မော်လမြိုင်သား သိပံ္ပမောင်ဝ

မော်လမြိုင်၊ ၁၂ မေ ၂၀၁၆ သိပံ္ပမောင်ဝဟာ ခေတ်စမ်းစာပေကို ရှေ့တန်းကနေ မားမားမတ်မတ် ပြုစုပျိုးထောင် ပေးခဲ့သူများထဲကတစ်ဦးဖြစ်ပါတယ်။ သိပ္ဗံမောင်ဝရဲ့ အမည်ရင်းကတော့ ဦးစိန်တင် ဖြစ်ပါတယ်။ မော်လမြိုင်မြို့ ၊မုပွန်နတ်ကျွန်းရပ်မှာ အဖ ဦးအုန်းရွှေ နဲ့ အမိ ဒေါ်သစ်တို့က ၁၈၉၉ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ မွေးဖွားခဲ့သူပါ။ ငယ်စဉ်ကတည်းက မိခင်ဆုံးပါးသွားတာကြောင့် အဖွားနဲ့ ကြီးဒေါ်တို့ လက်ပေါ်မှာ ကြီးပြင်းခဲ့ ရပါတယ်။ မြန်မာစာပေပိဋကတ်ကျမ်းဂန်တွေမှာ ကျွမ်းကျင်တဲ့ အဘိုးဖြစ်သူ ဦးလူက လေး ပြောကြားဆုံးမတဲ့ ၀တ္ထု၊ ပုံပြင်၊ ရာဇ၀င် တွေကို ကောင်းစွာနာ ယူကျက် မှတ်ခဲ့ရ တာကြောင့် မြန်မာဘက်ဆိုင်ရာ အဖြာဖြာသော ပညာရပ်တွေမှာ ငယ်စဉ်ကတည်းက အခြေအမြစ် ကောင်းစွာ ရရှိခဲ့သူဖြစ်ပါတယ်။ …

International Nurses Day နိုင်ငံတကာသူနာပြုနေ့

မော်လမြိုင်၊ ၁၂ မေ ၂၀၁၆ နှစ်စဉ် မေလ (၁၂) ရက်နေ့ကို နိုင်ငံတကာသူနာပြုနေ့လို့ ၁၉၆၅ ကတည်းက သတ်မှတ်ထားပါတယ်။ ၁၉၅၃ ခုနှစ်မှာ အမေရိကန် ကျန်းမာရေး၊ ပညာရေးနဲ့ လူမှုဖူလုံရေးဌာနက Dorothy Sutherland ဒေါ်ရသီ ဆူသာလင်း ကနေ သမတ D D. Eisenhower အိုက်ဆင်ဟောင်ဝါကို Nurses' Day အဆိုပြုခဲ့တယ်။ ဒါပေမဲ့ မအောင်မြင်ခဲ့ပါ။ ၁၂-၅-၁၉၇၄ မှာ သူနာပြု Florence Nightingale ဖလောရင်စ် နိုက်တင်ဂေး ကိုဂုဏ်ပြုတဲ့အနေနဲ့ International Council of Nurses (ICN) နိုင်ငံတကာ သူနာပြုကောင်စီကနေ နှစ်တိုင်း International Nurses' Day Kit ဆိုတာပြုစုပေးတယ်။ ပညာရေးဆိုင်ရာ၊ …

