Mawlamyine Daily စာအုပ်စင်

မော်လမြိုင်၊ ၇ အောက်တိုဘာ   မင်္ဂလာပါ စာပေချစ်​သူမိတ်​ဆွေများခင်​ဗျာ ယခုအပတ်​စာချစ်​သူမိတ်​ဆွေများထံ မိတ်​ဆက်​ပေးချင်​တဲ့စာအုပ်​များကတော့ မိုးမခစာပေ ဆိပ်​ကမ်းသာစာပေ နှင့်​အခြားစာပေတိုက်​များမှ ဖြန့်​ချီရောက်ရှိလာသော စာရေးဆရာ ကဗျာဆရာများစွာရဲ့ ဗဟုသုတ ရသ စာပေများဖြစ်ပါသည်။စာဖတ်​ခြင်းဟာ အသိဥာဏ်​ပွင့်​လင်းစေသလို မိမိအတွက်​အကျိုးဖြစ်​ထွန်းမည့်​စာပေများဖတ်​ရှုလေ့လာခြင်းဟာလည်း ဗဟုသုတများစွာရစေရုံမက ထိုးထွင်းကြံဆ အမှားမှန်​ဆင်​ခြင်​နိုင်​စွမ်းကိုလည်းရရှိစေမှာဖြစ်​ပါတယ်​။   (၁) "ငါ့ပါးပေါ်က ဂလူးကို့စ်တွေ" ကဗျာဆရာ ဟိန်းခန့်ရဲ့ ခံစားမှုခေတ်ပေါ်ကဗျာများဖြစ်ပြီး ကဗျာဆရာ တိုးနှောင်မိုးရဲ့အမှာစာနဲ့အတူ ဆိပ်ကမ်းသာစာပေမှဖြန့်ချီထားတာဖြစ်ပါတယ်။ရောင်းဈေးမှာ ၂၀၀၀ ကျပ်ဖြစ်ပါသည်။   (၂) "မှတ်စုကြမ်းမှကဗျာများ' ကဗျာရေးသူ ခုနှစ်ဦးရဲ့ ကဗျာများဖြစ်ပြီး ဆိပ်ကမ်းသာစာပေမှပင်ဖြန့်ချီထားပြီး ရောင်းဈေးမှာ ၂၀၀၀ ကျပ်ဖြစ်ပါသည်။   (၃) "ချောင်းရေယဉ်လျှမ်းပါလို့ လမ်းမသိပါပြီ" ဆရာနန္ဒစိုး(ဆင်ဖြူကျွန်း)ရေးသားထားပြီး ပခုက္ကူဦးအုန်းဖေ ဝတ္ထုရှည်ပထမဆုနှင့် အမျိုးသားစာပေ ဝတ္ထုရှည်ဆုရစာအုပ်ကောင်းဖြစ်ပါတယ်။ဆရာနန္ဒစိုး(ဆင်ဖြူကျွန်း) ကွယ်လွန်ခြင်း (၃)နှစ်ပြည့် … Continue reading Mawlamyine Daily စာအုပ်စင်

လူငယ်နှင့်ခေါင်းဆောင်မှု သင်တန်းအတွက် အလုပ်သင်ဝန်ထမ်း ၂ဦး ခေါ်ယူ

မော်လမြိုင်၊ ၂၀ စက်တင်ဘာ ၂၀၁၉   မော်လမြိုင်မြို့ မှာရှိတဲ့ National Enlightenment Institute (NEI) မှာ တာဝန်ထမ်းဆောင်ဖို့ အလုပ်သင်ဝန်ထမ်းခေါ်ယူနေပါတယ်။ ရွေးချယ်ခံရရင် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက်နေ့မှ နိုဝင်ဘာလ (၂၀) ရက်နေ့ထိ ပြုလုပ်မယ့် လူငယ်နှင့်ခေါင်းဆောင်မှုသင်တန်းအတွက် အလုပ်သင် ၀န်ထမ်း အနေနဲ့ လုပ်ကိုင်ရမှာပါ။ အလုပ်သင်ကာလ အဖြစ် ၂၀၁၉ခုနှစ် အောက်တိုဘာလ ၇ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အတွင်း သတ်မှတ်ထားပါတယ်။   စိတ်ဝင်စားလို့ လျှောက်ထားချင်သူတွေဟာ- • National Enlightenment Institute (NEI) မှ ပြုလုပ်သော လူငယ်နှင့် ခေါင်းဆောင်မှုသင်တန်းဆင်း ကျောင်းသား/သူဟောင်း • မတူညီသောပတ်ဝန်းကျင်တွင် လိုက်လျောညီထွေလုပ်ကိုင်နိုင်သူ • … Continue reading လူငယ်နှင့်ခေါင်းဆောင်မှု သင်တန်းအတွက် အလုပ်သင်ဝန်ထမ်း ၂ဦး ခေါ်ယူ

