ရင်ဖွင့်ဖို့ လိုအပ်နေသူတွေအတွက် မီးပြတိုက်

မော်လမြိုင်၊ ၂၄ ဇူလိုင် ၂၀၂၀ လူသားတွေရဲ့ နေ့စဉ်ဘဝမှာ စိတ်ခံစားမှုတွေရှိနေတာဟာ သဘာဝပါ။ တွေကြုံနေရတဲ့ အခက်အခဲတွေက သိပ်ပြီးကွဲပြားမှုမရှိပေမယ့် လူတစ်ယောက်ချင်းစီရဲ့ လက်ခံနိုင်တဲ့ ခံနိုင်ရည်စွမ်းအား အတိမ် အနက်ပေါ် မူတည်ပြီး စိတ်ခံစားမှုတွေ ကွဲပြားနိုင်ပါတယ်။ စာဖတ်သူမှာ စိတ်ဖိစီးမှုတွေရှိနေပြီး ရင်ဖွင့်စရာလူလိုအပ်နေတယ်ဆိုရင် မီးပြတိုက်ဆိုတဲ့  Mobile Application နဲ့ မိတ်ဆက်ပေးပါရစေ။ ဒီ App ကို ဖုန်းထဲမှာ Install လုပ်ထားပြီးပြီဆိုရင် App ကတဆင့် လေကျင့်ပေးထားတဲ့ နားထောင်သူတွေဟာ သင့်ကို ဝေဖေန်ခြင်း မရှိဘဲ သင်ရင်ဖွင့်သမျှကို အခမဲ့ နားထောင်ပေးဖို့ အဆင်သင့်ရှိနေကြပါတယ်။ စေတနာ့ဝန်ထမ်းနားထောင်သူတွေက ရင်ဖွင့်တာတွေကို ဝေဖန်ခြင်း မရှိဘဲနားထောင်မှာဖြစ်ပေမယ့် တစုံတရာ ပြုလုပ်ဖို့ကိုတော့ အကြံပေးမှာ မဟုတ်ပါဘူး။ စေတနာ့ဝန်ထမ်း နားထောင်သူများ နှင့် … Continue reading ရင်ဖွင့်ဖို့ လိုအပ်နေသူတွေအတွက် မီးပြတိုက်

မော်လမြိုင်မြို့အတွက် Oh My Trash မှ Volunteer ခေါ်ယူ

မော်လမြိုင်၊ ၃ ဇူလိုင် ၂၀၂၀   Oh My Trash ဆိုတာဟာ Application တခုရဲ့ နာမည်ဖြစ်ပါတယ်။ ဒီ Application ဟာ အသုံးမလိုတော့တဲ့ စက္ကူ၊ ပလတ်စတစ်၊ သံ၊ အလူမီနီယံစတာတွေကို ပြန်လည်ရောင်းချနိုင်အောင် ကူညီပေးတဲ့ mobile application တခုပါ။   Oh My Trash မှာ Volunteer အဖြစ် ပါဝင်တဲ့သူတွေဟာ Junkshop တွေရဲ့ တည်နေရာကို ရှာဖွေပြီး မြေပုံမှာ Pin ထောက်ပေးတာနဲ့ Junkshop info တွေကို Application ထဲမှာ ထည့်ပေးတာတွေ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။ Volunteer ကို ထိုက်သင့်တဲ့ ဝန်ဆောင်ခတွေလဲ ပေးမှာ ဖြစ်ပါတယ်။   … Continue reading မော်လမြိုင်မြို့အတွက် Oh My Trash မှ Volunteer ခေါ်ယူ

လွတ်လပ်မှုရဲ့သီချင်းများ ပြိုင်ပွဲ လျှောက်လွှာခေါ်ယူ

မော်လမြိုင်၊ ၈ ဇွန် ၂၀၂၀ လွတ်လပ်မှုအကြောင်းရေးစပ်ထားသည့် သီချင်းများကို လာရောက်ပေးပို့ယှဉ်ပြိုင်ဖို့ FNF Myanmar က လျှောက်လွှာခေါ်ယူနေပါတယ်။ ဒီပြိုင်ပွဲမည်သည့်သီချင်းအမျိုးအစားမဆို ပါဝင်ယှဉ် ပြိုင်နိုင်ပြီး လွတ်လပ်မှုအကြောင်း ရေးစပ်သီကုံးထားတဲ့ လေးမိနစ်ထက်မပိုတဲ့ သီချင်းများနဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။ စိတ်ဝင်စားသူတွေအနေနဲ့  google form https://docs.google.com/forms/d/1YcxfMj29-TPaxNdBThakDkrl49BsyGZ-RejbnkalXQ0/edit ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ဖြည့်ပြီး လျှောက်ထားနိုင်ပါတယ်။ ရွေးချယ်ခံရတဲ့ ပထမဆန်ကာတင်တစ်ဦးကတော့ ဖိလစ်ပိုင်နိုင်ငံမနီလာမှာ ကျင်းပမယ့် regional song contest ပြိုင်ပွဲမှာ အခြားသောအာဆီယံနိုင်ငံများက ပညာရှင်များနှင့်အတူ သွားရောက်ယှဉ်ပြိုင်နိုင်မှာပါ။ အဆိုပါ Regional ပြိုင်ပွဲကနေ တစ်ဆင့် ထူးချွန်သူတွေကတော့ ဂျာမနီမှာ ပြုလုပ်မယ့် ပြိုင်ပွဲအထိ သွားရောက်ဖျော်ဖြေခွင့် ရရှိမှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ https://fnst.org/content/lttlpmurai-siikhngpaitteaa ကနေ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Mawlamyine … Continue reading လွတ်လပ်မှုရဲ့သီချင်းများ ပြိုင်ပွဲ လျှောက်လွှာခေါ်ယူ

