မြန်မာနိုင်ငံ၏ ပထမဆုံးအစိုးရကျောင်း (သို့) အထက(၁)မော်လမြိုင်

မော်လမြိုင်၊ ၅ မေ ၂၀၂၀ ဗြိတိသျှတို့အုပ်ချုပ်သည့်ကာလ ၁၈၃၅ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးအစိုးရ ကျောင်းဖြစ်သည့် ယခုအထက(၁)မော်လမြိုင်ဟုခေါ်တွင်သောကျောင်းကို မူလတန်းအဆင့်အဖြစ် မြို့မတံတားလမ်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းဖွင့်လှစ်သည့် သက်တမ်းမှာ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၁၈၅)နှစ်ပြည့်ပြီဖြစ်သည်။ ကျောင်းစတင်ဖွင့်လှစ်ခဲ့သော အချိန်တွင် ကျောင်း၌ ကျောင်းအုပ်ကြီးအဖြစ် စီဖာဘဲနက်က တာဝန်ယူခဲ့သည်။ စီဖာဘဲနက်သည် ကျောင်းအုပ်အဖြစ်မှ နှုတ်ထွက်ပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံးသတင်းစာဖြစ်သော မော်လမြိုင်ခရော်နီကယ်သတင်းစာ၏ အယ်ဒီတာဖြစ်လာသည်။ ဆရာဘဲနက်ပြီးနောက်တွင် ဆရာဟောက်ဟုခေါ်သော ဆရာဂျော့ဟင်နရီဟောက်က ကျောင်းအုပ်အဖြစ် ဆက်လက်တာဝန်ယူပြီး ၁၈၄၅ ခုနှစ်တွင် တနင်္သာရီတိုင်းပညာဝန်အဖြစ်ပါ ပူးတွဲတာဝန်ယူခဲ့သည်။ ၁၈၇၆ ခုနှစ်ရောက်မှ ယခု အထက(၁)ကျောင်းတည်ရှိရာ သိပ္ပံလမ်းသို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းမှာ အထက်တန်းအဆင့်သို့ရောက်ရှိခဲ့သော်လည်း ၁၈၇၈ ခုနှစ်တွင် သင်ကြားရေးဆရာမလုံလောက်သဖြင့် အလယ်တန်းအဆင့်သို့ … Continue reading မြန်မာနိုင်ငံ၏ ပထမဆုံးအစိုးရကျောင်း (သို့) အထက(၁)မော်လမြိုင်

ဦးသာညှင်း ကျောင်းအိပ်ကျောင်းစားကျောင်း (အထက -၉ မော်လမြိုင်)

မော်လမြိုင်၊ ၂၅ ဧပြီ ၂၀၂၀ ဦးသာညှင်း ကျောင်းအိပ်ကျောင်းစားကျောင်းမှာ ရှင်မဟာဗုဒ္ဓဃောသကျောင်း (အထက-၉) ကျောင်းဝင်းရှိ အဆောင်တစ်ဆောင်ဖြစ်ပြီး ယခုနှစ်တွင် နှစ်ပေါင်း (၁၀၂) နှစ်ပြည့်သော အဆောက်အအုံတစ်ခုဖြစ်သည်။ ၁၈၉၉ ခုနှစ်တွင် ရှင်မဟာဗုဒ္ဓဃောသကျောင်း (အထက-၉) စတင် ထူထောင်ပြီးနောက် ၁၉၁၈ ခုနှစ်တွင် ကျောင်း၏ အဓိက အလှူရှင်ဖြစ်သော သူဌေးကြီး ဦးသာညှင်းက ဒီကျောင်းဆောင်ကို ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အလှူရှင် ဦးသာညှင်းကိုအစွဲပြုပြီး ဦးသာညှင်း ကျောင်းအိပ်ကျောင်းစားကျောင်းလို့ အမည်ပေးထားတာဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၂၈၀ မှာ ဆောက်လုပ်တာဖြစ်လို့ ယခုနှစ် ၁၃၈၂ အထိ ရေတွက်ရင် နှစ်ပေါင်း ၁၀၂ နှစ်ပြည့်တဲ့ ကျောင်းဆောင်ဖြစ်ပါတယ်။ #မော်လမြိုင်မှတ်တမ်း #Mawlamine Daily #ယခင်၊ယခု မော်လမြိုင် (ဤစာမျက်နှာသည် Memoirs of … Continue reading ဦးသာညှင်း ကျောင်းအိပ်ကျောင်းစားကျောင်း (အထက -၉ မော်လမြိုင်)

မော်လမြိုင်ရှုခင်းသာ

မော်လမြိုင်၊ ၂၁ ဧပြီ ၂၀၂၀ မော်လမြိုင်နဲ့ ရှုခင်းသာ (Viewpoint)။ ရှုခင်းသာ(Viewpoint) နဲ့ မော်လမြိုင် ဆိုတာခွဲခြားလို့မရပါဘူး။ မော်လမြိုင်ကိုရောက်လို့ ရှုခင်းသာ(Viewpoint) ကိုမှ မရောက်ခဲ့ဘူးဆိုရင် မော်လမြိုင်ကိုရောက်ခဲ့တယ်လို့ ပြောရခက်ပါလိမ့်မယ်။ မော်လမြိုင်ရှုခင်းသာဟာ မော်လမြိုင်တောင်ရိုးတန်းပေါ်မှာရှိတဲ့ မြို့ရှခင်းကို ကြည့်လို့ရတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ သံလွင်မြစ်၊ ဘီလူးကျွန်း၊ မုတ္တမဘက်ကမ်းက တောင်ညိုတောင်တန်းကြီးနဲ့ ကိုလိုနီလက်ရာ အဆောက်အအုံတွေရှိနေတဲ့ မော်လမြိုင်မြို့ကိုတွေ့ရမှာပါ။ မော်လမြိုင်လာလည်တဲ့ ဧည့်သည့်တိုင်း မဖြစ်မနေသွားရောက်လည်ပတ်ကြတဲ့ နေရာတစ်ခုဖြစ်သလို မော်လမြိုင်မြို့ကို လွှမ်းခြုံပြီးကြည့်လို့ရတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ၁၉၉၀ ဝန်းကျင်မှာ ပြင်ဆင်ခဲ့တဲ့ မော်လမြိုင်ရှုခင်းသာဟာ ၂၀၁၉ ခုနှစ်ဖြစ်တဲ့ နှစ် (၃၀)နီးပါးကြာတဲ့အခါမှာ ပြောင်းလဲလာတဲ့ ပုံကိုယှဉ်တွဲဖော်ပြလိုက်ပါတယ်။ #Mawlamyine Daily #ယခင်၊ယခု မော်လမြိုင် (ဤစာမျက်နှာသည် Memoris of Mawlamyine ၏ … Continue reading မော်လမြိုင်ရှုခင်းသာ

မော်လမြိုင်က သစ်တောရုံး

မော်လမြိုင်၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၀ ၁၈၉၇ ခုနှစ်ခုနှစ်တွင် မော်လမြိုင်၌ သစ်တောဌာနဖြစ်ဖွင့်ရန် ဗြိတိသျှအစိုးရမှ သဘောတူပြီးနောက် သစ်တောရုံးကို ဖွင့်လှစ်ခဲ့သည်။ သစ်တောရုံးဖွင့်လှစ်မှတလျှောက်လုံးတွင် ဒုတိယကမ္ဘာစစ်ဖြစ်သည့် ကာလတွင်သာ ရုံးအုပ်ချုပ်မှုရပ်စဲခဲ့ပြီး တလျှောက်လုံးတွင် ဖွင့်လှစ်ထားခဲ့သော ရုံးလည်းဖြစ်သည်။ သစ်တောရုံးပေါ်လာခြင်းမှာ ၁၈၂၆ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ အိန္ဒိယနိုင်ငံ ကလကတ္တားမှ အရှေ့အိန္ဒိယကုမ္ပဏီ၏ ရုက္ခဗေဒ ဥယျာဉ်မှူး ဒေါက်တာဝေါလစ်ကို ရုက္ခဗေဒဆိုင်ရာ စုံစမ်းချက် အစီရင်ခံစေရန် မော်လမြိုင်မြို့သို့ စေလွှတ်ခြင်းမှ စတင်ခဲ့သည်။ ဒေါက်တာဝေါလစ်သည် ၁၈၂၇ ခုနှစ် မတ်လတွင် သံလွင်မြစ်ကို မိုင်(၄၀)ခန့် ဆန်တက်ပြီးလည်းကောင်း၊ အထ္ထရံမြစ်ကို မိုင် (၁၀၀) ခန့် ဆန်တက်ပြီး သစ်တောများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ကျွန်းပင်များအလွန်ပေါများသည့် အခြေအနေကို တွေ့ရှိခဲ့သည်ဟု အစီရင်ခံခဲ့သည်။ ယင်းသစ်တောများကို ကာကွယ်ရန်နှင့် … Continue reading မော်လမြိုင်က သစ်တောရုံး

မော်လမြိုင် အကြောင်းသိဖို့ Mawlamyine Daily App

မော်လမြိုင် ၊ ၂၄ ဧပြီ ၂၀၁၆ Android သုံးတဲ့ သူတွေအတွက် Mawlamyine Daily Public Media သတင်းဌာန ရဲ့ Application လေးပါ။ မော်လမြိုင်နဲ့ ပတ်သက်တဲ့သတင်းတွေ အဖြစ်အပျက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့ ပေးထားတဲ့ Link လေးကနေ Download လုပ်ပြီး ဖုန်းထဲမှာ Install လုပ်ထားလိုက်ကြပါဦးနော်။ သိပ်မကြာခင်မှာလဲ iOS သုံးတဲ့ သူတွေအတွက် Application ကို တင်ပေးပါ့မယ်။ https://www.sendspace.com/file/7joa1a

