မော်လမြိုင် အကြောင်းသိဖို့ Mawlamyine Daily App

မော်လမြိုင် ၊ ၂၄ ဧပြီ ၂၀၁၆ Android သုံးတဲ့ သူတွေအတွက် Mawlamyine Daily Public Media သတင်းဌာန ရဲ့ Application လေးပါ။ မော်လမြိုင်နဲ့ ပတ်သက်တဲ့သတင်းတွေ အဖြစ်အပျက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့ ပေးထားတဲ့ Link လေးကနေ Download လုပ်ပြီး ဖုန်းထဲမှာ Install လုပ်ထားလိုက်ကြပါဦးနော်။ သိပ်မကြာခင်မှာလဲ iOS သုံးတဲ့ သူတွေအတွက် Application ကို တင်ပေးပါ့မယ်။ https://www.sendspace.com/file/7joa1a

မော်လမြိုင်မှ စည်းကမ်းမဲ့လုပ်ရပ်များ

မော်လမြိုင်၊ ၇ ဧပြီ ၂၀၁၆ “အစိုးရသစ်လက်ထက်တွင် မော်လမြိုင်မြို့ ယဉ်ကြောများ ပိတ်ဆို့မှု၏ အဓိကတရားခံများဖြစ် သော လူသွားဖလက်ဖောင်းကို ကျော်ပြီး ကားလမ်းမပေါ် ပစ္စည်းများခင်းကျင်းရောင်းချနေ သော ဝိသမလောဘ သားများ၏ ဆိုင်ခန်းများကို ထိရောက်စွာ အရေးယူခြင်းဖြင့် (၇)ရက်သား သမီးများ၏ ချစ်မေတ္တာကို ခံယူပါ”လို့ Chan Chan ဆိုတဲ့ Facebook account ပိုင်ရှင်က ဓါတ် ပုံနှင့်တကွဖော်ပြထားသည်ကို Mawlamyine Daily ရဲ့ “မော်လမြိုင်မှ စည်းကမ်းမဲ့လုပ်ရပ်များ” ကဏ္ဍမှ ဖော်ပြလိုက်ပါသည်။ Mawlamyine Daily

မော်လမြိုင်မှ စည်းကမ်းမဲ့လုပ်ရပ်များ

Photo - Mimi Latt (fb) မော်လမြိုင်၊ ၅ ဧပြီ ၂၀၁၆ မော်လမြိုင်မြို့ အများပြည်သူသွားလာရာနေရာ ကမ်းနားလမ်း လူသွားဖလက်ဖောင်းအကာအရံပေါ် အဝတ်အထည်များလှန်းထားပုံမြင်ကွင်း။ Mawlamyine Daily

မော်လမြိုင်မှ စည်းကမ်းမဲ့လုပ်ရပ်များ

မော်လမြိုင်၊ ၃ ဧပြီ ၂၀၁၆ မော်လမြိုင်မြို့ ၊မြိုင်ရတနာ နှစ်ထပ်ဈေးကြီးအတွင်း လူသွားစင်္ကြန်လမ်း မပေါ် ဆိုင်ခင်းကျင်းရောင်းချပုံမြင်ကွင်းများ။ မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့က တိုက်ရိုက်စီမံခန့်ခွဲနေတဲ့ မော်လမြိုင်မြို့ ၊မြိုင်ရတနာ ဈေးတွင်းရောက်ဖူးသူတိုင်း ဈေးအတွင်းကြပ်ကြပ် ညှပ်ညှပ်တိုးဝှေ့သွားလာ ဖူးကြမှာပါ။ စည်ပင်သာယာရေးအဖွဲ့က ဈေးဆိုင်တွေခင်းကျင်းရောင်းချရန်နေရာတွေကို စည်မျဉ်း၊စည်းကမ်းတွေ သတ်မှတ်ထားပေမယ့်လည်း၊စည်ပင်ကထိရောက်စွာ အရေး ယူနိုင်ခြင်းမရှိသလို၊ဈေးသူ၊ဈေးသားတွေကလည်း စည်းကမ်းနဲ့အညီ ရောင်းချခြင်း မရှိကြပါဘူး။ မွန်ပြည်နယ် စည်ပင်သာယာရေးဥပဒေမှာတော့ စည်ပင်သာသတ်မှတ်ထားတဲ့ လမ်းအတွင်း ကျူးကျော်နေသူတွေကို တားမြစ်၊အရေးယူတာတွေ လုပ်ဆောင်ရမယ်လို့ ပြဌာန်းထားပြီးဖြစ်ပါတယ်။ Mawlamyine Daily

မော်လမြိုင်မှ စည်းကမ်းမဲ့သူများ

မော်လမြိုင်၊ ၂ ဧပြီ ၂၀၁၆ မော်လမြိုင်မြို့ အထက်လမ်းမကြီး နှင့် သိပ္ဗံလမ်းထောင့်တွင်ဖွင့်လှစ်ထား သော အေဝမ်း အထူးကုဆေးခန်း မြင်ကွင်းဓါတ်ပုံ။ အဆိုပါနေရာတွင်ဖွင့်လှစ်ထားသည့် ဆေးခန်းသည် မော်လမြိုင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရဲ့ တရားဝင်ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားပါသည်။ Mawlamyine Daily