ဘားအံမြို့က “တက်တူးတွေနဲ့ အကင်”

ဘားအံ ၊ ၂၈ ဇန်နဝါရီ ၂၀၁၈ “ဘာ … အသားကင်မှာ တက်တူးတွေနဲ့” ..... အဲလိုတော့ မထင်လိုက်ပါနဲ့။ တက်တူးရေးဆွဲဖန်တီးသူတွေဟာ အနုပညာဆန်တဲ့စိတ်နဲ့ အာရုံစိုက်အ လုပ်လုပ်တတ်တဲ့ စရိုက်အတိုင်း အစားသောက်ချက်ပြုတ်၊ကြော်လှော်ပြီဆို ရင်လည်း ကောင်းမွန်တဲ့အရသာ၊ သန့်သန့်ရှင်းရှင်းသုံး ဆောင်နိုင်ဖို့ အာရုံစိုက် အလုပ်လုပ်တတ်လို့ ဒီဆိုင်ကို “တက်တူးတွေနဲ့ အကင်” လို့ တင်စားခေါ်ဝေါ်လိုက်တာပါ။ ဟုတ်ပါတယ်.. ဒါကတော့ ဘားအံမြို့က Street Food အကင်ဆိုင်ကို ရည်ညွှန်းထား တာပါ။ အမှန်တော့လည်း ဒီဆိုင်မှာ ကိုယ်တိုင်လုပ်၊ကိုယ်တိုင်ကင်နေသူတွေဟာ Professinal တက်တူးရေးဆွဲဖန်တီးသူ လူငယ်တွေပါဘဲ။ သူတို့တွေရဲ့ အဓိကအလုပ်ဖြစ်တဲ့ တနေ့တာ တက်တူးရေးဆွဲတဲ့ အလုပ်ပြီးချိန် ညနေ ရောက်မှဘဲ အကင်ဆိုင်ဖွင့်တာပါ။ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ သွားရောက်အလုပ်လုပ်ခဲ့စဉ်က လေ့လာ … Continue reading ဘားအံမြို့က “တက်တူးတွေနဲ့ အကင်”

ငါးရံ့မရမ်းပြားချက် (မွန်ရိုးရာဟင်း)

မော်လမြိုင်၊ ၂၃ ဧပြီ ၂၀၁၇ တိုင်းရင်းသားတွေရဲ့ ပြည်နယ်တွေကိုရောက်လို့ ရိုးရာဟင်းတွေ မြည်းချင်တဲ့ အာသီသရှိကြမယ်လို့ထင်ပါတယ်။ဒါမှမဟုတ် တိုင်းရင်းသားရိုးရာဟင်းတွေကို ကိုယ်တိုင်စားဖိုမှူးလုပ်ပြီး ချက်ဖို့ ဆန္ဒရှိသူတွေအတွက် Mawlamyine Daily ရဲ့ “မော်လမြိုင်အစား” ကဏ္ဍမှ ငါးရံ့မရမ်းပြားချက် မွန်ရိုးရာဟင်းကို လမ်းညွှန်မိတ်ဆက်ပေးပါရစေ။ မွန်ပြည်နယ် မော်လမြိုင်မြို့ကိုရောက်လို့ မွန်ရိုးရာဟင်းကို မြည်းမယ့်ပုဂ္ဂိုလ်တွေ ကတော့ မော်လမြိုင်တက္ကသိုလ် အနီးက တာဝတိံ Food Court ကိုညွှန်းပါရစေ။တောင်ဝိုင်းလမ်းမ၊ ကုန်းထိပ်အနီးရောက်ရင် တာဝတိံ လို့မေးလိုက်ရင်ရပါပြီ။တောင်ဝိုင်းလမ်းပေါ်မှာဆိုတော့ ရှာလို့လွယ်ပါတယ်။ ငါးရံ့မရမ်းပြား မွန်ရိုးရာဟင်းတစ်ခွက်ရဖို့ ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်ကို တာဝတိံမှ စားဖိုမှူးက Mawlamyine Daily ကိုချက်ပြုတ်လို့ရှင်းပြခဲ့ပါတယ်။ ပြင်ဆင်ပြုလုပ် =========== ငါးရံ့မရမ်းပြားဟင်းကို ကိုယ်တိုင်ချက်လုပ်မယ်ဆိုရင်တော့ ဦးစွာပထမ ငါးရံ့ကိုကြေးခွံခွာလို့ ဗိုက်ခွဲပြီးအတွင်းကလီစာတွေထုတ်ယူရမှာပါ။ရလာတဲ့ ငါးရံ့ကို … Continue reading ငါးရံ့မရမ်းပြားချက် (မွန်ရိုးရာဟင်း)

