Dry skin အရေပြားခြောက်နေရင်

https://web.facebook.com/mawlamyinedaily/photos/a.522678887902032/1827916910711550/

မော်လမြိုင်၊ ၂၅ အောက္တိုဘာ ၂၀၂၀

၁။ ဆရာရှင့် သမီးအသက်က ၂၁ပါ လည်ပင်းတနေရာပဲကွက်ပြီး အသားခြောက်နေလို့ပါ ဆံပင်ကိုအမြဲချထားပါတယ် ဆံပင်ကဂုတ်ကျော်ဆိုတော့ ရုတ်တရက်ထဖြစ်တာ စိုးရိမ်လို့ပါဆရာ ကျန်းမာရေးကောင်းပါတယ်ဆရာ အသားခြောက်တာ သုံးရက်လောက်တော့ရှိပါပြီးဆရာ
၂။ ဆောင်းတွင်းမှာ အသားအရေခြောက်လို့ မျက်နှာကို သံလွင်ဆီလိမ်းလို့ရပါသလားရှင့်။
၃။ ကျနော့် အရေပြားဟာ ခြေသလုံး၊ ပေါင်နဲ့ လက်တို့မှာ အရေပြားခြောက်ပြီး အဖတ်လေးတွေနဲ့ပက်ကြားအက်သလို အရေပြားဟာ ချောမွေ့စိုပြေခြင်းမရှိပါဘူး၊ မည်သို့လုပ်ဆောင်ရမည်ကို လမ်းညွန်ပေးပါခင်ဗျား။ (ပပ်ကြားလို့ ရေးကြတယ်။)
အရေပြားခြောက်တာ အကြောင်းတရားအမျိုးမျိုးကနေဖြစ်စေတယ်။ တခုတည်းမကကြောင့်ဖြစ်နိုင်တယ်။ အတွင်းနဲ့ အပြင်ဆိုပြီး ကွာသေးတယ်။ အပြင်အကြောင်းခံတွေက ပိုများတယ်။ ရာသီဥတုအေးတာနဲ့ ရေငွေ့ဓါတ် နည်းတာတွေက ဖြစ်စေတယ်။ အတွင်းအကြောင်းခံတွေထဲမှာ အသက်ရလာလို့၊ မျိုးရိုး၊ ရောဂါတွေ (ပန်းနာ၊ အရေပြားနာ၊ လည်ပင်းကြီး ဟော်မုန်းနည်း-များရောဂါ၊ ဆီးချို)။ ဆပ်ပြာ အပြင်းစားတွေနဲ့ တွဲဖြစ်တာတွေပါတယ်။ အရေပြား စိုအောင်လုပ်တဲ့ Moisturizers ကို အသုံးမတတ်လို့လည်း ဖြစ်နိုင်တယ်။ သွေးတိုးကျဆေး၊ ကိုလက်စထောကျဆေး၊ အလာဂျီဆေးနဲ့ ဝက်ခြံဆေးတွေကနေလည်း ဖြစ်နိုင်တယ်။ Eczema, Psoriasisယ Atopic dermatitis နှင်းကူစတဲ့ နာတာရှည် အရေပြားနာနဲ့ ခွဲခြားရမယ်။ အာဟာရနည်းတာလည်း ပါတယ်။
ဘာလုပ်ရမလဲ
• အကြောင်းခံဆေးဝါးတွေဆိုရင် ဆေးဖြတ်တာနဲ့ သက်သာလာမယ်။
• Emollient ဆေး နေ့စဉ်သုံးပါ။ Moisturizer စနစ်တကျသုံးပါ။ အပြော့စားတွေက Cetaphil lotion, Lubriderm lotion နဲ့ AmLactin 12% lotion ဆေးတွေ။ အပြင်းစားတွေက Vaseline နဲ့ Aquaphor တွေဖြစ်တယ်။
• အဲတာတွေနဲ့ မရသေးရင် (စတီရွိုက်) ပါတဲ့လိမ်းဆေးတွေသုံးနိုင်တယ်။ Hydrocortisone 1% cream (အပြော့စား), Pramosone 2.5% cream (အပြော့စား), Triamcinolone 0.1% cream (အလတ်စား), Clobetasol 0.05% cream (အပြင်းစား) တွေဖြစ်တယ်။ စတီရွိုက်စားဆေးက တာရှည်သုံးရင် အရေပြားကို ပါးစေတယ်။
• ယားတယ်ဆိုရင် Oral antihistamines (အင်တီဟစ်တမင်း) ဆေးတွေဖြစ်တဲ့ Diphenhydramine (Benadryl), hydroxyzine (Vistaril, Atarax), Loratidine (Claritin) နဲ့ Cetirizine (Zyrtec) တွေသောက်နိုင်တယ်။
• Vaseline တနေ့ ၂-၃ ကြိမ်လိမ်းပါ။
• Lukewarm showers ရေခပ်နွေးနွေးနဲ့ချိုးပါ။
• Mild soaps ဆပ်ပြာ အပြော့စားသုံးပါ။ ဥပမာ Dove soapless cleanser, Aveeno cleanser, Cetaphil cleanser တွေဖြစ်တယ်။
• အထူး Moisturizers တွေကို သုံးနိုင်တယ်။ (လက်တစ်အက်စစ်) ပါတဲ့ (Amlactin, Lac-Hydrin) နဲ့ ယူရီယာပါတဲ့ (Urix or Carmol) တွေဖြစ်တယ်။
• Mild moisturizers တွေမှာ ရေမွှေးမပါတာက ကောင်းတယ်။
• အစားအသောက်မှာ လုံလောက်မျှတအောင် စားသုံးရမယ်။
• Omega-3 နဲ့ ဗီတာမင် (အေ) ကောင်းတယ်။

ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s