ငါးရံ့မရမ်းပြားချက် (မွန်ရိုးရာဟင်း)

မော်လမြိုင်၊ ၂၃ ဧပြီ ၂၀၁၇ တိုင်းရင်းသားတွေရဲ့ ပြည်နယ်တွေကိုရောက်လို့ ရိုးရာဟင်းတွေ မြည်းချင်တဲ့ အာသီသရှိကြမယ်လို့ထင်ပါတယ်။ဒါမှမဟုတ် တိုင်းရင်းသားရိုးရာဟင်းတွေကို ကိုယ်တိုင်စားဖိုမှူးလုပ်ပြီး ချက်ဖို့ ဆန္ဒရှိသူတွေအတွက် Mawlamyine Daily ရဲ့ “မော်လမြိုင်အစား” ကဏ္ဍမှ ငါးရံ့မရမ်းပြားချက် မွန်ရိုးရာဟင်းကို လမ်းညွှန်မိတ်ဆက်ပေးပါရစေ။ မွန်ပြည်နယ် မော်လမြိုင်မြို့ကိုရောက်လို့ မွန်ရိုးရာဟင်းကို မြည်းမယ့်ပုဂ္ဂိုလ်တွေ ကတော့ မော်လမြိုင်တက္ကသိုလ် အနီးက တာဝတိံ Food Court ကိုညွှန်းပါရစေ။တောင်ဝိုင်းလမ်းမ၊ ကုန်းထိပ်အနီးရောက်ရင် တာဝတိံ လို့မေးလိုက်ရင်ရပါပြီ။တောင်ဝိုင်းလမ်းပေါ်မှာဆိုတော့ ရှာလို့လွယ်ပါတယ်။ ငါးရံ့မရမ်းပြား မွန်ရိုးရာဟင်းတစ်ခွက်ရဖို့ ပြင်ဆင်ချက်ပြုတ်ပုံအဆင့်ဆင့်ကို တာဝတိံမှ စားဖိုမှူးက Mawlamyine Daily ကိုချက်ပြုတ်လို့ရှင်းပြခဲ့ပါတယ်။ ပြင်ဆင်ပြုလုပ် =========== ငါးရံ့မရမ်းပြားဟင်းကို ကိုယ်တိုင်ချက်လုပ်မယ်ဆိုရင်တော့ ဦးစွာပထမ ငါးရံ့ကိုကြေးခွံခွာလို့ ဗိုက်ခွဲပြီးအတွင်းကလီစာတွေထုတ်ယူရမှာပါ။ရလာတဲ့ ငါးရံ့ကို … Continue reading ငါးရံ့မရမ်းပြားချက် (မွန်ရိုးရာဟင်း)

မော်လမြိုင် လမ်းလျှောက်သင်္ကြန်

မော်လမြိုင် ၊ ၁၆ ဧပြီ ၂၀၁၇ မော်လမြိုင်လမ်းလျှောက်သင်္ကြန်ပွဲတော်ကို ဧပြီ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့က မော်လမြိုင်မြို့တွင်း လမ်းလျှောက်ဆင်နွဲခဲ့ကြပါတယ်။ သံလွင်ဥယျာဉ် မှစတင်ထွက်ခွာပြီး အထက်လမ်းမ မှသိပ္ဗံလမ်းအတိုင်း အောက်လမ်းမကြီး၊ထိုမှတဆင့် ကမ်း ဗဟိုမဏ္ဍပ်ဆီ လမ်းလျှောက်လို့ ရေကစားဆင် နွဲခဲ့ကြတာပါ။ မော်လမြိုင်မြို့ရဲ့လမ်းလျှောက်သင်္ကြန်ပွဲတော်ကို မြို့နေလူငယ်လူရွယ်တွေ လူမှုစာမျက်နှာပေါ်မှတဆင့် စတင်စုဝေးပြီး ပထမဆုံးအကြိမ်ကျင်းပခဲ့တာပါ။ Mawlamyine Daily

လမ်းလျှောက်သင်္ကြန်

မော်လမြိုင်၊၁၆ ဧပြီ ၂၀၁၇ လမ်းလျှောက်သင်္ကြန် ထိုမူဟန် ပျော်ရန် မော်လမြိုင်မှာ။ လူကြီးလူငယ် အသွယ်သွယ် လူရွယ် အားလုံးပါ။ အန္တရာယ်ကင်း ပျော်ရွှင်ခြင်း ဖော်သင်း ဘေးရန်ကွာ။ ရိုးရာမပျက် ဆင်နွှဲလျက် ရေခွက် ကိုယ်စီသာ။ ရေပြွတ်ပက်ဖြန်း ရေသေနတ်ထမ်း လျှောက်လှမ်း ပျော်ရွှင်စွာ။ လမ်းလျှောက်သင်္ကြန် ဆင်နွှဲရန် သံလွင်ဥယျာဉ်မှာ။ ထိုမှတဖန် လျှောက်ကြရန် ဗဟိုမဏ္ဍပ်သာ။ နွှဲပျော်လိုသူ အများလူ ညီတူ ပျော်ကြမှာ။ နွေးနွေးလှိုင် Mawlamyine Daily

