Female infertility သားသမီးမရသေးတဲ့ အမျိုးသမီး

မော်လမြိုင်၊ ၁၉ ဇန်နဝါရီ ၂၀၂၀   (ကန်တော့)   သားသမီးမရသေးတဲ့ အမျိုးသမီးတွေမှာ အကြောင်းခံတွေ အမျိုးမျိုးရှိတယ်။   ၁။ မျိုးဥမထွက်ခြင်း ၂၅%၊ ၂။ အင်ဒီုထရီရိုးဆစ် ခေါ် သားအိမ်ရောဂါတမျိုး ၁၅%၊ ၃။ တင်ပါးဆုံတွင်းတွယ်ကပ်မှုဖြစ်ခြင်း ၁၁%၊ ၄။ အခြားသားအိမ်ပြွန်ပုံမှန်မဖြစ်ခြင်း ၁၁%၊ ၅။ ပရိုလက်တင်ဟော်မုန်းများနေခြင်း ၇%၊ ၆။ အကြောင်းရှာမတွေ ၁၀%၊ ၇။ အခြားအကြောင်းခံများ ၉%။   မြန်မာပြည်မှာ ဉာဏ်ကောင်း၊ ကံကောင်း၊ ကျန်းမာရေးကောင်းတဲ့လူဦးရေ တိုးပါစေသတည်း။   ဒေါက်တာတင့်ဆွေ (ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Skin Pressure Sore ဖိအားသက်အနာ

မော်လမြိုင်၊ ၁၈ ဇန်နဝါရီ ၂၀၂၀   ၁။ မင်္ဂလာပါ ဆရာ။ အဖွားက ခါးရိုးကြိုးပြီးဆေးရုံတက်နေပါတယ်။ အဖွားကို ဘယ်လိုပြုစုရမှာလဲ။ သတိထားရမဲ့ အချက်တွေ ပြောပြပေးပါဆရာ။ ကျေးဇူးပါ။   အိပ်ရာထဲ တာရှည်နေရသူတွေ အိပ်ရာနာ မဖြစ်အောင် အနေအထား မကြာမကြာ ပြောင်းပေး ခုခံပေးရမယ်။ ခါးရိုးဖြစ်ထားသူက ပြောင်းတိုင်း နာနိုင်တယ်။ အမျိုးသမီးတွေ အသက်ကြီးလာရင် ကယ်လ်စီယမ်နည်းလို့ အရိုးကျိုးလွယ်ကြတယ်။ ဆောရီး။   ၂။ ယောက်ျားမိန်းမ မရွေး တခြားဘာရောဂါမှမရှိဘဲ ထိုင်ရတာများလို့ ဥပမာ ကွန်ပျူတာသမား၊ ဆေးလိပ်ခုံက မိန်းခလေးတွေတို တင်ပါးမှာဖြစ်တဲ့ အမည်းကွက်တွေ ပျောက်အောင် ဘာဆေးလိမ်းရမလဲ ပြောပြပေးပါ။ ဆေးနာမည်ပါ တခါတည်း ဖော်ပြပြပေးပါ။ ကျေးဇူးတင်ပါတယ်။   ၃။ ကျွန်မမောင်လေးကအသက် … Continue reading Skin Pressure Sore ဖိအားသက်အနာ

Stage fright စင်ပေါ်တက်ရမှာ စိတ်ပူပန်နေသလား

မော်လမြိုင်၊ ၁၇ ဇန်နဝါရီ ၂၀၂၀   လူတွေရှေ့ထွက်ပြီးစကားပြောရမှာကိုေ ကြာက်နေသူ၊ စင်ပေါ်တက်ပြီးစကားပြောရမှာကို စိုးရိမ်လွန်းနေသူတွေရှိတယ်။ အမြင့်တက်ရမှာကြောက်တာ၊ စာမေးပွဲဂေဇက်ကြည့်ဘို့ စိုးရိမ်လွန်းနေတာလည်းပါတယ်။ Stage fright စင်ပေါ်တက်ရမှာကို ကြောက်တာ၊ Social phobia လူအများရှေ့ထွက်စကားပြောရမှာကိုကြောက်တာနဲ့ အစိုးရိမ်လွန်လို့ ခြေလက်တုံနေသူကို Propranolol 40 mg တခါတည်းဖြစ်ဖြစ်၊ တနေ့ ၂-၃ ကြိမ်ဖြစ်ဖြစ် ပေးပါတယ်။   Propranolol (ပရိုပရာနိုလော) ဆိုတဲ့ဆေးကို သွေးတိုး၊ လည်ပင်ကြီးဟော်မုန်းများခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ စိတ်ပူပန်ခြင်း၊ နှလုံးသွေးကြောကျဉ်း-ပိတ်ရောဂါ၊ နှလုံးခုံနှုန်းမြန်-မမှန်သည့်ရောဂါ၊ (မိုင်ဂရင်း) ရောဂါတွေအတွက် ပေးတယ်။   Inderal, Betabloc Forte, Betacap, Ciplar, Manprolol စတဲ့နာမည်တွေနဲ့ရောင်းတယ်။ (ဘီတာ-ဘလော့ကား) ဆေး ဖြစ်တယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ သွေးဖိအားကျ၊ … Continue reading Stage fright စင်ပေါ်တက်ရမှာ စိတ်ပူပန်နေသလား

