အားအပြည့်သွင်းထားရုံနဲ့ Laptop ကို နှစ်ကြိမ် အားအပြည့်ပြန်သွင်းပေးနိုင်တဲ့ Power Bank

မော်လမြိုင်၊ ၂၁ အောက်တိုဘာ ၂၀၁၇ ဖုန်းတွေတခေတ်ဖြစ်လာတဲ့ ဒီခေတ်ကြီးထဲမှာ ဖုန်းတွေ အားကုန်ရင် အချိန်မရွေး ပြန်အားသွင်းဖို့အတွက် Power Bank တွေဟာ အရေးပါလာတာကြောင့် အပြိုင်အဆိုင်ထုတ်လုပ်ကြရင်း ဈေးနှုန်းအလွန်ချိုသာတဲ့ Power Bank တွေ အထိ ပါ ရနိုင်လာပါပြီ။ ဒါပေမယ့် ဒီခေတ်ထဲမှာ စမတ်ဖုန်းတွေပြီးရင် နောက်ထပ်အရေးပါတဲ့ အရာတခုဖြစ်တဲ့ Laptop တွေကို အားသွင်းပေးမယ့် Power Bank တွေကတော့ ရှားနေပါသေးတယ်။ ဒါပေမယ့် Laptop တွေကို အားသွင်းပေးမယ့် Power Bank ဖြစ်တဲ့ Saber နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Saber Power Bank ဟာ ၂.၂ ပေါင်သာလေးပြီး သယ်ရလွယ်ကူပါတယ်။ ဘက်ထရီကတော့ Lithium-ion ဘက်ထရီအမျိုးအစားပါ။ အားအပြည့်ရှိတဲ့ …

မော်လမြိုင်မြို့တွင် အခမဲ့ လျှပ်စစ်ဝါယာရိန်းသင်တန်း ဖွင့်လှစ်မည်

မော်လမြိုင်၊ ၁၆ အောက်တိုဘာ ၂၀၁၇   စု ဖောင်ဒေးရှင်း ရဲ့ ကူညီပံ့ပိုးမှုနဲ့ မြန်မာ့စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့က ပြုလုပ်တဲ့ အခမဲ့ လျှစ်စစ်ဝါယာရိန်းသင်တန်းကို မော်လမြိုင်မြို့ ဒိုင်းဝန်ကွင်း ၊အောက်ကျင်းရပ်ကွက် က ဖလ်ယဉ်ဓမ္မာရုံမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၆ရက်နေ့ ကနေ ၂၄ရက်နေ့အထိ အပတ်စဉ် တနင်္လာ မှ သောကြာနေ့ထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီသင်တန်းကို ရန်ကုန်မှ သင်တန်းဆရာများက စာတွေ့ ၊ လက်တွေ့ လာရောက်သင်ကြားပေးမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်နိုင်ဖို့အတွက် လိုအပ်တဲ့ ပညာအရည်အချင်းကတော့ ၉တန်းနှင့် အထက် ရှိရမှာဖြစ်ပါတယ်။   စိတ်ပါဝင်စားတဲ့ အမျိုးသားတွေအနေနဲ့ ဦးဝမ်ချိန်း ၀၉ ၂၅၅၈၃၄၈၈၄ နဲ့ ဦးသန်းကြည် ၀၉ ၇၉၁၁၁၄၃၅၆ တို့ကို ဆက်သွယ်ပြီး …

အပူချိန်ကို အလိုအလျောက်ထိန်းညှိပေးမယ့် စမတ်ဂျာကင် အင်္ကျီ

မော်လမြိုင်၊ ၁၃ အောက်တိုဘာ ၂၀၁၇ အေးတဲ့ရာသီဥတုမှာ အပြင်သွားလို့ ကိုယ့်အပူချိန်ကို အင်္ကျီကနေ နွေးအောင်လုပ်ပေးတယ်ဆိုတာ တကယ်တော့ အသစ်အဆန်းမဟုတ်တော့ပါဘူး။ ဒါပေမယ့် Kinesix ThermoSmart လို့ ခေါ်တဲ့ ဂျာကင် အင်္ကျီ အသစ်တမျိုးကတော့ built-in-sensor တွေ တပ်ဆင်ထားတာကြောင့် အပူချိန်ကို အလိုအလျောက် အာရုံခံပြီး သင့်တော်တဲ့ အပူချိန်ရောက်အောင် ထိန်းညှိပေးမှာဖြစ်တာကြောင့် နည်းပညာအသစ်လို့ ဆိုရမှာပါ။ Kinesix Sports ကုမ္ပဏီက ထုတ်လုပ်တဲ့ ဒီဂျာကင်အင်္ကျီ ဟာ အိမ်ထဲမှာရော အိမ်ပြင်မှာပါ ဝတ်ဖို့အတွက် ထုတ်လုပ်ထားတာဖြစ်ပါတယ်။ တခြား အပူထိန်းညှိအင်္ကျီတွေလိုပဲ အပူထိန်းညှိပစ္စည်းတွေကို အင်္ကျီရဲ့ အရှေ့ နဲ့ အနောက်တွေမှာ ထည့်သွင်းပေးထားတာပါ။ ဒီအပူထိန်းညှိအပြားလေးတွေကို စမတ်ဖုန်းရဲ့ Bluetooth ကတဆင့် ThermoSmart ဆော့ဝဲလ်ကနေလဲ ထိန်းချုပ်နိုင်ပါတယ်။ …