မိုဘိုင်းလ်ဖုန်းတစ်လုံးနဲ့ တစ်မိနစ်စာ ဗီဒီယိုတစ်ခု ရိုက်ကူးလိုက်ရုံနဲ့ အမြင့်ဆုံးဆုကြေး ယူရို ၂၀,၀၀၀ နှစ်ဆု မျှော်မှန်းနိုင်မယ့် ActNow ဇာတ်လမ်းတို ပြိုင်ပွဲ

မော်လမြိုင်၊ ၁၇ စက်တင်ဘာ ၂၀၁၉ ဒီပြိုင်ပွဲကို Mobile Film Festival က စီစဉ်ပြီး Youtube Creators for Change နဲ့ United Nations Climate Change အစီအစဉ်တို့က ပံ့ပိုးကူညီထားပါတယ်။ ဒီဇာတ်လမ်းတိုတွေမှာ ပါရမယ့် အကြောင်းအရာကတော့ ရာသီဥတုပြောင်းလဲလာမှု (Climate Change) ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ဖို့- ၁။ တစ်မိနစ်စာ ဇာတ်လမ်းတိုအတွက် ဇာတ်ညွှန်းရေးရပါမယ်။ ဇာတ်ညွှန်းရေးဖို့ https://www.mobilefilmfestival.com/en/resist-and-create/ ကို အရင် ဖတ်သင့်ပါတယ်။ ၂။ တစ်မိနစ်စာ ဇာတ်လမ်းတိုတစ်ပုဒ်ကို မိုဘိုင်းလ်ဖုန်း (ဒါမှမဟုတ်) တက်ဘလက်နဲ့ ရိုက်ကူးရမှာပါ။ အသံကို သက်သက် သွင်းနိုင်ပါတယ်။ ၃။ တစ်မိနစ်ဇာတ်လမ်းတိုကို စိတ်ကြိုက်တည်းဖြတ်နိုင်ပါတယ်။ အသုံးပြုတဲ့ ဂီတ၊ သီချင်းတွေက … Continue reading မိုဘိုင်းလ်ဖုန်းတစ်လုံးနဲ့ တစ်မိနစ်စာ ဗီဒီယိုတစ်ခု ရိုက်ကူးလိုက်ရုံနဲ့ အမြင့်ဆုံးဆုကြေး ယူရို ၂၀,၀၀၀ နှစ်ဆု မျှော်မှန်းနိုင်မယ့် ActNow ဇာတ်လမ်းတို ပြိုင်ပွဲ

ဒီမိုကရေစီအကြောင်း ဆွေးနွေးပွဲ ပြုလုပ်မည်

မော်လမြိုင်၊ ၁၄ စက်တင်ဘာ ၂၀၁၉ စက်တင်ဘာလ (၁၅) ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အထိမ်းအမှတ်အဖြစ် ဒီမိုကရေစီ အကြောင်း အမေးအဖြ ဆွေးနွေးပွဲတခုကို ၂၀၁၉ ခုနှစ် စက်တင်ဘာ (၁၅) ရက်နေ့ မွန်းလွဲ(၂) နာရီမှ(၄) နာရီထိ မော်လမြိုင်မြို့ ဆရာဝန်အသင်းခန်းမမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ယခုနှစ် ဒီမိုကရေစီနေ့အတွက် ဆောင်ပုဒ်ကတော့ ဒီမိုကရေစီရှင်သန်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ဟု သတ်မှတ်ထားပါတယ်။ ဒီပွဲကို မွန်ပြည်နယ်လူငယ်ရေးရာကော်မတီက ဦးဆောင်ကျင်းပတာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးက သူ့ရဲ့ လွှတ်တော်သက်တမ်း (၈) နှစ်တာ အတွေ့အကြုံကို အခြေခံပြီး ဒီမိုကရေစီအကြောင်း ပင်တိုင်ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီပွဲကို မည်သူမဆို တက်ရောက်နိုင်ပြီး ဒီမိုကရေစီအကြောင်း သိလိုသည်များကိုလည်း … Continue reading ဒီမိုကရေစီအကြောင်း ဆွေးနွေးပွဲ ပြုလုပ်မည်