Insulin အင်စူလင်

မော်လမြိုင်၊ ၁၆ ဇန်နဝါရီ ၂၀၂၀   ဆရာရှင့် ကျမအသက် ၅၈ နှစ် ဆီးချိုဖြစ် ၁၀ နှစ်ရှိပါပြီ Hb A1C က ၈ ရှိနေတာ ခု Insulin ထိုးဆေး ၁၀ ယူနစ် စထိုးနေပါတယ် Insulin ဆေးအကြောင်းသိချင်ပါတယ်ရှင့် FBS က ၂၀၀ ကျော် ရှိပါတယ် ထိုဆေးလည်း BD သောက်ရပါတယ် မေးတာမှားနေရင်ခွင့်လွတ်ပါရှင့်   Insulin အင်စူလင်ဆိုတာ ဟော်မုန်းတမျိုးဖြစ်တယ်။ သရက်ရွက်နေထုတ်ပေးနေတယ်။ သကြားဓါတ်ကို ထိန်းပေးနေတယ်။ လူ့ကိုယ်ထဲက ဆဲလ်မှန်သမျှ အင်နာဂျီ ခေါ် ခွန်အားအတွက် သကြားဓါတ်လိုတယ်။ သကြားဓါတ်က ဆဲလ်အများစုဆီကို တိုက်ရိုက်မရောက်နိုင်။ တခုခုစားလိုက်တာနဲ့ သွေးထဲမှာ သကြားဓါတ်များလာတယ်။ သရက်ရွက်ကနေ အချက်ပြရလို့ … Continue reading Insulin အင်စူလင်

Cereal မနက်စာ

မော်လမြိုင်၊ ၁၅ ဇန်နဝါရီ ၂၀၂၀   ငယ်ငယ်က မနက်စာဆို ထမင်းကြမ်းစားတယ်။ တမင်းကြမ်းကြော်မှာ နနွမ်းမှုံ့သာပါတဲ့အခါပါ၊ ကြက်သွန်နီ ပါတဲ့အခါပါ။ မဆလာထည့်တဲ့အခါထည့်။ ကြက်ဥကတော့ ရွာပြန်တဲ့ခါသာပါတယ်။ အသား မပါ။ အသီးအရွက်မပါ။ သောက်စရာက ရေနွေးကြမ်းသာ။   ဆရာဝန်ဖြစ်တော့ မနက်စာရဲ့ အာဟာရတန်ဖိုး တွက်တတ်လာတယ်။ အင်နာဂျီ ခေါ် အားရမယ်။ သွားနိုင်လာနိုင်၊ ပြေးနိုင်ဆော့နိုင်တယ်။ လိုတာတွေက ရှိသေးတယ်။   ဘရိတ်ဖတ် ပြည်ပထွက်ရတော့ ဘရိတ်ဖတ်စ် စားရတယ်။ သူများတိုင်းပြည်အမျိုးမျိုးမှာ ဘရိတ်ဖတ်စ်အမျိုးစုံနဲ့ ကြုံရတယ်။ ဟော်တယ်တွေမှာဆိုတော့ ဘရိတ်ဖတ်စ်တွေက ဘယ်နိုင်ငံရောက်ရောက် ခပ်ဆင်ဆင်တွေချည်းပဲ။ ဖေါ်မြူလာလို လုပ်ထားတယ်။ အသီးဖျော်ရည် တခုခု၊ အများဆုံးကတော့ လိမ်မော်ရည်။ ကြက်ဥပါတယ်။ ပေါင်မုန့်က အမျိုးမျိုး။ ပေါင်မုန့်ကို အရင်က … Continue reading Cereal မနက်စာ

