ထိုင်းနိုင်ငံက ပုဂ္ဂလိကဆေးရုံတွေက ကိုရိုနာရောဂါလူနာတွေအတွက် ဆေးကုစရိတ်အားလုံး အစိုးရကပေးမည်

မော်လမြိုင်၊ ၆ ဧပြီ ၂၀၂၀ ထိုင်းနိုင်ငံက ပုဂ္ဂလိကဆေးရုံတွေက ကိုရိုနာရောဂါလူနာတွေအတွက် ဆေးကုစရိတ်အားလုံး အစိုးရကပေးမှာဖြစ်လို့ ဆေးဖိုးမတောင်းဖို့ ထိုင်းအစိုးရက သတိပေးလိုက်ပါတယ်။ တချို့လူနာတွေအတွက်ဆို ဆေးဖိုးစာ ဘတ်ငွေ တသိန်း (မြန်မာကျပ်ငွေ သိန်း၄၀ကျော်) ကျသင့်တာဖြစ်ပါတယ်။ ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ ဆေးဖိုးကုန်ကျစရိတ် တောင်းခံလွှာကို သက်ဆိုင်ရာ အေဂျင်စီကို ပေးပို့ပြီး တောင်းခံရမှာ ဖြစ်ပါတယ်။ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကုန်ကျစရိတ်တောင်ခံခြင်းဆိုင်ရာ ဥပဒေမူကြမ်းဟာ အတည်ပြုပြီးဖြစ်ပြီး မကြာခင်မှာ အသက်ဝင်တော့မှာလဲ ဖြစ်ပါတယ်။ လူနာဟာ ကျန်းမာရေးအာမခံလုပ်ထားတယ်ဆိုရင်တော့ ကျန်းမာရေး အာမခံရဲ့ မူအတိုင်း အရင်လုပ်ဆောင်ပေးကြဖို့ တိုက်တွန်းထားပါတယ်။ အစောပိုင်းမှာတော့ ကျန်းမာရေးဝန်ဆောင်မှုထောက်ပံ့ရေးဌာနဟာ ကိုဗစ် 19 ကုသမှုစရိတ်ကို ထိုင်းနိုင်ငံရဲ့ ကျန်းမာရေးဖူလုံရေးရန်ပုံငွေကနေ ကျခံပေမယ်လို့ ဆိုထားပါတယ်။ လူနာခံစားခွင့်ရှိထားတဲ့ လူမှုဖူလုံရေး အမျိုးအစားအလိုက် ပုဂ္ဂလိကကဏ္ဍတွေမှာ အလုပ်လုပ်တဲ့ … Continue reading ထိုင်းနိုင်ငံက ပုဂ္ဂလိကဆေးရုံတွေက ကိုရိုနာရောဂါလူနာတွေအတွက် ဆေးကုစရိတ်အားလုံး အစိုးရကပေးမည်

Coronavirus ကပ်ရောဂါကြောင့် နိုင်ငံစီးပွားပျက်ကပ်အပေါ်ပူပန်မှုတွေများပြီး ဂျာမဏီနိုင်ငံက ဘဏ္ဍာရေးဝန်ကြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်

မော်လမြိုင်၊ ၃၀ မတ် ၂၀၂၀ ဂျာမဏီနိုင်ငံ ဟက်ဆာပြည်နယ်က ဘဏ္ဍာရေးဝန်ကြီး Mr. Thomas Schaefer ဟာ Coronavirus ကပ်ရောဂါကြောင့် နိုင်ငံစီးပွားပျက်ကပ်အပေါ်ပူပန်မှုတွေများပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် Volker Bouffier က မတ်လ၂၉ရက်နေ့ တနင်္ဂနွေနေ့မှာ ထုတ်ပြန်ကြေညာပါတယ်။ အသက် ၅၄နှစ်အရွယ် ဝန်ကြီး Mr. Schaefer ရဲ့ ရုပ်အလောင်းကို ရထားသံလမ်းအနီးမှာ စနေနေ့က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ မှုခင်းအရာရှိရဲ့ စစ်ဆေးချက်အရ သူဟာ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ကျွန်တော်တို့ အလွန်အံ့သြသွားတယ်။ မယုံနိုင်ဖြစ်ခဲ့ရသလို အရမ်းလဲ ဝမ်နည်းမိပါတယ်” လို့ ဝန်ကြီးချုပ် Bouffier ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဟက်ဆာပြည်နယ်ဟာ ဂျာမဏီနိုင်ငံရဲ့ ဘဏ္ဍာရေးမြို့တော် ဖရန့်ဖတ်မြို့တည်ရှိရာ … Continue reading Coronavirus ကပ်ရောဂါကြောင့် နိုင်ငံစီးပွားပျက်ကပ်အပေါ်ပူပန်မှုတွေများပြီး ဂျာမဏီနိုင်ငံက ဘဏ္ဍာရေးဝန်ကြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်