ဖေ့ဘွတ်ခ်ပေါ်မှာ စာရေးရင် ၁၀၀၀ ကျပ်၊ ပုံတင်ရင် ၂၀၀၀ ကျပ် ကုန်ကျမယ် ဆိုတဲ့သတင်းအမှား

မော်လမြိုင်၊ ၂၆ မေ ၂၀၂၀ ဖေ့ဘွတ်ခ်ပေါ်မှာ စာရေးရင် ၁၀၀၀ ကျပ်၊ ဓာတ်ပုံတင်ရင် ၂၀၀၀ ကျပ် ကျသင့်မယ်ဆိုပြီး သတင်းအမှားတစ်ခု ပျံ့နှံ့နေတာကိုတွေ့ရပါတယ်။ သတင်းအမှားပျံ့နှံ့မှုအကြောင်းအရင်းဆန်းစစ်ချက် ဒီသတင်းအမှားကို nayarthit.com ဆိုတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝက်ဘ်ဆိုဒ်တစ်ခုကနေတင်ထား တာပါ။ ဟုတ်တယ် vs မဟုတ်ဘူးရဲ့  အချက်အလက်စစ်ဆေးသူတွေရဲ့ လေ့လာဆန်းစစ်ချက်တွေအရ  ဒီသတင်း အမှားကို ယုံကြည်ပြီး Share ပြုလုပ်သူ ၈၀၀ ကျော်အထိရှိတာတွေ့ရပါတယ်။ ဒါကြောင့်အချက်အလက်စစ်ဆေးကြည့်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဘာလို့သတင်းအမှားလို့ပြောရတာလဲဆိုရင် ဒီသတင်းကို ဖေ့ဘွတ်ခ်ရဲ့ တရားဝင် သတင်းထုတ်ပြန်တဲ့ ဝက်ဘ်ဆိုဒ်ဖြစ်တဲ့ facebook news room မှာ လည်း ဖော်ပြထားတာမရှိပါဘူး။ Facebook ကုမ္ပဏီဟာ သူတို့ ထုတ်ပြန်ကြေညာလိုတဲ့ သတင်းမှန်သမျှကို ဒီ ဝက်ဘ်ဆိုဒ်ကနေတဆင့် ကြေညာလေ့ရှိပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး … Continue reading ဖေ့ဘွတ်ခ်ပေါ်မှာ စာရေးရင် ၁၀၀၀ ကျပ်၊ ပုံတင်ရင် ၂၀၀၀ ကျပ် ကုန်ကျမယ် ဆိုတဲ့သတင်းအမှား

