ကျောင်းသား/ သူများ ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ဖြစ်ပွားမှု ကာကွယ်ဖို့ ကျောင်းသို့မလာမီ မိဘအုပ်ထိန်းသူများ ဘာတွေဆောင်ရွက်ရမလဲ?

မော်လမြိုင်၊ ၆ ဇွန် ၂၀၂၀

အရပ်ဖက်အဖွဲ့အစည်းတွေက ကိုယ်စားလှယ်များ တက်ရောက်နိုင်တဲ့ တရားဥပဒေစိုးမိုးမှု မြှင့်တင်ရေးဆိုင်ရာ သတင်တန်းအတွက် လျှောက်လွှာများခေါ်ယူ

မော်လမြိုင်၊ ၁၂ ေမ ၂၀၂၀

ပညာရေးဝန်ကြီးဌာနရဲ့ဖေ့ဘွတ်ခ်စာမျက်နှာအယောင်ဆောင်ပြီး ဖြန့်နေတဲ့သတင်းအမှား

မော်လမြိုင်၊ ၇ မေ ၂၀၂၀ ဒီတစ်ကြိမ်တင်ပြမယ့် သတင်းအမှားကတော့ .... ပညာရေးဝန်ကြီးဌာနရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာအယောင်ဆောင်ပြီးတော့ Ministry of Education News Myanmarဆိုတဲ့ဖေ့ဘွတ်ခ်ပေ့ချ်ကနေစာမေးပွဲပြန်လည်ဖြေဆိုမယ့်ရက်နဲ့တက္ကသိုလ်ပြန်ဖွင့်မယ့်ရက်ကိုနိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ပညာရေးဝန်ကြီးဌာနတို့ တိုင်ပင်နေတဲ့အတွက် ကြောင့် မေ ၁၅ရက် နောက်ပိုင်းမှာ သတင်းထုတ်ပြန်မယ်ဆိုပြီး ရေးထားပါတယ်။ ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် +++++++++++++++++++++++++ + Ministry of Education News Myanmar နာမည်ကို ဖေ့ဘွတ်ခ်မှာ ရိုက်ရှာကြည့်လိုက်တဲ့အခါမှာ Page မရှိတော့တာမြင်ရပါတယ်။ ဒါပေမယ့် ဖေ့ဘွတ်ခ်ရဲ့ အသိအမှတ်ပြု BlueMark ရထားတဲ့ Ministry of Education,Myanmar ဆိုတဲ့ ပညာရေးဝန်ကြီးဌာရဲ့ တရားဝင် ဖေ့ဘွတ်ခ်ပေ့ချ်ကိုသာတွေ့ရပါတယ်။ အဲဒီပေ့ချ်မှာတော့ ကျောင်းတွေပြန်ဖွင့်မယ့်ကိစ္စနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုပို့စ်တင်ထားတာမရှိပါဘူး။ ဒါ့ကြောင့် ပျံ့နှံ့နေတဲ့ Ministry of … Continue reading ပညာရေးဝန်ကြီးဌာနရဲ့ဖေ့ဘွတ်ခ်စာမျက်နှာအယောင်ဆောင်ပြီး ဖြန့်နေတဲ့သတင်းအမှား

မြန်မာနိုင်ငံ၏ ပထမဆုံးအစိုးရကျောင်း (သို့) အထက(၁)မော်လမြိုင်

မော်လမြိုင်၊ ၅ မေ ၂၀၂၀ ဗြိတိသျှတို့အုပ်ချုပ်သည့်ကာလ ၁၈၃၅ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံ၏ ပထမဆုံးအစိုးရ ကျောင်းဖြစ်သည့် ယခုအထက(၁)မော်လမြိုင်ဟုခေါ်တွင်သောကျောင်းကို မူလတန်းအဆင့်အဖြစ် မြို့မတံတားလမ်းတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ကျောင်းဖွင့်လှစ်သည့် သက်တမ်းမှာ ယခုနှစ်ဆိုလျှင် နှစ်ပေါင်း (၁၈၅)နှစ်ပြည့်ပြီဖြစ်သည်။ ကျောင်းစတင်ဖွင့်လှစ်ခဲ့သော အချိန်တွင် ကျောင်း၌ ကျောင်းအုပ်ကြီးအဖြစ် စီဖာဘဲနက်က တာဝန်ယူခဲ့သည်။ စီဖာဘဲနက်သည် ကျောင်းအုပ်အဖြစ်မှ နှုတ်ထွက်ပြီးနောက် မြန်မာနိုင်ငံ၏ ပထမဆုံးသတင်းစာဖြစ်သော မော်လမြိုင်ခရော်နီကယ်သတင်းစာ၏ အယ်ဒီတာဖြစ်လာသည်။ ဆရာဘဲနက်ပြီးနောက်တွင် ဆရာဟောက်ဟုခေါ်သော ဆရာဂျော့ဟင်နရီဟောက်က ကျောင်းအုပ်အဖြစ် ဆက်လက်တာဝန်ယူပြီး ၁၈၄၅ ခုနှစ်တွင် တနင်္သာရီတိုင်းပညာဝန်အဖြစ်ပါ ပူးတွဲတာဝန်ယူခဲ့သည်။ ၁၈၇၆ ခုနှစ်ရောက်မှ ယခု အထက(၁)ကျောင်းတည်ရှိရာ သိပ္ပံလမ်းသို့ ပြောင်းရွှေ့ခဲ့သည်။ ကျောင်းမှာ အထက်တန်းအဆင့်သို့ရောက်ရှိခဲ့သော်လည်း ၁၈၇၈ ခုနှစ်တွင် သင်ကြားရေးဆရာမလုံလောက်သဖြင့် အလယ်တန်းအဆင့်သို့ … Continue reading မြန်မာနိုင်ငံ၏ ပထမဆုံးအစိုးရကျောင်း (သို့) အထက(၁)မော်လမြိုင်