Coronavirus လူနာတွေမှာ အမျိုးသားတွေ သေဆုံးနှုန်းမြင့်မားနေတာ ဘာကြောင့်လဲ?

မော်လမြိုင်၊ ၃၀ မတ် ၂၀၂၀ Covid-19 ရောဂါဟာ အသက်အရွယ်ကြီးသူတွေနဲ့ ရောဂါအခံရှိပြီးသာ လူတွေကို ပိုပြီး ကူးစက်နိုင်ခြေများပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာထက် အမျိုးသားတွေမှာ ကူးစက်မှု ပိုများပြီး သေဆုံးနှုန်းကလဲ အမျိုးသားတွေမှာ များတယ်လို့ လေ့လာမှုတွေက ဆိုပါတယ်။ တရုတ်ပြည်က လေ့လာမှုတွေအရ အမျိုးသားတွေမှာ သေဆုံးနှုန်း ၂.၈ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးတွေမှာ ၁.၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တရုတ်နိုင်ငံအပြင် ပြင်သစ်၊ ဂျာမဏီ၊ အီရန်၊ အီတလီ၊ တောင်ကိုရီးယားနဲ့ စပိန်နိုင်ငံတွေမှာလဲ အမျိုးသားသေဆုံးနှုန်းက အမျိုးသမီး သေဆုံးနှုန်းထက်များခဲ့ပါတယ်။ အီတလီမှာဆိုရင် အမျိုးသားသေဆုံးနှုန်းက ၇၁ ရာခိုင်နှုန်းအထိ ရှိပြီး စပိန်မှာတော့ အမျိုးသားသေဆုံးနှုန်းက အမျိုးသမီးသေဆုံးနှုန်းထက် နှစ်ဆ ရှိခဲ့ပါတယ်။ ဒါဆို အမျိုးသားတွေမှာ သေဆုံးနှုန်း ဘာလို့မြင့်မားနေရတာပါလဲ? … Continue reading Coronavirus လူနာတွေမှာ အမျိုးသားတွေ သေဆုံးနှုန်းမြင့်မားနေတာ ဘာကြောင့်လဲ?

ဆော်ဒီအာ​ရေဗျနိုင်ငံ၊ ဘာရိန်းနိုင်ငံ၊ ကာတာနိုင်ငံနှင့် အိုမန်နိုင်ငံတွင် ​ရောက်ရှိ​နေကြ​သော မြန်မာနိုင်ငံသားများအတွက် နှိုး​ဆော်ချက်

မော်လမြိုင်၊ ၄ ဇန္နဝါရီ ၂၀၂၀

China jails gene-edited babies scientist for three years တရုပ်သုတေသနဆရာဝန်တဦး ထောင်ချခံရ

