https://web.facebook.com/mawlamyinedaily/videos/294579951776788/ မော်လမြိုင်၊ ၅ သြဂုတ် ၂၀၂၀ ကဗျာဆရာ ဝင်းမြင့် ၏ကဗျာအား ကဗျာဆရာ ဂိုးဂိုး(မောရမြိုင်) မှရွတ်ဖတ်သည်။ #Mawlamyine Daily
Category: ကဗ်ာ
ကိုယ့်အထ္ထုပ္ပတ္တိ ကိုယ်တိုင်ရေး (ကဗျာ)
မော်လမြိုင်၊ ၁ သြဂုတ် ၂၀၂၀ ကံတရားနဲ့ စီစဉ်ထားတဲ့ အမှန်တရားအတိုင်း ဆိုရင် လူဟာ နေ့မြင် ညပျောက် ဟုတ်ပေမဲ့ မမြဲတာကတော့ သေချာတယ် ။ ဒီလိုဆိုရင် မမြဲတဲ့ လူဟာ မြဲအောင် ဘာလုပ်မလဲ . . ? သမိုင်းဝင် ကမ္ဘာတည်ဖို့ နာမည်ကျန်အောင် လုပ်ရမယ် ။ ရိုးသားစွာ ကြိုးစားရင်း အမှားမကိုးတဲ့ အများအကျိုးကို လုပ်ရမယ် ။ တိုင်းပြည်နဲ့ လူမျိုးအတွက်လို့ အသံကောင်း မထွက်စေပဲ စေတနာထားရမယ် ဘယ်သူတွေ ဘာပြောပြော ဘ၀ရဲ့ သဘောကို လက်ခံ အမှား အမှန်ကို သုံးသပ် ချစ်တတ်အောင်နေထိုင် နိဗ္ဗာန်တိုင်အောင် မမှန်းနဲ့ ငရဲနဲ့ လွတ်ကင်းအောင်လုပ် … Continue reading ကိုယ့်အထ္ထုပ္ပတ္တိ ကိုယ်တိုင်ရေး (ကဗျာ)
ကြိုးစားကြပါ တို့မြန်မာ (ကဗျာ)
မော်လမြိုင်၊ ၃၁ ဇူလိုင် ၂၀၂၀ အတိတ်ကမ္ပည်းတွေနဲ့ ရိပ်ကြီးကို ခိုမလို့လား စိပ်ပုတီးကို အားနာ ဂါထာတော်တွေကို ရိုကျိုး ပဌာန်းအမျိုးမျိုးတွေ အားတိုင်းမရွတ်နဲ့ တရားနတ်စောင့်တယ်ဆိုတာ တရားရှိတဲ့ လူမှ နတ်ကစောင့်တာ ။ ဖြူစင်ရိုးသား နှလုံးသားဆိုတာ မမြင်ရပေမယ့် အလွန်လှပါတယ် ပြီးတော့ ကျောက်မျက်ရတနာတွေထက်လည်း တန်ဖိုးတက်တယ် ။ သမိုင်းစာမျက်နှာတွေထက်မှာ ရိုင်းတာ ဘာမျှမပါဘဲ ကမ္ဘာကတောင် ခိုင်းနှိုင်းပမာပြုပြီး သာဓုခေါ် သြဘာပေးဖို့ ဂုဏ်ပြုတေးတွေတောင် ရေးနေပြီ ငြိမ်မနေနဲ့ တို့မြန်မာတွေ ။ မြင့်မြတ်အောင်မြင် Mawlamyine Daily
ငါးခြင်္သေ့ (ကဗျာ)
https://web.facebook.com/mawlamyinedaily/videos/750399592436814/ မော်လမြိုင်၊ ၃ ဇူလိုင် ၂၀၂၀ ဆရာမ ပန္ဒိုရာ၏ ကဗျာကို ကဗျာဆရာ ဂိုးဂိုး(မောရမြိုင်)မှ ရွတ်ဖတ်သည်။ Mawlamyine Daily
ပေးတဲ့Mask နဲ့ပြည့်ပါရစေ