ကိုရိုနာဗိုင်းရပ်နဲ့ထိရင် မီးလင်းမယ့် နှာခေါင်းစည်းကို တီထွင်

မော်လမြိုင်၊ ၁၅ မေ ၂၀၂၀ MIT နဲ့ ဟားဗက်က ဇီဝအင်ဂျင်နီယာတွေဟာ ဇီကာနဲ့ အီဘိုလာအပါအဝင် အခြားဗိုင်းရပ်တွေကို အာရုံခံပေးနိုင်မယ့် အာရုံခံကိရိယာကို လွန်ခဲ့တဲ့ ၆နှစ်ကျော်ကတည်းက တီထွင်ခဲ့ကြပါတယ်။ သူတို့ဟာ သူတို့ တီထွင်ထားတဲ့ နည်းပညာကို ကိုရိုနာဗိုင်းရပ်မှာလဲ စမ်းသပ်နေကြပါတယ်။ ပညာရှင်အဖွဲ့ဟာ သူတို့တီထွင်ထားတဲ့ အာရုံခံကိရိယာကို နှာခေါင်းစည်းရဲ့ အတွင်းမှာ တပ်ဆင်ပြီး ရောဂါကူးစက်ခံရတဲ့သူ အသက်ရှုရင်၊ နှာချေရင် ချောင်းဆိုးရင် အချက်ပြမီးလင်းလာပြီး ဗိုင်းရပ်ရှိကြောင်း သိသာစေနိုင်ဖို့ကို မျှော်လင့်နေကြပါတယ်။ အခုဆိုရင် သူတို့ဟာ သူတို့တီထွင်ထားတဲ့ ကိရိယာကို ကိုရိုနာဗိုင်းရပ် ရှာဖွေစမ်းသပ်တဲ့နေရာမှာ သုံးနိုင်ဖို့ ချိန်ညှိမှုတွေလုပ်နေကြပါတယ်။ ဒီနည်းလမ်းသာ အောင်မြင်ခဲ့ရင် ဗိုင်းရပ်ကို ကိုယ်အပူချိန်တိုင်းတာစက်တွေနဲ့ တိုင်းသလို လွယ်ကူစွာ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ “အခုလက်ရှိ ကျွန်တော်တို့ စမ်းသပ်နေတာသာ … Continue reading ကိုရိုနာဗိုင်းရပ်နဲ့ထိရင် မီးလင်းမယ့် နှာခေါင်းစည်းကို တီထွင်

တသက်လုံးအိမ်ကနေအလုပ်လုပ်ဖို့ ဝန်ထမ်းတွေကို ခွင့်ပြုလိုက်တဲ့ Twitter ကုမ္ပဏီ

မော်လမြိုင်၊ ၁၅ မေ ၂၀၂၀ ကိုရိုနာဗိုင်းရပ်ကပ်ဘေးကနေ ပြီးဆုံးသွားခဲ့ရင်တောင်မှ Twitter ကုမ္ပဏီဟာ သူ့ရဲ့ဝန်ထမ်းအများစုကို သူတို့ကြိုက်တဲ့အချိန်ထိ အိမ်ကနေ အလုပ်လုပ်ဖို့ ခွင့်ပြုပေးလိုက်တယ်လို့ Twitter ရဲ့ CEO Jack Dorsey က သူ့ရဲ့ ဝန်ထမ်းတွေကို အဂါင်္နေ့က အသိပေးလိုက်ကြောင်း ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ “ရုံးဖွင့်ဖို့ သတ်မှတ်တာက ကျွန်မတို့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဘယ်နေ့ရုံးပြန်လာတက်မယ်ဆိုတာကတော့ ဝန်ထမ်းတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ” လို့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ BuzzFeed သတင်းဌာနက ပထမဆုံးရရှိတဲ့ အီးမေးလ်မှာတော့ Twitter ကုမ္ပဏီဟာ စက်တင်ဘာမတိုင်ခင် ရုံးပြန်ဖွင့်ဖို့ မရှိသေးသလို လူချင်းတွေ့ဆုံရမယ့် အစီအစဉ်အားလုံးကိုလဲ တနှစ်လုံးအတွက် ဖျက်သိမ်းလိုက်ပါတယ်။ “အခုလို အိမ်ကနေအလုပ်လုပ်ဖို့ ခွင့်ပြုလိုက်တာဟာ ဗဟိုချုပ်ကိုင်မှု လျော့ချတာဖြစ်သလို ဘယ်နေရာကနေမဆို … Continue reading တသက်လုံးအိမ်ကနေအလုပ်လုပ်ဖို့ ဝန်ထမ်းတွေကို ခွင့်ပြုလိုက်တဲ့ Twitter ကုမ္ပဏီ

Facebook မပေါ်ခင်က ကျွန်တော်တို့ တယောက်နဲ့တယောက် ဘယ်လို Unfriend လုပ်ကြလဲ?

မော်လမြိုင်၊ ၂၁ စက်တင်ဘာ ၂၀၁၉   အခုခေတ်မှာတော့ Facebook ဆိုတာ မြန်မာနိုင်ငံက လူအများစု အတွက် အင်တာနက်ပေါ်မှာ မရှိမဖြစ်လို့တောင် ပြောလို့ရပါတယ်။ ဒီFacebook ဆိုတဲ့ လူမှုကွန်ရက်ကို သုံးတာဟာ လူသားတွေ ဖြစ်တာကြောင့် တယောက်နဲ့ တယောက် စိတ်အခန့်မသင့် ဖြစ်ကြတဲ့အခါ Facebook မှာ Unfriend တွေလုပ် Block တွေ လုပ်ကြပါတယ်။ Facebook မပေါ်ခင်ကရော ကျွန်တော်တို့တွေ ဘယ်လိုများ Unfriend လုပ်ကြလဲ?   မှတ်မိကြဦးမှာပါ။ သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ရိုက်ထားတဲ့ ပုံမှာ ကိုယ်ကြည့်မရတဲ့သူ မျက်နှာကို ဓာတ်ပုံထဲကနေ လှီးထုတ်ပစ်လိုက်တာ၊ တခုခုနဲ့ ခြစ်ပစ်လိုက်တာ၊ ဘောပင်နဲ့ အပေါက်ဖောက်ပစ်လိုက်တာတွေဟာ အခုခေတ် Facebook စကားနဲ့ ပြောရင် Unfriend … Continue reading Facebook မပေါ်ခင်က ကျွန်တော်တို့ တယောက်နဲ့တယောက် ဘယ်လို Unfriend လုပ်ကြလဲ?

