လျှပ်စစ်ဝန်ကြီးတွေ သိပါစေ

မော်လမြိုင်၊ ၁၇ ဖေဖော်ဝါရီ ၂၀၁၉ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ ဖေဖော်ဝါရီ ၁၄ရက်နေ့ကပြုလုပ်သည့် လစဉ်သတင်းစာရှင်းလင်းပွဲတွင် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန(စွမ်းအင်)မှ ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က “ပြောင်းလဲကောက်ခံမည့် လျှပ်စစ် မီတာခ နှုန်းထားသစ်သည် စီးပွားရေးလုပ်ငန်းရှင်များနှင့် အခြေခံသုံးစွဲသူများ မျှတစွာခံစားနိုင်မည့်စနစ်ဖြစ်ရန် စီမံနေကြာင်း” ပြောကြားခဲ့သည်ဟု ကြားသိရသည်။   “အသစ်ပြောင်းခဲကောက်ခံမည့် မီတာခနှုန်းထားသည် ပြည်သူများ စိုးရိမ်စရာကောင်းသည့်နှုန်းထားမျိုး မဖြစ် စေရန် နှင့် တချို့ လျှပ်စစ်မီးအနည်းငယ်သာအသုံးပြုသူများအတွက် လုံးဝပြောင်းလဲခြင်းမရှိသည့် ပုံစံမျိုးနှင့် ပြောင်းလဲ တွက်ချက် ထားသည့်နှုန်းထားအသစ်လည်း ဆီလျှော်သည့်နှုန်းထားဖြစ်ရန် တွက်ချက်နေကြောင်း” လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်က ဇန်နဝါရီ ၂၁ရက်က ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာစဉ် …

“​အောင်​ဆန်းဟာ ကျုပ်​တို့ကိုယ်​ထဲ မှတ်​မှတ်​ရရစီး​ဆင်း​နေဆဲ”

မော်လမြိုင်၊ ၁၃ ဖေဖော်ဝါရီ ၂၀၁၉ (ကဗျာ)   သံမဏိ​လောင်းထားတဲ့ စိတ်​ဓာတ်​နဲ့ တိုင်းပြည်​ချစ်​စိတ်​​တွေ ရဲ​နေ​​အောင်​နီခဲ့တဲ့သူ ကျုပ်​တို့ရဲ့တစ်​သက်​မှာ တစ်​ခါသာ ​ပွင့်​ပြီး တစ်​ခါသာ​ကြွေခဲ့တယ့်​ကြယ်​ သူ့အ​ကြောင်းက ခုထိ လင်းဆဲ သူ့သမိုင်းက ခုထိ ​ကောင်းဆဲ ​သူ့အတွက်​ ​ကြေကွဲ​နေရတဲ့ ရင်​ဘတ်​​တွေ အခု ​ဖောက်​ချကြည့်​လိုက်​ ဆူပွက်​​နေဆဲ သတိရခြင်း​တွေထဲမှာ တစ်​ဦးတည်း​သော ဗိုလ်​ချုပ်​ပုံရိပ်​​တွေရှိ​နေဆဲပဲ ဒီ​ဖေ​ဖော်​ဝါရီ ၁၃ ဟာ '၁၀၄' နှစ်​ပြည့်​ ​သွေးလည်​ပတ်​ခြင်းဖြစ်​တယ်​။   ဂိုးဂိုး(မောရမြိုင်) Mawlamyine Daily

“ဗိုလ်ချုပ်အောင်ဆန်း”

