မော်လမြိုင်က သစ်တောရုံး

မော်လမြိုင်၊ ၁၉ ဖေဖော်ဝါရီ ၂၀၂၀ ၁၈၉၇ ခုနှစ်ခုနှစ်တွင် မော်လမြိုင်၌ သစ်တောဌာနဖြစ်ဖွင့်ရန် ဗြိတိသျှအစိုးရမှ သဘောတူပြီးနောက် သစ်တောရုံးကို ဖွင့်လှစ်ခဲ့သည်။ သစ်တောရုံးဖွင့်လှစ်မှတလျှောက်လုံးတွင် ဒုတိယကမ္ဘာစစ်ဖြစ်သည့် ကာလတွင်သာ ရုံးအုပ်ချုပ်မှုရပ်စဲခဲ့ပြီး တလျှောက်လုံးတွင် ဖွင့်လှစ်ထားခဲ့သော ရုံးလည်းဖြစ်သည်။ သစ်တောရုံးပေါ်လာခြင်းမှာ ၁၈၂၆ ခုနှစ်တွင် ဗြိတိသျှအစိုးရမှ အိန္ဒိယနိုင်ငံ ကလကတ္တားမှ အရှေ့အိန္ဒိယကုမ္ပဏီ၏ ရုက္ခဗေဒ ဥယျာဉ်မှူး ဒေါက်တာဝေါလစ်ကို ရုက္ခဗေဒဆိုင်ရာ စုံစမ်းချက် အစီရင်ခံစေရန် မော်လမြိုင်မြို့သို့ စေလွှတ်ခြင်းမှ စတင်ခဲ့သည်။ ဒေါက်တာဝေါလစ်သည် ၁၈၂၇ ခုနှစ် မတ်လတွင် သံလွင်မြစ်ကို မိုင်(၄၀)ခန့် ဆန်တက်ပြီးလည်းကောင်း၊ အထ္ထရံမြစ်ကို မိုင် (၁၀၀) ခန့် ဆန်တက်ပြီး သစ်တောများကို ကြည့်ရှုစစ်ဆေးခဲ့ရာ ကျွန်းပင်များအလွန်ပေါများသည့် အခြေအနေကို တွေ့ရှိခဲ့သည်ဟု အစီရင်ခံခဲ့သည်။ ယင်းသစ်တောများကို ကာကွယ်ရန်နှင့် … Continue reading မော်လမြိုင်က သစ်တောရုံး

နှစ် (၁၅၃) နှစ်သက်တမ်းရှိ မော်တင်လိန်းဂျပ်ဆင်ကျောင်း (သို့) အထက (၆) မော်လမြိုင်

မော်လမြိုင်၊ ၁၁ ဖေဖော်ဝါရီ ၂၀၂၀ ယခင် မစ်ရှင်လမ်း ယခု ထားဝယ်တံတားလမ်းနှင့် အထက်လမ်းမကြီးထောင့်ရှိ မော်တင်လိန်းဂျပ်တင်ဟု ခေါ်တွင်သော အထက(၆) မော်လမြိုင်သည် မော်လမြိုင်တွင် ထင်ရှားသော ကျောင်းဖြစ်ပြီး နှစ်ပေါင်း (၁၅၃) နှစ် သက်တမ်းရှိသော ကျောင်းတစ်ခုလည်းဖြစ်ပါသည်။ မော်တင်လိန်းဂျပ်ဆင်ကျောင်းမှာ စတင်တည်ထောင်ခါစက မိန်းကလေးကျောင်းဖြစ်သည်။ အေဘီအမ် မိန်းကလေးကျောင်းဟု ခေါ်တွင်သည်။ မော်တင်လိန်းဂျပ်ဆင်ကျောင်းကို တည်ထောင်ခဲ့သူမှာ မော်လမြိုင်ရှိ သိက္ခာတော်ရ သင်းအုပ်ဆရာ ဟာဇွယ်၏ သမီးဖြစ်သူ စူဆန်ဟာဇွယ်ဆိုသော မော်လမြိုင်သူတစ်ဦးဖြစ်ပြီး အမေရိကန်ပြည်ထောင်စုတွင် ဓမ္မတက္ကသိုလ်တွင် ပညာသင်ကြားခဲ့သူဖြစ်သည်။ မူလက စာသင်ကျောင်းနေရာ၏ တောင်ဘက်တွင် မော်လမြိုင်မြို့ရှိ အင်္ဂလိပ်လူမျိုး သမားတော်ကြီး ဒေါက်တာမော်တင်ကို ဂုဏ်ပြုပြီး မှည့်ခေိါသည့် မော်တင်လမ်းတစ်ခုရှိခဲ့သည်။ ၁၈၆၇ ခုနှစ်တွင် ကျောင်းတည်ထောင်သည့်အခါ မစ္စစူဆန်ဟာဇွယ်သည် ယင်းမော်တင်လမ်း (Morton … Continue reading နှစ် (၁၅၃) နှစ်သက်တမ်းရှိ မော်တင်လိန်းဂျပ်ဆင်ကျောင်း (သို့) အထက (၆) မော်လမြိုင်

မော်လမြိုင်က သစ်သားလမ်းကလေး (သို့) သာဒွေးလမ်းကြား

မော်လမြိုင်၊၁၈ ဇွန် ၂၀၁၇ လမ်းကြိုလမ်းကြား၊လမ်းမကြီးလို့ဆိုလိုက်ပြီဆိုတာနဲ့ မြေသားလမ်းလား၊ကတ္တရာလမ်းလား၊ကွန်ကရစ်လမ်းလားလို့တွေးထင်ကြမှာပါ။မော်လမြိုင်မြို့ အုန်းတောရပ်မှာတော့ တစ်အိမ်နဲ့တစ်အိမ်၊တစ်နေရာနဲ့တစ်နေရာ ကူးလူး သွားလို့ဖို့ သစ်သားတံတားဆောက်လုပ်လို့ လမ်းအဖြစ်အ သုံးပြုနေကြ ပါတယ်။ အိမ်ထောင်ခြေ (၃၀)ဝန်းကျင်ကအဆိုပါသစ်သားတံတားလမ်းကလေးကို ကိုယ်ထူကိုယ်ထ ပြုပြင်ဆောက်လုပ်လို့ အသုံးပြုနေကြတဲ့ လမ်းကြား ကလေးပေါ့။ မော်လမြိုင်မှာတော့ သာဒွေးလမ်းကြားလို့ခေါ်ပါတယ်။ Mawlamyine Daily

မော်လမြိုင် သင်္ကြန်အကျနေ့မြင်ကွင်း

မော်လမြိုင်၊ ၁၄ ဧပြီ ၂၀၁၇

မော်လမြိုင် သင်္ကြန်အကျနေ့ မြင်ကွင်းများ

မော်လမြိုင်၊ ၁၄ ဧပြီ၂၀၁၇

မုတ္တမ တန်ဆောင်မုန်းလပြည့်ည

မော်လမြိုင်၊ ၁၄ နိုဝင်ဘာ ၂၀၁၆ မော်လမြိုင်မြို့ တဖက်ကမ်း မုတ္တမမြို့ ၊မြစေတီနန်းဦးစာသင်တိုက် တန်ဆောင်မုန်းလပြည့်ည မြင်ကွင်းဓါတ်ပုံများ။