အီဂျစ်နိုင်ငံတကာစီးရီး ကြက်တောင်တစ်ဦးချင်းပြိုင်ပွဲမှာ မြန်မာနိုင်ငံသူ ချန်ပီယံဆုရရှိ

မော်လမြိုင်၊ ၃၀ အောက်တိုဘာ ၂၀၁၈   အောက်တိုဘာ ၂၅နေ့ကနေ ၂၈ရက်နေ့ထိ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ ကျင်းပပြီးစီးခဲ့တဲ့ 2018 BWF International Series ပြိုင်ပွဲ (အီဂျစ်နိုင်ငံတကာစီးရီး ကြက်တောင်တစ်ဦးချင်းပြိုင်ပွဲ) မှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ခဲ့တဲ့ မသက်ထားသူဇာက ချန်ပီယံဆုရရှိခဲ့ပါတယ်။   မသက်ထားသူဇာဟာ ဂျော်ဒန် နဲ့ ချက်နိုင်ငံက ကစားသမားတွေကို လက်ရည်အသာ၊အမှတ်အသာနဲ့ အနိုင်ယူခဲ့တာဖြစ်ပြီး ကွာတားအဆင့်မှာ ဟန်ဂေရီကစားသမားကို နှစ်ပွဲပြတ်ဆော့ပြီး အနိုင်ယူခဲ့တာပါ။ ဒါ့အပြင် ကြက်တောင်အားကစားလောကမှာ နေရာတစ်နေရာအခိုင်အမာရထားတဲ့ အာဆီယံဒေသတွင်းပြိုင်ဘက် မလေးရှားကစားသမားကိုလဲ ဆီမီးဖိုင်နယ်ပွဲမှာ နှစ်ပွဲပြတ်နဲ့ အနိုင်ရရှိခဲ့ကာ ဖိုင်နယ်ပွဲကို တက်ရောက်ခဲ့တာပါ။ ဖိုင်နယ်ပွဲမှာတော့ ယှဉ်ပြိုင်ရမယ့် ဘီလာရုစ် ကစားသမားက ဒူးဒဏ်ရာကြောင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိတော့တာဖြစ်လို့ ဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက်မရှိဘဲ မြန်မာအားကစားမယ် မသက်ထားသူဇာက … Continue reading အီဂျစ်နိုင်ငံတကာစီးရီး ကြက်တောင်တစ်ဦးချင်းပြိုင်ပွဲမှာ မြန်မာနိုင်ငံသူ ချန်ပီယံဆုရရှိ

ဆိုင်ကယ်စီးပြီး ကမ္ဘာပတ်တဲ့ အသက်၄၂နှစ်အရွယ် ယူကေနိုင်ငံက အမျိုးသမီး

မော်လမြိုင်၊ ၂၂ မတ် ၂၀၁၈ ယူကေနိုင်ငံ မြောက်ပိုင်း ဝေးလ် မြို့မှာနေထိုင်တဲ့ အသက် ၄၂နှစ်အရွယ်  Steph Jeavons ဆိုသူဟာ လွန်ခဲ့တဲ့ ၄နှစ်က ခိုင်မာတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ပါတယ်။ အဲဒါကတော့ သူပိုင်ဆိုင်သမျှအားလုံးကို ရောင်းချပြီး သူချစ်တဲ့ ဆိုင်ကယ်ကိုစီးကာ၂၀၁၄ခုနှစ်ကစပြီး ကမ္ဘာပတ်ခဲ့တာပါ။ သူဟာ အခုလို ဆိုင်ကယ်နဲ့ ကမ္ဘာပတ်နိုင်ဖို့ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀လောက်ကတည်းက အိပ်မက်မက်ခဲ့တာလဲဖြစ်ပါတယ်။ သူဟာ ကမ္ဘာပေါ်က တိုက်ကြီး ၇တိုက်ကို ဆိုင်ကယ်စီးပြီး ပတ်ခဲ့တဲ့ ပထမဆုံး ဗြိတိန်လူမျိုး ဖြစ်လာပါတယ်။ လက်ရှိအချိန်ထိ သူရောက်ခဲ့တာဟာ နိုင်ငံပေါင်း ၅၀ကျော်ပြီဖြစ်ပြီး မိုင်ပေါင်း ၈သောင်းကျော်ကို ခရီးနှင်ခဲ့ပြီးဖြစ်ပါတယ်။ သူ့ရဲ့ ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တဲ့ ခရီးစဉ်ကို မစတင်က သူဟာ မိခင်တဦးသာဖြစ်ပြီး … Continue reading ဆိုင်ကယ်စီးပြီး ကမ္ဘာပတ်တဲ့ အသက်၄၂နှစ်အရွယ် ယူကေနိုင်ငံက အမျိုးသမီး