ကမ္ဘာ့ ဒီဇိုင်းအဆိုးရွာဆုံးမြို့တော် ၉ မြို့မှာ နေပြည်တော် ပါဝင်

မော်လမြိုင်၊ ၁၀ မေ ၂၀၁၆ ကမ္ဘာပေါ်မှာရှိတဲ့ မြို့တော်တော်များများမှာ မိုးထိနေတဲ့ မိုးမျှော်တိုက်ကြီးတွေ ဟာ ပုံစံအစုံ အရွယ်အစားအစုံနဲ့ တည်ရှိနေကြပါတယ်။ ဒါပေမယ့် တိုက်တာအဆောက်အဦးတွေ ဘယ်လိုပဲ မတူကွဲပြားနေပါစေဦးတော့။ ပြီးပြည့်စုံတဲ့မြို့ရယ်လို့လဲ မရှိပါဘူး။ မြို့တိုင်းမှာ လူဦးရေတွေ တဖြည်းဖြည်းချင်းတိုးပွားလာနေပါတယ်။ တခါတရံ စနစ်တွေ ချို့ယွင်းလာကြတယ်။ ယာဉ်ကြောပိတ်ဆို့နေတဲ့ကြားမှာ ပိတ်မိနေတဲ့ တစ်ယောက်ယောက်ကို မြို့ပြတွေရဲ့ ဒီဇိုင်းတွေအကြောင်း မေးကြည့်ကြရအောင်။ အဆိုးရွားဆုံးမြို့တော် ဒီဇိုင်းတွေအတွက် စာရင်းကောက်ယူခဲ့ရာမှာ မြို့ပြစီမံကိန်းရေးဆွဲသူတွေနဲ့ အောက်ခြေလူတန်းစားတွေကို အခြေခံပြီး စစ်တမ်းကောက်ခဲ့ပါတယ်။ ဒီစစ်တမ်းအရ အကြောင်းအရာပေါင်းစုံကို အခြေခံပြီး ကြီးကြီးမားမား စိတ်ပျက်စရာ တွေနဲ့ ကမ္ဘာ့ဒီဇိုင်းအဆိုးရွားဆုံးမြို့တော် ၉ မြို့ စာရင်းမှာ မြန်မာနိုင်ငံရဲ့ နေပြည်တော်လဲ ပါဝင်လာခဲ့ပါတယ်။ ၁။ ဂျကာတာ အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာ …

ခေါင်းစဉ်မဲ့

မော်လမြိုင်၊ ၁၀ မေ ၂၀၁၆ ကဲဈေးသွားချိန်ရောက်ပြီ။ အိမ်က ယောက်ျား ဒီနေ့နေမကောင်းတော့ ဈေးကို ကိုယ့်ဘာသာသွားရမယ်။ ခက်တာက လမ်းလျှောက်သွားမယ်ဆိုလဲ ဈေးက ဒီနေ့အဖို့ရောက်တော့ မယ်မထင်။ ကားနဲ့တောင် မိနစ် ၂၀ လောက်မောင်းရတာကိုး။ ဒီတော့ လင်တော်မောင် ဖျားနေတာကို လိုက်ပို့ခိုင်းလို့ကမရ။ ကဲ ဒေါ်ပီတိ တို့ ဈေးကို ကိုယ်ထူကိုယ်ထ သွားဖို့ ကြံရပါပြီ။ ဈေးခြင်းတောင်းထဲ ပိုက်ဆံအိတ်ကို ကောက်ထည့်လို့ လမ်းထိပ်ကို ၉၆၉၃ ပြီး ထွက်လာလိုက်တယ်။ အဲဒီမှာ စတွေ့တာပဲ။ ဆိုင်ကယ်တက္ကစီ (၄)စီး လမ်းထိပ်က မန်းကျည်းပင်အောက်မှာထိုးထား တာတော့တွေ့တယ်။ ဒါပေမယ့် မောင်းတဲ့သူကိုတော့ မတွေ့။ ဆိုင်ကယ်ဆရာတွေကို မျက်စိတဆုံး ကျီးကန်းတောင်းမှောက်လိုက်ရှာတော့ ဆိုင်ကယ် ၄ စီးဘေးရဲ့နောက်နားမှာ သံပုံးလေးတစ်ပုံးတော့သွားတွေ့တယ်။ ပုံးပ်ါမှာ …

အမေပုနှင့်သူ့ကြောင်များ

မော်လမြိုင်၊ ၈ မေ ၂၀၁၆ အဖေစိန်ကို လွမ်းနေသော အမေပု အိမ်ရှေ့ ၀ရန်တာတွင် ထိုင်နေငေးနေသည်။ ကိုရင်စိန်သာ ရှိလျှင် ဒီလိုဖြစ်မည်မဟုတ်။ ကိုရင်စိန်က ကြောင်သား သိပ်ကြိုက်တာကလား။ တောက်... အခုတော့။ ရာဇ၀င်ရိုင်းလိုက်လေခြင်း။ တရက်လဲ မဟုတ်။ နှစ်ရက်လဲ မဟုတ်။ နေတိုင်း ပါသမျှ ကြောင်ချီး အမေပုပဲ ကျုံးနေရသတဲ့လေ။ တကယ်တော့ ကိုရင်စိန့် အပြစ်တွေတော့လည်း မဟုတ်ပါဘူးလေ။ ကိုရင်စိန်တစ်ယောက် လောကကြီးမှာ မရှိတော့တာ ကြာပါပကောလား။ ဒါပေမဲ့ ခက်တာက ကိုရင်စိန့် သားသမီးတွေ။ အင်း...။ ကိုရင်စိန့် သားသမီးတွေဆိုတော့ အမေပု သားသမီးတွေပဲပေါ့။ ဟုတ်ပ။ အမေပုကိုယ်တိုင်မွေးခဲ့တဲ့ သားသမီးတွေပဲလေ။ တောက်...။ အခုတော့ အမေပု ဒီသားသမီးတွေကို စိတ်နာသည်။ အမေပု စိတ်နာတာလည်း …

