မော်လမြိုင် ပန်းချီ၊ပန်းပု၊ဂီတဖျော်ဖြေပြသပွဲတတိယနေ့မြင်ကွင်း

မော်လမြိုင်၊ ၁၂ ဇန်နဝါရီ ၂၀၁၈ မော်လမြိုင်မြို့ ၊ကမ်းနားလမ်း ရေပေါ်ညဈေးရင်ပြင်မှာ ဇန်နဝါရီ ၁၀ နေ့ကနေ ၁၄ ရက်နေ့အထိ ၅ ရက်တာကျင်းပနေတာပါ။ညနေ ၅ နာရီကစလို့ ည ၁၀ နာရီအထိ ပြသဖျော်ဖြေနေတာဖြစ်ပါတယ်။ Mawlamyine Daily

မော်လမြိုင်မြို့က နှစ်(၇၀)ပြည့် အာဇာနည်နေ့ မြင်ကွင်း

မော်လမြိုင်၊ ၁၉ ဇူလိုင် ၂၀၁၇ မော်လမြိုင်မြို့ ၊သံလွင်ဥယျာဉ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ထံ ပြည်နယ်အစိုးရအဖွဲ့၊လွှတ်တော်၊ဌာနဆိုင်ရာအသီးသီးနဲ့ ပြည်သူတွေ ဇူလိုင်(၁၉ )ရက်နေ့ နှစ် (၇၀)ပြည့် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်ပြီး အာဇာနည်(၉) ဦးအား လာရောက်ဂါရဝပြုခဲ့ပါတယ်။ Mawlamyine Daily

မော်လမြိုင်က သစ်သားလမ်းကလေး (သို့) သာဒွေးလမ်းကြား

မော်လမြိုင်၊၁၈ ဇွန် ၂၀၁၇ လမ်းကြိုလမ်းကြား၊လမ်းမကြီးလို့ဆိုလိုက်ပြီဆိုတာနဲ့ မြေသားလမ်းလား၊ကတ္တရာလမ်းလား၊ကွန်ကရစ်လမ်းလားလို့တွေးထင်ကြမှာပါ။မော်လမြိုင်မြို့ အုန်းတောရပ်မှာတော့ တစ်အိမ်နဲ့တစ်အိမ်၊တစ်နေရာနဲ့တစ်နေရာ ကူးလူး သွားလို့ဖို့ သစ်သားတံတားဆောက်လုပ်လို့ လမ်းအဖြစ်အ သုံးပြုနေကြ ပါတယ်။ အိမ်ထောင်ခြေ (၃၀)ဝန်းကျင်ကအဆိုပါသစ်သားတံတားလမ်းကလေးကို ကိုယ်ထူကိုယ်ထ ပြုပြင်ဆောက်လုပ်လို့ အသုံးပြုနေကြတဲ့ လမ်းကြား ကလေးပေါ့။ မော်လမြိုင်မှာတော့ သာဒွေးလမ်းကြားလို့ခေါ်ပါတယ်။ Mawlamyine Daily

မော်လမြိုင် သင်္ကြန်အကျနေ့မြင်ကွင်း

မော်လမြိုင်၊ ၁၄ ဧပြီ ၂၀၁၇

မော်လမြိုင် သင်္ကြန်အကျနေ့ မြင်ကွင်းများ

မော်လမြိုင်၊ ၁၄ ဧပြီ၂၀၁၇

ရွှေဟင်္သာ ပြန်လာပြီ

မော်လမြိုင်၊ ၂၁ သြဂုတ် ၂၀၁၆ မုတ္တမ-မော်လမြိုင် သံလွင်မြစ်ကူးတံတားအဆင်း မော်လမြိုင်မြို့အဝင် အဝိုင်းမှာတပ်ဆင်ထားတဲ့ ရွှေဟင်္သာရုပ်တုကို သြဂုတ် ၁၄ ရက်နေ့မနက်က ဖွင့်လှစ်ခဲ့တာပါ။ ရိုက်ကူး - A Chark ၊ Mawlamyine Daily    

မော်လမြိုင် မြင်ကွင်း

မော်လမြိုင်၊ ၂၅ မေ ၂၀၁၆ မော်လမြိုင်၊ကမ်းနားလမ်း၊ကျားတံတားအနီး ညနေခင်း သဲသောင်ပြင် ဘောလုံးကစားနေကြစဉ်။

မော်လမြိုင် မြင်ကွင်း

မော်လမြိုင်၊ ၂၄ မေ ၂၀၁၆ မော်လမြိုင်မြို့ ၊ဒိုင်းဝန်ကွင်းဈေးအနီး မိုးသည်းထဲ အောက်ခြေစည်ပင် လုပ်သားတွေရဲ့ အမှိုက်ကျုံးမြင်ကွင်း။ ဓါတ်ပုံ- ပိုင်သူငြိမ်း