မော်လမြိုင်၊ ၃၁ ဒီဇင္ဘာ ၂၀၁၉   ဆေးပညာကျင့်ဝတ်ချိုးဖေါက်မှုနဲ့ တရုပ်တွဲဘက်ပါမောက္ခ He Jiankui ဟီဂျူအင်ကွီကို ထောင် ၃ နှစ် ချမှတ်လိုက်ပါတယ်။   ဒေါက်တာဟီက မျိုးဗီဇပြုပြင်ထားတဲ့ကလေးအမြွာကို ဖန်တီးပြီး မွေးပေးခဲ့တယ်။ HIV ခံနိုင်ရည်ရှိစေအောင်လုပ်နည်းသစ် ဖြစ်ပါတယ်။ သန္ဓေသားကို မျိုးဗီဇပြုပြင်မှုလုပ်တယ်။ တားမြစ်ထားတာကို သုတေသနလုပ်လို့ ကမ္ဘာ့ တခြားနေရာတွေကပါ ပြစ်တင်တာခံရတယ်။   ဒေါက်တာဟီက ၂၀၁၈ ခုနှစ် နိုဝင်္ဘာလထဲမှာ လူလာ နဲ့ နာနာ အမြွာမွေးတာကို အေပီသတင်းဌာနက ဗီဒီယိုမှတ်တမ်း တင်ခဲ့တယ်။   ဒေါက်တာဟီကို ငွေဒဏ် ယွန် ၃ သန်း (ဒေါ်လာ ၄ သိန်း ၃ သောင်း) ပါချမှတ်တယ်။ အလုပ်ပြုတ်တယ်။ သူနဲ့အတူ … Continue reading China jails gene-edited babies scientist for three years တရုပ်သုတေသနဆရာဝန်တဦး ထောင်ချခံရ

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၁ရက်နေ့ ICJ ဒုတိယနေ့ မြန်မာနိုင်ငံဘက်မှ လျှောက်လဲမှုကို အောက်ပါ Link ကတဆင့် တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

http://webtv.un.org/live-now/watch/the-hague-icj-holds-hearings-in-the-case-the-gambia-v.-myanmar/5724217175001?fbclid=IwAR0U5sCPlQXSm1MXNDt9GZRh0rPITCKgk6363JWDTdgQ4FWD7A8DYHcogy4  

၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၀ရက်နေ့ ICJ ပထမနေ့ ဂမ်ဘီယာ လျှောက်လဲမှုကို အောက်ပါ Link ကတဆင့် တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ်။

http://webtv.un.org/live-now/watch/the-hague-icj-holds-hearings-in-the-case-the-gambia-v.-myanmar/5724217175001?fbclid=IwAR0YrbCE1BeDyf-Lqi1j6R0n2Y9rjLw9oB_CjONFWDwPJcoqesw8RC3lros  

မိုဘိုင်းဖုန်းတွေ မရှိတော့ရင် အထီးကျန်ကမ္ဘာသစ်ထဲ ရောက်သွားမလား

မော်လမြိုင်၊ ၁၈ စက်တင်ဘာ ၂၀၁၉   ဒီစာကို မိုဘိုင်းဖုန်းလေး လက်နဲ့ကိုင်ပြီး ဖတ်နေတာလား မိတ်ဆွေ? ဒါဆို သင်က ကံကောင်းတာပေါ့။ သင့်ဖုန်းသာ ရုတ်တရက် မရှိတော့ဘူးဆိုပြီး စိတ်ကူးကြည့်လိုက်ပါ။ အထီးကျန်သလို ဖြစ်သွားလား? ရူးချင်ချင်ဖြစ်သွားလား? တကယ်ဆို ကျွန်တော်တို့တတွေဟာ ဖုန်းတွေကြည့်ရင်းသာ အချိန်ကုန်ပြီး မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုတွေကို လျစ်လျူရှုနေခဲ့တာ အတော်ကြာပါပြီ။ ဖုန်းကလေးကိုင်ပြီး ကြည့်နေမှသာ ပုံမှန်လို ဖြစ်နေခဲ့တဲ့ ကျွန်တော်တို့ ဘဝတွေဟာ ဖုန်းမရှိရင် တော်တော်အထီးကျန်ရမှာ အမှန်ပါ။   အမေရိကန် ဓာတ်ပုံဆရာ Eric Pickersgill က “ဖယ်ရှာခြင်း” ဆိုတဲ့ ခေါင်းစဉ်နဲ့ လူတွေဟာ မိုဘိုင်းဖုန်းတွေသုံးနေတဲ့ဟန်နဲ့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ အဲဒီအခါ လူတွေရဲ့ ပုံစံတွေဟာ ဘယ်လောက်ထူးဆန်းနေလဲဆိုတာကို ပြသချင်တာဖြစ်ပါတယ်။ … Continue reading မိုဘိုင်းဖုန်းတွေ မရှိတော့ရင် အထီးကျန်ကမ္ဘာသစ်ထဲ ရောက်သွားမလား

