Bacteria in the Digestive System အစာလမ်းထဲမှာ ဗက်တီးရီးယားတွေနေထိုင်ကြတယ်

မော်လမြိုင်၊ ၁၄ ဧပြီ ၂၀၁၉   ကလေးကို ဝမ်းပိတ်ဆေးလိုမျိုး ဒါမှမဟုတ် တိုင်းရင်းဆေးလိုမျိုး တိုက်ရင် အန္တာရာယ်ရှိပါလားဆရာ။ ကလေး ဝမ်းသွားနေလို့ဆေးတိုက်တာ အူနံရံမှာ ပိုးရှိနေလို့ ဝမ်းသွားခြင်းနဲ့ အူကိုသန့်စေတယ်လို့ ဖတ်ဖူးပါတယ်ဆရာ။ အဲ့ဒါရောမှန်လားဆရာ။   တိုင်းရင်းဆေး ဗမာဆေး တရုပ်ဆေး ကုလားဆေးတွေကို မသိပါ။ ဆောရီး။ တကိုယ်ရေသန့်ရှင်းရေးကို ဘယ်လောက်ပဲ စနစ်ကျလုပ်လုပ် ကလေးတိုင်း လူကြီးတိုင်းရဲ့ အူခေါ် အစာလမ်းကြောင်းထဲမှာ ပိုးမွှားတွေနေထိုင်ကြတယ်။ ဗက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ ဖန်းဂတ်စ်တွေကိုပြောတာ။ Ecosystem အီကိုစနစ်လို့ခေါ်တယ်။ အရေအတွက် ၁၀၀ ထရီလီယန်ရှိမယ်။ အဲလိုသူတို့အိမ်လိုသဘောထားနေကြတဲ့ပိုးမွှားတွေကို Gut flora လို့လည်းခေါ်တယ်။   အဲတာဟာ စိုးရိမ်စရာ မဟုတ်ပါ။ ကိုယ့်အတွက်အကောင်းတွေလုပ်ပေးနေကြပါတယ်။   ၁။ Produce vitamin …

Women and Urinary Tract အမျိုးသမီးနဲ့ ဆီးလမ်းကြောင်းရောဂါ

မော်လမြိုင်၊ ၁၃ ဧပြီ ၂၀၁၉   (ကန်တော့ပါ)   ၁။ ဆရာရှင့် ကန်တော့ပါနော်။ ကျမအသက် ၂၅ နှစ်ပါ။ အိမ်ထောင်သက် ၃ နှစ်ပါ။ ဒီရက် ရေသောက် နည်းတာကနေ လင်မယာ့း့ ပြီး ဆီးအောင့် ဆီးသွားရင်ကိုက်နေပါတယ်ဆရာ။ အဲ့ဒါ ဘာဆေး သောက်ရမလဲဆရာ။ ကျေးဇူးပြုပြီး အမြန်ပြန်ဖြေပေးပါဆရာ။   ၂။ ဆရာ ဆီးက သွားချင်ပြီး မထွက်ဘူးဆရာ ဘာဖြစ်နိုင်လဲ ဆရာ ဆီးအိမ်တင်းပြီး ဆီးသွားချင်တယ်။ ဆီးက မထွက်တာ။ နေရထိုင်ရ ခက်တယ်ဆရာ။   ဖြစ်နေသူ ကျား-မ-အသက် စတာမသိပါ။   ၃။ ဆရာရှင့် အသက် ၃၆၊ အမျိုးသမီး၊ အိမ်ထောင်ရှိ၊ ကလေး …