https://web.facebook.com/mawlamyinedaily/videos/602052740410717/ မော်လမြိုင်၊ ၁၇ ဇွန် ၂၀၂၀ အမှိုက်ပုံမှာလည်း mask တွေများလိုက်တာ ဖြူ နီ ပြာ ဝါ နက် ကြောင် ကျား အရောင်များ ကောက်ယူလိုက်တဲ့ ရေသန့် ဗူးခွံမှာလည်း mask နဲ့ အချိုရည်ဗူးခွံ မှာ လည်း mask နဲ့ ကော်ဇလုံ အပဲ့ကလည်း mask နဲ့ ဒန်အိုး ပေါက်လည်း mask နဲ့ များလိုက်တဲ့ maskတွေ ..ပေါလိုက်တဲ့ mask တွေ ညကမက်တဲ့ အိပ်မက်ထဲမှာတောင် တေစ္ဆက mask နဲ့ ငါတို့ရဲ့ ဆယ်ပေအကျယ်တဲထဲမှာလည်း maskကငါးခုတောင် ကြယ်မြင်လ မြင် ဟင်းလင်းပွင့် ခေါင်မိုးကို ကြည့်ရင်း ဆေးထားတဲ့လက်နဲ့ စုံမိုး ဆုတောင်းမိတယ် … Continue reading ပေးတဲ့Mask နဲ့ပြည့်ပါရစေ
လွမ်းနေတဲ့ အပြုံး(ကဗျာ)
https://web.facebook.com/mawlamyinedaily/videos/2605782173030622/ မော်လမြိုင်၊ ၂ ဇွန် ၂၀၂၀ ကဗျာဆရာ ငဇ ၏ကဗျာကို ကဗျာဆရာဂိုးဂိုး(မောရမြိုင်)မှ ရွတ်ဖတ်ထားပါတယ်။
ဝင်သက်ထွက်သက်ထဲက ရိုးရိုးကိစ္စ
https://facebook.com/mawlamyinedaily/videos/193962851731023/ မော်လမြိုင်၊ ၂၆ မေ ၂၀၂၀ (ကဗျာ) ဂိုးဂိုး (မောရမြိုင်) #Mawlamyine Daily
ခရုခွံပင်လယ်နှင့် အိမ်ထဲက သစ်ပင်
https://web.facebook.com/mawlamyinedaily/videos/2424233071013024 မော်လမြိုင်၊ ၁၉ မေ ၂၀၂၀ (ကဗျာ) ဘဝတစ်လျောက်လုံး ကိုယ့်နောက်ကိုသာ ကိုယ်လိုက်ခဲ့ အဲဒါ အိမ်ကို ပြန်နေတာတဲ့ အခု အိမ်ပြန်ရောက်တော့ ငါက လမ်းမှာကျန်ခဲ့ အိမ်ထဲမှာ ဘယ်သူမှ မရှိပြန်ဘူး ။ ရေပိုက်ခေါင်းက ရေတစက်စက်ကျ လက်မဆေးရသေးပဲ ရေဟာ ကုန်သွားတယ် လှေခါးမီးကိုဖွင့်ထားရတယ် လူတိုင်းဖုန်းတွေရှိလာတော့ ငါ အောက်ရောက်နေပြီဆိုပြီး ခေါင်းလောင်းကြိုးတွေကို ပြန်ဆွဲတင် သိမ်းထားလိုက်ကြတယ် ။ ကိတ်မုန့်ဖုတ်နည်းလည်း ရှိတယ် ပေါင်မုန့်ဖုတ်နည်းလည်းရှိတယ် ဂျုံမှုန့်လည်းရှိတယ် ကြက်ဥလည်းရှိတယ် မုန့်ဖုတ်စက်လည်းရှိတယ် မုန့်ဖုတ်သမားမရှိတာ တစ်ခုပဲ ။ ရေကူးနည်းစာအုပ်နဲ့ ရေမနစ်အောင် အိမ်ထဲလေ့ကျင့်နေရတယ် ပင်လယ်က စွန့်ပစ်ပြီးမှ ကမ်းခြေက ခရုခွံကို လွမ်းတမ်းတတယ် အစကတည်းက ထည့်မတွက်ထားတဲ့ လူတစ်ယောက်ကို သင်္ချာနဲ့ အဖြေထွက်လို့မရပါဘူး … Continue reading ခရုခွံပင်လယ်နှင့် အိမ်ထဲက သစ်ပင်
နွေလယ်နေ့ခင်းတစ်ခု
https://web.facebook.com/mawlamyinedaily/videos/2486083451491318/ မော်လမြိုင်၊ ၅ မေ ၂၀၂၀ (ကဗျာ) အိမ်ကလေးတွေ ခုတလော စကားနည်းသွားကြတယ်။ လူစုစုပြီး ကလေးတစ်ချို့ သစ်ပင်လေးတွေဆီရောက်မလာကြဘူး တိတ်ဆိတ်နေသော လမ်းများ။ စိတ်ကိုတွန်းရွှေ့ရင်း ရှင်သန်ကြီးပျင်းနေထိုင်နည်းအသစ်တွေ တစ်ခါတစ်ရံ ခေတ်ကြီးရဲ့ ပဥ္စလက်မှာ။ အရေးပေါ်တယ်လီဖုန်းခေါ်သံ နားစွင့်နေကြရုံ အေးစက်စက် အရုပ်တစ်ရုပ် ကြိုးပြတ်နေပုံ တေးသွားတစ်ပုဒ် အဆုံးမှာ။ ရေဆိုးမြောင်းထဲ လိမ့်ကျသူတွေလား ဒဏ်ရာတွေ တစ်ရစ်ခြင်း ရေတွက်နေကြ ပြတင်းတံခါး ဘယ်သူလာခေါက်မှာလဲ။ အချက်ပေးခေါင်းလောင်းသံ နားစွင့်နေရင်း မပျော်တစ်ဝက် နွေညလယ် အိပ်မက်ပေါ့ ဇောချွေးပြန်နေလိုက်တာ သံသရာအဆုံးတိုင်လား။ ကိုယ့်အတွေးနဲ့ ကိုယ် စိတ်အပျက်ကို ဝတ်ဆင်နေမိပါတယ် သူ့မျက်နှာကို ကိုယ် ရဲရဲတင်းမကြည့်ရဲ စမ်းချောင်းလေးပြန်မလာတော့တဲ့ နွေရာသီနှောင်းပိုင်းတစ်ည။ သံသယစကားထာဝှက်ရင်း အသံတွေကျပျောက်သွားတဲ့ အခါ အသက်ကိုမျှင်းရှုနေလိုက်ရုံ့ပါပဲ မြို့ကလေးဆီ … Continue reading နွေလယ်နေ့ခင်းတစ်ခု
လာဆွနေသာ အပ်များ
https://facebook.com/mawlamyinedaily/videos/1922907171342183/ မော်လမြိုင်၊ ၂၈ ဧပြီ ၂၀၂၀ (ကဗျာ) ကျေးဇူးတင်ပါတယ်လောက်တော့ အအေးဗူးဝယ်သောက်လည်း ရတာပဲတဲ့။ ဝင်လာမစဲတသဲသဲနဲ့ပျော်ကြတုန်းကလည်း ချွေးခံအိတ်ကလေးတွေ ငိုရဖူးတာပဲ ရိုက်စားပြီးကောက်ထည့်တုန်းကလည်း လိုက်ချေးငှားလျှောက်လှည့်လို့ ပါသွားခဲ့ဖူးတာပဲ မတူမတန် မထောက်မထားနဲ့ မာန်ယူဟောက်စားသမျှလည်း ခံရဖူးတာပဲ။ ငွေကျင်တဲ့အပ်သွားမှသည် မျက်ရည်ထွက်တဲ့ စက်များဆီသို့ ရစ်ဘီးက လည်လည်ပြီးသွားတယ်။ ဟုတ်လား မဟုတ်ဘူးလား မဟုတ်ဘူးလား ဟုတ်တယ်မဟုတ်လား။ တစ်ချို့သူတွေက နည်းနည်းလေး စပ် သွားမှ သကြားလုံးစားဖို့ သတိရကြတာ။------------။ ဟိန်းလတ်မိုး #Mawlamyine Daily (ကဗျာဆရာ ဂိုးဂိုး(မောရမြိုင်)မှ ရွတ်ဆိုထားပါတယ်)