အရွေးခံကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ့ဆုံပွဲ ကိုယ်စားလှယ်တွေ တက်ရောက်မှုအားနည်း

မော်လမြိုင်၊ ၂၁ ဇန်နဝါရီ ၂၀၁၆ ဒီတနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ မွန်ပြည်နယ်၊မော်လမြိုင်မြို့ ၊ကုန်စည်ဒိုင်ခန်းမ မှာကျင်းပနေတဲ့ မွန်ပြည်နယ်အတွင်းအရွေးခံကိုယ်စားလှယ်တွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ့ဆုံမိတ်ဆက်ပွဲကို လွှတ်တော်ကိုယ်စားလှယ်တွေတက် ရောက်မှုအားနည်းခဲ့ပါတယ်။ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့က မွန်ပြည်နယ်အတွင်း အရွေးခံထားရတဲ့ ကိုယ်စားလှယ် ၄၅ ယောက်ရှိတဲ့ အနက် အဆိုပါ တွေ့ဆုံပွဲကို ကိုယ်စားလှယ် ၃ ယောက်သာ တက်ရောက်ခဲ့ကြပြီး၊အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ် နဲ့လေ့လာသူပြည်သူ ၇၀ နီးပါ တက်ရောက်ခဲ့တာပါ။ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေပါတီက အနိုင်ရကိုယ်စားလှယ် ၁ ယောက်၊ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီကကိုယ်စားလှယ် ၁ ယောက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့အချုပ်ပါတီက ကိုယ်စားလှယ် ၁ ယောက်သာ တက်ရောက်ခဲ့တာပါ။ မွန်ပြည်နယ်ကနေပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကိုယ်စားလှယ် အယောက် ၄၀ နဲ့ …

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်တွေတက်ရောက်ဖို့ အရပ်ဖက်အဖွဲ့စည်းတွေ မျှော်လင့်

မော်လမြိုင်၊ ၂၀ ဇန်နဝါရီ ၂၀၁၆ ၂၀၁၅ နိုဝင်ဘာ ၈ ရက်နေ့က ရွေးချယ်ခံထားရတဲ့ မွန်ပြည်နယ်အတွင်း က လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ အရပ်ဖက်လူထုအခြေပြုအဖွဲ့အစည်းတွေ ဇန်နဝါရီ ၂၁ ရက်နေ့၊မော်လမြိုင်မြို့ ကကုန်စည်ဒိုင်ခန်းမမှာတွေ့ဆုံဖို့ရှိပါတယ်။ မွန်ပြည်နယ်အတွင်း ရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၅ ယောက်နဲ့ လူမှုအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ် ၅၀ နီးပါးခန့် တွေ့ဆုံမိတ်ဆက်ကြဖို့စီစဉ် ထားပေမယ့် ကိုယ်စားလှယ်အများဆုံးအရေး ချယ်ခံထားရတဲ့ အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်(NLD)က ကိုယ်စားလှယ်တွေ တက်ရောက်ကြဖို့ အရပ်ဖက်အဖွဲ့ အစည်းတွေက မျှော်လင့်နေကြတာပါ။ “အရွေးခံထားရတဲ့ ကိုယ်စားလှယ်တွေနဲ့ လူထုအခြေပြုအဖွဲ့အစည်းတွေ ပူးပေါင်းလုပ်ဆောင်နိုင်ကြဖို့ မိတ်ဆက်တွေ့ဆုံကြတာပါ။နောက်ပြီး ကျနော်တို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကိုတင်ပြမယ်။ ဒီကိုယ်စားလှယ်တွေက အစိုးရအဖွဲ့ထဲရောက်လို့ ဝန်ကြီးတွေဖြစ်သွားရင် လူထုတွေနဲ့ဝေး သွားတာ မျိုးမဖြစ်စေချင်ဘူးလေ။တွေ့ဆုံမိတ်ဆက်ပွဲကို အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်ကိုယ်စား …

