မွန်ပြည်နယ်အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးညီလာခံ ဒုတိယအကြိမ် ကျင်းပမယ်

မော်လမြိုင်၊ ၁၇ မေ ၂၀၁၆ မွန်ပြည်နယ် အရပ်ဖက်လူမှုအဖွဲ့အစည်းများ ငြိမ်းချမ်းရေးညီလာခံကို မော်လမြိုင်မြို့ က ရွှေမြင့်မိုလ်ထွန်း ဟိုတယ်မှာ မေလ ၃၀၊၃၁ ရက်နေ့တွေမှာ နှစ်ရက်အကြာကျင်းပဖို့ရှိနေ ပါတယ်။ ဒုတိယအကြိမ်ကျင်းပမယ့် ငြိမ်းချမ်းရေးညီလာခံကို မွန်ြပည်နယ်က အရပ်ဖက်အဖွဲ့အစည်း ကိုယ်စားလှယ် ၁၂၀ ကျော်တက်ရောက်ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။ညီလာခံမှာတော့ ငြိမ်းချမ်းရေးနှင့် လူငယ်၊အမျိုးသမီး၊သဘာဝပတ်ဝန်းကျင်၊ရင်းနှီးမြုပ်နှံမှု စတဲ့ကဏ္ဍတွေ အပါဝင် ကဏ္ဍအတော် များများကို ကျွမ်းကျင်ပညာရှင်တွေကိုပါ ဖိတ်ခေါ်ပြီး ဆွေးနွေး သွားမှာပါလို့ ညီလာခံကို စီစဉ်နေသူ ဦးမင်းအောင်ထူး က Mawlamyine Daily ကိုပြောပါတယ်။ ညီလာခံမှ ဆွေးနွေးဆုံးဖြတ်ချက်တွေ ကိုတော့ နိုင်ငံရေးဆွေးနွေးပွဲတွေထံ တင်ပြသွားမှာဖြစ် ပါတယ်။ပထမအကြိမ် မွန်ပြည်နယ် အရပ်ဖက်အဖွဲ့ အစည်းများ ငြိမ်းချမ်းရေးညီလာခံကိုတော့ ၂၀၁၅ နှစ်ဆန်းပိုင်းက ကျင်းပခဲ့ပြီးဖြစ်ပါတယ်။ Mawlamyine …

မွန်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းထင်အောင်ဟန်

မော်လမြိုင်၊ ၁၇ မေ ၂၀၁၆ မော်လမြိုင်မြို့ ဇာတိဖွား ဦးမင်းထင်အောင်ဟန် ကိုအဖ ဦးမောင်မောင်ဟန်၊ အမိ ဒေါ်မိမိစိန် တို့မှ ၁၉၆၇ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က မွေးဖွားခဲ့တာပါ။ မွန်တိုင်းရင်းသား တစ်ယောက်ဖြစ်တဲ့ ဦးမင်းထင်အောင်ဟန် သည် B.E (Electrical Power) နဲ့ကျောင်းပြီးထားပြီး အလုပ်အကိုင်အနေနဲ့ကတော့ ကုန်သည် လုပ်ငန်းကိုလုပ်ကို်င်ခဲ့သူဖြစ်သလို၊ ဟံသာဆောက်လုပ်ရေးအဖွဲ့ ရဲ့ ဥက္ကဋ္ဌ တစ်ဦးလည်းဖြစ်ပါတယ်။ မော်လမြိုင် တက္ကသို်လ် အင်္ဂလိပ်စာဌာနမှ ကထိက ဖြစ်သူဇနီးနဲ့အတူ သမီးတစ်ယောက်၊ သားတယောက်တို့နဲ့ မော်လမြိုင်မြို့မှာနေ ထိုင်သူဖြစ် ပါတယ်။ ငယ်စဉ်ခါကတော့ ဦးမင်းထင်အောင်သည် ကရင်ပြည်နယ် ထုံးအိုင်၊သင်္ဃန်းညီနောင်နဲ့ ကော့ဘိန်း အ.ထ.က ကျောင်း၊မော်လမြိုင်က အ.လ.က(၄)နဲ့ အ.ထ.က(၆) တို့မှာ ပညာသင်ယူခဲ့ပြီး ရန်ကုန်စက်မှု …

“ပင်အို ဆန္ဒ”