Menstrual Suppression ရာသီကိုပြောင်းစေနည်း

မော်လမြိုင်၊ ၁၂ ဧပြီ ၂၀၁၉   သင်္ကြန်နဲ့ ရာသီရက် တိုက်နေမှာစိုးလို့ ရာသီရက်ရွေ့နည်းစာကို တလတိတိကကြိုတင်ပေးထားတယ်။ နောက် နှစ်ပတ်တော့တခါ ထပ်တင်ပေးထားတယ်။   ၁။ Hi ဆရာ တခုလောက်မေးချင်လို့ပါရှင့် ကန်တော့ပါနော် ရာသီခုမှစလာတာ ရေပက်ခံထွက်လို့ရမရ ပြောပြပေးလို့ ရမလားရှင့်။   မေးတဲ့သူ အသက် မသိပါ။ အိမ်ထောင်ရေး မသိပါ။ ကျန်တာတွေလည်း မသိပါ။   မေးတဲ့သူ အရွယ်ရောက်မှ သင်္ကြန် ဘယ်နှစ်ကြိမ်ကျပြီးလဲ။ အရင်သင်္ကြန်တွေမှာကော ရာသီအတွက် ဘယ်လိုနေခဲ့လဲ။   ၂။ ဆရာ သမီး အသက် ၁၈ နှစ်ပါ အရေးတကြီး project တခုရှိလို့ ဆရာဝန်ပြောတဲ့ norethisterone (Menoral) ကို period ရက်နဲ့မတိုင်ခင် …

OSAS အိပ်စက်ခြင်းဆိုင်ရာရောဂါ

မော်လမြိုင်၊ ၁၁ ဧပြီ ၂၀၁၉   အသက် ၆၁ နှစ် အမျိုးသမီးပါရှင်။ ဆီးချို ရောဂါ ရှိတာ (၁၀ )နှစ်ရှိပါပြီ။ လွန်ခဲ့တဲ့ (၁) လောက်က မောမောလာလို့ အဆုတ်အထူးကုနဲ့ပြကြည့်တော့ အာက်ဆီဂျင်က ၆၀ ပဲရှိလို့ အရေးပေါ်ဆေးရုံတက်ခဲ့ပါတယ်။ Obstructive Sleep Apnea Syndrome (OSAS) ရောဂါလို့ပြောပါတယ်။ BiPAP စက်တပ်ဖို့လိုအပ်တယ်ပြောလို့ပါရှင့်။ အောက်ဆီဂျင် ကို တနေ့လုံးနီးပါး ရှူနေရပါတယ်။ အိပ်ချိန် မရှူမိရင် ၅၀ ကျော်လောက်ပဲရှိလို့ပါ ဆရာ။ လိုအပ်မယ်ထင်တဲ့ ဆေးစစ်ချက်လေးတွေ ပူးတွဲပို့ပေးလိုက်ပါတယ်။ အမှားပါတာများရှိရင်လည်း ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ် ဆရာ။   အထူးကုဆရာဝန်တွေနဲ့ ပြသ ကုသနေတာကောင်း။ ထူးဖြေရန်မရှိပါ။   ဟုတ်ကဲ့ပါဆရာ။ မေးခွန်းမပါသလိုဖြစ်သွားတယ်ထင်ပါတယ်။ …

Air travel and infants ကလေးငယ်နဲ့ လေကြောင်းခရီး

မော်လမြိုင်၊ ၁၀ ဧပြီ ၂၀၁၉   ဆရာ ကလေးမွေးပြီး ဘယ်လောက်မှာ လေယာဉ်စီးလို့ရမလည်း။ ကလေးသုံးလလေးနဲ့ စီးရင် ကလေးအတွက် အဆင်ပြေလောက်လားဆရာ။   - ကလေးငယ်ဆေးတွေ အများစုအတွက် လေယာဉ်ခရီး စီးရတာအဆင်ပြေပါတယ်။ သတိထားပြင်ဆင်စရာတွေတော့ ရှိတယ်။ - ကလေးအသက်ကို တွက်ချက်စဉ်းစားဘို့ မလိုပါ။ ကလေးဆရာဝန်ကတော့ လိုအပ်မှသာ ခရီးသွားပါလို့တော့ အကြံပေးပါမယ်။ ၆ လအမတိုင်မီမှာ ကာကွယ်ဆေးတွေမစုံသေးပါ။ ကလေးငယ်လေ ခုခံအားစနစ်ဖြစ်ထွန်းမှု နည်းသေးလေဖြစ်လို့ ကူးစက်ရောဂါပိုရလာနိုင်တယ်။ လူအများစုကြားသွာလာတိုင်း ဒီအချက်ကို သတိပြုရတာပါ။ - နားကိုတော့ လူကြီးတွေမှာလို သတိထားရမယ်။ ပတ်ဝန်းကျင်ဖိအား မတူရင် နားကိုသက်ရောက်ခံရတယ်။ နားအလယ်ပိုင်းဖိအားကို ပြောင်းလဲစေတယ်။ နားကိုက်လာတတ်တယ်။ အဲတာသက်သာအောင် ကလေးကို စို့စရာပိုပေးထားသင့်တယ်။ နို့ဗူးဖြစ်စေ၊ ပါးစပ်ထဲထည့်ထားရတဲ့ Pacifier …