မွန်ပြည်နယ်ရှိကျောင်းသားများအား ပညာသင်ဆုပေးအပ်ပွဲ ပြုလုပ်မည်

မော်လမြိုင်၊ ၁၂ စက်တင်ဘာ ၂၀၁၉   မွန်ပြည်နယ်ရှိ ကျောင်းသားများကို SCG Sharing The Dream 2019 ပညာသင်ဆုပေးအပ်တဲ့ အခမ်းအနားကို မော်လမြိုင်မြို့ မွန်ပြည်နယ်ခန်းမမှာ စက်တင်ဘာလ ၁၇ ရက် (အင်္ဂါနေ့) မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။SCG Sharing the Dream ဟာ ရန်ကုန်တိုင်းဒေသကြီး နဲ့ မွန်ပြည်နယ်အတွင်းရှိ မိသားစုအပေါ်ကျေးဇူးသိတက်သူ၊ လူမှုပတ်ဝန်းကျင်ကိုကူညီထောက်ပံ့ပေးနိုင်ပြီးကောင်းမွန်သောပညာရေးမှတ်တမ်းများရရှိထားခြင်းများအပေါ်မှာ အခြေခံပြီး အထက်တန်းနှင့်တက္ကသိုလ်ကျောင်းသားကျောင်းသူများကို နှစ်စဉ်ပညာသင်ဆု ချီးမြှင့်ပေးတဲ့ အစီအစဉ်ဖြစ်ပါတယ်။   Mawlamyine Daily

Mawlamyine Daily စာအုပ်စင်

မော်လမြိုင်၊ ၁၀ စက်တင်ဘာ ၂၀၁၉   မင်္ဂလာပါ စာပေချစ်​သူမိတ်​ဆွေများခင်​ဗျာ ယခုအပတ်​စာချစ်​သူမိတ်​ဆွေများထံ မိတ်​ဆက်​ပေးချင်​တဲ့စာအုပ်​များကတော့ မိုးမခစာပေ ဆိပ်​ကမ်းသာစာပေ နှင့်​အခြားစာပေတိုက်​များမှ ဖြန့်​ချီရောက်ရှိလာသော စာရေးဆရာ ကဗျာဆရာများစွာရဲ့ ရင်​နှင့်​ထွင်းသော အက္ခရာများဖြစ်​သည့်​ "ရသခေတ်မဂ္ဂဇင်း" ,"အာသီသမဂ္ဂဇင်း", "ကဗျာရေစီးမဂ္ဂဇင်း" , "လောကနီတိ စာဥယျာဉ်" , "နှလုံးသားမှာ မွေးကျွတ်နာပေါက်နေတဲ့ ကောင်မလေး နှင့် ချစ်ခြင်းဖွဲ့ဟာသဝတ္ထုရှည်များ"စသည့်​စာအုပ်​များပြဲဖစ်​ပါတယ်​။စာဖတ်​ခြင်းဟာ အသိဥာဏ်​ပွင့်​လင်းစေသလို မိမိအတွက်​အကျိုးဖြစ်​ထွန်းမည့်​စာပေများဖတ်​ရှုလေ့လာခြင်းဟာလည်း ဗဟုသုတများစွာရစေရုံမက ထိုးထွင်းကြံဆ အမှားမှန်​ဆင်​ခြင်​နိုင်​စွမ်းကိုလည်းရရှိစေမှာဖြစ်​ပါတယ်​။   (၁) "ရသခေတ် မဂ္ဂဇင်း" အနုပညာနယ်ပါယိအသီးသီးမှ စာရေးဆရာ ကဗျာဆရာများစွာရဲ့ ကဗျာများ အက်ဆေးများနှင့် ကဗျာဆိုင်ရာအရေးအသားများ ကာတွန်း ဝတ္ထုတို ဘာသာပြန် စသဖြင့် ဗဟုသုတ အတွေးအမြင်များကို ဖတ်​ရှုလေ့လာခံစားရမှာဖြစ်​ပြီး ရောင်းဈေးမှာ တစ်​အုပ်​ ၃၀၀၀ ကျပ်​ဖြစ်​ပါသည်​။ … Continue reading Mawlamyine Daily စာအုပ်စင်

