လူမိုက်ကကျွန်တော် အဖော်ကခြေဥ

မော်လမြိုင်၊ ၈ မတ် ၂၀၁၉ (့သရော်စာ) ဟေ့ မောင်ကျော်စွာ။   ခင်ဗျာ။   ပြည်သူလူထုတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ကြဖို့ အခုတလော အင်တိုက်အားတိုက်ကို ဆန္ဒပြနေကြတယ်ကွယ့် အဲတာ ပြည်သူလူထုအများအပြားက ဘာကြောင့် ၂၀၀၈ ခြေ/ဥကို ပြင်ဆင် ရေးဆွဲချင်နေကြတာတုန်း လင်းစမ်းပါဦး။   ဟာ အဘကလည်း ဒါကတော့ ရှင်းရှင်းလေးဟာကို “အဟမ်း အဟမ်း” ပြည်သူလူထု ထောက်ခံအား ၉၂ ရာခိုင်နှုန်းကျော်ကျော်နဲ့ ရေးဆွဲတည်ဆောက်ခဲ့ရတဲ့ ကျွန်တော်တို့ ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးမှာ ၎င်းက ၎င်းကို ၎င်းတွင် ၎င်းအတိုင်း ၎င်းကြောင့် ၎င်းကဲ့သို့ ၎င်းအတိုင်းပင် ပြုလုပ်ဆောင်ရွက်ရပါသောကြောင့် ဘာညာ သာရကာ စသည့်ဖြင့် တရားဥပဒေစိုးမိုးမှုရှိစေရန် … Continue reading လူမိုက်ကကျွန်တော် အဖော်ကခြေဥ

သူတစ်လူ ငါတစ်မင်း ချင်း(ဂျင်း)ထည့်ကြမည်

မော်လမြိုင်၊ ၈ ဖေဖော်ဝါရီ ၂၀၁၉ (သရော်စာ) မောင်ကျော်စွာတို့တိုင်းပြည်မှာ ငိုအားထက် ရယ်အားသန်စရာတွေက မြေပေါ် မြေအောက် ရေပေါ် ရေအောက် သယံဇာတတွေလိုပင် အလွန်ပေါကြွယ်ဝသည်။ရေမြေသနင်း ရှင်ဘုရင်မင်းတို့ခေတ်ကစလို့ တောပုန်းကြီးများအဖွဲ့တို့ ဓါးပြအဖွဲ့တို့ အလွန်ပေါများခဲ့သည် ဟူသတဲ့။အင်္ဂလိပ်ခေတ်ရောက်တော့လည်း တော်လှန်ရေးအဖွဲ့တွေ သူပုန်အဖွဲ့တွေ ဒုနဲ့ဒေးနဲ့ ရှိခဲ့ကြသတဲ့။ပါလီမန်ဒီမိုကရေစီခေတ်ဦးရောက်ပြန်တော့ တောခိုသူတွေ သောင်းကျန်းသူတွေ အလံဖြူ အလံနက် လက်ပတ်နီ လက်ပတ်ဖြူ ရောင်စုံသူပုန် စသည့်ဖြင့် အမည်နာမ အမျိုးမျိုးနဲ့ ဖွံ့ဖြိုးတိုးတက်ခဲ့ကြပြန်သကိုး။   အဲဒီနောက်ပိုင်းကနေ ယနေ့အထိ ဖွံ့ဖြိုးတိုးတက်လာခဲ့သည်မှာ တိုင်းရင်းသားတပ်များ လက်နှက်ကိုင်တပ်ဖွဲ့များ သောင်းကျန်းသူများ တရားဝင်အသင်းအဖွဲ့များ တရားမဝင်အသင်းအဖွဲ့များ တရားမဝင်တဝင်အသင်းအဖွဲ့များ အကြမ်းဖက်အဖွဲ့များ တောခိုသူများ သူပုန်များ စသည်ဖြင့် တိုင်းရင်းသားမျိုးနွယ်စုကြီး ၈မျိုး လူနည်းစု တိုင်းရင်းသား အုပ်စုငယ်လေးများ စုစုပေါင်း ၁၃၅မျိုးခန့်ရှိသော … Continue reading သူတစ်လူ ငါတစ်မင်း ချင်း(ဂျင်း)ထည့်ကြမည်