ပွာတိုရီကို နိုင်ငံမှာ အင်တာနက်ကို မိုးပျံဘောလုံးမှတဆင့် ထုတ်လွှင့်ပေးမယ့် Google

မော်လမြိုင်၊ ၁၀ အောက်တိုဘာ ၂၀၁၇ သဘာဝဘေးဒဏ်ကြောင့် အင်တာနက်ဆက်သွယ်မှု ပြတ်တောက်သွားခဲ့တဲ့ ပွာတိုရီကို နိုင်ငံမှာ အင်တာနက်ကို မိုးပျံဘောလုံးတွေကတဆင့် ပေးနိုင်ဖို့ လုပ်ဆောင်နေတဲ့ Google ရဲ့ အစီအစဉ်ကို အမေရိကန် ဆက်သွယ်ရေး ကော်မရှင်(FCC) က ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။ အခုလို မိုးပျံဘောလုံးတွေကတဆင့် အင်တာနက်ထုတ်လွှင့်ဖို့ကို Google အနေနဲ့ ပွာတိုရီကို က ဆက်သွယ်ရေး ကုမ္ပဏီတွေ နဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။ Google အနေနဲ့ အရင်က ရေကြီးမှုဒဏ်ခံခဲ့ရတဲ့ ပီရူးနိုင်ငံမှာလည်း  မိုးပျံဘောလုံးတွေနဲ့ 4G LTE အင်တာနက်ကို ပြည်သူတွေအတွက် 160GB Data ပံ့ပို့ပေးခဲ့ပြီး အဲဒီပမာဏဟာ အီးမေးလ်အစောင် ၂သန်းနဲ့ WhatsApp Messages ပေါင်း သန်း၃၀ အထိ ပေးပို့နိုင်ပါတယ်။ ပွာတိုရီကိုမှာ …

လာအိုနိုင်ငံတွင်ပြုလုပ်သည့် လန်းရိုဗာကုမ္ပဏီ၏ ကားမောင်းနှင်မှုစိန်ခေါ်ပွဲတွင် မြန်မာနိုင်ငံမှ ကားမောင်းဝါသနာရှင်က အနိုင်ရ

မော်လမြိုင်၊ ၂၈ စက်တင်ဘာ ၂၀၁၇  မြန်မာနိုင်ငံက လမ်းကြမ်းကားမောင်းဝါသနာရှင် ဒေါက်တာစိုးထွဋ်အောင်ဟာ လာအိုနိုင်ငံမှာ ၂၀၁၇ ခုနှစ် စက် တင်ဘာလ (၂၄) ရက်နေ့က ကျင်းပခဲ့တဲ့ လန်းရိုဗာအတွေ့အကြုံ ခရီးစဉ်ပြိုင်ပွဲများရဲ့ ပထမပတ်လည်ပြိုင်ပွဲမှာ အနိုင် ရရှိခဲ့ပြီး ပီရူးနိုင်ငံတွင် ကျင်းပမည့် လန်းရိုဗာအတွေ့အကြုံ ခရီးစဉ်ပြိုင်ပွဲတွင် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ အသက် (၃၃) နှစ်အရွယ်ရှိ ဒေါက်တာစိုးထွဋ်အောင်က လာအိုနိုင်ငံပြိုင်ပွဲမှာ အနိုင်ရရှိခဲ့တာနဲ့ ပတ်သက်ပြီး “ဒါဟာ ကျွန်တော့်အတွက် အကြီးအကျယ်ဆုံး စိတ်ဝင်စားစေခဲ့တဲ့ ကားမောင်းစိန်ခေါ်မှုတစ်ခုပါပဲ” လို့ ဆိုပါတယ်။ ဒေါက် တာစိုးထွဋ်အောင်ဟာ NGO တစ်ခုမှာ အလုပ်လုပ်နေတဲ့ ဆရာဝန်တစ်ဦးဖြစ်ပြီး လမ်းကြမ်းများကို လုံခြုံစွာနှင့် ကျွမ်းကျင်စွာ မောင်းနှင်နိုင်ခြင်းမှာ အရေးကြီးကြောင်း ပြသသည့်သဘောဖြင့် မြန်မာနိုင်ငံရဲ့ ဝေးလံခေါင်းပါးသော ဒေသတွေကို ခရီးသွားလေ့ရှိပါတယ်။ …