ဦးသာညှင်း ကျောင်းအိပ်ကျောင်းစားကျောင်း (အထက -၉ မော်လမြိုင်)

မော်လမြိုင်၊ ၂၅ ဧပြီ ၂၀၂၀ ဦးသာညှင်း ကျောင်းအိပ်ကျောင်းစားကျောင်းမှာ ရှင်မဟာဗုဒ္ဓဃောသကျောင်း (အထက-၉) ကျောင်းဝင်းရှိ အဆောင်တစ်ဆောင်ဖြစ်ပြီး ယခုနှစ်တွင် နှစ်ပေါင်း (၁၀၂) နှစ်ပြည့်သော အဆောက်အအုံတစ်ခုဖြစ်သည်။ ၁၈၉၉ ခုနှစ်တွင် ရှင်မဟာဗုဒ္ဓဃောသကျောင်း (အထက-၉) စတင် ထူထောင်ပြီးနောက် ၁၉၁၈ ခုနှစ်တွင် ကျောင်း၏ အဓိက အလှူရှင်ဖြစ်သော သူဌေးကြီး ဦးသာညှင်းက ဒီကျောင်းဆောင်ကို ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ အလှူရှင် ဦးသာညှင်းကိုအစွဲပြုပြီး ဦးသာညှင်း ကျောင်းအိပ်ကျောင်းစားကျောင်းလို့ အမည်ပေးထားတာဖြစ်ပါတယ်။ မြန်မာသက္ကရာဇ် ၁၂၈၀ မှာ ဆောက်လုပ်တာဖြစ်လို့ ယခုနှစ် ၁၃၈၂ အထိ ရေတွက်ရင် နှစ်ပေါင်း ၁၀၂ နှစ်ပြည့်တဲ့ ကျောင်းဆောင်ဖြစ်ပါတယ်။ #မော်လမြိုင်မှတ်တမ်း #Mawlamine Daily #ယခင်၊ယခု မော်လမြိုင် (ဤစာမျက်နှာသည် Memoirs of … Continue reading ဦးသာညှင်း ကျောင်းအိပ်ကျောင်းစားကျောင်း (အထက -၉ မော်လမြိုင်)

Australia Awards ပညာသင်ဆုအကြောင်း မော်လမြိုင်မှာလာဆွေးနွေးမယ်

မော်လမြိုင်၊ ၇ ဖေဖော်ဝါရီ ၂၀၂၀ Australia နိုင်ငံမှာ ပညာသင်ကြားနိုင်မယ့် ပညာသင်ဆုအခွင့်အရေးတွေအကြောင်းကို မော်လမြိုင်မြို့က တော်ဝင်ဟင်္သာဟိုတယ်မှာ လာမယ့် တနင်္ဂနွေနေ့၊ ဖေဖော်ဝါရီ ၉ ရက်မှာ ဆွေးနွေးသွားမှာပါ။ Mawlamyine Daily