Supplementary foods ကလေးအတွက် ဖြည့်စွက်စာ

မော်လမြိုင်၊ ၁၄ ဇန်နဝါရီ ၂၀၂၀   ၁။ မင်္ဂလာပါ ဆရာ။ ကျွန်တော့ သားလေးက ၁နှစ်၉လပါဆရာ။ ပေါင်ချိန်က ၁၉ပေါင်ရှိပါတယ်။ ပေါင်ချိန်မတိုးတာ ၂လခွဲလောက်ရှိပါပြီ။ ကလေးကို အာဟာရရှိတဲ့ အရာအားလုံးကျွေးပါတယ်။ သားသားက အရမ်းလည်း စားပါတယ်။ Goat milk တိုက်ရင် ပေါင်ချိန်တိုးတယ် ပြောလို့ ဒီ goat milk လေး တိုက်လို့ရပါသလား။   ၂။ မင်္ဂလာပါဆရာ။ ကျွန်မသားလေးက ၁၁လရှိပါပြီ။ သားလေးကို မွေးတုန်းက ရိုးရိုးပဲမွေးထားတာပါ။ ကျွန်မ သားလေးကို (ဆန်+မုန်လာဥနီ+ပဲနီလေး+အာလူး+ရွှေဖရုံသီး+ကြက်သား/ငါး)တွေကို ရောကျိုပြီး တနေ့၎ခါ ကျွေးပါတယ်။ ကျန်တဲ့အချိန်က formula တိုက်ပါတယ်။ တခြား ဘာတွေများကျွေးလို့ ရနိုင်အုံးမလဲရှင့်။ ဒီနေ့ညနေက သားရဲ့အဒေါ် ထိန်းနေတုန်း ပါးစပ်ပြင်နေလို့ဆိုပြီး … Continue reading Supplementary foods ကလေးအတွက် ဖြည့်စွက်စာ

Arsenic Poisoning အာဆင်းနစ် အဆိပ်သင့်ခြင်း

မော်လမြိုင်၊ ၁၃ ဇန်နဝါရီ ၂၀၂၀   မြန်မာပြည်ကနေ ယူအက်စ်အေကို တင်သွင်းတဲ့ တိုင်းရင်းဆေးတချို့နဲ့ အလှကုန်တချို့ တားမြစ်ချက်ထုတ်ခံထားရတယ်။ ကျန်းမာရေးနဲ့ မသင့်တဲ့ဓါတ်တွေ ပါသင့်တာထက် များပါနေကြလို့ ဖြစ်ပါတယ်။ ခဲဓါတ်နဲ့ အာဆင်းနစ်ဓါတ်တွေ။   အာဆင်းနစ်ဆိုတာ အလေးစားသတ္တုတမျိုးဖြစ်တယ်။ လူ့ကိုယ်ခန္ဓာနဲ့ မသင့်ပါ။ အော်ဂဲနစ် အမျိုးအစားက အင်အော်ဂဲနစ်အမျိုးအစားလောက် အဆိပ်မဖြစ်စေပါ။   မြေအောက်ရေ၊ မြေဆီ၊ အစားအသောက်တွေနဲ့ ဆေးဝါးတွေထဲမှာ အာဆင်းနစ်ဓါတ်တွေပါနေနိုင်တယ်။ FDA သတ်မှတ်ချက်ကတော့ 10 parts per billion of arsenic အောက်ဆိုရင် လက်ခံနိုင်တယ်။ အာဆင်းနစ် အဆိပ်သင့်လက္ခဏာများ   ရုတ်တရက်အဆိပ်သင့်တာက ဆိုးတယ်။ နာတာရှည်အဆိပ်သင့်နေတာက အဲလောက် မဆိုးပါ။ ပြဒါးဆိပ်သင့်တာနဲ့ ခဲဆိပ်သင့်တာနဲ့ဆင်တယ်။ အင်အော်ဂဲနစ်အမျိုးအစားများရင် ဗိုက်နာ။ … Continue reading Arsenic Poisoning အာဆင်းနစ် အဆိပ်သင့်ခြင်း

Salt ကလေးတွေနဲ့ဆား လူကြီးတွေနဲ့ဆား

၏ မော်လမြိုင်၊ ၁၂ ဇန်နဝါရီ ၂၀၂၀   ၁။ ဆရာရှင့် ၆လအထက် ကလေးကို ကျွေးတဲ့အစားအစာမှာ ဆားထဲ့လို့ရပါသလားရှင့်။ ကျေးဇူးတင်ပါတယ်။ ဆရာစိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေ။   ၂။ ဆရာရှင့် လသားအရွယ်ကလေးတွေကို ဆားထည့် ကျွေးသင့် မကျွေးသင့်နဲ့ပတ်သက်ပြီး ဆောင်းပါးလေး မျှဝေပေးနိုင်ပါရန် ရိုသေလေးစားစွာ မေတ္တာရပ်ခံအပ်ပါတယ်ရှင့် ဆရာသက်တော်ရာကျော်ရှည်ပါစေရှင့်။   ၃။ ဆရာ ခုတစ်လော ဖတ်မိတာလေးပါဆရာ။ တနှစ်အောက်ကလေးတွေကို အစာကျွေးရာမှာ ဆားမထည့်သင့်ဘူးဆိုတာ ဟုတ်ပါသလားဆရာ။ အဲအကြောင်းလေး မိခင်များသိအောင် ရေးပေးပါအုန်းဆရာ။ ခုသမီးလေးကို အစာကျွေးနေရင်း ဝေခွဲမရဖြစ်နေလို့ပါဆရာ။ ကျေးဇူးတင်ပါတယ်ဆရာ။   ၄။ ဆားကူစားပါဆိုတာကို အခုထိနားမလည်ဘူးဆရာ။   တနှစ်အောက် ကလေးငယ်လေးတွေ တနေ့မှာ ဆိုဒီယမ်ကလိုရိုက် ခေါ် ဆား 1g … Continue reading Salt ကလေးတွေနဲ့ဆား လူကြီးတွေနဲ့ဆား