ကမ္ဘာကျော် အီတာလျံကားကုမ္ပဏီ Lamborghini ရဲ့ သမိုင်းကြောင်း

မော်လမြိုင်၊ ၂၃ စက်တင်ဘာ ၂၀၁၇ Lamborghini ဆိုတာ ကမ္ဘာတစ်လွှားမှာရှိတဲ့ ကားချစ်သူတွေရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိထားတဲ့ အီတာလျံအ မှတ်တံဆိပ်တစ်ခုဆိုတာ စာဖတ်ပရိသတ်ကြီး သိရှိပြီး ဖြစ်ပါလိမ့်မယ်။ Lamborghini ကားတွေက ဒီဇိုင်းအပိုင်းမှာ အံ့မခန်းဖြစ်သလို စွမ်းဆောင်ရည်အပိုင်းမှာလည်း ပြီးပြည့်စုံမှုရှိတယ်။ ဒီကားတွေက သူတို့ရဲ့ကျော်ကြားမှုကို အလွယ်တကူ ရလာခဲ့တာမျိုးတော့ မဟုတ်ပါဘူး။ Lamborghini  အမှတ်တံဆိပ်ရဲ့ နောက်ကွယ်မှာ ထူးခြားဆန်းပြားတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ နာမည်ကျော် Lamborghini ရဲ့အကြောင်း တင်ဆက်ပေးပါရစေ။ Lamborghini ကုမ္ပဏီကို Ferrucio Lamborghini ဆိုတဲ့ ပုဂ္ဂိုလ်ကြီးက ၁၉၆၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ သူက စစ်မှုထမ်းဟောင်းတစ်ယောက်ဖြစ်ပြီး ဘယ်အရာကိုမဆို လိုအပ်တဲ့ ကိရိယာတွေ၊ အပိုပစ္စည်းတွေ မရှိ ဘဲနဲ့ …

မော်တော်ယာဉ်တွေကို လုံခြုံစိတ်ချရအောင် အကူအညီပေးစွမ်းမယ့် Myanmar Tracker

မော်လမြိုင်၊ ၁၆ စက်တင်ဘာ ၂၀၁၇ Myanmar Tracker™ (MTS, မြန်မာ့မော်တော်ယာဉ် ခြေရာခံစနစ်) ဆိုတာ ပုဂ္ဂလိကယာဉ် (သို့) လုပ်ငန်းသုံး ယာဉ်တွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်နိုင်စေမယ့် စနစ်တစ်မျိုးဖြစ်ပါတယ်။ ဒီစနစ်ကို အသုံးပြုသူတွေအနေနဲ့ ကား(တွေ) ရဲ့ လောင်စာဆီအသုံးပြုမှုနှုန်း၊ လက်ရှိမောင်းနှင်နေတဲ့ အမြန်နှုန်းနဲ့ တခြားအရေးကြီးတဲ့ အချက်အလက်များစွာကို အလွယ်တကူ စောင့်ကြည့်နိုင်ပါတယ်။ ဒီလိုစောင့်ကြည့်နိုင်ခြင်းကြောင့် စီးပွားရေးလုပ်ငန်းတွေမှာ မလိုလားအပ်တဲ့ ယာဉ်အသုံးပြုမှု၊ လောင်စာဆီအသုံးပြုမှုတွေကို လျှော့ချနိုင်ရုံသာမက ယာဉ်နဲ့ပတ်သက်တဲ့ လုံခြုံရေး၊ ထိန်းသိမ်းစောင့်ရှောက် ရေးတွေအတွက် ပိုမို အကျိုးရှိလာစေတယ်။ နောက်တစ်နည်းပြောရရင် ရေရှည်မှာ အကျိုးအမြတ်တွေ ပိုရလာနိုင်ပါတယ်။ MTS ကို သုံးခြင်းဖြင့် ရလာနိုင်တဲ့ ကောင်းကျိုးတွေက လောင်စာဆီအသုံးပြုမှု စောင့်ကြည်နိုင်ခြင်း၊ ယာဉ်ထိန်း သိမ်းစောင့်ရှောက်ခြင်း၊ ယာဉ်ကို အကျိုးရှိရှိအသုံးချနိုင်စေခြင်း၊ …