မော်လမြိုင်၊ ၁၇ မေ ၂၀၁၆ "ငါမနက် နိုးတော့ ငါ့ကိုယ်ပေါ်ကနေ ဟိုး ကောင်းကင်ပေါ် ပျံသန်းသွားကြတယ်.... ငါအားကျမိရဲ့....... နေမင်းလဲထွက်အလာ သူဆောင်ကျဉ်းလို့ ပူလောင်ခြင်းတွေ ငါ့ ကိုယ်ပေါ်ကဖြတ်သွားတယ်..... ငါ ထွက်ပြေးမိချင်ရဲ့....... တဖြည်းဖြည်းနဲ့ အပူလွန်ကဲ ငါ့ ကိုယ်တွေ ညှိုးနွမ်း လာတော့ မြင်မိတာ နေမွန်းတည့်ရယ်....... ငါလဲ အရိပ်ရှိရာ နေချင်မိရဲ့...... ဒါပေမယ့် ငါ့ကြောင့် အရိပ်ရတယ် ငါပျော်မိတယ်... ငါ့ကို လိုအပ်သလို ခုတ်ထစ် သုံးတယ်.. အသုံးဝင်လို့ ငါပျော်မိတယ်... ငါ့ကြောင့် လေထုတွေ သန့်ရှင်းနေတာ ငါပျော်မိတယ်....... အဲ့အပျော်တွေရင်မှာပိုက် ကောင်းကင်ပေါ်ကို မပျံမိ အရိပ်ရှိရာ မခိုချင်...... ငါဝမ်းနည်းတယ် တစ်နေ့ထက် တစ်နေ့ ငါ့အနားက ငါ့မိတ်ဆွေတွေ ပျောက်ကွယ်လာတယ် အဲ့ထက် …

Kegel Exercise for Women (ကီဂယ်လ်) လေ့ကျင့်ခန်း

မော်လမြိုင်၊ ၁၇ မေ ၂၀၁၆ တသားမွေးတသွေးလှဆိုတာ အပေါ်ယံကြည့် ပြောကြတာများတယ်။ အတွင်းအင်္ဂါတွေပါ ကျန်းမာသန်စွမ်းဘို့ လိုသေးတယ်။ အမျိုးသမီး ကြီးငယ်မဟူ၊ အပျိုရော အအိုပါ၊ တဒ်ါလာမှ မကုန်ဘဲ၊ အထဲက အင်္ဂါမှန်သမျှ ပြန်ကောင်းအောင် လုပ်လို့ရတဲ့နည်း။ အသုံးများပေမဲ့ အသစ်နဲ့မခြား အားကောင်းနေစေမဲ့နည်းကို ရေးပါမယ်။ ကိုယ်ဝန်တခါဆောင်ရင်တခါ အတွင်းအင်္ဂါတွေ အားနည်းလာတယ်။ ကြာရင် အိမ်ထောင်ရေးကိုပါ ထိခိုက်နိုင်တယ်။ ကိုယ့်ကိုယ်ကို သိမ်ငယ်စိတ်ဝင်နိုင် တယ်။ စားဆေး-ထိုးဆေးနဲ့ မရပါ။ နတ်ရေကန်ထဲလဲ ဆင်းမရ၊ Pelvic floor exercises လုပ်မှ ကောင်းတယ်။ တင်ပါးဆုံအောက်ခံ လေ့ကျင့်ခန်းဖြစ် တယ်။ သားအိမ်ကျတာ၊ ဆီးအိမ်ကျတာ၊ အစာဟောင်းအိမ်ကျ၊ ဆီးမထိန်း နိုင်တာ၊ ဒီလိုရောဂါတွေသာမက (ဗဂျိုင်းနား) ကြွက်သားတွေ အားပျော့နေ တာလဲ …

မေလ ၁၇ ရက်နေ့ မိုးလေဝသခန့်မှန်းချက်

မော်လမြိုင်၊ ၁၇ မေ ၂၀၁၆ ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်း၊ သီရိလင်္ကာနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသော မန်နာပင်လယ်ကွေ့ တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်း သည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၄၈)နာရီအတွင်း မုန်တိုင်းငယ် အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ မြောက်-အနောက်မြောက်ဘက်သို့ဆက်လက် ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း တွင် တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ် ပြင်နှင့် ကျန်ဘင်္ဂလား ပင်လယ်အော်‌တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေ ပါသည်။မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ ယနေ့ညနေထိခန့်မှန်းချက်တွေကတော့ ကချင်ပြည်နယ်တွင် နေရာအနှံ့ အပြား၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းတွင် နေရာစိပ်စိပ်၊ တနင်္သာရီ တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း …