အမေများနေ့ဆိုတာ…

မော်လမြိုင်၊ ၈ မေ ၂၀၁၆ မေလ ၈ရက်နေ့မှာ ဖေ့ဘုတ်သုံးရင်လဲ ဖေ့ဘုတ်က ဒီနေ့ဟာ အမေများနေ့ဆိုတာကို မမေ့ကြဖို့ သတိပေးနေမှာဖြစ်သလို Google ကလဲ အမေများနေ့အတွက် အမှတ်တရတွေကို ဖော်ပြပေးနေတာကိုတွေ့ကြရမှာပါ။ လူသားတိုင်းမှာ အမေဆိုတာရှိပါတယ်။ ဒီနေ့ လူသားတိုင်းနဲ့ သက်ဆိုင်နေတဲ့ အမေများနေ့ ဘယ်လိုဖြစ်လာသလဲ ဆိုတာကို ဗဟုသုတ အနေနဲ့ ပြောပြပေးချင်ပါတယ်။ အမေများနေ့ ကို ဂရိ လူမျိုးတွေက Rhea လို့ အမည်ရတဲ့ နတ်သမီး ကို ပှုဇော်ရာကနေ စခဲ့တာ ဖြစ်တယ်လို့ သိရပါ တယ်။ ရောမခေတ်တွေ မှာလည်း အမေများနေ့ကို ကျင်းပခဲ့ကြပါသေးတယ်။ အဲဒီပွဲမှာ မယ်တော် Magna Mater လို့ခေါ်တဲ့ နတ်ကို ပှုဇော်တာပဲ ဖြစ်ပါတယ်။ ပှုဇော်ပွဲတွေကို …

မြန်မာ့ပထမဆုံးကိုယ်ကာယအလှဖော်ထုတ်သူ မော်လမြိုင်သား ဒေါက်တာ ဝေါလ်တာချစ်ထွန်း

မော်လမြိုင်၊ ၄ မေ ၂၀၁၆ မြန်မာ့ပထမဆုံး ကိုယ်ကာယအလှဖော်ထုတ်သူ နဲ့ အလေးမသူ ဒေါက်တာ ဝေါလ်တာချစ်ထွန်း ကို ၁၈၉၈ခုနှစ် မော်လမြိုင်မြို့မှာဆရာဝန်ကြီးဦးချစ်ထွန်းနဲ့ ဒေါ်သိန်းငွေတို့ က မွေးဖွားခဲ့ပါတယ်။ မွန်တိုင်းရင်းသား ဝေါလ်တာချစ်ထွန်းဟာ ရန်ကုန်မြို့၊ စိန်ပေါကျောင်းနဲ့ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားရင်း လူထုအခွင့်အရေးအတွက် အစိုးရကို ဆန္ဒပြတဲ့ ကျောင်းသားလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့ပါတယ်။ ဝေါလ်တာချစ်ထွန်းဟာ ရန်ကုန် တက္ကသိုလ်က ဘီအက်စ်စီ အောင်ပြီးတဲ့အခါ အိန္ဒိယနိုင်ငံ ကာလကတ္တား ဆေးတက္ကသိုလ်မှာ အစိုးရအထောက်အပံ့နဲ့ ဆရာဝန်ပညာကို သွားရောက် သင်ကြားခဲ့ပါတယ်။ ကာလကတ္တားဆေး တက္ကသိုလ်က ဆေးပညာဘွဲ့ရပြီးတဲ့နောက် ရန်ကုန်စိတ်ကျန်းမာရေးဆေး ရုံကြီး (တံတားလေး)မှာ အုပ်ချုပ်သူအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ သူဟာ အကူအညီမဲ့သူတွေအတွက် ဆေးရုံဖွင့်ပြီးစောင့်ရှောက်ဖို့ စိတ်ကူးရှိခဲ့ပေမယ့် သူမသေခင် သူ့စိတ်ကူးကို …