Mawlamyine Daily စာအုပ်စင်

မော်လမြိုင်၊ ၂၈ ဇန်နဝါရီ ၂၀၂၀   မင်္ဂလာပါ စာပေချစ်​သူမိတ်​ဆွေများခင်​ဗျာ ယခုအပတ်​စာချစ်​သူမိတ်​ဆွေများထံ မိတ်​ဆက်​ပေးချင်​တဲ့စာအုပ်​များကတော့ မိုးမခစာပေ ဆိပ်​ကမ်းသာစာပေ နှင့်​အခြားစာပေတိုက်​များမှ ဖြန့်​ချီရောက်ရှိလာသော စာရေးဆရာ ကဗျာဆရာများစွာရဲ့ ဗဟုသုတ ရသ စာပေများဖြစ်ပါသည်။စာဖတ်​ခြင်းဟာ အသိဥာဏ်​ပွင့်​လင်းစေသလို မိမိအတွက်​အကျိုးဖြစ်​ထွန်းမည့်​စာပေများဖတ်​ရှုလေ့လာခြင်းဟာလည်း ဗဟုသုတများစွာရစေရုံမက ထိုးထွင်းကြံဆ အမှားမှန်​ဆင်​ခြင်​နိုင်​စွမ်းကိုလည်းရရှိစေမှာဖြစ်​ပါတယ်​။ (၁) "အော်ဂဲနစ် ကဗျာများ" 'ကဗျာဆိုတာ မျိုချလို့မရတဲ့ စကားလုံးတွေ နေ့စေ့ လစေ့ ဖြစ်လာတဲ့အခါ နှလုံးသားပေါ်တင်ပြီး ဆင်ဆာဖြတ်ရတဲ့အလုပ်ပါပဲ'လို့ ဆိုသူ ကဗျာဆရာမ နန်းအလင်္ကာ(တောင်ကြီး)ရေးသားထားတဲ့ခံစားမှုစုံကဗျာစုံအားဖတ်ရှုရမှာဖြစ်ပြီး ဆိပ်ကမ်းသာစာပေမှဖြန့်ချီကာ ရောင်းဈေးမှာ တစ်အုပ် ၂၀၀၀ကျပ် ဖြစ်ပါသည်။ (၂) "ဆားသုံးပွင့် ကဗျာများ" ဆားလင်းကြီးနယ်ဖွါး ကဗျာဆရာများဖြစ်ကြသော မောင်ညိုမဲ(ဆားလင်းကြီး) သက်ထားမောင်(ဆားလင်းကြီး) ဇေယျာစန်းဝင်း(ဆားလင်းကြီး)တို့ရဲ့ကဗျာကောင်းများကိုဖတ်ရှုရမှာဖြစ်ပြီး ဆိပ်ကမ်းသာစာပေမှဖြန့်ချီကာ ရောင်းဈေးမှာ တစ်အုပ် ၂၀၀၀ ကျပ်ဖြစ်ပါသည်။ … Continue reading Mawlamyine Daily စာအုပ်စင်

Mawlamyine Daily စာအုပ်စင်

မော်လမြိုင်၊ ၇ အောက်တိုဘာ   မင်္ဂလာပါ စာပေချစ်​သူမိတ်​ဆွေများခင်​ဗျာ ယခုအပတ်​စာချစ်​သူမိတ်​ဆွေများထံ မိတ်​ဆက်​ပေးချင်​တဲ့စာအုပ်​များကတော့ မိုးမခစာပေ ဆိပ်​ကမ်းသာစာပေ နှင့်​အခြားစာပေတိုက်​များမှ ဖြန့်​ချီရောက်ရှိလာသော စာရေးဆရာ ကဗျာဆရာများစွာရဲ့ ဗဟုသုတ ရသ စာပေများဖြစ်ပါသည်။စာဖတ်​ခြင်းဟာ အသိဥာဏ်​ပွင့်​လင်းစေသလို မိမိအတွက်​အကျိုးဖြစ်​ထွန်းမည့်​စာပေများဖတ်​ရှုလေ့လာခြင်းဟာလည်း ဗဟုသုတများစွာရစေရုံမက ထိုးထွင်းကြံဆ အမှားမှန်​ဆင်​ခြင်​နိုင်​စွမ်းကိုလည်းရရှိစေမှာဖြစ်​ပါတယ်​။   (၁) "ငါ့ပါးပေါ်က ဂလူးကို့စ်တွေ" ကဗျာဆရာ ဟိန်းခန့်ရဲ့ ခံစားမှုခေတ်ပေါ်ကဗျာများဖြစ်ပြီး ကဗျာဆရာ တိုးနှောင်မိုးရဲ့အမှာစာနဲ့အတူ ဆိပ်ကမ်းသာစာပေမှဖြန့်ချီထားတာဖြစ်ပါတယ်။ရောင်းဈေးမှာ ၂၀၀၀ ကျပ်ဖြစ်ပါသည်။   (၂) "မှတ်စုကြမ်းမှကဗျာများ' ကဗျာရေးသူ ခုနှစ်ဦးရဲ့ ကဗျာများဖြစ်ပြီး ဆိပ်ကမ်းသာစာပေမှပင်ဖြန့်ချီထားပြီး ရောင်းဈေးမှာ ၂၀၀၀ ကျပ်ဖြစ်ပါသည်။   (၃) "ချောင်းရေယဉ်လျှမ်းပါလို့ လမ်းမသိပါပြီ" ဆရာနန္ဒစိုး(ဆင်ဖြူကျွန်း)ရေးသားထားပြီး ပခုက္ကူဦးအုန်းဖေ ဝတ္ထုရှည်ပထမဆုနှင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရစာအုပ်ကောင်းဖြစ်ပါတယ်။ဆရာနန္ဒစိုး(ဆင်ဖြူကျွန်း) ကွယ်လွန်ခြင်း (၃)နှစ်ပြည့် … Continue reading Mawlamyine Daily စာအုပ်စင်