https://web.facebook.com/mawlamyinedaily/photos/a.522678887902032/1826800324156542/
မော်လမြိုင်၊ ၂၄ အောက္တိုဘာ ၂၀၂၀
ကလေးအမေတယောက်က မေးတယ်။ သူတို့အိမ်နားမှာ ခဲလုပ်ငန်းရှိလို့ ကလေးအတွက်စိုးရိမ်ပြီး အိမ်ပြောင်းရမလား မေးပါတယ်။ မေးခွန်းကို ပြန်ရှာမလွယ်သေးလို့ ပို့စ်အဖြစ်အရင် တင်ပါတယ်။
ခဲမိုင်းနဲ့ ခဲစက်ရုံတွေမှာအလုပ်လုပ်သူတွေနဲ့ ခဲဓါတ်ပါသုတ်ဆေးတွေကနေ ခဲဆိပ်သင့်နိုင်တယ်။ ခဲဓါတ်ပါတဲ့ ကစားစရာတွေကြောင့် အသက် (၆) နှစ်အောက်ကလေးတွေမှာ ပိုပြီးသတိထားသင့်တယ်။ ခဲဓါတ်ဟာ မြေထဲနဲ့ ရေထဲမှာလည်း ပါနေနိုင်တယ်။ ဘက်ထရီ၊ ဓါတ်ခဲ၊ ပိုက်၊ အိုးခွက်တွေမှာ ခဲပါတယ်။ တချို့ အလှအပသုံးတွေမှာလည်း ခဲဓါတ်ပါနေတယ်။ တချို့အစားအသောက်တွေထဲမှာလည်း ပါတယ်။ ကျည်ဆံမှာပါတယ်။ အိမ်အဟောင်းတွေက သုတ်ဆေးတွေကနေ ခဲဆိပ်သင့်နိုင်တယ်။
တချို့ဘယဆေးတွေထဲမှာ ခဲဓါတ်ပါတယ်။ သတ်မှတ်ချက်ထက်ကျော်နေရင် ကျန်းမာရေးအန္တရာယ်ရှိတယ်။ ၂ဝ၁၇ ခုနှစ် ဖေဖေါ်ဝါရီလထဲမှာ နယူးယောက်မြို့ ဆေးရုံတရုံမှာ မြန်မာပြည်က အလှကုန်တွေထဲမှာ ခဲဓါတ်က ခွင့်ပြုချက်ထက် ကျော်လွန်နေလို့ သတိပေးချက်ထုတ်ထားတာ တွေ့ရပါတယ်။ ဘာသာပြန်ရရင် ဤကုန်ပစ္စည်းများထဲတွင် ခဲဓါတ်ပါဝင်မှု မြင့်မား။ ပါးစပ်ထဲဝင်ပါက အန္တရာယ်ရှိ။ ကိုယ်ဝန်ဆောင်များ ကလေးများ မသုံးစွဲသင့်။ ဤကုန်ပစ္စည်းများအား မျိုချမိပါက အန္တရာယ်ရှိသည်။ အဲဒီသတင်းကို ကျွန်တော်က ၁၆-၂-၂ဝ၁၇ နေ့မှာ တင်ပါတယ်။ မကြာခင် ရွှေပြည်နန်းက ရှင်းလင်းတယ်လို့ သိရပါတယ်။
ကျွန်တော်ကတော့ ဆေးပညာစာနဲ့ သတိပေးစရာကိုသာ ရေးပါတယ်။ ထောက်ခံတာ ကန့်ကွက်တာ မလုပ်ပါ။
ခဲဆိပ်သင့်နေတာကို မသိကြတာများတယ်။ သွေးစစ်မှသာ များနေတာတွေ့တယ်။ ကလေးတွေမှာဖြစ်ရင် ဖွံဖြိုးမှုနှေးမယ်။ စာသင်ရာတာခက်မယ်။ မငိုအောင်ချော့ရတာခက်မယ်။ အစားပျက်မယ်။ ကိုယ်အလေးချိန်ကျမယ်။ ဗိုက်အောင့်မယ်။ အားနည်းနေမယ်။ အန်မယ်။ ဝမ်းချုပ်မယ်။ နားအကြားနည်းမယ်။ တက်မယ်။
အသက်ကြီးသူတွေမှာ သွေးတိုးမယ်။ အဆစ်တွေ ကြွက်သားတွေနာမယ်။ ခေါင်းကိုက်မယ်။ မှတ်ဉာဏ်နည်းမယ်။ ဗိုက်နာမယ်။ စိတ်မးပြောင်းမယ်။ ကိုယ်ဝန်ပျက်နိုင်တယ်။ ကလေးစောမွေးနိုင်တယ်။ ကလေးအသေမွေးနိုင်တယ်။
ကလေးကိုသွေးစစ်ရမယ်။ 45 mcg/dL နဲ့အထက်ဆို ဆေးကုသမှုခံယူရမယ်။ ကုသရာမှာ ခဲဆိပ်ရနေတာကနေ ဖယ်ရှားရမယ်။ Chelation therapy ဆေးပေးမယ်။ EDTA chelation therapy နည်းလည်းရှိတယ်။
ဒေါက်တာတင့်ဆွေ
(ဆရာကြီး၏ ခွင့်ပြုချက်ဖြင့် Mawlamyine Daily မှဖော်ပြပါသည်။)