မော်လမြိုင်၊ ၁၃ ဖေဖော်ဝါရီ ၂၀၁၉ (ကဗျာ)   သူ့နာမည်ကြားတာနဲ့ သူ့အကြောင်းကြားတာနဲ့ ရင်ဘတ်များဟာ ကြေကွဲရတယ် အမှန်တရားနဲ့ ရိုးသားခဲ့သူ သံမဏိစိတ်ဓါတ်နဲ့ ရဲရင့်ခဲ့သူ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်စွန့်ခဲ့ရသူ သူ့နာမည်ဟာ ဘယ်တော့မှ သေမသွားဘူး သူ့သမိုင်းက ဘယ်တော့မှ ပျောက်မသွားဘူး ဗိုလ်ချုပ်လို့ပြောလိုက်တာနဲ့ တစ်ကိုယ်လုံးစီးနေတဲ့ သွေးထဲက အသိက အောင်ဆန်းတစ်ယောက်ပဲရှိတယ် အခုထိ ။ ။   ဂိုးဂိုး(မောရမြိုင်) Mawlamyine Daily

“ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တစ်ယောက်တည်းရှိတယ်”

မော်လမြိုင်၊ ၁၃ ဖေဖော်ဝါရီ ၂၀၁၉ (ကဗျာ)   ဘယ်ဗိုလ်ချုပ်နဲ့မှမတူတဲ့ ဗိုလ်ချုပ် သံမဏိလို ခံယူချက်မာခဲ့တဲ့ ဗိုလ်ချုပ် နေလို လလို လင်းခဲ့တဲ့ ဗိုလ်ချုပ် ကိုယ်ကျိုးမဖက်တတ်ခဲ့တဲ့ ဗိုလ်ချုပ် သူ့သမိုင်းကို ထိကြည့် သူ့အကြောင်းတွေက အနှစ်သာရရှိတယ် သူ့အတိတ်ကို တွေးကြည့် တိုင်းပြည်အတွက် အသက်စွန့်ခဲ့ရတဲ့ သမိုင်းကောင်းရှိတယ် ကိုယ့်ကိုကိုယ် ပြန်မလင်းခဲ့တဲ့ ကြယ် ကိုယ့်လူမျိုးတွေရဲ့လွတ်လပ်မှုကိစ္စအတွက် ကြွေရဲခဲ့တဲ့ ကြယ် လူသာသေသွားတာ နာမည်မသေသေးတဲ့ သူ ကျနော်တို့အားလုံးရဲ့ ဗိုလ်ချုပ် ဗိုလ်ချုပ်အောင်ဆန်းဆိုတာ တစ်ယောက်ပဲရှိတယ်။   ဂိုးဂိုး(မောရမြိုင်) Mawlamyine Daily

Mawlamyine Daily စာအုပ်စင်

မော်လမြိုင်၊ ၁၂ ဖေဖော်ဝါရီ ၂၀၁၉   ယခုအပတ်စာချစ်သူများထံ မိတ်ဆက်ပေးချင်တဲ့ စာအုပ်လေးကတော့ မော်လမြိုင်သားစစ်စစ် ကဗျာမောင်နှံ ဂိုးဂိုး(မောရမြိုင်)နဲ့ ဆောင်းပိုင်ရှင်(မော်လမြိုင်)တို့ရဲ့ချစ်ခြင်းများဖြင့်ထုံမွှန်းထားသည့် "မှော်ဝင်တဲ့စကား" အချစ်ကဗျာစာအုပ်လေးပဲဖြစ်ပါတယ်။မော်လမြိုင်မြို့မှ ကဗျာချစ်သူများနားခိုရာ ကဗျာကဖေးမှ ကဗျာဆရာမ မျိုးမောရရဲ့မုဒိတာစကားနဲ့အတူ ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ မြန်မာပြည်အနှံ့အပြားသို့ ဆိပ်ကမ်းသာစာပေမှဖြန့်ချီတော့မှာဖြစ်ပါတယ်။ ဤစာအုပ်လေးမှာ အချစ်ကဗျာစာအုပ်လေးဖြစ်၍ ချစ်တတ်သူကဗျာချစ်သူများအတွက်အမှတ်တရလည်းဖြစ် ပျော်ရွှင်စေရန်ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ထူးထူးခြားခြားအစီစဉ်လေးတစ်ခုပြုလုပ်ဖို့လည်းစီစဉ်ထားပါတယ်။ ကဗျာစာအုပ်လေးကို (၁၀၀၀)ကျပ်ဖြင့်သာ ရောင်းချပေးမည်ဖြစ်ပြီး ယခုပို့စ်တင်သည့်နေ့မှစ၍ ဖေဖေါ်ဝါရီ (၁၄)ရက် ညနေ(၆) နာရီအတွင်း "မှော်ဝင်တဲ့စကား"အချစ်ကဗျာ (၅)အုပ်ဝယ်ယူအားပေးပါသော ပထမဆုံး ချစ်တတ်သူကဗျာချစ်သူ အယောက် (၂၀)အား လုံးဝဗလာမပါသော ဆုမဲ ပစ္စည်း အမျိုး ၂၀ ဖြင့် မေတ္တာလက်ဆောင်ပြန်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် စာအုပ်အားပေးသူ ဆုရသူစာရင်းအား ဖေဖေါ်ဝါရီ (၁၄)ရက် ချစ်သူများနေ့ ည …

