဆိုတဲ့ သတင်းရင်းမြစ် လုံးဝမပါတာကိုတွေ့ရပါတယ်။ (၂) ဒီသတင်းကို သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေတဲ့ မည်သည့် ပြည်တွင်း၊ပြည်ပ … Continue reading ကိုရိုနာဗိုင်းရပ်စ် ပျောက်ဆေးကို မြန်မာနိုင်ငံက ဖော်ထုတ်လိုက်နိုင်ပြီဆိုတဲ့ သတင်းအမှား

Covid 19 ဖြစ်နေတဲ့သားကို ပွေ့ချီထားတဲ့ ဖခင်ဆိုပြီးပျံ့နေတဲ့ ဗီဒီယိုဖိုင်က သတင်းအမှားပဲဖြစ်ပါတယ်

မော်လမြိုင်၊ ၁၆ မေ ၂၀၂၀ ဟုတ်တယ် vs မဟုတ်ဘူးရဲ့ အချက်အလက်စစ်ဆေးသူတွေက facebook လူမှုကွန်ရက်မှာ ပျံ့နှံ့နေ တဲ့ ဗီဒီယို တစ်ခုကို သတိပြုမိခဲ့ပါတယ်။ အဲဒီဗီဒီယိုကတော့ Covid ဖြစ်နေတဲ့သားငယ်ကို အဖေက ပွေ့ချီထားတယ်ဆိုပြီး ခေါင်းစဉ်တပ်ရေးသားထားတဲ့ ဗီဒီယိုပဲဖြစ်ပါတယ်။ လူအများအပြားက ဝေမျှတာတွေနဲ့ မှတ်ချက်ပေးတာတွေပြုလုပ်ထားတဲ့အတွက် အချက်အလက်စစ်ဆေးကြည့် တဲ့အခါမှာ သတင်းအမှား ဖြစ်နေတာတွေ့ရတဲ့အတွက် အားလုံးသိအောင် ပြောပြရခြင်းဖြစ်ပါတယ်။ သတင်းအမှားဗီဒီယိုပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက် ဒီဗီဒီယိုကို မြောင်းမြသူလေး  ဆိုတဲ့ ဖေ့ဘွတ်ခ် အကောင့်ကနေ တင်ထားတာဖြစ်ပြီးတော့ မိဘမေတ္တာကြီးမားတာ ကိုရိုးနာဗိုင်းရပ်ဖြစ်နေတဲ့သားကို ပွေ့ချီထားတဲ့ဖခင်  ဆိုတဲ့ စာသားနဲ့ တင်ထားတာဖြစ်ပါတယ်။ ကြည့်ရှုသူပေါင်း ၉၂၀၀၀၀ ကျော် ရှိခဲ့ပြီး  သတင်းအမှားမှန်းမသိပဲ Like and reactions ပြုလုပ်သူ ၄၆၀၀၀ ကျော်နဲ့ … Continue reading Covid 19 ဖြစ်နေတဲ့သားကို ပွေ့ချီထားတဲ့ ဖခင်ဆိုပြီးပျံ့နေတဲ့ ဗီဒီယိုဖိုင်က သတင်းအမှားပဲဖြစ်ပါတယ်

ပညာရေးဝန်ကြီးဌာနရဲ့ဖေ့ဘွတ်ခ်စာမျက်နှာအယောင်ဆောင်ပြီး ဖြန့်နေတဲ့သတင်းအမှား

မော်လမြိုင်၊ ၇ မေ ၂၀၂၀ ဒီတစ်ကြိမ်တင်ပြမယ့် သတင်းအမှားကတော့ .... ပညာရေးဝန်ကြီးဌာနရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာအယောင်ဆောင်ပြီးတော့ Ministry of Education News Myanmarဆိုတဲ့ဖေ့ဘွတ်ခ်ပေ့ချ်ကနေစာမေးပွဲပြန်လည်ဖြေဆိုမယ့်ရက်နဲ့တက္ကသိုလ်ပြန်ဖွင့်မယ့်ရက်ကိုနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပညာရေးဝန်ကြီးဌာနတို့ တိုင်ပင်နေတဲ့အတွက် ကြောင့် မေ ၁၅ရက် နောက်ပိုင်းမှာ သတင်းထုတ်ပြန်မယ်ဆိုပြီး ရေးထားပါတယ်။ ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် +++++++++++++++++++++++++ + Ministry of Education News Myanmar နာမည်ကို ဖေ့ဘွတ်ခ်မှာ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ Page မရှိတော့တာမြင်ရပါတယ်။ ဒါပေမယ့် ဖေ့ဘွတ်ခ်ရဲ့ အသိအမှတ်ပြု BlueMark ရထားတဲ့ Ministry of Education,Myanmar ဆိုတဲ့ ပညာရေးဝန်ကြီးဌာရဲ့ တရားဝင် ဖေ့ဘွတ်ခ်ပေ့ချ်ကိုသာတွေ့ရပါတယ်။ အဲဒီပေ့ချ်မှာတော့ ကျောင်းတွေပြန်ဖွင့်မယ့်ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုပို့စ်တင်ထားတာမရှိပါဘူး။ ဒါ့ကြောင့် ပျံ့နှံ့နေတဲ့ Ministry of … Continue reading ပညာရေးဝန်ကြီးဌာနရဲ့ဖေ့ဘွတ်ခ်စာမျက်နှာအယောင်ဆောင်ပြီး ဖြန့်နေတဲ့သတင်းအမှား