Clotho (ကလိုသို) နတ်သမီး သို့မဟုတ် ဇာတာထဲကအတိုင်း အသက် ၁၂ဝ ရှည်ချင်ပါသလား

မော်လမြိုင်၊ ၂၅ မေ ၂၀၁၈   “အသက်ရှည်စွာ၊ အနာမဲ့ကြောင်း” ဆိုတာ ကမ္ဘာဦးအစကတည်းက လူတွေ ရလို၊ ဖြစ်လိုတဲ့ အိပ်မက် မဟုတ်ပါလား။ အနာမဲ့ကြောင်းတွေ ရေးနေရာကနေ အသက်ရှည်ဆေး ရေးပါအုံးမယ်။ သိပ္ပံစာရေးဆရာများကလည်း ရေးခဲ့လှပါပြီ။ ဥပမာ (ကွတ်-ဗွန်နဂတ်) ရဲ့ “နက်ဖြန်-နက်ဖြန်-နက်ဖြန်” ဝတ္ထု။ နောက် ရှေးဟောင်းဂရိ ဝတ္ထုတပုဒ်မှာ (အီယို) နတ်သမီးက (တီသိုနီးယပ်စ်) ကို ချစ်ကြွမ်းဝင်ပြီးသကာလ၊ သူ့ချစ်သူကို “အသက်မသေသူအဖြစ် ဖန်ဆင်းပေးပါဘုရား” လို့၊ (ဇီးယစ်) ဘုရင်ကြီးထံ လျှောက်ထားတဲ့အခါ၊ (ဇီးယစ်) ကလည်း “တလုံး တဝတည်း ပြည့်ဝစေသတည်း” လုပ်ပေးပါသတဲ့။ မေ့သွားလိုက်တာကတော့ အစဉ်အမြဲ နုပျိုနေစေ ဆိုတဲ့ဆု မပါလိုက်လို့ (တီသိုနီးယပ်စ်) ဟာ မသေပေမဲ့ အို-အို-အိုပြီးသကာလ …

Anal itching စအိုနေရာယားခြင်း

မော်လမြိုင်၊ ၂၄ မေ ၂၀၁၈   နားနှင့်မနာ ဖဝါးနှင့်နာပါရှင့်။ သမီးက အသက် (၂၈) နှစ် အပျိုပါ။ စအိုတ၀ိုက်မှာ ယားယံနေသည်မှာ နှစ်လကျော်လောက် ရှိပါပြီ။ သံချဆေး Albandazone 400mg ကို နှစ်ပတ်ခြားတစ်ခါ သုံးကြိမ် သောက်ပြီးပါပြီ။ ဒါပေမယ့် စအိုပတ်လည်တင် မကဘဲ မိန်းမအင်္ဂါ ဘေးနှစ်ဘက်နှင့် အပြင်လမ်းကြောင်းမှာပါ ယားယံနေပါတယ်။ နေ့ရောညပါ ယားနေတာပါ။ အရင် ယားနေတာ အဖြူမဆင်းပါဘူး။ အခု အဖြူဆင်းတာ နှစ်ရက်ရှိပါပြီ။   ကိုယ်ခန္ဓာ ယားယံတဲ့အကြောင်း ၃ မျိုးရေးပြီးပါပြီ။ ဒီတခါ ၄ ခုမြောက်ဖြစ်တယ်။ Anal itching စအိုနေရာယားခြင်းကို ဆေးစာနဲ့ Pruritus Ani လို့ခေါ်တယ်။ ဖြစ်စေတဲ့ အကြောင်းရင်းတွေမှာ …

Appendicitis treatment with Antibiotics အူအတက်ရောင်တာ မခွဲဘဲရသလား

မော်လမြိုင်၊ ၂၃ မေ ၂၀၁၈   သမီးက (့) မြို့မှာ နေပါတယ်။ အသက်က (၂၅) နှစ်၊ အိမ်ထောင် မရှိပါ။ ဒီရက်ပိုင်း ဗိုက်အောင့်ပါတယ်။ ၄ ရက် လောက်တော့ ရှိပါပြီ။ ပထမ စအောင့်တဲ့ရက်က ရင်ညွန့်က အောင့်တာပါ နီးစပ်ရာ ဆရာဝန်နဲ့ ပြကြည့်ပါတယ်။ လေထိုးလို့ အောင့်တာလဲ ဖြစ်နိုင်တယ်၊ ဒါမှမဟုတ် သန်ထိုးလို့ အောင့်တာလဲ ဖြစ်နိုင်တယ်ဆိုပြီး လေဆေး Karamil S နဲ့ တခြား ဆေးတိုက်ပါတယ်။ ညအိပ်ခါနီးရင် စားဖို့ ပြောပါတာကတော့ သန်ချဆေးပါ။ အဲဒီဆေး သောက်ပြီး နောက်ရက်မှာ ဗိုက်အောင့်တာက နဲနဲသက်သာပါတယ်။ နောက်နေ့ ကျတော့ ပြန်အောင့်ပါတယ်။ ဆေးခန်းပြန်သွားတော့ သမီးရဲ့ဗိုက်ကို နှိပ်ပြီး …

Acute Heart Attack Treatment ရုတ်တရက် နှလုံးအတက် ရရင် ဘာလုပ်ရမလဲ

မော်လမြိုင်၊ ၂၂ မေ ၂၀၁၈   ဆရာ Acute heart attack ကို ပြုစုကုသနည်းလေးသိပါရစေ။   (၁) လက်ကောက်ဝတ်သွေးကြောခုန်တာ (နှလုံးခုန်) နဲ့ သွေးဖိအား BP စမ်းပါ။ တည်ငြိမ်ပါသလား။ (၂) Ventricular fibrillation နှလုံးအောက်ခန်း ပုံမှန်မဟုတ်တဲ့တုန်ခါမှုအတွက်ကုမှုပေးဘို့ ပြင်ဆင်ပါ။ (၃) MI နှလုံး သွေးမဝဖြစ်တာသေချာရဲ့လား စစ်ဆေးပါ။ ECG ရိုက်ရင် ST-segment elevation ဆိုတာတွေ့ရင် သေချာတယ်။ အဲဒီထက် သက်သာတာလဲဖြစ်နိုင်တယ်။ စစ်ဆေးမှုတွေထပ်လုပ်ရမယ်။ cardiac enzymes နှလုံးအင်ဇိုင်းမ်တွေ များနေမယ်။   • Blocked coronary artery နှလုံးသွေးကြောပိတ်နေတာကို ကုသနည်း ၂ နည်းရှိတယ်။ (က) Thrombolytic …

Allergy medications (အလာဂျီ) ကို ဘယ်လို ကုသမလဲ

မော်လမြိုင်၊ ၂၁ မေ ၂၀၁၈   ကျန်မ အလာဂျီ အကြောင်း တစ်ခါမေးဖူးပါတယ်။ လမ်းညွန်မှုအတိုင်း Zyrtec cetirizine Hydrochloride 10mg ကို အမြဲ ဆောင်ထားရပါတယ်။ အခုနောက်ပိုင်း ဘာ Seafood မှ မစားလည်းပဲ၊ ၃ ရက် (သို့) ၄ ရက် တစ်ခါ လောက်ကို ဆေးသောက် နေရပါတယ်။ ပုံထဲအတိုင်း အဖု သေးသေး လေးတွေ စုပေါက်လာပြီး အကြီးကြီး ဖြစ်လာတယ်။ ခနွာကိုယ် အိုက်စပ်စပ် ဖြစ်လာရာ ယားတက်တယ်။ အရမ်းပူပြီး ခဏနေ မိုးရွာလို့ အေးသွားတာတို့၊ အပြင်ထွက် နေပူထဲသွားပြီး ခဏနေ Aircon ခန်းထဲ ရောက်သွားရင်တို့ အဲလို အချိန်တွေမှာလည်း ယားလာတက်ပါတယ်။ …

Acne ဝက်ခြံ ရောင်စုံ

မော်လမြိုင်၊ ၂၀ မေ ၂၀၁၈   Acne ဝက်ခြံဆိုတာ ဆရာဝန်တွေ အတော်လေး အမေးခံရ ကုပေးကြရတဲ့ ရောဂါ တခုပါ။ နာတာရှည်လဲ ဖြစ်တယ်။ လူငယ်-လူရွယ်တွေ ၈၅% မှာ ဖြစ်ကြရတယ်။ ဝက်ခြံ ဆိုတိုင်း အတူတူနဲ့ အနူနူ မဟုတ်ပါ။ အရောင် မတူကြဘူး။ Red bumps, Whiteheads, Blackheads အနီ-အဖြူ-အနက်။ မတူဘူးဆိုတာက ကုရာမှာလဲ မတူဘူး။ အဖြူနဲ့ အနက်တွေက (ပလပ်) တွေလိုဘဲ။ မွေးညင်းအိတ် ပိတ်နေရင် အဖြူ၊ ပွင့်နေရင် အမဲ။ ရင်းနေရင် အနီ။ Pus ပြည်ရှိနေတာပါ။ ဝက်ခြံ ဆိုတာက မွေးညင်းအိတ်၊ ချွေးထွက်အိတ်နဲ့ မွေးညင်း၊ ၃ မျိုး ဆက်စပ်နေတယ်။ …

Adolescent Health and Food Security လူငယ်များ ကျန်းမာရေး၊ အစားအစာလုံခြုံရေး

မော်လမြိုင်၊ ၁၉ မေ ၂၀၁၈ Adolescent Health and Food Security အရွယ်မရောက်တရောက်လူငယ်များ ကျန်းမာရေး ကလေးအရွယ်မှ လူကြီးပိုင်းမရောက်မီ စပ်ကူးမတ်ကူးအရွယ်ကို Adolescent လူပျိုပေါက်-အပျိုပေါက်အရွယ်၊ မြီးကောင်ပေါက်အရွယ် စသဖြင့်ခေါ်သည်။ သူတို့၏ အမူအရာ၊ ဘဝပုံစံ တို့သည် သူတို့၏ လက်ငင်းနှင့် အနာဂတ်ဘဝ ကျန်းမာရေးအခြေအနေကို များစွာသက်ရောက်စေသည်။ သူတို့၏အရွယ်၌ ဆိုးရွားသော ကျန်းမာရေး ပြဿနာများမှာ ယာဉ်တိုက်မှု၊ အကြမ်းဖက်မှု၊ ဆေးလိပ်သောက်ခြင်း။ မူးယစ်ဆေးဝါးသုံးစွဲခြင်း။ လိင်ပိုင်းဆိုင်ရာ အမူအကျင့်များ စသည်တို့ပါဝင်သည်။ သူတို့၏ အစားအသောက် အလေ့အထများကလည်း အနာဂတ် ကိုယ်ခန္ဓာဖွံ့ဖြိုးခြင်းများကို များစွာ သက်ရောက်စေသည်။ ပတ်ဝန်းကျင်(မိသားစု၊ ကျောင်း၊ သူငယ်ချင်း၊ ရပ်ရွာထဲ) ရှိ အခြေအနေများကလည်း သက်ရောက်စေသည်။ ထို့ကြောင့် အပေါင်းလက္ခဏာ ဆောင်သည့်သက်ရောက်မှုများရရှိစေရန် …