Mawlamyine Daily စာအုပ်စင်

မော်လမြိုင်၊ ၈ သြဂုတ် ၂၀၁၉   မင်္ဂလာပါ စာပေချစ်​သူမိတ်​ဆွေများခင်​ဗျာ ယခုအပတ်​စာချစ်​သူမိတ်​ဆွေများထံ မိတ်​ဆက်​ပေးချင်​တဲ့စာအုပ်​များကတော့ မိုးမခစာပေ ဆိပ်​ကမ်းသာစာပေ နှင့်​အခြားစာပေတိုက်​များမှ ဖြန့်​ချီလာသော စာရေးဆရာ ကဗျာဆရာများစွာရဲ့ ရင်​နှင့်​ထွင်းသော အက္ခရာများဖြစ်​သည့်​ ကဗျာ ဝတ္တု နှင့်​ သုတရသပေးသည့်​ "မြို့ပျက်​ညရဲ့အော်​ပရာ" , လေရူးငယ်​" , "တနင်္ဂနွေအသံ" , "လူ" စသည့်​စာအုပ်​များပြဲဖစ်​ပါတယ်​။စာဖတ်​ခြင်းဟာ အသိဥာဏ်​ပွင့်​လင်းစေသလို မိမိအတွက်​အကျိုးဖြစ်​ထွန်းမည့်​စာပေများဖတ်​ရှုလေ့လာခြင်းဟာလည်း ဗဟုသုတများစွာရစေရုံမက ထိုးထွင်းကြံဆ အမှားမှန်​ဆင်​ခြင်​နိုင်​စွမ်းကိုလည်းရရှိစေမှာဖြစ်​ပါတယ်​။ (၁) "လူ" စာရေးဆရာ မင်းမြတ်​ဘုန်းရေးသားထားသော စာအုပ်​ဖြစ်​ပြီး လူ့သဘော လူ့မနောပါ ကဗျာစာများကို ဗဟုသုတရဖွယ်​ အောက်​မေ့သတိရဆင်​ခြင်​ဖွယ်​ ဖတ်​ရှုလေ့လာခံစားရမှာဖြစ်​ပြီး ရောင်းဈေးမှာ တစ်​အုပ်​ ၁၀၀၀ကျပ်​ဖြစ်​ပါသည်​။ (၂) "မြို့ပျက်​ညရဲ့ အော်​ပရာ" ကဗျာဆရာ ဝဇီရာဒီဖိုး မှယနေ့ခေတ်​ ယနေ့အခြေနေနှင့်​ပတ်​သက်​ပြီး … Continue reading Mawlamyine Daily စာအုပ်စင်

ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ဖို့ DAN Application

မော်လမြိုင်၊ ၂၁ ဇွန် ၂၀၁၉   သဘာဝဘေးအန္တရာယ် ကြိုတင် အသိပေးမိုဘိုင်း Application Disaster Alert Notification DAN Application ဟာ မြန်မာနိုင်ငံမှာ ကြိုတင်ခန့်မှန်းလို့ရနိုင်တဲ့ သဘာဝဘေးအန္တရာယ်နဲ့ စပ်လျဉ်းပြီး ပြည်သူတွေဆီကို သတိပေးချက်တွေအချိန်နဲ့တပြေးညီ ပေးပို့နိုင်ဖို့နဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်နိုင်ကြစေဖို့အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ mobile application တခု ဖြစ်ပါတယ်။   သဘာဝဘေးအန္တရာယ် ကျရောက်နိုင်တဲ့ အခြေအနေများမှာ ပြည်သူလူထုအနေနဲ့ ကြိုတင် ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းတို့ကို လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ကြိုတင် သတိပေးချက်တွေ၊ ဘေးကင်းစေရေးအတွက် အကြုံပြုချက်တွေ၊ အရေးပေါ် ဆက်သွယ် ရမယ့် ဖုန်းနံပါတ်တွေ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အရေးပါတဲ့ အကြောင်း အရာမျိုးစုံတို့ကို တစ်နေရာထဲမှာ စုစည်း … Continue reading ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ဖို့ DAN Application