မအောင့်နိုင်တော့လို့ ပြောချင်တယ်

မော်လမြိုင်၊ ၁၆ ဒီဇင်ဘာ ၂၀၁၈ (သရော်စာ) ကျွန်ပ်တို့၏ ထူးဆန်းထွေပြားလွန်းလှပါသော ပြည်ထောင်စုသမ္မတနိုင်ငံတော်ကြီးအတွင်းမှ ရှုပ်ထွေးပွေလီလှပါသော လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်လျှင် ပြည်သူလူထုတို့မှာ စိတ်ပျက်ငြီးငွေ့လျက် အတတ်နိုင်ဆုံး ရှောင်တိမ်းကာ သီးသန့် နေထိုင်လိုကြသည့် အခြေအနေသို့ပင် ဆိုက်ရောက်နေသည့် ပုံစံမျိုးပင်ဖြစ်နေလေသည်။   ဒါတွေပြောလျှင် ဒေါတွေပါတယ် ဆိုသလိုပင် ဒေါတွေပါလည်း ပါတာပဲရှိကြသမို့ မောတာသာ အဖတ်တင်ခဲ့ကြသလို မည်မျှပင် ပြောင်းလဲချိန်တန်ပြီဟု ဆိုပါသော်လည်း ခွင်(ဂွင်)ထမ်းအများစုကတော့ဖြင့် အရင်အတိုင်းမှ အရင်အတိုင်း မပြောင်းဘူးဟေ့ မပြောင်းဘူး ဖြစ်နေကြသကဲ့သို့ ရှိလေသည်မှာကား အမှန်ပင်ဖြစ်သည်။   မြန်မာနိုင်ငံတွင် သေသေချာချာလေ့လာကြည်မည်ဆိုလျှင် ဝန်ကြီးဌာန အချင်းချင်းသော်လည်းကောင်း ဌာနဆိုင်ရာ အချင်းချင်းသော်လည်းကောင်း အချိတ်အဆက် မရှိပဲ ကိုယ့်အလုပ်ကိုယ်လုပ် ကိုယ်တာဝန်ကိုယ်လုပ် ကိုယ်တာဝန်ကိုယ် ကျေပွန်တယ်ဆိုရုံမျှလောက်သာ မလှုပ် မရှုပ် မပြုတ် … Continue reading မအောင့်နိုင်တော့လို့ ပြောချင်တယ်

“ဝါးလုံးခေါင်းထဲမှာ သာတဲ့လ”

မော်လမြိုင်၊ ၁၂ ဒီဇင်ဘာ ၂၀၁၈ (သရော်စာ)   နိုးစက်က တတီတီထမည်သဖြင့် နောက်ဆုံးပေါ် ဖဲမွေ့ယာပေါ်မှထကာ အညောင်းဆန့်လိုက်ပြီး အော်တိုမစ်တစ် ဝင်နေသော ပြည်တွင်းပြည်ပသတင်းများကို နားဆင်ရန် နာရီမှ ရီမုကွန်ထရိုးခလုပ်ကိုနှိပ်လိုက်သည်။အခြေအနေ အလွန်ကောင်းသည်။ ပြည်တွင်းမှာ ဘာတိုက်ပွဲမှမရှိတော့တာကြာပြီဖြစ်သောကြောင့် ပျင်းပျင်းရိရိရှိလှသည်။ သတင်းထူး သိပ်မရှိပေ။ကုတင်ဘေးမှ လျှပ်စစ်လှေကားပေါ်ခြေထောက်ချလိုက်သည်နှင့် စက်ရုပ်လက်တံများက ညအိပ်ဝတ်စုံလဲလိုက် တဘက်ကမ်းပေးလိုက် သွားတိုက်ဆေးထည့်ပြီး သွားတိုက်ပေးလိုက် ရေမြှုပ်တိုက်ပေးလိုက် ရေလောင်းပေးလိုက် ဆပ်ပြာ တိုက်ပေးလိုက် အားလုံးအော်တိုမစ်တစ်ချည်းသာဖြစ်သည်။   ရေချိုးပြီးတော့ရော မုန့်ကဖုတ်ပြီးသား ကင်ပြီးသား ယိုတွေသုတ်လိမ်းပြီးသား နံနက်စာစားတာကအစ အဝတ်လဲတာ အလယ် ဖိနပ်စီးတာအဆုံး ကုန်ကုန်ပြောရရင် အိမ်တံခါးပိတ်တာဖွင့်တာ ဝါယာရှော့ခ်မဖြစ်အောင် မီးမိန်းတွေချတာ ပိတ်တာ ဖွင့်တာအကုန် အော်တိုမစ်တစ်ဆစ်စတန်ချည်းသာဖြစ်သည်။ ဒါတောင် ပြည်ထောင်စု သမ္မတ ဝါးလုံးခေါင်း နိုင်ငံတော်ကြီးအတွင်းတွင် … Continue reading “ဝါးလုံးခေါင်းထဲမှာ သာတဲ့လ”