ချောတိုင်

မော်လမြိုင် ၊ ၄ ဇန်နဝါရီ ၂၀၁၈ မော်လမြိုင်မြို့က နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချောတိုင်တက်ပြိုင်ပွဲမြင်ကွင်း။

၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ နိုင်ငံအလိုက် ဆုရရှိမှု မြန်မာအဆင့် (၇)ရှိ

မော်လမြိုင်၊ ၂၃ သြဂုတ် ၂၀၁၇ မလေးရှာနိုင်ငံမှာ ကျင်းပနေတဲ့ ၂၉ ကြိမ်မြောက်ဆီးဂိမ်းပြိုင်ပွဲ သြဂုတ် ၂၃ ရက်နေ့အထိ နိုင်ငံအလိုက်ဆုရရှိမှုမှာ မြန်မာကအဆင့် (၇)နေရာရှိနေပါတယ်။ အဆိုပါက ပြိုင်ပွဲကို နိုင်ငံပေါင်း ၁၁ နိုင်ငံကိုယ်စားပြုအားကစားသမားတွေ ယှဉ်ပြိုင်နေကြတာပါ Mawlamyine Daily Ref:The Nation

ဂျပန်နည်းလမ်းနဲ့ ဝမ်းဗိုက်က အဆီတွေကို ချရအောင်

မော်လမြိုင်၊ ၈ ဇူလိုင် ၂၀၁၇ ခေါင်းမာတဲ့ ဝမ်းဗိုက်က အဆီတွေကို လွယ်ကူတဲ့ နည်းလမ်းနဲ့ အဆီချနိုင်ဖို့ ဂျပန်မင်းသား Miki Ryosuke က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီနည်းလမ်းနဲ့ပဲ သူဟာ ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ၂၈.၇ ပေါင် နဲ့ ခါးပတ်လည်ကအဆီ ၄.၇ လက်မကို လျော့ချနိုင်ခဲ့တာပါ။ ဒီလေ့ကျင့်ခန်းကို သူစတင်လေ့ကျင့်ဖြစ်တာကတော့ သူ့ရဲ့ ခါးနာတဲ့ဝေဒနာကို သွားပြရင်း ဆရာဝန်က ညွှန်ကြားလိုက်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒီလေ့ကျင်းခန်းကိုလုပ်ဖို့ တနေ့ကို ၂ မိနစ်သာ အချိန်ယူရမှာပါ။ ဒီလေ့ကျင့်ခန်းကို Long-breath diet လို့ နာမည်ပေးထားပါတယ်။ ဒီလေ့ကျင့်ခန်းဟာ အသက်ရှုသွင်းတာကို ၃စက္ကန့်လုပ်ပြီး အသက်ပြင်းပြင်းရှုထုတ်တာကို ၇ စက္ကန့် လုပ်ရတာဖြစ်ပါတယ်။ ဒီလေ့ကျင်းခန်းကို ဥရောပက ဆရာဝန်တွေကလဲ ဝိတ်ချတဲ့ လေ့ကျင့်ခန်းအဖြစ် … Continue reading ဂျပန်နည်းလမ်းနဲ့ ဝမ်းဗိုက်က အဆီတွေကို ချရအောင်

အောင်လအန်ဆန် One Championship Middle ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီ

မော်လမြိုင်၊ ၃၀ ဇွန် ၂၀၁၇ ဇွန်လ ၃၀ ရက်နေ့ ရန်ကုန်မြို့က သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ကျင်းပခဲ့တဲ့ ONE Middleweight World Championship ပြိုင်ပွဲမှာ မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန် က လက်ရှိချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ် (Vitaly Bigdash) ကို ပထမအချီမှာကတည်းက အသားစီးနဲ့ ထိုးသတ်နိုင်ခဲ့ပါတယ်။ ဒုတိယအချီ တတိယ အချီ နဲ့ စတုတ္ထ အချီ တွေမှာတော့ လက်ရည်က သိပ်မကွာခဲ့ပေမယ့် နောက်ဆုံး ငါးချီမြောက် ထိုးသတ်ပြီးတဲ့အချိန်မှာတော့ ဒိုင်တွေ အားလုံးက အမှတ်ပြည့်ပေးပြီး တညီတညာထဲ အောင်လ ကို အနိုင်ပေးခဲ့တာကြောင့် အောင်လနန်ဆန်က One Championship မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သွားခဲ့ပါပြီ။ ရုရှ နိုင်ငံသား … Continue reading အောင်လအန်ဆန် One Championship Middle ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်ပြီ

အမျိုးသားတွေအတွက် Gym ကစားနည်းတွေ ကို Application လေးထဲက သင်ယူပြီး လိုက်လုပ်ကြရအောင်

မော်လမြိုင်၊ ၁၂ ဇွန် ၂၀၁၇ အခုခေတ်မှာ အမျိုးသားတော်တော်များများဟာ ဘီယာဗိုက်ကလေးတွေကို မကြိုက်ကြတော့ပါဘူး။ ဒါကြောင့် အများစုကတော့ Gym ဆော့ပြီး သူတို့ရဲ့ ပုံစံကို ပြောင်းလဲအောင်လုပ်ပြီးတော့ ကျန်းမာအောင်နေထိုင်တဲ့ လူမှုဘဝပုံစံကို ရွေးချယ်လာကြပါပြီ။ ဒါပေမယ့် Gym သွားပြီးဆော့ဖို့ အချိန်မပေးနိုင်တဲ့ ကိုကိုတွေအတွက် ဖုန်းထဲမှာ Application လေးထည့်ထားပြီး အဲဒီ Application လေးထဲက အတိုင်း လိုက်ဆော့ရင်း ကျန်းမာသန်စွမ်းပြီး ကျစ်လစ်တဲ့ ပုံစံကို ပိုင်ဆိုင်ဖို့ အခုပဲ ဖုန်းထဲမှာ Fitness & Bodybuilding ဆိုတဲ့ application လေးကို Intall လုပ်ထားလိုက်ဖို့ အကြံပြုပါရစေ။ Fitness & Bodybuilding Application က အကြံပေးထားတဲ့အတိုင်းသာ လေ့ကျင့်မယ်ဆို လိုချင်တဲ့ အချိုးအစားကို … Continue reading အမျိုးသားတွေအတွက် Gym ကစားနည်းတွေ ကို Application လေးထဲက သင်ယူပြီး လိုက်လုပ်ကြရအောင်

ကမ္ဘာ့ချန်ပီယံဆုအတွက် ဒုတိယအကြိမ်ထိုးသတ်ရန် မြန်မာနိုင်ငံသို့ ပြန်လာမည့် အောင်လအန်ဆန်