မော်လမြိုင် အကြောင်းသိဖို့ Mawlamyine Daily App

မော်လမြိုင် ၊ ၂၄ ဧပြီ ၂၀၁၆ Android သုံးတဲ့ သူတွေအတွက် Mawlamyine Daily Public Media သတင်းဌာန ရဲ့ Application လေးပါ။ မော်လမြိုင်နဲ့ ပတ်သက်တဲ့သတင်းတွေ အဖြစ်အပျက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်ဖို့ ပေးထားတဲ့ Link လေးကနေ Download လုပ်ပြီး ဖုန်းထဲမှာ Install လုပ်ထားလိုက်ကြပါဦးနော်။ သိပ်မကြာခင်မှာလဲ iOS သုံးတဲ့ သူတွေအတွက် Application ကို တင်ပေးပါ့မယ်။ https://www.sendspace.com/file/7joa1a

မော်လမြိုင်မြို့ရဲ့အသည်းနှလုံး (သို့မဟုတ်) တောင်ပေါ်ရူခင်းသာ view point

မော်လမြိုင်၊ ၆ ဧပြီ ၂၀၁၆ “နာဂဝီသတောင်တန်း” မော်လမြိုင်မြို့ကို အလယ်ကပိုင်းခြားပြီး တောင်မြောက်သွယ်တန်းလျက်ရှိတဲ့ တောင်တန်းတခုပါ။ အမြင့်ပေ ၃၀၀ ခန့်ရှိပြီး တောင်-မြောက်အလျား ၃ မိုင်နီးပါးရှည်ပါတယ်။ အမြင့်ဆုံးနေရာကတော့ အောင်နိုင်ကုန်း ခေါ် အလံတင်တောင်ထိပ်ပါ။ အောင်ဘယမုနိစေတီ တစ်ဆူလည်းတောင်ထိပ်မှာ တည်ရှိပါတယ်။သူ့ရဲ့မြောက်ဘက် သလင်းတောင်ထိပ်ပေါ်မှာတော့ ကျိုက်သလ္လံစေတီတော်နဲ့ တောင်ဘက် ရန်ကင်းတောင်ထိပ်ပေါ်မှာတော့ ဦးဇိနစေတီတော် တည်ရှိပါတယ်။ အဆိုပါ နာဂဝီသတောင်တန်းပေါ်မှာ မဟာမြတ်မုနိ ၊ဦးခန္တီ စတဲ့ ဘုရားစေတီနဲ့ ဘုန်းတော်ကြီးကျောင်း၊ တန်ဆောင်း၊ ဇရပ် စတဲ့ သာသနိက အဆောက်အအုံနဲ့ ဗုဒ္ဓဘာသာ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေ ဖူးမြော် လေ့လာကြည့်ရှုစရာတွေနဲ့ ပြည့်နှက်နေတဲ့ တောင်တန်းကြီးလည်းဖြစ်တယ်။ နာဂဝီသတောင်တန်း တောင်ရိုးတန်းလမ်းတစ်လျှောက်ဟာ ယခင်ကသာမာန် လူသွားလမ်းအဖြစ်သာရှိခဲ့ပြီး ကိုလိုနီခေတ်ဦးကာလ ၁၈၂၇ ခုနှစ်မှာ မြင်းလှည်း ဒေါက်ကပ်သွားနိုင်သောလမ်းများ … Continue reading မော်လမြိုင်မြို့ရဲ့အသည်းနှလုံး (သို့မဟုတ်) တောင်ပေါ်ရူခင်းသာ view point

ယခင်၊ယခု မော်လမြိုင်

မော်လမြိုင်၊ ၆ ဧပြီ ၂၀၁၆ မော်လမြိုင်မြို့ အောက်လမ်းမကြီး ယခင် ကိုလိုနီခေတ်နဲ့ ယနေ့ခေတ်မြင်ကွင်းဓာတ်ပုံ။ Mawlamyine Daily Nway Nway Hlaing

ယခင်၊ယခု မော်လမြိုင်

မော်လမြိုင်၊ ၃ ဧပြီ ၂၀၁၆ ရှေးမင်းအဆက်ဆက် ခေါင်းဆေးမင်္ဂလာပြုခဲ့ ကြသည့် ခေါင်းဆေးကျွန်းကို ယခင် ၁၈၉၀ ခုနှစ်ကတွေ့မြင်ရပုံနှင့် ယခုတွေ့မြင်ရပုံ။ Mawlamyine Daily Nway Nway Hlaing