စေတနာဗရပွဖြင့် ကြင်နာတတ်ကြလှသည်

မော်လမြိုင်၊ ၆ ဒီဇင်ဘာ ၂၀၁၈ (သရော်စာ)   ကျွန်တော်တို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၏ ဝန်ကြီးဌာနများမှ အစိုးရဝန်ထမ်းများ တွေးခေါ်မျှော်မြင်မှု စေတနာထားကြင်နာသနားတတ်လွန်းမှု နှင့် ကိုယ်ချင်းစာတရားအင်အားကြီးမြတ်လှသည့် အကြောင်းခြင်းရာများကို အများပြည်သူတို့လည်း မုဒိတာပွားများနိုင်စေဖို့ရာ ကိုယ်တွေ့ဖြစ်ရပ်ကလေးများဖြင့် ကုသိုလ်ပွားနိုင်ကြစေရန် ကြံဖန်ကာ အစီရင်ခံတင်ပြ မျှဝေရပေတော့မည်တကား။   ကျွန်ပ်၏ ချစ်ခင်ရင်းနှီးရပါသော သက်ကြီးမိတ်ဆွေကြီးတစ်ဦးသည်ကား ယခင် ပုဂ္ဂလိကပိုင်ပုံနှိပ်တိုက်တစ်ခုတွင် တာဝန်ထမ်းဆောင်ခဲ့၏။၁၉၆၂တွင် ကြီးမြတ်လှစွာသော ဂရုဏာရှင်များက ပုဂ္ဂလိကပုံနှိပ်တိုက်များအားလုံးကို ပြည်သူပိုင် သိမ်းကာ ပြည်သူများခံစားရရှိစေရန်အလို့ငှာ ပြည်သူပိုင်လုပ်ငန်းများထူထောင်လိုက်သဖြင့် ပြန်ကြားရေးဝန်ကြီးဌာနတွင် သူ၏ ကိုယ်ပိုင်အချိန်များ ဘဝများ အသိပညာ အတတ်ပညာများ အားလုံးကို အနစ်နာခံပေးဆပ်ကာ လူပျို လူလွတ် ဘဝမှစကာ ပုဂ္ဂလိကဝန်ထမ်းသက် နှစ်ဆယ်ခန့် အစိုးရဝန်ထမ်းသက် နှစ်ဆယ်ကျော်ခန့်ဖြင့် နှစ်ပေါင်း လေးဆယ်ကျော် တာဝန်ထမ်းဆောင်ပြီးသကာလ ပင်စင်ရခဲ့လေသည်။ … Continue reading စေတနာဗရပွဖြင့် ကြင်နာတတ်ကြလှသည်

မော်လမြိုင်မြို့တွင် စံချိန်တင်ရေကြီး

မော်လမြိုင်၊ ၁၇ ဇွန် ၂၀၁၈ ဇွန်လ ၁၇ရက်နေ့ မနက်အစောပိုင်းကတည်းက ဆက်တိုက်ရွာသွန်းခဲ့တဲံ မိုးကြောင့် မော်လမြိုင်မြိုမှာ စံချိန်တင်ရေကြီးပြီး ရပ်ကွက်တချို့ ရေကြီးရေလျှံမှုဖြစ်ပွားကာ ပြည်သူတွေကို ဘေးလွှတ်ရာကို ပြောင်းရွှေ့ပြီး ယာယီကယ်ဆယ်ရေး စခန်းတွေ ဖွင့်ထားရပါတယ်။ Mawlamyine Daily သတင်းဓာတ်ပုံ - ဘိုဝင်း၊ ငါတို့ချစ်တဲ့ မော်လမြိုင်