ဝန်ကြီးချုပ် ဦးအုန်းမြင့် အစိုးရသက်တမ်း ကလေးသူငယ်အမှု ၈၉ မှုရှိ

(ဓါတ်ပုံ-မော်လမြိုင်မြို့နယ်တရားရုံးအတွင်း သက်ငယ်မုဒိန်းမှု စစ်ဆေးနေစဉ် အဓမ္မပြုကျင့်ခံရ တဲ့ ကလေးသူငယ်မိခင်က အမှုကိုကြားနေပုံနှင့် တရားရုံးမြင်ကွင်းများ) မော်လမြိုင်၊၁၀ ဇန်နဝါရီ ၂၀၁၆ ဇန်နဝါရီ ၂၀၁၁ ခုနှစ် ကနေ ၂၀၁၅ နိုဝင်ဘာလအထိ ၅ နှစ်တာနီးပါ သက်တမ်းကာလ၊ မွန်ပြည်နယ်အစိုးရအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ ဝန်ကြီးချုပ်ဦးအုန်းမြင့် အစိုးရသက်တမ်းကာလအ အတွင်းမှာတော့ ကလေးသူငယ်မုဒိန်းမှုအပါဝင်၊သက်ငယ် မုဒိန်းမှုပေါင်း ၈၉ မှုဝန်းကျင်ရှိပါ တယ်။ အဆိုပါသက်ငယ်မှုခင်းတွေကို ပြည်နယ်အတွင်းက သက်ဆိုင်ရာတရားရုံးတွေမှာ အခုချိန်ထိ စစ်ဆေးမေးမြန်းတာတွေရှိနေသလို၊တချို့အမှုတွေကိုတော့ အမှုချမှတ်ပြီးတာတွေလည်းရှိပါတယ်။ ကလေးသူငယ်မှုအပါဝင် မုဒိန်းမှု၊ပြည့်တန်ဆာမှု၊လူသတ်မှုနဲ့ အခြားအမှုများ ဆိုတဲ့ အမှုအမျိုးအစား ၁၅ မျိုးရှိတဲ့အနက် မော်တော်ယဉ်တိုက်မှုကအများဆုံးဖြစ်ပြီး ယဉ်တိုက်မှုပေါင်း ၃၀၈၀ ရှိပါတယ်။ ဝန်ကြီးချုပ်ဦးအုန်းမြင့် ဦးဆောင်ခဲ့တဲ့ အစိုးရသက်တမ်းကာလအတွင်းမှာတော့ မွန်ပြည်နယ် အတွင်း မှုခင်းပေါင်း ၁၆၀၀၆ မှုရှိပါတယ်။ …

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်အတွက် ဥက္ကဋ္ဌ တွေကို ဖေဖော်ဝါရီမှာရွေးမည်

=================================================် ===== မော်လမြိုင်၊ ၈ ဖေဖော်ဝါရီ ၂၀၁၆ ၂၀၁၅ ရွေးကော်ပွဲကနေတဆင့်ရွေးကောက်ခံထားရတဲ့ မွန်ပြည်နယ် အတွင်းက ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေဟာ လာမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စတင်မယ့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပထမပုံမှန် အစည်းကိုတက်ရောက်တော့မှာပါ။ အဆိုပါ ပြည်နယ်လွှတ်တော်အစည်းဝေးကျရင် မွန်ပြည်နယ်လွှတ်တော်အ အတွက် ရွေးချယ်ခံထားရတဲ့ ကိုယ်စားလှယ်တတွေထဲကမှ လွှတ်တော် ဥက္ကဋ္ဌ နှင့် ဒု-ဥက္ကဋ္ဌ တို့ကို တက်ရောက်လာတဲ့ကိုယ်စားလှယ်တွေက ရွေးချယ်ပေး ကြ ရမှာဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျင်းပမယ့် ဒုတိယအကြိမ် ပထမပုံမှန်အစည်းအ ဝေးကို ရွေးကောက်ခံထားကြရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှာ ကိုယ် စားလှယ် ၁၉ ဦး၊မွန်အမျိုးသားပါတီ မှ ၂ ဦး၊မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေ ပါတီနဲ့ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ …