ဦးသာညှင်း ကျောင်းအိပ်ကျောင်းစားကျောင်း (အထက -၉ မော်လမြိုင်)

မော်လမြိုင်၊ ၂၅ ဧပြီ ၂၀၂၀ ဦးသာညှင်း ကျောင်းအိပ်ကျောင်းစားကျောင်းမှာ ရှင်မဟာဗုဒ္ဓဃောသကျောင်း (အထက-၉) ကျောင်းဝင်းရှိ အဆောင်တစ်ဆောင်ဖြစ်ပြီး ယခုနှစ်တွင် နှစ်ပေါင်း (၁၀၂) နှစ်ပြည့်သော အဆောက်အအုံတစ်ခုဖြစ်သည်။ ၁၈၉၉ ခုနှစ်တွင် ရှင်မဟာဗုဒ္ဓဃောသကျောင်း (အထက-၉) စတင် ထူထောင်ပြီးနောက် ၁၉၁၈ ခုနှစ်တွင် ကျောင်း၏ အဓိက အလှူရှင်ဖြစ်သော သူဌေးကြီး ဦးသာညှင်းက ဒီကျောင်းဆောင်ကို ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အလှူရှင် ဦးသာညှင်းကိုအစွဲပြုပြီး ဦးသာညှင်း ကျောင်းအိပ်ကျောင်းစားကျောင်းလို့ အမည်ပေးထားတာဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၂၈၀ မှာ ဆောက်လုပ်တာဖြစ်လို့ ယခုနှစ် ၁၃၈၂ အထိ ရေတွက်ရင် နှစ်ပေါင်း ၁၀၂ နှစ်ပြည့်တဲ့ ကျောင်းဆောင်ဖြစ်ပါတယ်။ #မော်လမြိုင်မှတ်တမ်း #Mawlamine Daily #ယခင်၊ယခု မော်လမြိုင် (ဤစာမျက်နှာသည် Memoirs of … Continue reading ဦးသာညှင်း ကျောင်းအိပ်ကျောင်းစားကျောင်း (အထက -၉ မော်လမြိုင်)

မော်လမြိုင်က သစ်တောရုံး

မော်လမြိုင်၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၀ ၁၈၉၇ ခုနှစ်ခုနှစ်တွင် မော်လမြိုင်၌ သစ်တောဌာနဖြစ်ဖွင့်ရန် ဗြိတိသျှအစိုးရမှ သဘောတူပြီးနောက် သစ်တောရုံးကို ဖွင့်လှစ်ခဲ့သည်။ သစ်တောရုံးဖွင့်လှစ်မှတလျှောက်လုံးတွင် ဒုတိယကမ္ဘာစစ်ဖြစ်သည့် ကာလတွင်သာ ရုံးအုပ်ချုပ်မှုရပ်စဲခဲ့ပြီး တလျှောက်လုံးတွင် ဖွင့်လှစ်ထားခဲ့သော ရုံးလည်းဖြစ်သည်။ သစ်တောရုံးပေါ်လာခြင်းမှာ ၁၈၂၆ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ အိန္ဒိယနိုင်ငံ ကလကတ္တားမှ အရှေ့အိန္ဒိယကုမ္ပဏီ၏ ရုက္ခဗေဒ ဥယျာဉ်မှူး ဒေါက်တာဝေါလစ်ကို ရုက္ခဗေဒဆိုင်ရာ စုံစမ်းချက် အစီရင်ခံစေရန် မော်လမြိုင်မြို့သို့ စေလွှတ်ခြင်းမှ စတင်ခဲ့သည်။ ဒေါက်တာဝေါလစ်သည် ၁၈၂၇ ခုနှစ် မတ်လတွင် သံလွင်မြစ်ကို မိုင်(၄၀)ခန့် ဆန်တက်ပြီးလည်းကောင်း၊ အထ္ထရံမြစ်ကို မိုင် (၁၀၀) ခန့် ဆန်တက်ပြီး သစ်တောများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ကျွန်းပင်များအလွန်ပေါများသည့် အခြေအနေကို တွေ့ရှိခဲ့သည်ဟု အစီရင်ခံခဲ့သည်။ ယင်းသစ်တောများကို ကာကွယ်ရန်နှင့် … Continue reading မော်လမြိုင်က သစ်တောရုံး

အခမဲ့လက်မှုလုပ်ငန်းမြှင့်တင်ရေး အလုပ်ရုံးဆွေးနွေးပွဲအတွက်စာရင်းပေးသွင်းနိုင်

မော်လမြိုင်၊ ၁၈ စက်တင်ဘာ ၂၀၁၉   စက်မှုဝန်ကြီးဌာန၊စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ကနေဒါနိုင်ငံမှCanadian Executive Service Organization(CESO)အဖွဲ့ အစည်းတို့ပူးပေါင်း၍ ကြိမ်၊ဝါး၊သစ်၊ယွန်း၊အုန်းသီးစသည့် လက်မှုလုပ်ငန်းဆိုင်ရာတန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ခြင်း၊ ကုန်ထုတ်စွမ်းအားတိုးမြှင့်ခြင်း၊ အရည်အသွေးထိန်းသိမ်းခြင်းနှင့် ဈေးကွက်ရရှိရေးဆိုင်ရာ မဟာဗျူဟာများရေးဆွဲခြင်း စသည်တို့အတွက် Product Development and Technology Improvement in Handicraft Industry ဆိုင်ရာဆွေးနွေးပွဲကို ၂၀၁၉ခုနှစ် အောက်တိုဘာလ ၁ရက်နေ့မှ ၄ရက်နေ့အထိ မော်လမြိုင်မြို့တွင်ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။   ကြိမ်၊ဝါး၊သစ်၊ယွန်း၊အုန်းသီးစသည့် လုပ်ငန်းရှင်များအနေဖြင့် သင်တန်းကြေးပေးသွင်းရန်မလိုဘဲ တက်ရောက်လိုပါက ၂၀၁၉ခုနှစ် စက်တင်ဘာလ ၂၅ရက်နေ့ နေ့နောက်ဆုံးထား၍ ဖုန်းနံပါတ် 09402280437,09425283022 သို့စာရင်းပေးသွင်း နိုင်ပါတယ်လို့ မွန်ပြည်နယ် SME လူမှုစာမျက်နှာမှာ ဖော်ပြထားပါတယ်။   Mawlamyine Daily

လက်မှုပညာ ထုတ်ကုန်များကို စိတ်ဝင်စားသူများအတွက် Internship ခေါ်ယူ

မော်လမြိုင်၊ ၃၀ မေ ၂၀၁၈ လက်မှုထုတ်ကုန်များနှင့် ပတ်သက်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု စွမ်းရည်အတွက် Internship အစီအစဉ်ကို MBoutik Social Business က စီစဉ်တာဖြစ်ပြီး Internship ကာလမှာ ၂၀၁၈ခုနှစ် ဇူလိုင်လ ၃၀ရက်နေ့ ကနေ ဒီဇင်ဘာလ ၁၄ရက်နေ့ထိ ကြာမြင့်မှာဖြစ်ပါတယ်။ MBoutik ဟာ မြန်မာအမျိုးသမီး လက်မှုပစ္စည်း ထုတ်လုပ်ရောင်းချသူများ လုပ်ကိုင်ကြတဲ့ စီးပွားရေးတစ်ခုဖြစ်ပြီး မြန်မာရိုးရာ လက်မှုချည်ထည်များနဲ့ ရိုးရာပစ္စည်းများကို မြန်မာပြည်တွင်းနဲ့ နိုင်ငံရပ်ခြားက သုံးစွဲသူတွေထံ တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ MBoutik ဟာ ActionAid Myanmar ရဲ့ လူမှုစီးပွားရေး အစီအစဉ် တစ်ခုလဲဖြစ်ပါတယ်။ နိုင်ငံခြားသားခရီးသွားတွေ အများဆုံးလာရောက်တဲ့ ပုဂံမြို့မှာ အခြေစိုက်ပြီး ရန်ကုန်မှာလဲ ဆိုင်ခွဲအသေးလေး တစ်ခု ဖွင့်လှစ်ထားပါတယ်။ လက်မှုပညာ … Continue reading လက်မှုပညာ ထုတ်ကုန်များကို စိတ်ဝင်စားသူများအတွက် Internship ခေါ်ယူ

မော်လမြိုင်မှာ နွားလှည်းပြိုင်ပွဲကျင်းပ

မော်လမြိုင်၊ ၁၀ ဖေဖော်ဝါရီ ၂၀၁၈ ဖေဖော်ဝါရီ ၁၀ ရက်နေ့ မနက် (၇)နာရီမှစပြီး နွားလှည်းပြိုင်ပွဲ ကျင်းပနေတာပါ။ပြိုင်ပွဲဝင် နွားလှည်း (၁၂)စီးက ဖေဖော်ဝါရီ (၁၀)ရက်နေ့ကနေ (၁၂)ရက်နေ့အထိ အဆင့်ဆင့် ယှဉ်ပြိုင်ကြရမှာပါ။ ပြိုင်ပွဲဝင် နွားလှည်းတစ်စီးမှာ လှည်းမောင်းသူ၊အကူထိန်း စုစုပေါင်းအဖွဲ့ဝင် (၆)ဦးပါ ဝင်ပါတယ်။ မော်လမြိုင်မြို့ ၊ သီရီမြိုင်နယ်မြေ၊ သရက်ကုန်းရပ် မှာကျင်းပနေပါတယ်။ ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာကျရောက်မယ့် ပြည်ထောင်စုနေ့ အထိမ်း အမှတ် နွားလှည်းပြိုင်ပွဲကျင်းပနေတာဖြစ်ပါတယ်။ Mawlamyine Daily

နီပေါနိုင်ငံက ပျားဖွတ်သူရဲကောင်းများ

မော်လမြိုင်၊ ၂၀ ဇန်နဝါရီ၂၀၁၈ အလွတ်တန်းဓာတ်ပုံသတင်းထောက် Eric Valli ဟာ နီပေါနိုင်ငံက Gurung လူမျိုးစုတွေ တောထဲမှာ တိုင်းရင်းသားရိုးရာ ကိရိယာတွေနဲ့ ပျားဖွတ်ကြတဲ့ပုံတွေကို မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ ဟိမဝန္တာတောင်တန်းရဲ့ ချောက်ကမ်းပါးစောက်တွေမှာ နေထိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ပျားတွေဖြစ်တဲ့ Apis Laboriosa တွေဆီက ပျားရည်ကိုဖွတ်ဖို့ ပျားဖွတ်သမားအုပ်စုဟာ တစ်နှစ်ကို နှစ်ကြိမ် သွားပြီး အလုပ်လုပ်ကြပါတယ်။ ပေပေါင်း ၂၀၀ကျော်ကို ကြိုးလှေကားတွေနဲ့ တက်ပြီး ပျားပေါင်း ၂သန်းလောက်ရှိနေတဲ့ နေရာက ပျားအုံဆီကို ခြင်းတောင်းတွေကို ဟန်ချက်ညီညီထိန်းပြီး ပျားရည်ကို ရအောင်ယူရတာလဲဖြစ်ပါတယ်။ Gurung လူမျိုးစုတွေဟာ ရာစုနှစ်ပေါင်းများစွာကတည်းက သူတို့ရဲ့ အသက်တွေကို စတေးပြီး ပျားရည်စုဆောင်းတဲ့ အလုပ်ကို လုပ်ခဲ့ကြတာလဲဖြစ်ပါတယ်။ Mawlamyine Daily Ref: Ericvalli

ချောတိုင်

မော်လမြိုင် ၊ ၄ ဇန်နဝါရီ ၂၀၁၈ မော်လမြိုင်မြို့က နှစ် (၇၀)ပြည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ချောတိုင်တက်ပြိုင်ပွဲမြင်ကွင်း။

ထိုင်းနိုင်ငံမှာ အခါအမျိုးသမီး ဒါန်းစီးပွဲ ကျင်းပ

မော်လမြိုင်၊ ၁၂ သြဂုတ် ၂၀၁၇ အခါဒါန်းစီးပွဲတော် ၂၀၁၇ ကို ထိုင်းနိုင်ငံမြောင်ပိုင်း ချင်းရိုင်ခရိုင်မှာရှိတဲ့ အခါရွာမှာ သြဂုတ်လကနေ စက်တင်ဘာလ ၃၀ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။ အခါလူမျိုးတွေရဲ့ ဒါန်းစီးပွဲဟာ ထိုင်းနိုင်ငံရဲ့ ပြက္ခဒိန်တွေထဲမှာတော့ ထင်ရှားတဲ့ ရိုးရာဝတ်ပြုပွဲတစ်ခုလဲဖြစ်ပါတယ်။ ဒီပွဲတော်ကို ပုံမှန်အားဖြင့် မိုးရာသီဖြစ်တဲ့ သြဂုတ်လမှာ ဘဝအတွက် အောင်ပွဲခံဖို့ နဲ့ ကောက်သီးစားပွဲတော် အဖြစ် ကျင်းပလေ့ရှိပါတယ်။ အခါဒါန်းစီးပွဲတော်ဟာ ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင် အခါရွာမှာ နေထိုင်တဲ့ တောင်ပေါ်လူမျိုးစုဖြစ်တဲ့ အခါလူမျိုးတွေအတွက် အရေးကြီးတဲ့ နှစ်ပတ်လည်ပွဲတော်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီပွဲတော်ရဲ့ ရည်ရွယ်ချက်ကတော့ စိုက်ပျိုးရေးအတွက် မြေသြဇာကောင်းစေဖို့ နတ်ဘုရားကို ပူဇော်ပသတာနဲ့ မိုးရာသီ ကောက်ရိတ်သိမ်းပြီး ကောက်သစ်စားပွဲတော်အတွက်ဖြစ်သလို အခါအမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ ပွဲလဲဖြစ်ပါတယ်။ ဒါန်းစီးပွဲတော်ကို အခါအမျိုးသမီးများရဲ့ နှစ်သစ်ကူးပွဲလို့လဲ … Continue reading ထိုင်းနိုင်ငံမှာ အခါအမျိုးသမီး ဒါန်းစီးပွဲ ကျင်းပ

မွန်တို့ရဲ့ လက်မှုပညာ ကျောက်သင်ပုန်းကို ပြန်လည်ထိန်းသိမ်းစေလိုတဲ့ မွန်အရှင်အဇ္ဇ နှင့်တွေ့ဆုံခြင်း

မော်လမြိုင်၊ ၁၂ ဇူလိုင် ၂၀၁၇ (အင်တာဗျူး) မွန်ပြည်နယ် ၊ ဘီးလူးကျွန်းဒေသထွက်ကုန်ဖြစ်တဲ့ ကျောက်သင်ပုန်းတွေကို မွန်အမျိုးသား ပညာရေးကျောင်းတွေထံ လိုက်လံလှူဒါန်းနေတဲ့ မွန်အရှင် အဇ္ဇ ကိုဘီလူးကျွန်း၊ချောင်းဆုံမြို့နယ်၊မုဒွန်းရွာက သီတင်းသုံးနေထိုင်ရာ ပိဋကတ်တိုက်ကျောင်းထံ Mawlamyine Daily မှသွားရောက်တွေ့ ဆုံမေးမြန်းထားပါတယ်။ MD-ကျောက်သင်ပုန်း စလှူဖြစ်တဲ့အကြောင်းပြောပြပါအုံး အရှင်ဘုရား။ အရှင် - ၂၀၁၅ ခုနှစ် နှစ်ဆန်းမှာပေါ့နော်။မွန်ပြည်သစ်ပါတီ ဗဟိုကို ရောက်ဖြစ်ပါတယ်။ အဲဒီမှာ မွန်အမျိုးသားစာသင်ကျောင်းတစ်ကျောင်းရှိ တယ်။အဲဒီကျောင်းကို သွားလည်တဲ့အချိန်မှာ ကလေးတွေက ကျောက် သင်ပုန်း အကွဲတွေ၊ဘောင်မရှိတဲ့ဟာတွေနဲ့စာရေးနေတာကို တွေ့ရတာကို မြင်ပြီးတော့ ကျောက်သင်ပုန်းလှူမယ်ဆိုပြီး စဖြစ်ခဲ့ပါတယ်။ MD - ဦးဇင်းအနေနဲ့ ဘယ်အချိန်ကတည်းကစတင်လှူဒါန်းတာလဲ။ အရှင် - ဦးဇင်းတို့ကျောက်သင်ပုန်းလိုက်လှူနေတာ (၃)နှစ်ရှိပြီ။၂၀၁၅ ခုနှစ်ကနေ ၂၀၁၇ အထိပါ။(ကျောင်းစဖွင့်ရာသီတွေပါ။) MD … Continue reading မွန်တို့ရဲ့ လက်မှုပညာ ကျောက်သင်ပုန်းကို ပြန်လည်ထိန်းသိမ်းစေလိုတဲ့ မွန်အရှင်အဇ္ဇ နှင့်တွေ့ဆုံခြင်း

မွန်ရိုးရာဝတ်စုံနှင့် လက်ဆောင်ပစ္စည်းဈေးရောင်းပွဲ ကျင်းပမည်

မော်လမြိုင်၊ ၄ ဇွန် ၂၀၁၇ “နွန်” မွန်ရိုးရာဝတ်စုံ နှင့်လက်ဆောင်ပစ္စည်းအရောင်းဆိုင်ကပြုလုပ်တဲ့ မိုးရာသီအထူးဈေးရောင်းပွဲတော်ကို ၂၀၁၇ ခုနှစ် ဇွန်လ ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့တွေမှာ မော်လမြိုင်မြို့ ရာမညဟိုတယ်မှာ မနက် ၁၀နာရီကနေ ညနေ ၄နာရီအထိ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဒီဈေးရောင်းပွဲမှာ “နွန်” က ထုတ်လုပ်တဲ့ မွန်ရိုးရာဝတ်စုံတွေကို အဆင့်မြင့် ပိုးစစ်အထည်တွေ၊ ခေတ်မီစက်ယက်ကန်းထည်တွေ၊ စံနှုန်းပြည့်မှီတဲ့ ရိုးရာယက်ကန်းထည်တွေ၊ မှန်ကန်တဲ့ ရိုးရာလက်ယက်ကန်း ပုံစံကို အခြေခံထားတဲ့ ကွန်ပျူတာ ပန်းထိုးအထည်တွေအပြင် ချစ်စရာကောင်းတဲ့ မွန်ရိုးရာ လက်ဆောင်ပစ္စည်းတွေကို အထူးလျော့ဈေးတွေနဲ့ ရောင်းချပေးမှာဖြစ်ပြီး လက်ဆောင်တွေ ကံစမ်းမဲတွေလဲ ပါဝင်မှာဖြစ်ပါတယ်။ Mawlamyine Daily