အလုပ်အကိုင်အခွင့်အလမ်းပြပွဲ မော်လမြိုင်မှာကျင်းပ

မော်လမြိုင်၊ ၃ ဖေဖော်ဝါရီ ၂၀၁၈ မွန်ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်စား သုံးသူရေး ရာ ဦးစီးဌာန၊အစိုးရ နည်းပညာအထက်တန်းကျောင်း (မော်လမြိုင်)၊GTI (မော်လမြိုင်)၊ မွန်ပြည်နယ်ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း နဲ့ Swisscontact ၊ IOM အဖွဲ့တွေ ပူးပေါင်းပြီးေ ဖဖော်ဝါရီ ၃ ရက်နေ့ကနေ ၄ ရက်နေ့အထိ (၂)ရက်တာကျင်းပနေတာပါ။ မော်လမြိုင်မြို့က ပြည်နယ်ခန်းမမှာ ကျင်းပနေတာလည်းဖြစ်ပါတယ်။ မိုဘိုင်းဖုန်းနဲ့ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ် ငန်း၊ အသေးစား ငွေရေးကြေးရေးလုပ်ငန်း ၊ စူပါမားကတ် ၊ ဝန်ဆောင်မှု လုပ်ငန်းများ၊ ပြည်ပ အလုပ်ကိုင်ဆိုင်ရာ လုပ်ငန်းများ၊ကုန်ပစ္စည်းဖြန့်ဖြူးရေး လုပ်ငန်းများ ၊ စက်ရုံနဲ့ဆက်စပ်သည့် လုပ်ငန်းတွေရဲ့ အလုပ်ကိုင်အခွင့်အ လမ်းတွေအတွက် ပြပွဲကျင်းတာလည်းဖြစ်ပါတယ်။ … Continue reading အလုပ်အကိုင်အခွင့်အလမ်းပြပွဲ မော်လမြိုင်မှာကျင်းပ

မေမေနိုင်မှဖြစ်မှာ..

မော်လမြိုင်၊ ၁၂ ဧပြီ ၂၀၁၇ (သရော်စာ) မေမေနိုင်မှဖြစ်မှာ.. တဲ့။ ရွေးကောက်ပွဲ မတိုင်ခင်က မောင်ဝါဝါတို့ လှိုင်လှိုင်ကြီး ကြားခဲ့သလေ။ ရွေးကောက်ပွဲပြီး မေမေနိုင်သွားတော့ နောက်ထပ်ရွေးကောက်ပွဲ ငါးနှစ်မတိုင်ခင်တော့ ထပ်မကြားရလောက်တော့ဘူး ထင်ခဲ့တာပေါ့။ . မေမေနိုင်မှ ဖြစ်မှာပါ.. တဲ့။ အခု ထပ်ကြားရပြန်ပါပကော။ တချို့တချို့တွေကို မေမေမနိုင်ဘူးထင်တယ်။ မောင်ဝါဝါတို့ ပြည်သူတွေလည်း မနိုင်ဘူးမေမေ။ ဟုတ်တယ်.. ပြည်သူ့အသံ၊ သူတို့အသံပဲဆိုလား ဘာဆိုလား ကြားတော့ ကြားနေတာပဲ။ ဒါပေမဲ့ တကယ်တမ်းကျ ပြည်သူတွေ အသံဝင်နေလို့ မကြားရတာလို့ပဲ သူတို့နားရွက်သူတို့ ယုံလိုက်ကြပုံ ပေါ်တယ် မေမေရယ်။ . တချို့ကလေ "ဇွတ်" မေမေရဲ့ သိလား။ မေမေ နိုင်ကိုနိုင်မှ ဖြစ်တော့မှာနော်။ အခုဆို မောင်ဝါဝါတို့မှာလည်း ဘတ်စ်ကားစီးမယ်ကြံတိုင်း၊ … Continue reading မေမေနိုင်မှဖြစ်မှာ..

ပြည်ထောင်စု ဗိုလ်ချုပ်သမ္မတနိုင်ငံ

မော်လမြိုင်၊ ၄ မတ်လ ၂၀၁၇ အမတ်မမိကွမ်းချမ်းက မွန်ပြည်နယ်က တံတားကို ဗိုလ်ချုပ်အောင်ဆန်း နာမည်ပြောင်းရန်လွှတ်တော်တွင် အဆိုပြုသည်။ ကန့်ကွက်သူတွေလည်း ကန့်ကွက်ကြသည်။ ထောက်ခံသူတွေ ထောက်ခံကြသည်။ စိုပြေကတော့ ထောက်ခံသည့် ဘက်တွင် ပါသည်။ တံတားတစ်ခုထဲတင် ဗိုလ်ချုပ်နာမည်မဟုတ် အခြားသော အရာတွေကိုပါ ဗိုလ်ချုပ်အောင်ဆန်း နာမည်ပေးသင့်သည်။ ဗိုလ်ချုပ်အောင်ဆန်းဟာဆိုရင် မြန်မာပြည်ရဲ့ ဘာညာ သာရကာ ဆိုပြီး ပြောပြမနေချင်တော့။ အားလုံးလည်း သိပြီးသားမို့လား။ ဗိုလ်ချုပ်ဘာလဲဆိုတာ။ မသိရင် လမ်းဘေးက စာအုပ်ဆိုင်တစ်ခုကိုသွား။ ၀ယ်ဖတ်လိုက်။ ဗိုလ်ချုပ်အကြောင်း စာအုပ်တွေက ရာနှင့်ချီပြီးရှိသည်။ ဒီတော့ ရှင်းပြနေရင် ရှုပ်နိုင်သည်။ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုရမည်။ အခု အချိန်ထိ ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုထားတာဆိုလို့ လမ်းတစ်ခုနှင့် ဈေးတစ်ခုသာရှိသည်။ မြို့တိုင်းမှာတော့ ဗိုလ်ချုပ်နာမည်နှင့် လမ်းတွေရှိသည်။ အဲ့ဒါတွေက … Continue reading ပြည်ထောင်စု ဗိုလ်ချုပ်သမ္မတနိုင်ငံ

မောင်ဝါဝါနှင့် မြန်မာဗုတ်ဒေါ

မော်လမြိုင်၊ ၂၄ ဖေဖော်ဝါရီ ၂၀၁၇ (သရော်စာ) မြန်မာပြည်တလွှား သီချင်းဆိုပြိုင်ပွဲများ အလွန်ခေတ်စားသော အချိန်ကာလ ဖြစ်လေသည်။ ၄င်းပြိုင်ပွဲများတွင် အနိုင်ယူပြီး ဆုရရှိသည့် အဆိုတော်များလည်း လူကြိုက်များ ရေပန်းစားသည်။ ထုံးစံအတိုင်း မောင်ဝါဝါ ရောဂါတက်ပြီပေါ့။ အဆိုပြိုင်ပွဲ ဝင်ပြိုင်ပြီး ဆုရရှိလျှင် ပရိသတ်တွေ အများကြီးရမည်။ ဒါဆို အခွေထုတ်လျှင် ပရိသတ်ရှိပြီးသား ဖြစ်သဖြင့် အလွယ်လေးနှင့် နာမည်ကျော် အဆိုတော်ကြီးဖြစ်ပြီး အခွေတွေ အများကြီး ရောင်းရမည်။ ဘယ်ပွဲ ဝင်ပြိုင်ရမလဲ စုံစမ်းတော့ တွေ့ပါပြီ။ လူကြိုက်များသော ပြိုင်ပွဲတွေထဲကမှ လူကြိုက်အများဆုံးပြိုင်ပွဲ။ “မြန်မာဗုတ်ဒေါ” တဲ့။ ဘယ်လို နာမည်ကြီးပါလိမ့်ဟု အစကတော့ စဉ်းစားမရ။ နောက်မှ လူပြောသူပြောနှင့် သိရသည်။ သီချင်းဆို ကောင်းရုံနဲ့မပြီး၊ ပရိသတ်များက သူတို့အားပေးကြောင်း ပြသည့်အနေနှင့် … Continue reading မောင်ဝါဝါနှင့် မြန်မာဗုတ်ဒေါ