မော်လမြိုင် မုန့်ပျားသလက်(မုန့်ပစ်စလက်)(ခေါ်)ခေါက်မုန့်

မော်လမြိုင်၊ ၁ စက်တင်ဘာ ၂၀၁၆ မိုးတွင်းကာလရောက် မှ၊ နေ့လည် (၁၂)နာရီဝန်းကျင်ကနေ ညနေ (၄)နာရီ ဝန်းကျင်အတွင်း သွားနိုင် မှ၊ စားလို့ရနိုင်တဲ့ မော်လမြိုင်မြို့ ၊ဒိုင်းဝန်ကွင်းရပ်၊ဂတ်တဲထိပ်က မော်လမြိုင် မုန့်ပျားသလက်(ခေါ်)ခေါက်မုန့် ပါ။ ရပ်ကွက်ထဲက လက်ဘက်ရည်ဆိုင်တွေမှာ တွေ့မြင်နေကြ နံပြား အရွယ်နီးပါးရှိတဲ့ ဂတ်တဲထိပ်က မော်လမြိုင် မုန့်ပျားသလက်(ခေါ်)ခေါက်မုန့် ကို မြို့ ပေါက်ဝ ဘိုဘိုကြီး နတ်နန်းရှေ့ ၊မျက်နှာချင်းဆိုင် ပလက်ဖောင်းအနီးမှာ မိုးကာအဖီချလို့ ဖွင့်ထားတဲ့ ဆိုင်လေးအတွင်းမှာ…….. ရိုးရိုး (၂၀၀)။ (၃)ခု ယူရင်တော့ (၅၀၀)။ ကြက်ဥနဲ့ဆို ၃၀၀ ကျပ်နဲ့ ဝယ်စားလို့ရပါတယ်။ “တစ်ခုတည်း စားရမှာ မဝသေးလို့ အပေါင်းအသင်း မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ စားမလို့ မိဘ၊မောင်နှမ မိသားစုတွေအတွက် ဝယ်သွားမလို့” … Continue reading မော်လမြိုင် မုန့်ပျားသလက်(မုန့်ပစ်စလက်)(ခေါ်)ခေါက်မုန့်

မော်လမြိုင် အကြောင်းသိဖို့ Mawlamyine Daily App

မော်လမြိုင် ၊ ၂၄ ဧပြီ ၂၀၁၆ Android သုံးတဲ့ သူတွေအတွက် Mawlamyine Daily Public Media သတင်းဌာန ရဲ့ Application လေးပါ။ မော်လမြိုင်နဲ့ ပတ်သက်တဲ့သတင်းတွေ အဖြစ်အပျက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့ ပေးထားတဲ့ Link လေးကနေ Download လုပ်ပြီး ဖုန်းထဲမှာ Install လုပ်ထားလိုက်ကြပါဦးနော်။ သိပ်မကြာခင်မှာလဲ iOS သုံးတဲ့ သူတွေအတွက် Application ကို တင်ပေးပါ့မယ်။ https://www.sendspace.com/file/7joa1a

