7Day နှင့် Myanmar Now တို့ကိုတုပထားသည့်ဝဘ်ဆိုက်ဒ်စာမျက်နှာတွေကို သတိပြုသင့်

မော်လမြိုင်၊ ၂၃ စက်တင်ဘာ ၂၀၂၀

အချက်အလက်စစ်ဆေးသူတွေက ဒီအတောအတွင်းမှာ သတိပြုမိတဲ့ အချက်တစ်ခုကတော့ နာမည်ကြီးသတင်းမီဒီယာအချို့ကို ပုံစံတူဖွင့်လှစ်ထားတဲ့ ဝဘ်ဆိုဒ်စာမျက်နှာ အတုတွေပဲဖြစ်ပါတယ်။အဲ့ဒီဝဘ်ဆိုက်ဒ်စာမျက်နှာတွေက အင်တာနက်ပေါ်မှာပျံ့နှံ့နေတဲ့သတင်းအမှားအကြောင်းအရာတွေနဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေကို ဖော်ပြပြီး လူစိတ်ဝင်စားမှုရှိအောင်ဆွဲဆောင်နေကြတာဖြစ် ပါတယ်။ မြန်မာပြည်တွင်းအခြေစိုက် နာမည်ကြီးသတင်းဌာနတွေဖြစ်တဲ့ 7Day News သတင်းဌာနဲ့ Myanmar Now သတင်းဌာနတို့ရဲ့ ဝဘ်ဆိုက်ဒ်စာမျက်နှာတွေနဲ့ ပုံစံတူ လိုဂိုနဲ့ ဆင်တူယိုးမှားဖွင့်လှစ်ပြီး သတင်းအမှားတွေနဲ့ အတည်မပြုနိုင်တဲ့သတင်းမျိုးစုံကိုတင်နေကြတာဖြစ်ပါတယ်။ စုံစမ်းဖော်ထုတ်ရေးသားတဲ့သတင်းတွေနဲ့ လူသိများတဲ့ မြန်မာနောင်းသတင်းဌာနရဲ့ ဝဘ်ဆိုက်ဒ်ဖြစ်တဲ့ https://myanmar-now.org/ ရဲ့ ဒိုမိန်းကို ဆင်တူယိုးမှားပြုလုပ်ထားတဲ့ http://myanmarnowdotinfo ဆိုတဲ့ အယောင်ဆောင်ဝဘ်ဆိုက်ဒ်ဟာ အတည်မပြုနိုင်သေးတဲ့သတင်းတွေနဲ့ သတင်းအတု/သတင်းအမှားတွေ ကို ရေးသားပြီး Click-bait လို့ခေါ်တဲ့ကလစ်တွေက ငွေရှာနေတဲ့ ဝဘ်ဆိုက်ဒ်စာမျက်နှာဖြစ်ပါတယ်။အလားတူပဲ မြန်မာပြည်တွင်းအခြေစိုက်နာမည်ကြီးသတင်းဌာနတစ်ခုဖြစ်တဲ့ 7Day သတင်းဌာနရဲ့ ဝဘ်ဆိုက်ဒ်ဖြစ်တဲ့ https://7day.news ကိုပုံစံတူယူထားတဲ့ http://www.7daynews.co/ ဆိုတဲ့ အယောင်ဆောင်ဝဘ်ဆိုက်ဒ်အတုကလည်း သတင်းအတု/သတင်းအမှားတွေနဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေကိုတင်ပြီး စီးပွားရှာနေတဲ့သတင်းမီဒီယာအယောင်ဆောင်ဖြစ်ပါတယ်။ အဲ့ဒီ ဝဘ်ဆိုက်ဒ်ဒိုမိန်းဟာ ဖေ့ဘွတ်ခ် ပေ့ချ်တစ်ခုဖြစ်တဲ့ Myanmar Media ဆိုတဲ့ ပေ့ချ်နဲ့ချိတ်ဆက်ပြီး Instant Article ကနေတဆင့် ငွေရှာနေတဲ့ သတင်းမီဒီယာအယောင်စာမျက်နှာလည်းဖြစ်ပါတယ်။သတင်းမီဒီယာအယောင်ဆောင်စာမျက်နှာတွေနဲ့ ဝဘ်ဆိုက်ဒ်တွေဟာ အင်တာနက်ပေါ်မှာ သတင်းအမှားတွေနဲ့/အမုန်းစကား တွေကို ဖြန့်ဖြူးတဲ့ အဓိက နေရာတစ်ခုဖြစ်တဲ့အတွက် အင်တာနက် အသုံးပြုသူတွေအနေနဲ့ အထူးသတိပြုသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ သတင်းမီဒီယာအယောင်တစ်ခုဖြစ်တဲ့ RFM နဲ့ပတ်သက်ပြီး ဟုတ်တယ် Vs မဟုတ်ဘူးက ရေးသားခဲ့တဲ့ ဆောင်းပါးတစ်ခုဖြစ်တဲ့ မီဒီယာအယောင်ဆောင်ထားတဲ့ RFM ရဲ့ လာရာနဲ့ လားရာကို လေ့လာခြင်း ကိုသွားရောက်ဖတ်ရှုနိုင်ပါတယ်။ ယုံကြည်စိတ်ချရတဲ့သတင်းမီဒီ ယာတွေဟာ သတင်းမီဒီယာကျင့်ဝတ်နဲ့လုပ်ငန်းစဉ်အတိုင်းရေးသားဆောင်ရွက်ထုတ်ဝေနေကြတာဖြစ်ပေ မယ့် သတင်းမီဒီယာအယောင်ဆောင်စာမျက်နှာတွေနဲ့ ဝဘ်ဆိုက်ဒ်တွေကတော့ လူစိတ်ဝင်စားစေမယ့် အတင်းအဖျင်းအညှီအဟောက်တွေနဲ့ သတင်းအတု/သတင်းအမှားတွေ အတည်မပြုနိုင်သေးတဲ့သတင်း တွေကိုဖော်ပြပြီး စီးပွားရှာကြတာဖြစ်ပါတယ်။ ဒါကြောင့် အင်တာနက်အသုံးပြုသူတွေအနေနဲ့ နာမည်ကြီး သတင်းဌာနတွေနဲ့ပုံစံတူ စာမျက်နှာ ဒါမှမဟုတ် ဝဘ်ဆိုက်ဒ်တွေက ရေးသားတဲ့သတင်းတွေ ကို မယုံကြည်မိဖို့အရေးကြီးပါတယ်။ ကိုယ်တွေ့လိုက်တဲ့ သတင်းတစ်ခုခု မှာ ပါဝင်တဲ့အချက်အလက်တွေကို သံသယရှိတယ်ဆိုရင်အခြားသတင်းအရင်းအမြစ်ဒါမှမဟုတ် သတင်းဌာန တွေမှာကောတင်ထားလားဆိုတာမျိုးနဲ့တိုက်ဆိုင်စစ်ဆေးလို့ရပါတယ်။ အခုလိုမျိုးကပ်ရောဂါအခြေအနေမှာ လူမှုမီဒီယာပေါ်မှာ သတင်းအမှားတွေက နည်းမျိုးစုံနဲ့ပျံ့နှံ့နေတဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှုမရှိတဲ့ သတင်းမီဒီယာအယောင်ဆောင် ဝဘ်ဆိုက်ဒ်/ စာမျက်နှာတွေက တင်တဲ့ သတင်းတွေကိုမယုံကြည်ဖို့လိုအပ်ပြီး အစိုးရရဲ့တရားဝင်သတင် းထုတ်ပြန်ချက်တွေနဲ့သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်ပြီး တာဝန်ယူမှုတာဝန်ခံမှုရှိတဲ့သတင်းဌာနတွေရဲ့ သတင်းတွေကိုပဲ ဖတ်ရှုပြီးမှ ယုံကြည်သင့်ပါတယ်။သတင်းတွေကို အမှား/အမှန်ခွဲခြားရခက်နေတယ်ဆိုရင် ဟုတ်တယ် Vs မဟုတ်ဘူး Facebook page ရဲ့ Messenger bot ကို ကိုယ်စစ်ဆေးလိုတဲ့သတင်းရဲ့ လင့်ခ် ဒါမှမဟုတ် Screenshot ကို ပေးပို့မေးမြန်းစိစစ်ခိုင်းလို့ရနေပါပြီ။

မြန်မာနိုင်ငံအတွင်း သတင်းအတု၊ သတင်းအမှားတွေကို စီစစ်ဖော်ထုတ်နေသည့် ( ဟုတ်တယ် Vs မဟုတ်ဘူး ) ဆိုသည့် နည်းပညာအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြသည်။

(ဟုတ်တယ် Vs မဟုတ်ဘူး) Facebook စာမျက်နှာမှ မူရင်းလင့်https://www.realornotmm.info/…/imposter-myanmar…/

#Mawlamyine Daily

#Fact Check

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s