သင်္ကြန်အတက်နေ့ မော်လမြိုင်မှာ လမ်းလျှောက်သင်္ကြန်ကျင်းပမယ်

မော်လမြိုင်၊ ၁၅ ဧပြီ ၂၀၁၇ ရေခွက်၊ရေသေနတ်၊ရေပြွတ်တွေကိုယ်စီဆောင်လို့ မော်လမြိုင်မြို့တွင်းလမ်း လျှောက်သင်္ကြန်ကို မော်လမြိုင်မြို့မှာ စတင်ကျင်းပဖို့ မြို့ခံလူငယ်၊လူရွယ်တွေက စီစဉ်နေကြတာပါ။ ဧပြီ ၁၆ ရက်နေ့ သင်္ကြန်အတက်နေ့ ညနေ ၃ နာရီမှာ မော်လမြိုင်မြို့ သံလွင်ဥယျာဉ်မှ အထက်လမ်းမကြီးအတိုင်း ကမ်းနားလမ်းဗဟိုမဏ္ဍပ်ဆီ လမ်းလျှောက်လို့ သင်္ကြန်ဆင်နွဲကြမှာပါ။ အခုကျင်းပဖို့စီစဉ်နေတဲ့ မော်လမြိုင်လမ်းလျှောက်သင်္ကြန်လိုဘဲ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် သင်္ကြန်ကာလတုန်းကလည်း ရန်ကုန်မြို့က လူငယ်တချို့က လူမှုကွန်ရက်စာ မျက်နှာတွေမှတဆင့် စတင်စုစည်းပြီး Yangon Splash Walk 2016 ဆိုပြီး ရန်ကုန်မြို့ရဲ့ ရပ်ကွက်တွေထဲ လှည့်လည်လို့ မြန်မာနို်င်ငံရဲ့ ပထမဆုံးလမ်းလျှောက်သင်္ကြန်ကို ကျင်းပခဲ့တာပါ။အဆိုပါ လမ်းလျှောက်သင်္ကြန်ကို လူကြီး၊လူငယ်၊လူလတ်ပိုင်း ၊ကလေးတွေအပါဝင် လူပေါင်း ၂၀၀၀ ကျော်ပါဝင်ဆင်နွဲခဲ့လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှ … Continue reading သင်္ကြန်အတက်နေ့ မော်လမြိုင်မှာ လမ်းလျှောက်သင်္ကြန်ကျင်းပမယ်

မော်လမြိုင် သင်္ကြန်အကျနေ့မြင်ကွင်း

မော်လမြိုင်၊ ၁၄ ဧပြီ ၂၀၁၇

မော်လမြိုင် သင်္ကြန်အကျနေ့ မြင်ကွင်းများ

မော်လမြိုင်၊ ၁၄ ဧပြီ၂၀၁၇

Miss Universe 2016 ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အကောင်းဆုံး National Costume ဆုရရှိ

မော်လမြိုင်၊ ၂၉ ဇန်နဝါရီ ၂၀၁၇ 65th Miss Universe 2016 ပြိုင်ပွဲမှာ မြန်မာမယ်စကြဝဠာ ၂၀၁၆ အလှမယ်ထက်ထက်ထွန်းဝတ်ဆင်တဲ့ ရိုးရာရုပ်သေးဝတ်စုံဟာ အကောင်းဆုံး National Costume ဆု ရရှိသွားပါတယ်။ အကောင်းဆုံး National Costume ဝတ်စုံကို ဒီဇိုင်နာ Gam Htoi Lazing က ဖန်တီးပေးထားတာဖြစ်ပါတယ်။ အကောင်းဆုံး National Costume ဆုရရှိသွားတဲ့ ဝတ်စုံနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေကို အလှမယ် ထက်ထက်ထွန်းက အခုလို ပြောထားပါတယ်။ “National Costume နဲ့ပတ်သက်ပြီးပြောရရင် ထက်ထက်ရဲ့ National Costume Box က အစ်မ စိုးယုဝေ ယူလာတယ်၊ ပြီးတော့ အဲဒီ National Costume … Continue reading Miss Universe 2016 ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အကောင်းဆုံး National Costume ဆုရရှိ