မော်လမြိုင် အကြောင်းသိဖို့ Mawlamyine Daily App

မော်လမြိုင် ၊ ၂၄ ဧပြီ ၂၀၁၆ Android သုံးတဲ့ သူတွေအတွက် Mawlamyine Daily Public Media သတင်းဌာန ရဲ့ Application လေးပါ။ မော်လမြိုင်နဲ့ ပတ်သက်တဲ့သတင်းတွေ အဖြစ်အပျက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့ ပေးထားတဲ့ Link လေးကနေ Download လုပ်ပြီး ဖုန်းထဲမှာ Install လုပ်ထားလိုက်ကြပါဦးနော်။ သိပ်မကြာခင်မှာလဲ iOS သုံးတဲ့ သူတွေအတွက် Application ကို တင်ပေးပါ့မယ်။ https://www.sendspace.com/file/7joa1a

မော်လမြိုင် သင်္ကြန်နှင့် မုန့်လုံးရေပေါ်

မော်လမြိုင်၊၁၃ ဧပြီ ၂၀၁၆ မော်လမြိုင်မြို့ ၊ကမ်းနားလမ်းမှာ ရတနာမွန်ဆေးရုံ ဝန်ထမ်းတွေက သင်္ကြန် စတုဒီသာကျွေးဖို့ ဧပြီ ၁၃ ရက်နေ့ သင်္ကြန်အကျနေက မုန့်လုံးရေပေါ်လုပ်နေကြတာပါ။ ရတနာမွန်ဆေးရုံမိသားစုဝင်တွေဟာ ဒီနှစ်မော်လမြိုင်မှာ ကျရောက်မယ့် သင်္ကြန်ကာလ ၆ ရက်စလုံး စတုဒီသာဖြင့် ကျွေးမွေးဧည့်ခံသွားဖို့ရှိနေပါတယ်။ မော်လမြိုင်အပါဝင် မြန်မာနိုင်ငံမှာတော့ သင်္ကြန်ကာလရောက်ပြီဆိုရင် စတုဒီသာ လည်းကျွေးမွေးတတ်ကြပါတယ်။မော်လမြိုင်မှာတော့ သင်္ကြန်စတုဒီသာ အနေနဲ့ မုန့်လုံးရေပေါ်၊မုန့်လက်ဆောင်း၊သင်္ကြန်ထမင်းအပြင် ထမင်း၊ဟင်း တွေကိုလည်း ကျွေးမွေးတတ်ကြပါတယ်။ Mawlamyine Daily

မွန်တို့ရဲ့ ရိုးရာအစားစာ သင်္ကြန်ထမင်း

မော်လမြိုင်၊ ၁၀ ဧပြီ ၂၀၁၆ “သင်္ကြန်နှစ်ဦး တူးပို့ တူးပို့ တူးသံမြူးသာယာ….. သင်္ကြန်မယ်များ တူးပို့ တူးပို့ တူးမာရဲ့နော်ဗျာ….. ငွေငန်းသံစုံ တူးပို့ တူးပို့ အာရုံဖျော်ဖြေတာ…..” ဟောင်းနေပြီဖြစ်ပေမယ့် မရိုးနိုင်တဲ့ သင်္ကြန်သီချင်းကြားလိုက်မှဘဲ ၊သြော် နောက်နှစ်ရက်နေရင် ဘာလိုလိုနဲ့ သင်္ကြန် ကျတော့မှာပါလား။ မော်လမြိုင်မြို့ မြို့ နှံ့ အထူးသဖြင့် ကားနားလမ်းမှာတော့ သင်္ကြန်မဏ္ဍပ်တွေ ဆောက်လို့ လူငယ်တွေ စုစုရုံးရုံး၊မြို့ အတွင်းမှာဆိုရင်လည်း ဆိုယ်ကယ်တွေ အရောင်တူဖန်တီးထားတဲ့ အစုအဖွဲ့တွေကို တွေ့နေရတော့ သင်္ကြန် လည်ဖို့ ကြိုတင်ပြင်ဆင်နေတာကိုတွေ့နေရပြီ။ မြန်မာ့နှစ်သစ်ကူးကာလမှာ မြန်မာနို်င်ငံသားတွေ သင်္ကြန်ကို ပုံစံအမျိုးမျိုး နဲ့ဖြတ်သန်းနေကြတော၊မွန်ပြည်နယ် အတွင်းက မွန်တိုင်းရင်းသားတွေ ကတော့ သင်္ကြန်ကာလကို ဘယ်လိုဖြတ်သန်းနေကြပါလဲ။ နှစ်ဟောင်းကုန်လို့ နှစ်သစ် ကူးပြောင်းတဲ့ နှစ်သစ်ဦး … Continue reading မွန်တို့ရဲ့ ရိုးရာအစားစာ သင်္ကြန်ထမင်း

ကမ်းနားလမ်းက ပူပူနွေးနွေးဆန်ပြုတ်

မော်လမြိုင်၊၁၇ ဖေဖော်ဝါရီ ၂၀၁၆ “ ကြက်သားကိုဆားနဲနဲထည့်ပြီး ရေနဲ့အရင်ပြုတ်လိုက်တယ်” “နူးအိသွားပြီဆိုရင် ကြက်သားကိုဆယ်ထုတ်ပြီး အသားတွေကို မျှင်လိုက်တယ်” “သီးသန့် ပြုတ်ထားတဲ့ ဆန်ပြုတ်အိုးထဲကို ခုနက ကြက်သားအရည်တွေနဲ့ ကြက်သားမျှင်တွေကိုရောထည့်လိုက်တယ်” “ပြီးရင်တော့ ပူပူနွေးနွေးလေးဖြစ်နေအောင်လို့ မီးသွေးမီးဖိုပေါ်တင်ပြီး နွေးထားလိုက်တယ်” “စားသုံးသူလာမှဘဲ နွေးထားတဲ့ အိုးထဲကဆန်ပြုတ်ကို ပန်းကန်လုံးထဲထည့်၊ ကြက်သွန်ဖြူ ဆီချက်၊တရုတ်နံနံ၊ငရုတ်ကောင်း တွေထည့်ပြီး ပြင်ပေး လိုက်တာပါ” “ကျမဆိုင်မှာတော့ ဆန်ပြုတ်ကို အများဆုံးအားပေးကြတယ်။အီကြာကွေး နဲ့လည်း တွဲဘက်စားသုံးကြတယ်” ဆိုင်အတွင်းလာရောက်စားသုံးမယ့်သူတွေအတွက် ဆန်ပြုတ်ပွဲတွေချပေးရင်း အလုပ်များ နေတဲ့ မဇာနည်အောင် ကပြောပြနေတာပါ။ မနက်စာ စားသောက်မယ့် စားသုံးသူတွေလာရောက်ကြတော့ မဇာနည်အောင် တယောက်အ လုပ်များနေတာပေါ့။ဆိုင်က အစားသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်သလို စားသုံးသူတွေ အတွက် ကိုယ်တိုင်ပြင်ဆင်ပေးနေရတော့ အလုပ်များနေတာကတော့ အမှန်ပါဘဲ။ အချိန်က မနက် … Continue reading ကမ်းနားလမ်းက ပူပူနွေးနွေးဆန်ပြုတ်

ကဗျာအငွေ့အသက်တွေဝေနေတဲ့ မော်လမြိုင်က “ ကဗျာ ကဖေး”