တရားမဝင်ငွေမည်းကြောင့် မွဲနေတဲ့တိုင်းပြည်

မော်လမြိုင်၊ ၁၁ ဖေဖော်ဝါရီ ၂၀၁၉   လမ်းမတော်မြို့နယ် အမှတ်(၂) အနော်ရထာလမ်းနှင့် (၆)လမ်းတိုထောင့် မှ အဗာတာဂိမ်းဆိုင်ကို ထိန်းသိမ်း ဖမ်းဆီးလိုက်သည် ဆိုသော သတင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရ အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်တတ်လာသောထွေအုပ် အမှတ်(၂)/အမှတ်(၆) မှုခင်းတပ်ဖွဲ့များကို ပြည်သူလူထုတို့က အထူးပင် ကျေးဇူးတင် လေးစားလျက်ရှိသည်။   အမှန်တကယ်တော့ အဲသည်ဂိမ်းဆိုင်ဟာ ကလေးကစားကွင်းအမည်ခံလိုင်စင်ပြုလုပ်ထားပြီး လူကြီးများ၏ လောင်းကစားကွင်းဖြစ်နေတာ ၆နှစ်ခန့်ကြာခဲ့ပြီဖြစ်ပါတယ်။ဖွင့်စကတည်းကပင် လူသူလေးပါး အလွန်စည်ကားခဲ့ပြီး ထိုကဲ့သို့သော ဂိမ်းဆိုင်များကြောင့် ခြံများ အိမ်များ တိုက်ခန်းများ ကားများ လုပ်ငန်းများ ရွှေ ငွေ ရတနာ လက်ဝတ် လက်စားများ မျက်လှည့်ပြသလိုကုန်ခန်းပျောက်ဆုံးသွားခဲ့ကြသူများမှာ မရေမတွက်နိုင်အောင်ပင် ရှိခဲ့လေပြီဖြစ်သည်။ ဘဝင်မကျသည်မှာကား ဆပ်ပလိုင်းချက်လုပ်ပြီး ဝင်ဖမ်းမှ မိရခြင်းဖြစ်သည်။ အမှတ်တမဲ့ သဘောထားလျှင် …

“မိရိုးဖလာ”

မော်လမြိုင်၊ ၈ ဖေဖော်ဝါရီ ၂၀၁၉ (ကဗျာ)   လက်တစ်ဆုပ်စာ အစာအိမ်များအတွက် လက်လှမ်းမမှီတဲ့ ပင်လယ်ပြင်ကြီးထဲ ကြိုတင်ကြံစည်မှု အကုသိုလ်အပြည့်နဲ့ တစ်နေ့စာကံကောင်းဖို့ ဆုတောင်းနေခဲ့ ။ ။   ဂိုးဂိုး(မောရမြိုင်) Mawlamyine Daily