Preventive and Curative Medicine ကာကွယ်ရေး နှင့် ကုသရေး

မော်လမြိုင်၊ ၁၁ ဇန်နဝါရီ ၂၀၂၀   အိန္ဒိယမှာနေစဉ်က ရေးထားတာ။ ၁၁ နှစ်ရှိပြီ။ ရှည်တယ်။ ဆောရီး။   ခိုးလိုးခုလုရှိတဲ့ ရေးချင်တာလေးက ကုသရေးနဲ့ ကာကွယ်ရေး။ ဆေးကျောင်း နောက်ဆုံးနှစ်အပိုင်း (က) မှာ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ သင်ရတော့ ကျွန်တော်အတော်ပျင်းရိခဲ့တယ်။ ကျောင်းပြီးတော့ အသီးသီး အသကအသက နေရာဒေသအမျိုးမျိုး ရောက်ကုန်ကြရော။ ဆေးကုပေးရတဲ့ ဆေးရုံ ဆရာဝန်တို့၊ ရောဂါတိုက်ဖျက်ရေး လုပ်နေရတဲ့ စီမံကိန်းဆရာဝန်တို့၊ အုပ်ချုပ်ရေးဘက်ရောက်သွားတဲ့ ဆရာဝန်တို့၊ စသဖြင့်။ တချို့က ဘွဲ့လွန်။   လူနာဆေးကုတဲ့ဆရာဝန်က ပိုများတယ်။ ဒီခါကြပြန်တော့ နယ်စွန်နယ်ဖျားရောက်သွားရသူနဲ့ ဆေးရုံကြီးငယ်တွေ ရောက်သူနဲ့။ တိုင်တပါးရောက်သွားသူတွေကလည်း မနည်းပါ။ အနှစ်နှစ်ဆယ်လောက်မှာ ပြန်ကြည့်လိုက်တော့ အရောင်အသွေးစုံညီ၊ ဘဝကိုယ်စီနဲ့။   ဘယ်နေရာတွေ၊ … Continue reading Preventive and Curative Medicine ကာကွယ်ရေး နှင့် ကုသရေး

Femoston သွေးဆုံးသူများအတွက်ဆေး

မော်လမြိုင်၊ ၁၀ ဇန်နဝါရီ ၂၀၂၀   ဆရာရှင့် ရိုသေလေးစားစွာဖြင့် ဆရာ့အားမေးမြန်းခွင့်ပြုပါဆရာ။ ကျွန်မက အသက် ၄၅ နှစ်ပါ။ သွေးဆုံးလက္ခဏာများ စတင်ခံစားနေရပါသည်။ ဆေးဆိုင်မှ ညွန်ကြားသည့် အခုပုံပါသောဆေးကို ဝယ်ပြီးပေမယ့် မသောက်ရဲသေးပါ။ ဆေးရောင်းသည့် အမျိုးသမီးမှ ထိုဆေးသည် အီစတိုဂျင်နှင့် ပရိုဂျက်စတုန်း ပေါင်းထားသည့် ဆေးပါဟု ညွန်ကြား၍ ရောင်းလိုက်ပါသည်။ သုံးစွဲရန်သင့်မသင့် ဆရာညွန်ကြားပေးပါရှင်။ ခံစားရသော ဝေဒနာများကလည်း ပူစပ်ပူလောင်နှင့် အထူးသဖြင့် မျက်နှာတခုလုံး သဲနှင့်ပက်ထားသလို အခံရခက်လှပါသည်။ အရိုအဆစ်တွေကလဲ အဝတ်ပွတ်တာလောက်နှင့် နာလာပါသည်။ စိတ်ကလည်း တိုတာမပြောပါနှင့်တော့ဆရာ။ အခံရခက်လှပါသည်။ အိမ်ထောင်လည်းရှိပါသည်ရှင့်။   Femoston ဆေးကို Hormone Replacement Therapy (HRT) ခေါ် ဟော်မုန်းအစားထိုးကုသနည်းမှာ သုံးတယ်။ အီစထိုဂျင်နဲ့ … Continue reading Femoston သွေးဆုံးသူများအတွက်ဆေး