မော်လမြိုင် မုန့်ပျားသလက်(မုန့်ပစ်စလက်)(ခေါ်)ခေါက်မုန့်

မော်လမြိုင်၊ ၁ စက်တင်ဘာ ၂၀၁၆ မိုးတွင်းကာလရောက် မှ၊ နေ့လည် (၁၂)နာရီဝန်းကျင်ကနေ ညနေ (၄)နာရီ ဝန်းကျင်အတွင်း သွားနိုင် မှ၊ စားလို့ရနိုင်တဲ့ မော်လမြိုင်မြို့ ၊ဒိုင်းဝန်ကွင်းရပ်၊ဂတ်တဲထိပ်က မော်လမြိုင် မုန့်ပျားသလက်(ခေါ်)ခေါက်မုန့် ပါ။ ရပ်ကွက်ထဲက လက်ဘက်ရည်ဆိုင်တွေမှာ တွေ့မြင်နေကြ နံပြား အရွယ်နီးပါးရှိတဲ့ ဂတ်တဲထိပ်က မော်လမြိုင် မုန့်ပျားသလက်(ခေါ်)ခေါက်မုန့် ကို မြို့ ပေါက်ဝ ဘိုဘိုကြီး နတ်နန်းရှေ့ ၊မျက်နှာချင်းဆိုင် ပလက်ဖောင်းအနီးမှာ မိုးကာအဖီချလို့ ဖွင့်ထားတဲ့ ဆိုင်လေးအတွင်းမှာ…….. ရိုးရိုး (၂၀၀)။ (၃)ခု ယူရင်တော့ (၅၀၀)။ ကြက်ဥနဲ့ဆို ၃၀၀ ကျပ်နဲ့ ဝယ်စားလို့ရပါတယ်။ “တစ်ခုတည်း စားရမှာ မဝသေးလို့ အပေါင်းအသင်း မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ စားမလို့ မိဘ၊မောင်နှမ မိသားစုတွေအတွက် ဝယ်သွားမလို့” … Continue reading မော်လမြိုင် မုန့်ပျားသလက်(မုန့်ပစ်စလက်)(ခေါ်)ခေါက်မုန့်

ရွှေဟင်္သာ ပြန်လာပြီ

မော်လမြိုင်၊ ၂၁ သြဂုတ် ၂၀၁၆ မုတ္တမ-မော်လမြိုင် သံလွင်မြစ်ကူးတံတားအဆင်း မော်လမြိုင်မြို့အဝင် အဝိုင်းမှာတပ်ဆင်ထားတဲ့ ရွှေဟင်္သာရုပ်တုကို သြဂုတ် ၁၄ ရက်နေ့မနက်က ဖွင့်လှစ်ခဲ့တာပါ။ ရိုက်ကူး - A Chark ၊ Mawlamyine Daily    

မော်လမြိုင်မြို့ အဝင်က ရွှေဟင်္သာရုပ်တု ဖွင့်လှစ်ခဲ့ပြီ

မော်လမြိုင်၊ ၁၄ သြဂုတ် ၂၀၁၆ မုတ္တမ-မော်လမြိုင် သံလွင်မြစ်ကူးတံတားအဆင်း မော်လမြိုင်မြို့အဝင် အဝိုင်းမှာတပ်ဆင်ထားတဲ့ ရွှေဟင်္သာရုပ်တုကို သြဂုတ် ၁၄ ရက်နေ့မနက်က ဖွင့်လှစ်ခဲ့တာပါ။ ရဟန်းသံဃာတွေနဲ့ပြည်သူတွေ၊မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်တွေ၊နိုင်ငံရေးပါတီနဲ့ မွန်ပြည်သစ်ပါတီမှ ကိုယ်စားလှယ်တွေတက်ရောက်ခဲ့တဲ့ ရွှေဟင်္သာရုပ်တု ဖွင့်ပွဲမှာ မွန်တိုင်းရင်းသား ရိုးရာအက၊သီချင်းတွေဖျော်ဖြေဖွင့်လှစ်ခဲ့ကြတာပါ။ ၆ တန်ကျော်လေးတဲ့ အဆိုပါရွှေဟင်္သာရုပ်တုကို အဖွဲ့ဝင် ၉ ဦးပါတဲ့ ရွှေဟင်္သာရုပ်တု ပြန်လည်တပ်ဆင်ရေးကော်မတီက ဦးဆောင်ပြီး တပ်ဆင်ခဲ့ တာပါ။မွန်အမျိုးသားအလံပါ ဟင်္သာကို ထုဆစ်ထားတာပါ။ ၂၀၁၀ မတိုင်မှီ ယခင်စစ်အစိုးရလက်ထက် အဆိုပါအဝိုင်းစတင်ဖွင့်လှစ်ခဲ့စဉ်က ဟင်္သာရုပ်တု တပ်ဆင်ခဲ့ပေ့မယ့် သိပ်မကြာခင်မှာဘဲ ဆွမ်းအုပ်ပုံရုပ်တု ကိုပြန်လည်တပ်ဆင်ခဲ့ပါတယ်။၂၀၁၆ ခုနှစ် NLD အစိုးရတက်လာချိန်မှာတော့ အဆိုပါအဝိုင်းမှာ ဟင်္သာအဝို်င်းပြန်လည်တပ်ဆင်လာခဲ့တာပါ။ Mawlamyine Daily ဓါတ်ပုံ - အအာ အအာ