မွန်ပြည်နယ်အပါအဝင် ရေဘေးသင့် မြို့နယ်ပေါင်း ၁၈ ခုမှ ပြည်သူများအနေဖြင့် MPT ဖုန်းအချင်းချင်း မိနစ် ၃၀ စာ အခမဲ့ခေါ်ဆိုခွင့်ရက်ပေါင်း ၃၀ အထိအသုံးပြုနိုင်မည်

  မော်လမြိုင်၊ ၃ သြဂုတ် ၂၀၁၈ ဇူလိုင်လအတွင်းမှစတင်၍ ရေဘေးသင့်ခဲ့သည့် မြို့နယ် ၁၈ ခုမှ MPT သုံးစွဲသူများသည် သြဂုတ်လ ၃ ရက်နေ့မှ စတင်၍ မိနစ်(၃၀) အခမဲ့ဖုန်းခေါ်ဆိုခွင့်ကို ရက် (၃၀)ကြာ အသုံးပြုနိုင်ရန် ရရှိမည်ဖြစ်ပြီး မည်သည့် MPTဖုန်းကိုမဆိုခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။ အဆိုပါဒေသများရှိ MPT သုံးစွဲသူများအနေဖြင့် အခမဲ့ ဖုန်းခေါ် ဆိုခွင့်ကို လျှောက်ထားရယူရန်လိုအပ်မည်မဟုတ်ဘဲ အလိုအလျောက်ရရှိအသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ အခမဲ့မိနစ်များ အသုံးပြုနိုင်ပြီဖြစ်ကြောင်းကို MPT မှ စာတို(SMS) ပေးပို့ အသိပေးသွားမည်ဖြစ်ပါသည်။ MPT က  ဒီအစီအစဉ်ကို ရေဘေးသင့်ပြည်သူများအနေဖြင့် ၎င်းတို့၏ မိသားစုဝင်များနှင့် အဆက်အသွယ်မပြတ်စေရန်နှင့် အရေးပေါ် ကယ်ဆယ်ရေးလှုပ်ရှားမှုအဖွဲ့များထံသို့ ဆက်သွယ်နိုင်ရန်အတွက် ရည်ရွယ်လုပ်ဆောင်တာလဲဖြစ်ပါတယ်။ အခမဲ့အသုံးပြုခွင့်ရမယ့် ရေဘေးသင့်ဒေသတွေကတော့- မွန်ပြည်နယ်မှာ …

မာစီကောမြန်မာရုံးမှ သတင်းအချက်အလက်ကောက်ယူသူများခေါ်ယူ

မော်လမြိုင်၊ ၂ သြဂုတ် ၂၀၁၈ မာစီကောမြန်မာသည် မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဒေသတွင်း လူမှုသဟဇာတဖြစ်မှုဆိုင်ရာ အခြေအနေများကို လေ့လာနိုင်ရန်အတွက် သတင်းအချက်အလက် ကောက်ယူသူ အယောက် (၂၀) ယောက်ကို ခေါ်ယူရန် ရှိပါသည်။ ဤ ဒေသတွင်းလေ့လာခြင်းဆိုင်ရာ ဖြစ်စဉ်သည် စက်တင်ဘာလ နှင့် အောက်တိုဘာလ အတွင်း လုပ်ဆောင်သွားမည် ဖြစ်ပါသည်။ ဒေသအတွင်း အချက်အလက်ကောက်ယူခြင်း ဆိုင်ရာ လုပ်ဆောင်ခြင်း အဆင့်ဆင့်နှင့် အချက်အလက်ကောက်ယူမည့်မြို့နယ်များနှင့် ခေါ်ယူမည့်လူဦးရေ အသေးစိတ်အား ကြေငြာချက်တွင် ဖတ်ရှုနိုင်ပါသည်။ လျှောက်ထားမည့်သူများသည် ၁) မာစီကောမှ ပြုလုပ်ခဲ့သော လူမှုသဟဇာတဖြစ်စွာပေါင်းစည်းညီညွတ်ရေးသင်တန်းနှင့် စိတ်ဝင်စားမှု အခြေပြု စေ့စပ်ညှိနှိုင်းရေး သင်တန်း တတ်ရောက်ပြီးသူများဖြစ်ရပါမည် ၂) မြန်မာနိုင်ငံသား မှတ်ပုံတင်ရှိသူဖြစ်ရမည် ၃) မိမိဒေသတွင်း သွားရမည့် …

