မော်လမြိုင် အကြောင်းသိဖို့ Mawlamyine Daily App

မော်လမြိုင် ၊ ၂၄ ဧပြီ ၂၀၁၆ Android သုံးတဲ့ သူတွေအတွက် Mawlamyine Daily Public Media သတင်းဌာန ရဲ့ Application လေးပါ။ မော်လမြိုင်နဲ့ ပတ်သက်တဲ့သတင်းတွေ အဖြစ်အပျက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့ ပေးထားတဲ့ Link လေးကနေ Download လုပ်ပြီး ဖုန်းထဲမှာ Install လုပ်ထားလိုက်ကြပါဦးနော်။ သိပ်မကြာခင်မှာလဲ iOS သုံးတဲ့ သူတွေအတွက် Application ကို တင်ပေးပါ့မယ်။ https://www.sendspace.com/file/7joa1a

မော်လမြိုင်မှ အလွဲများ

မော်လမြိုင်၊ ၁၃ ဧပြီ ၂၀၁၆ မော်လမြိုင်မြို့ ၊ကမ်းနားလမ်း၊လမ်းဘေးဈေးရောင်းနေသည့်မြင်ကွင်းဓါတ်ပုံ။ “ခြံ၊အိမ်ရှေ့ ဈေးမရောင်းရ။မကျူးကျော်ရ။တရားစွဲဆိုခြင်းခံရမည်။” ဆိုတဲ့ အဖြူရောင် စာသား ကိုအနီရောင်ဗီနိုင်းပေါ်မှာရေးသားထားပြီး ခြံတခါးမှာ ချိန်ဆွဲထားတာကိုတွေ့ရမှာပါ။အဆိုပါ စာသားချိန်ဆွဲထားတဲ့ ခြံတခါးရှေ့မှာဘဲ စာသားပါ အဓိပ္ဗာယ်တွေကို အံတုပြီး အစားသောက်တွေနဲ့အချိုရည်တွေကို ဆိုင်ခင်းရောင်း ချနေတဲ့ ဆိုင်ပိုင်ရှင်ကိုလည်း တွေ့ရမှာပါ။ မွန်ပြည်နယ် စည်ပင်ဥပဒေအရ စည်ပင်ကသတ်မှတ်ထားတဲ့ လမ်းနယ်နိမိတ်အတွင်း ကျူးကျော်သူတွေကို စည်ပင်သာယာရေးအဖွဲ့ကသာ တရားစွဲအရေးယူဆောင် ရွက်ရမှာဖြစ်ပါတယ်။ မည်သည့်ဥပဒေနှင့် မည်သူက တရားစွဲမယ်မှန်းမသိရတဲ့ အနီရောင်ဗီနိုင်း နှင့် လမ်းဘေးဈေးဆိုင် ရဲ့ အလွဲအချော်ကို Mawlamyine Daily ရဲ့ “မော်လမြိုင်မှ အလွဲများ” ကဏ္ဍမှ ဖော်ပြလိုက်ပါတယ်။ Mawlamyine Daily Photo - ဆက်နေ