မော်လမြိုင်၊ ၁၃ ဖေဖော်ဝါရီ ၂၀၁၆ “သူ့ကြောင့်လွတ်လပ်ရေး ရခဲ့တာ” “သူများတွေလုပ်လုပ်၊မလုပ်လုပ် ကျနော်ကတော့ လုပ်မှာဘဲ” “ဖွင့်ပွဲတွေနဲ့တော့ မလုပ်နိုင်ဘူးပေါ့ဗျာ” ကိုဝေမိုးအိမ်က ပြောနေတာပါ။ကဗျာဆရာ ဝေမိုးအိမ် လို့လူသိများသလို “ကဗျာ ကဖေး” ဆိုင်ပိုင်ရှင်လို့လည်း ရေပန်းစားသူပေါ့။ဒီတနေ့(ဖေဖော်ဝါရီ ၁၃ ) ရက်နေ့မှာကျရောက်တဲ့ ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ ကိုဂုဏ်ပြု တဲ့အနေနဲ့ “ကဗျာ ကဖေး” ဆိုင်မှာ ဗိုလ်ချုပ် အောင်ဆန်း ရဲ့ အဆိုအမိန့်တွေ၊ဓါတ်ပုံတွေ၊ နောက် ဗိုလ်ချုပ်အတွက်ရေးစပ်ထားတဲ့ ကဗျာတွေ၊ကာတွန်း တွေကို ဆိုင်အတွင်း ပြင်ဆင်ပြသထားတာကို ကျေနပ်ဂုဏ်ယူစွာ ရှင်းပြနေတာပေါ့။အခုလို နှစ်စဉ် ဗိုလ်ချုပ်မွေးနေ့ရောက်တိုင်း အခုလို အထိမ်းအမှတ် ပွဲလေး လုပ်နေတာ ဒီနှစ်ပါဆို ၃ နှစ်ရှိနေပြီဖြစ်တဲ့ ကဖေး ဆိုင်လေးပေါ့။ မော်လမြိုင် တက္ကသိုလ်အနီး၊ဦးစစ်မောင်လမ်းမှာဖွင့်လှစ်ထားတဲ့ "ကဗျာ … Continue reading ကဗျာအငွေ့အသက်တွေဝေနေတဲ့ မော်လမြိုင်က “ ကဗျာ ကဖေး”

“ဒိုင်းဝန်းကွင်း ဘိန်းမုန့်”

မော်လမြိုင်၊ ၆ ဖေဖော်ဝါရီ ၂၀၁၆ “ယနေ့ ဘိန်းမုန့်(၁)ခု (၃၀၀)” A4 အဖြူရောင် စာရွက်အပေါ်မှာ အစိမ်းရောင်ဖျော့ဖျော့ စာသားနဲ့ရေးထားတဲ့ စာသား ကို ပလပ်စတစ်လောင်းပြီး အိမ်အပြင်ဘက် နံရံမှာကပ်ထားတဲ့ ဈေးနှုန်းကြေငြာ စာရွက်က စာသားတွေပါ။ ဈေးနှုန်းကပ်လွှာရဲ့ ညာဘက် အပေါ်နားလေးမှာတော့အရွယ်ခပ်ငယ်ငယ် ဘုရားစင်လေးတ ခုပေါ်မှာ ဗုဒ္ဓဆင်းတု တော်တဆူကို ပန်းအိုးထိုးပြီးလည်းပူဇော်ထားတာပေါ့။ ဘုရားစင်အောက်၊အိမ်အပြင်နံရံနဲ့တဆက်တည်းမှာတော့ အရှည် ၇ ပေခန့်၊အလျား ၄ ပေ ခန့်၊ အမြင့် ၃ ပေနီးပါးရှိတဲ့ ကွပ်ပျစ်တခုပေါ်မှာတော့မီးသွေးဖို၊အရောင်းခုံဗန်း၊သတ္တုအိုးကြီး၊ အိုးလေး တွေ၊ ကြက်ဥ တွေစီထည့်ထားတဲ့ ကြက်ဥကဒ် တွေ၊နောက်ပြီး ခြစ်ပြီးသားအုန်း သီးတွေ ထည့် ထားတဲ့ ဇလုံ၊မြေပဲနဲ့ နှမ်းတွေကို သမအောင် ရောပြီးထည့်ထားတဲ့ ဇလုံတွေရဲ့ ကြားမှာတော့ … Continue reading “ဒိုင်းဝန်းကွင်း ဘိန်းမုန့်”