မော်လမြိုင်တွင် အခမဲ့လျှပ်စစ်ကျွမ်းကျင်မှုသင်တန်း ဖွင့်လှစ်မည်

မော်လမြိုင်၊ ၃၁ ဇူလိုင် ၂၀၁၈   Suu Foundation နှင့် Sea Lion Education and Social Fund တို့ရဲ့ ကူညီထောက်ပံ့မှုနဲ့ Capacity Development Myanmar (CDM) မြန်မာ့စွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့က ပြုလုပ်တဲ့ အခမဲ့ လျှပ်စစ်ကျွမ်းကျင်မှုသင်တန်းကို မော်လမြိုင်မြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ သြဂုတ်လ ၁၆ရက်နေ့မှာ စတင်ဖွင့်လှစ်မှာ ဖြစ်ပါတယ်။ သင်တန်းကာလကတော့ ၃ပတ် ကြာမြင့်မှာပါ။   ဒီသင်တန်းကို လျှပ်စစ်ပညာကို စိတ်ပါဝင်စားတဲ့သူတွေ၊ယခု လက်ရှိမှာ လျှပ်စစ်ပိုင်းနဲ့ အလုပ်လုပ်နေပီးတော့ လက်ရှိ မိမိ ဘဝကို မြင့်တင်ပြီး လစာပိုမိုကောင်းမွန်လိုသူတွေ တက်ရောက်နိုင်ပါတယ်။   သင်တန်းကို စိတ်ဝင်စားလို့ လျှောက်ထားချင်သူတွေဟာ အနည်းဆုံး အခြေခံပညာအထက်တန်းအဆင့် ရှိရမှာဖြစ်ပြီး သင်တန်းပြီးဆုံးပါက …

ရန်ကုန် နှင့် မော်လမြိုင် လေယာဉ်ခရီးစဉ်များ ထပ်မံတိုးဆွဲ

မော်လမြိုင်၊ ၂၉ ဇူလိုင် ၂၀၁၈ ရေကြီးရေလျံမှုကြောင့် ကုန်းလမ်းခရီးနှင့် မီးရထားလမ်းခရီးစဉ်တွေ ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းထားတဲ့ ရန်ကုန် နှင့် မော်လမြိုင် ခရီးစဉ်တွေအတွက် မန်းရတနာပုံလေကြောင်းလိုင်းမှ အထူးလေယာဉ်အဖြစ် ၃၀.၇. ၂၀၁၈ နှင့် ၃၁.၇.၂၀၁၈ တို့အတွက် တစ်ရက်လေယာဉ် ၄ စီးဖြင့်ပြေးဆွဲပေးနေပါတယ်။ ရန်ကုန်မှ မော်လမြိုင်အတွက် လက်မှတ်ခ ၃၀၀၀၀ ကျပ်ဖြစ်ပြီး မော်လမြိုင် မှ ရန်ကုန် အတွက် လက်မှတ်ခ ၄၈၀၀၀ကျပ်သတ်မှတ်ထားပါတယ်။ မော်လမြိုင် မှ ဝယ်ယူလိုသူတွေအနေနဲ့ ရုံးချိန်အတွင်း လေဆိပ်တွင်သွားရောက် စုံစမ်းဝယ်ယူနိုင်ပါတယ်။ မော်လမြိုင်မှ ဝယ်ယူလိုသူများအနေနှင့် ရုံးသို့ ကိုယ်တိုင်မလာနိုင်ပါက အောက်ပါ Link မှတဆင့်ဝယ်ယူနိုင်ပါတယ်။ လက်မှတ်ဝယ်ယူရန် Link - https://goo.gl/fzxB85 လေယာဉ်ချိန်တွေကတော့ - ရန်ကုန်-မော်လမြိုင် ===> …

Miki-ko အမှတ်​တံဆိပ်​ ချယ်​ရီသီး ကို စားသုံးရန်မသင့်သော အစားအစာအဖြစ်ကြေညာ

မော်လမြိုင်၊ ၁၈ ဇူလိုင် ၂၀၁၈   မွန်​ပြည်​နယ်​၊အစားအ​သောက်​နှင့်​​ဆေးဝါးကွပ်​ကဲ​ရေးဦးစီးဌာနမှ ​ဈေးကွက်​အတွင်း​ရောင်းချလျက်​ရှိ​သော Miki-koအမှတ်​တံဆိပ်​ ချယ်​ရီသီးကို ဝယ်​ယူစစ်​​ဆေးရာ ခွင့်​မပြုဆိုး​ဆေး (Rhodamine B)ပါဝင်​​ကြောင်း​တွေ့ရှိရသဖြင့်​ စားသုံးရန်​မသင့်​​သော အစားအစာအဖြစ် ကြေညာချက်ထုတ်ပြန်ထားပါသည်။   အဆိုပါ Miki-ko အမှတ်​တံဆိပ်​ ချယ်​ရီသီးကို (၂၁.၆.၂၀၁၇)ရက်​​နေ့ထုတ်​ မြန်​မာ့အလင်းသတင်းစာတွင်​လည်း​ကောင်း၊ Miki-ko အမှတ်​တံဆိပ်​ တရုတ်​ဆီးသီးကို (၁၈.၁.၂၀၁၅)ရက်​​နေ့ထုတ်​ မြန်​မာ့အလင်းသတင်းစာနှင့်​​ ​ကြေးမုံသတင်းစာတို့တွင်​လည်း​ကောင်း ခွင့်​မပြုဆိုး​ဆေးပါဝင်​၍ စားသုံးရန်​မသင့်​​ကြောင်း ထည့်​သွင်း​ကြေညာခဲ့ပြီး ဖြစ်​ပါသည်​။   ​ဈေးကွက်​အတွင်း​ရောင်းချခြင်း ​ထပ်​မံ​တွေ့ရှိပါကလည်း စီမံခန့်ခွဲမှုနည်းလမ်းအရ (သို့)တရားဥပ​ဒေအရ အ​ရေးယူမည်​ဖြစ်​​ကြောင်း အသိ​ပေးကြေညာချက်ထုတ်ပြန်ထားပါသည်။   Mawlamyine Daily Ref: Mon Dfda

မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲ ကျင်းပ

မော်လမြိုင်၊ ၁၁ ဇူလိုင် ၂၀၁၈ ဇူလိုင် ၁၁ ရက်နေ့က မော်လမြိုင်နည်းပညာတက္ကသိုလ်မှာ ကျောင်းသားများသမဂ္ဂ အထွေထွေရွေးကောက်ပွဲကျင်းပနေတာပါ။ ရွေးကောက်ပွဲ မှာ ဥက္ကဌ၊ အတွင်းရေးမှုး နဲ့ ကျောင်းသားရေးရာတာဝန်ခံ နေရာတို့ကို ရွေးချယ်တင်မြှောက်ကြမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ဥက္ကဌနေရာအတွက် ကိုယ်စားလှယ်လောင်း နှစ်ဦး၊ အထွေထွေအတွင်းရေးမှုး နေရာအတွက် ကိုယ်စားလှယ်လောင်း နှစ်ဦး နဲ့ ကျောင်းသားရေးရာတာဝန်ခံ နေရာအတွက် ကိုယ်စားလှယ်လောင်း နှစ်ဦးတို့ အသီးသီး ဝင်ရောက်အရွေးချယ်ခံခဲ့ပါတယ်။ အဆိုပါ ရွေးကောက်ပွဲမှာ မော်လမြိုင်နည်းပညာတက္ကသိုလ်မှ ကျောင်းသားကျောင်းသူဦးရေရဲ့ ၅၃ ရာခိုင်နှုန်းက မဲပေးရွေးချယ်ခဲ့ကြပါတယ်။ Mawlamyine Daily သတင်းဓာတ်ပုံ - မော်လမြိုင်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

ထိုင်းနိုင်ငံဂူထဲမှာ အသက်ရှင်လျှက်ပြန်တွေ့တဲ့ ကလေးတွေ အပြင်ပြန်ရောက်ဖို့ ဂူထဲမှာ လနဲ့ချီကြာနိုင်

မော်လမြိုင်၊ ၃ ဇူလိုင် ၂၀၁၈   ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အနီးက ထမ်လွန်နမ့်နွန်ဂူထဲမှာ ပိတ်မိနေတဲ့ ဘောလုံးသမားကလေး ၁၂ယောက်နဲ့ နည်းပြတို့ဟာ ဂူအပြင်ကို ပြန်ထွက်ဖို့အတွက် ရေငုပ်နည်းကို သင်တာ သို့မဟုတ် ရေကျသွားတဲ့အချိန်အထိ လနဲ့ချီပြီး စောင့်ရတာဖြစ်ရနိုင်တယ်လို့ ထိုင်းနိုင်ငံရဲ့ စစ်တပ်က ပြောဆိုလိုက်ပါတယ်။   ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဂူထဲမှာ ရေတက်နေတာနဲ့ ရင်ဆိုင်နေရပြီး လက်ရှိမှာတော့ အစားအစာတွေနဲ့ ဆေးဝါးထောက်ပံ့မှုတွေ ယူဆောင်သွားနေကြပါတယ်။   အခုလက်ရှိမှာတော့ ကလေးတွေအတွက် လေးလစာ လုံလောက်မယ့် အစားအစာတွေကို ထောက်ပံ့ပေးထားမယ် လို့ ထိုင်းစစ်တပ်က ပြောဆိုပါတယ်။   ထိုင်းနိုင်ငံတောင်ပိုင်း ချင်းရိုင်က ထမ်လွန်ဂူဟာ ပုံမှန်အားဖြင့် စက်တင်ဘာ နဲ့ အောက်တိုဘာလအထိ ရေကြီးရေလျှံလေ့ရှိပါတယ်။ သူတို့ကို အဲဒီလတွေ မတိုင်မီ ဂူအပြင်ထုတ်မယ်ဆိုရင် …