မော်လမြိုင်၊ ၅ ဇွန် ၂၀၁၇ ပြီးခဲ့တဲ့ ဇန်နဝါရီလက ONE Middleweight World Championship ပြိုင်ပွဲမှာ ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ ဗစ်တာလီ ဘစ်ဒက်ရှ် (Vitaly Bigdash) (၉ ပွဲနိုင်၊ ရှုံးပွဲမရှိ) နဲ့ မြန်မာ့စပါးကြီးမြွေ အောင်လအန်ဆန် (၁၉ ပွဲနိုင်၊ ၁၀ ပွဲရှုံး၊ ၁ ပွဲ အရှုံးအနိုင်မပေါ်) တို့  ထိုးသတ်ခဲ့ကြပေမယ့် ပြိုင်ပွဲမစတင်မီ ၂ ပတ်ခန့်အလိုမှသာ စတင်ပြင်ဆင်ခဲ့ရတာကြောင့် အောင်လအန်ဆန်ဟာ ရှုံးနိမ့်ခဲ့ရပါတယ်။ ဒါကြောင့် ကမ္ဘာ့ချိန်ပီယံဆုအတွက် ဒုတိယအကြိမ်ထိုးသတ်ဖို့ အောင်လအန်ဆန် နှင့် ဘစ်ဒက်ရှ်တို့ရဲ့ ပြိုင်ပွဲကို ဇွန်လ ၃၀ ရက်နေ့ ရန်ကုန်မြို့က သုဝဏ္ဏမိုးလုံလေလုံ အားကစားကွင်းမှာ ONE: LIGHT OF A NATION … Continue reading ကမ္ဘာ့ချန်ပီယံဆုအတွက် ဒုတိယအကြိမ်ထိုးသတ်ရန် မြန်မာနိုင်ငံသို့ ပြန်လာမည့် အောင်လအန်ဆန်

၂၀၂၀ ဂျပန်အိုလံပစ်မှာချီးမြှင့်မယ့် ဆုတံဆိပ်တွေကို ဖုန်းအဟောင်းတွေနဲ့ ပြုလုပ်မယ်

မော်လမြိုင်၊ ၃ ဖေဖော်ဝါရီ ၂၀၁၇ ၂၀၂၀ ခုနှစ်ကျရင် ဂျပန်နိုင်ငံမှာ ကျင်းပမယ့် အိုလံပစ်ပြိုင်ပွဲနဲ့ မသန်စွမ်းသူများ အိုလံပစ်အားကစားပြိုင်ပွဲတွေအတွက် ဆုတံဆိပ်တွေကို မိုဘိုင်းဖုန်းအဟောင်းတွေက သတ္တုတွေနဲ့ ပြုလုပ်သွားမှာဖြစ်ပါတယ်။ အဲဒီအိုလံပစ်ပြိုင်ပွဲ နှစ်ခုစလုံးမှာ ချီးမြှင့်မယ့် ရွှေ၊ငွေ နဲ့ ကြေးတံဆိပ်ပေါင်း ၅၀၀၀ ကိုပြုလုပ်ဖို့ လိုအပ်တဲ့ ဖုန်းအဟောင်းတွေနဲ့ လျှပ်စစ်ပစ္စည်းအဟောင်း ၈တန်လောက်ကို အိုလံပစ်ကျင်းပရေး ကော်မတီက ဂျပန်ပြည်သူတွေဆီကနေ အလှူခံသွားမှာပါ။ အိုလံပစ်ဆုတံဆိပ်တွေ ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ဖုန်းအဟောင်းတွေနဲ့ လျှပ်စစ်ပစ္စည်းအဟောင်းတွေကို လှူချင်တဲ့ သူတွေအတွက် ၂၀၁၇ခုနှစ် ဧပြီလကစပြီး ဖုန်းဆိုင်တွေနဲ့ ရုံးတွေမှာ ပုံးတွေချထားမှာဖြစ်ပါတယ်။ အိုလံပစ်ဆုတံဆိပ်တွေကို လျှပ်စစ်ပစ္စည်းအဟောင်းတွေကနေ ပြုလုပ်မယ့် အစီအစဉ်ကို အားကစား ၁၀မျိုးမှာ ရွှေတံဆိပ် ၂နှစ်ဆက်တိုက် ဆုရခဲ့တဲ့ အမေရိကန် အိုလံပစ် အားကစားသမား … Continue reading ၂၀၂၀ ဂျပန်အိုလံပစ်မှာချီးမြှင့်မယ့် ဆုတံဆိပ်တွေကို ဖုန်းအဟောင်းတွေနဲ့ ပြုလုပ်မယ်