ဓာတ်ပုံတွေကတဆင့် ဟွာဝေးစက်ရုံထဲကို တခေါက်လောက်သွားကြည့်ရအောင်

မော်လမြိုင်၊ ၂၃ မေ ၂၀၁၉ တရုတ်နိုင်ငံ ရှန်စန်းမြို့ရဲ့ စီလီကွန်တောင်ကြားထဲက ဟွာဝေးစက်ရုံထဲကို ဓာတ်ပုံသတင်းထောက် Kevin Frayer တယောက်ဝင်ပြီး ဓာတ်ပုံမှတ်တမ်းယူခွင့်ရခဲ့ပါတယ်။ သူ့ရဲ့ ဓာတ်ပုံတွေက တဆင့် ဟွာဝေးစက်ရုံထဲကို တခေါက်လောက် သွားကြည့်ကြရအောင်ပါ။ တကမ္ဘာလုံးက ဟွာဝေးစက်ရုံတွေထဲမှာ ၀န်ထမ်းပေါင်း တသိန်းရှစ်သောင်းကျော်ရှိပါတယ်။ သူတို့တွေရဲ့ တ၀က်လောက်က သုတေသနနဲ့ ဖွံ့ဖြိုးရေး ကဏ္ဍတွေမှာ လုပ်ကြတဲ့သူတွေပါ။ ဟွာဝေးဟာ သူ့ရဲ့ 5G နက်ဝက်နည်းပညာအတွက် နိုင်ငံခြားက ပညာရှင်တွေကို ငှားရမ်းထားပြီး နည်းပညာနယ်ပယ်မှာ တရုတ်ရဲ့ လွှမ်းမိုးမှု ပိုကြီးလာအောင် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ နည်းပညာကိုစိတ်ဝင်စားတဲ့လူတွေကတော့ ဟွာဝေးရဲ့ စက်ရုံအတွင်းထဲ ဘာတွေရှိမလဲဆိုတာ စိတ်ဝင်စားကြမယ် ထင်ပါတယ်။ နိုင်ငံရေးစိန်ခေါ်မှု အကြီးကြီးတွေ ရင်ဆိုင်နေရတဲ့ ဟွာဝေးဟာ အနောက်နိုင်ငံသားသတင်းထောက်တွေကို လာရောက်ဖို့ ဖိတ်ခေါ်တာ … Continue reading ဓာတ်ပုံတွေကတဆင့် ဟွာဝေးစက်ရုံထဲကို တခေါက်လောက်သွားကြည့်ရအောင်

Google က Huawei နဲ့ စီးပွားရေးလုပ်ငန်းအချို့ ရပ်ဆိုင်း

မော်လမြိုင်၊ ၂၀ မေ ၂၀၁၉ ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့က အမေရိကန်သမ္မတ ထရမ့်က ဟွာဝေး ကုမ္ပဏီ နဲ့ ဆက်စပ်စီးပွားရေးလုပ်ငန်းခွဲ ၇၀ ကို ကုန်သွယ်ရေးနာမည်ပျက်စာရင်းသွင်းတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အမိန့်အရ အမေရိကန် နည်းပညာကုမ္ပဏီ တွေဟာ ဟွာဝေး ကို နည်းပညာလွှဲပြောင်းခြင်း၊ ပစ္စည်းရောင်းချ ခြင်းတွေလုပ်မယ်ဆိုရင် အမေရိကန်အစိုးရရဲ့ ခွင့်ပြုချက်ကို ရယူရမှာဖြစ်ပါတယ်။ အဲဒီအမိန့်ဟာ မေလ ၁၇ ရက်နေ့မှာ စတင်အသက်ဝင်ခဲ့ပြီး အဲဒါရဲ့အကျိုးဆက်အဖြစ် ဂူဂဲလ် ကုမ္ပဏီ က ဟွာဝေးနဲ့ ပူးပေါင်းဆောင်ရွက်မှုအချို့ ကို ရပ်ဆိုင်းလိုက်ကြောင်း ဒီနေ့ သတင်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါ့ကြောင့် ဟွာဝေး ကုမ္ပဏီ ဟာ Android Version အသစ်ကို … Continue reading Google က Huawei နဲ့ စီးပွားရေးလုပ်ငန်းအချို့ ရပ်ဆိုင်း