မိုဘိုင်းလ်ဖုန်းတစ်လုံးနဲ့ တစ်မိနစ်စာ ဗီဒီယိုတစ်ခု ရိုက်ကူးလိုက်ရုံနဲ့ အမြင့်ဆုံးဆုကြေး ယူရို ၂၀,၀၀၀ နှစ်ဆု မျှော်မှန်းနိုင်မယ့် ActNow ဇာတ်လမ်းတို ပြိုင်ပွဲ

မော်လမြိုင်၊ ၁၇ စက်တင်ဘာ ၂၀၁၉ ဒီပြိုင်ပွဲကို Mobile Film Festival က စီစဉ်ပြီး Youtube Creators for Change နဲ့ United Nations Climate Change အစီအစဉ်တို့က ပံ့ပိုးကူညီထားပါတယ်။ ဒီဇာတ်လမ်းတိုတွေမှာ ပါရမယ့် အကြောင်းအရာကတော့ ရာသီဥတုပြောင်းလဲလာမှု (Climate Change) ဖြစ်ပါတယ်။ ဒီပြိုင်ပွဲမှာ ပါဝင်ဖို့- ၁။ တစ်မိနစ်စာ ဇာတ်လမ်းတိုအတွက် ဇာတ်ညွှန်းရေးရပါမယ်။ ဇာတ်ညွှန်းရေးဖို့ https://www.mobilefilmfestival.com/en/resist-and-create/ ကို အရင် ဖတ်သင့်ပါတယ်။ ၂။ တစ်မိနစ်စာ ဇာတ်လမ်းတိုတစ်ပုဒ်ကို မိုဘိုင်းလ်ဖုန်း (ဒါမှမဟုတ်) တက်ဘလက်နဲ့ ရိုက်ကူးရမှာပါ။ အသံကို သက်သက် သွင်းနိုင်ပါတယ်။ ၃။ တစ်မိနစ်ဇာတ်လမ်းတိုကို စိတ်ကြိုက်တည်းဖြတ်နိုင်ပါတယ်။ အသုံးပြုတဲ့ ဂီတ၊ သီချင်းတွေက … Continue reading မိုဘိုင်းလ်ဖုန်းတစ်လုံးနဲ့ တစ်မိနစ်စာ ဗီဒီယိုတစ်ခု ရိုက်ကူးလိုက်ရုံနဲ့ အမြင့်ဆုံးဆုကြေး ယူရို ၂၀,၀၀၀ နှစ်ဆု မျှော်မှန်းနိုင်မယ့် ActNow ဇာတ်လမ်းတို ပြိုင်ပွဲ

ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ဖို့ DAN Application

မော်လမြိုင်၊ ၂၁ ဇွန် ၂၀၁၉   သဘာဝဘေးအန္တရာယ် ကြိုတင် အသိပေးမိုဘိုင်း Application Disaster Alert Notification DAN Application ဟာ မြန်မာနိုင်ငံမှာ ကြိုတင်ခန့်မှန်းလို့ရနိုင်တဲ့ သဘာဝဘေးအန္တရာယ်နဲ့ စပ်လျဉ်းပြီး ပြည်သူတွေဆီကို သတိပေးချက်တွေအချိန်နဲ့တပြေးညီ ပေးပို့နိုင်ဖို့နဲ့ လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေဆောင်ရွက်နိုင်ကြစေဖို့အတွက် ရည်ရွယ် ထုတ်လုပ်ထားတဲ့ mobile application တခု ဖြစ်ပါတယ်။   သဘာဝဘေးအန္တရာယ် ကျရောက်နိုင်တဲ့ အခြေအနေများမှာ ပြည်သူလူထုအနေနဲ့ ကြိုတင် ပြင်ဆင်ခြင်း၊ အရေးပေါ်တုံ့ပြန်ခြင်းတို့ကို လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ကြိုတင် သတိပေးချက်တွေ၊ ဘေးကင်းစေရေးအတွက် အကြုံပြုချက်တွေ၊ အရေးပေါ် ဆက်သွယ် ရမယ့် ဖုန်းနံပါတ်တွေ၊ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်ပြီး အရေးပါတဲ့ အကြောင်း အရာမျိုးစုံတို့ကို တစ်နေရာထဲမှာ စုစည်း … Continue reading ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ဖို့ DAN Application