ကိုကာကိုလာ ပါရာစီတမော ဒူးရင်းသီး

မော်လမြိုင်၊ ၉ ဧပြီ ၂၀၁၉   သူများတွေ တင်ထားတာတခု အခုပဲ တွေ့ပါတယ်။ ကျွန်တော့်မှာ ဆေးကြော်ငြာတွေနဲ့လည်း ရန်ဖြစ်ရ၊ ကျန်းမာရေး သတိပေးစာတွေနဲ့လည်း အတိုက်အခံ ပြုနေရတယ်။ အလည်ပြန်ရင် အဲလိုလူတွေက ရန်ပြုကြမလား မသိပါ။ မတတ်နိုင်။ အသိပညာအစစ်အမှန်ကိုသာ တန်ဖိုးထားသူတွေက ပိုများလို့ ထမင်းဖိတ်ကျွေးမဲ့သူတွေက မနည်းပါ။   Ibuprofen အိုင်ဘူပရိုဖင်ဆေးနဲ့ Coca-Cola တွဲသောက်ရင် ဘာဖြစ်မလဲ   ဆေးကို အစာလမ်းကနေ စုပ်ယူနိုင်စွမ်းများစေတယ်။ ဒါပေမဲ လူကို ဒုက္ခပေးလောက်အောင် မဆိုးပါ။   Acetaminophen ခေါ် Tylenol ခေါ် ပါရာစီတမောဆေးနဲ့ Coca-Cola တွဲသောက်ရင် ဘာဖြစ်မလဲ   Chemical Research in Toxicology ဓါတုအဆိပ်ဖြစ်သုတေသနက …

Scalp Infections ဦးရေခွံပိုးဝင်ခြင်း

မော်လမြိုင်၊ ၈ ဧပြီ ၂၀၁၉   ဆရာရေ သမီးခေါင်းမှာအနာတွေပေါက်နေလို့ အထူးသဖြင့်ခေါင်းနောင်ခြမ်း သကာရည်ကြည်တွေထွက်နေတယ် အနာလည်းရင်းနေတယ် ကိုယ်မှာပဲဖြစ်ဖြစ် ခြေမှာဖြစ်ဖြစ်အနာဖြစ်ရင်ချက်ချင်းယောင်လာတယ်ပြည်တယ်ပြီးနာလာတာ ဘာဖြစ်တာလဲရှင် ဖြေပေးပါ   အသက် စတာ မသိ။ မေးနည်းပို့လိုက်တယ်။   ၁၈ နှစ်ပါ မိန်းကလေး ပါရှင့် အပူကြောင့်ထင်လို့ကတုံးတုံးထားတယ်ရှင့် ဖြစ်တာကတော့ ခေါင်းမှာအနာတွေပေါက်နေတာပါ အရည်ကြည်တွေထွက်ပြီးရောင်နေပါတယ် ပြီတော့ခေါင်းမှာအရိုးငေါထွက်တာလို ဘုနှစ်လုံး နောက်စေ့နားထွက်နေပါတယ် ပြီးတော့ခြင်ကိုက်တဲ့ဖုလောက်ဖြစ်ရင်တောင် ချက်ချင်း ပြည်တည်နေပြီး အနာကြီးလာပြီး ရောင်ရမ်းလာပါတယ်   ဦးရေခွံပိုးဝင်တာ အကြောင်းအမျိုးမျိုးကနေဖြစ်စေတယ်။   1. Ringworm ပွေး တခြားနေရာတွေလိုပဲ ဖြစ်တယ်။ ကုသနည်း အတူတူဖြစ်တယ်။   2. Folliculitis ဆံပင်အခြေပိုးဝင်ခြင်း ဗက်တီးရီးယားကနေဖြစ်တယ်။ ဆံပင်အခြေမှာ နီနေမယ်။ နာမယ် …